********
ဖော်ပြပါစာသည် ထားဝယ်စာပေထိန်းသိမ်းရေး မှယူထား ပြီး လိုအပ်သည့်များ အချို့ တိုက်ရိုက်စာ ပိုဒ်များကို ကူးယူုပြီး အစီအစဉ်ကျကျ ပြန်လည် ရေးသား မှတ်တမ်းပြုခင်းသာ ဖြစ်ပေသည် ထိုကြောင့် ဦးစွာ စာရေးသူ ဆရာတော်အပေါင်းနှင့် စာရေးဆရာအပေါင်းအား ရိုသေစွာတောင်းပန် ကန်တော့အပ်ပါကြောင်းနှင့် အလွန်တရာ ကျေးဇူးတင်ရှိပါကြောင်း ဒီစာဖြင့်ဖော်ပြဂုဏ်ပြုပါသည
စာအဆုံးတွင် သက်ဆိုင်ရာ ဆရာအပေါင်းတို့၏ အမည်များ စာမှတ်တမ်းများကို ကိုးကား ရည်ညွန်း အဖြစ် ပူးတွဲတင်ပြပေးသွားပါမည်
အပိုင်း (၁)
မြန်မာနိုင်ငံမှာ လူမျိုး (၁၃၅) မျိုးရှိတယ်ဆိုလား ဘာဆိုလား ညာဆိုလား ပြောကြတာပဲ ဒါပေမယ့် လူမျိုးကြီးအုပ်စု ကိုတော့ ဗမာ၊ ကရင်၊ ကယား မွန်၊ ချင်း၊ ရခိုင် ဆိုလားပဲ ဒါဆို ထားဝယ် ဆိုတဲ့ လူမျိုးကိုရော ဘယ်အုပ်စုထဲ ထည့်ရမှာပါလိမ့်? မေးသင့်တဲ့မေးခွန်းလေးပါပဲ။
“ထားဝယ်လူမျိုးများသည် ရှေးကျသော တိုင်းရင်းသားတစ်မျိုးဖြစ်သ
ဗမာ အရင်ပေါ်ခဲ့တဲ့ ပျူနဲ့ သရေခေတ္တရာ အကြောင်းလေ့လာရင် သိသွားကြမှာပါ။့  ရဲရဲကြီးပြောနိုင်တာက တစ်ခုတော့ ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ လူမျိုးတွေထဲမှာ ထားဝယ်လူမျိုး ထားဝယ်တိုင်းရင်းသားဆိုတာ အရင်ကလဲ ရှိခဲ့ကြောင်း အခုလဲ ရှိနေဆဲဖြစ်ကြောင်း ပါပဲ။ ဗမာထဲမှာ ပါဝင်တဲ့ လူမျိုးတစ်မျိုး မဟုတ်ဘူး ဆိုတာကိုလဲ သေသေချာချာကြီး သိနေပါတယ်။
လေ့လာကြည့်ပါ။ ပြောတဲ့အတိုင်း ယုံကြည်ရမယ်လို့ မဆိုလိုပါဘူး။
ခေတ်မီတဲ့ ကာလမှာ မွေးဖွားလာသူများဟာ ပြောစကားကို အရမ်းယုံရမဲ့ အခြေအနေ မရှိတော့ ပါဘူး။ သိအောင် လုပ်ဖို့နဲ့ အမှန်ကို ရဲရဲယူတတ်ဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့ ထားဝယ် လူမျိုးများဟာ လူမျိုးတစ်မျိုး တိုင်းရင်းသား တစ်မျိုးအဖြစ် တည်ရှိနေတယ် ဆိုတာကို ပြောရဲတယ် ထင်လဲ?
