ကဗျာ


ပုခန်းမှာ လေ 
လောင်းရှည်မှာ ဓား 
ခန်းလတ်မှာ နား 
ရေနံတတိုင်ချင်း လင်းပါ့မလား။  

အစက ဒါလေးပဲ ရေးမလို့ ပြန်မေးနေမှာစိုးလို့ တခါတည်း ထည့်ရေးလိုက်ပါတယ်
ဒီစာချိုးက "ဗန်းမော်ဆရာတော်က  လွှတ်တော် ၀န်ကြီးလေးပါးနှင့် ပါတ်သက်၍ ရေးခဲ့သော ကဗျာ"
လေးပါ မင်းတုန်းမင်းသည် တိုင်းပြည် အုပ်ချုပ်ကြ ရသည့် လွှတ်တော်ဝန်ကြီး လေးပါးရှိရာတွင် ပုခန်း မြို့စား ၀န်ရှင်တောင်မင်းကြီးမှာ လေနာ ရောဂါ သည်ကြီး ဖြစ်သည်။

လောင်းရှည်မြို့စား ၀န်ရှင်တောင်မင်းကြီးမှာ မြင်းကွန်း၊ မြင်းခုန်တိုင်အရေးတော်ပုံတွင် ဓားဒဏ် ရာရပြီး မစွမ်းသန်သူ ဖြစ်သည်

ခန်းလတ်မြို့စား ၀န်ရှင်တော်မင်းကြီးသည် နား ထိုင်း သူ ဖြစ်၍

လွှတ်တော်ဝန်ကြီးလေးပါးရှိသည့်အနက် သုံးပါး စလုံး တိုင်းပြည်အုပ်ချုပ်မှုတွင် တင်းပြည့်ကျပ်ပြည့် တိုင်းပြည့်တာဝန်ကို ထမ်းဆောင်နိုင်မည်မဟုတ်၊ ရေနံချောင်းမြို့စား ၀န်ရှင်တော်မင်းကြီး တစ်ဦး တည်းနှင့် ဆောင်ရွက်နိုင်ပါ့မလား ဆိုတာကို ရေး ထားတာလေးပါ


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်