ထားဝယ်စစ်စစ်ဆိုရင် သာဂရမြို့ဟောင်း (ယခု မြို့ဟောင်းရွာ) ကို ရောက်ဖူး သင့်တယ် ထင်ပါ တယ်။ ပြီးတော့ သာဂရမြို့ဟောင်းမှာ ရှင်ဇလွန် စေတီတစ်ဆူရှိတယ်ဆိုတာကိုပါ ကြားဖူးမှာပါ။
စေတီ တော်ရဲ့ခေါင်းလောင်းပုံပတ်လ
အေဒီ (၇) ရာစုမှ အထိမ်းအမှတ်များကို ထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကော့ဂွန်းဂူတွင် လှူဒါန်းထား တဲ့ မြေပုံဘုရားတွင်ပါရှိတဲ့ ဒါယကာ ဒါယိကာမများ အမည်၌ ယိခီ ထ၀ယ်စားသံဗျင်နှင့် ထားဝယ် မြို့စားလို့ မှတ်တမ်းတင်ထားတာကိုက ထားဝယ်လူမျိုးများ မြန်မာနိုင်ငံ၌ စောစွာခြေချခဲ့ သူများဆို တာကိုပါ ထပ်ဆင့် အသိပေးလျက်ရှိပါတယ်။
ထန်မင်းဆက် သမိုင်းတွင်းပါရှိတဲ့ အေဒီ (၇၅၆) နှောင်းပိုင်း၏ ပျူခေတ် ကာလအခြေအနေကို ဖေါ်ပြတဲ့နေရာမှာ ဒီလိုပြောထားပါသေးတယ်။ ထော်ဝမ်၏ ရှေးဟောင်းအသံ ထွက်သည် Da-Van နှင့် နီးစပ်ပါသည်။ ထိုနေရာသည် ဒွါရာဝတီနှင့် ဆက်စပ်သည် ဟုဆိုထား၍ ဒ၀ယ် (ထားဝယ်) ဟုဆိုလျင် သင့်မည်ထင်ပါသည်။ စွေမင်းဆက်သမိုင်းကလည်းကောင
နောက်တစ်နေရာတွင် အနိရုဒ္ဓနှင့် မင်းအဆက်ဆက်တို့ အနီးအပါးကိုချဲ့ထွင် သိမ်းသွင်းသည့် အခါမှ ပေါ်ပေါက်ရာ အကျယ်အ၀န်းကား မြောက် ကောင်စင်မှ တောင်တလိုင်သရေနှင့် ထ၀ဲ အထိဖြစ်သည်ဟု ဖေါ်ပြထားခြင်းပင်။
ဒီသမိုင်းမှတ်တမ်းများဟာ မြန်မာ့မြေပေါ်မှာ လူမျိုးတစ်မျိုးဖြစ် ရပ်တည်ခဲ့ရုံမက ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုပါ ထိန်းသိမ်းထားနိုင်သူတို့ အဖြစ် ဖေါ်ပြလျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနဲ့ မတူ ထားဝယ် လူမျိုးများ တကယ်ရှိခဲ့တယ် ဆိုတာကို ပြောရဲခဲ့တာပါ။ ထားဝယ်လူမျိုးများကရော ကျနော်တို့ဟာ ရှေး ကျလွန်းမက ရှေးကျတဲ့ ရှေးဟောင်းစကားများကို သမိုင်းစဉ်လာ မပျက်ပြောနေ တဲ့ ထားဝယ်သားများပါဗျာလို့ ပြော ရဲတဲ့သတ္တိ မရှိကြဘူးလား။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင် စကားကို တန်ဖိုးမထား သူရယ်လို့ ရှိမယ်မထင်ပါဘူးလေ။ သမိုင်း အခိုင်အမာရှိနေတဲ့ လူမျိုးတစ် မျိုးဖြစ်နေတာမို့ ထားဝယ်သားပါလို့ ထားဝယ်စကားနဲ့ ရဲရဲကြီးပြောပြလိုက်ပါ။
လူမျိုးရယ်လို့ဖြစ်လာပြီဆို
မြန်မာလူမျိုးများပြောနေတဲ့
ကိုယ်ပိုင်စကားကို အရင်သုံးခဲ့သူများဟာ ဘယ်သူတွေလဲဆို တာ အရင်လေ့လာစေချင်တယ် ၁၉၆၀၊ ၁၉၆၁ ခု တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှာ ဖေါ်ပြချက်လေးကို ဖတ်ကြည့်လိုက်ပါဦး။
မြန်မာနိုင်ငံတွင် ပထမဆုံးမြို့ပြ ထီးနန်းများ တည်ထောင်ခဲ့ကြသော ပျူများ၏ ယဉ်ကျေးမှု အဆင့်အတန်း ကို ဒီလိုဖေါ်ပြထားပါတယ်။
“ဘာသာစကားအနေဖြင့် တိဗက်-မြန်မာ (Tibeto-Burma) စကားဖြစ်ကြောင်း ရဲရဲ ပြောနိုင်သည်၊ မြန်မာနှင့် အမျိုးနီးစပ်ဟန် ရှိသည်။ တစ်သံလျှင် သဘော အဓိပ္ပါယ်တစ်မျိုးတည်းဟူသော ဘာသာ စကားဖြစ်၍ ၀ဏ္ဏသံပိတ် ကိုပင် အတွဲမခံချေ၊ အသံနိမ့်မြင့် ထင်ရှား၍ စာရေးသားရာ၌ အသံ အလေး အပေါ့ညွှန်းရန် (၀ိသဇ္ဇနီ)များကို သုံးသည်။ အထူးသဖြင့် သင်္သကရိုက်သက် အမျိုးခြား စကားလုံးများ ကို ယူငင်သုံးစွဲကြောင်း သိရသည်”။ ထိုအခါ မြန်မာ့စွယ်စုံကျမ်းအတွဲ (၅)တွင် ဖေါ်ပြသော ထားဝယ်လူမျိုးသည် တိဗက်-မြန်မာအစုမှ ဗမာ လူမျိုးအစုဝင် ဖြစ်သည် ဟူသောဖေါ်ပြ ချက်နှင့် ဆရာမောင်လေးတင့်၏ စာတမ်းပါ (ယနေ့ ဗမာစကား စာအရေးသားတို့တွင် လုံးဝ မရှိသော (လ)ဆွဲသံများ (အော) သရနောက် န သတ်သံများသည်များသည် ထားဝယ်စကား၌ ယနေ့တိုင် သုံးစွဲနေဆဲဖြစ်ပြီး ထိုအသံ စာလုံးပေါင်းများသည် ဗမာ ထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင်များ ခန့်မှန်းအဆိုပြုထားသည့် ပျူစာတွင် ရှိနေခြင်း (မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄) ဟူသောဖေါ်ပြချက်ဟာ ထားဝယ်လူမျိုးများ မြန်မာနိုင်ငံမှာ ဘယ်လောက် စောစောပေါ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
သိသာအောင် (လ)ဆွဲသံ (အော) သရနောက် နသတ်သံနဲ့ သုံးစွဲနေတဲ့ ထားဝယ်စကားများ အကြောင်း နဲနဲ တင်ပြပါမယ်။
ထားဝယ်စကားထဲမှာ အခြား မြန်မာနိုင်ငံသား အားလုံးမသုံးနိုင်တဲ့ စကားဖြစ်တဲ့
ပ္လပ် (ညာတာ၊ လိမ်တာ)။ ပ္လီး (ပိန်း)။ ပ္လေါန်း (ပြောင်း)။ ပ္လေး (ပြေး) ။ က္လောန်း (ကျောင်း)
က္လီး (ကျီးကန်း)။ စတဲ့ စကားများ ပါပဲ။
ဒီလို စကားမျိုးနဲ့ အသံကို မြန်မာနိုင်ငံသားအားလုံး ထားဝယ်သူ ထားဝယ်သားမှလွဲရင် ဘယ်သူမှ မပြောနိုင်ဘူး ဆိုတာ ရဲရဲကြီးပြောရဲပါတယ်။
ပြီးတော့ (အော) သရနောက် န သတ် အသံများကတော့.....
ကောန်း (ကောင်းတယ်)။ အောန်း (မျက်စိစွေ)။
တောန်း (တောင်းသည်) ။
ဆောန်း (ဆောင်းထားသည်)။ စတဲ့ စကားလုံးများကိုပါ ကိုယ်ပိုင်အသံအနေနဲ့ သုံးစွဲနေတာပါ။
ဒါ့ပဲလားဆိုရင်တော့ ဆက်ကြည့်ပါ
ဖောတ်သန်းခ္လေးချောတ် (ပုတ်သင်ညို)
ရှိးဂိုသီး (သဘောင်္သီး) စတဲ့စကားတွေပါ။
ဘာသာဗေဒအနေနဲ့ သေသေချာချာ လေ့လာချင် တယ်ဆိုရင် တောနယ်များကို သွားပြီး လေ့လာ သင့် ပါတယ်။ ထားဝယ်များ ရှေးကျလွန်းတဲ့ စကားကို မြတ်မြတ်နိုးနိုး အခုထိ သုံးစွဲနေတယ်ဆိုတာ ကို အံ့သြစွာတွေ့ရပါလိမ့်မယ်။ ရှေးကျတဲ့စကားပြောရလို့ ရှက်နေတာလား။ ရှက်စရာလို့ ထင်ရင် အမျိုးကို သစ္စာဖေါက်ရာရောက်တယ်ဆိုတာကု
ထားဝယ်လူမျိုးဆိုတာ အေဒီ (၈) ရာစုလောက်ကတည်းက ရှေးစကားကိုပြောပြီး အမျိုး ကိုစောင့်ရှောက်ခဲ့သူအဖြစ် ရှေးကျလွန်းတဲ့ စကားကို အခုထိပြောရင်း လူမျိုးနဲ့ သိက္ခာကို စောင့်ထိန်းထားဆဲပါ။
သမိုင်းကို ကျောခိုင်းချင်တဲ့ အသိမဲ့ ခေတ်ပေါ်လူငယ်များကြောင့် ရှေးစကားကို နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းခဲ့တဲ့ ရှေးထားဝယ်လူမျိုးများကို သစ္စာဖေါက်ရာ ရောက်မနေဘူးလား။ ကုသိုလ်တော်လဲ ထိုအထဲ ခပ်ပါပါရယ်ပါ
ရှေးရှေးက ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ကိုယ့်နေရာဒေသကို ကာကွယ်ခဲ့တဲ့ ရှေးထားဝယ်ကြီးများကို ကျေးဇူးအထပ်ထပ် တင်နေမိတယ်။ တွေးရင်းနဲ့ မျက်ရည်ဝဲမိတယ်။ လူအနည်းစုဖြစ်ပေမယ့် ကိုယ်ပိုင်စကားနဲ့ ကိုယ့်လူမျိုးကို နှစ်များစွာ ထိန်းထားနိုင်ခဲ့တဲ့ အစွမ်းနဲ့ သတ္တိကိုလဲ ချီးကျူးမိပါရဲ့။
ထားဝယ်ဟာ ဗမာလူမျိုးထဲမှာပါတယ်လို့ သမိုင်းကို ကျောခိုင်းတဲ့ လူတွေကြောင့် ရှေးထားဝယ် လူကြီးများကို မျက်နှာပူမိပါရဲ့။
သမိုင်းကို သေသေချာချာလေ့လာရင် ကိုယ့်အဆင့်အတန်း ကိုယ့်အခြေအနေ ဘယ်လိုရှိခဲ့တယ် ဘယ်လိုဆက်ထိန်းသွားရမယ်ဆိုတ
သိမ်းထားတဲ့ စာအုပ်ကို ချကိုက်လို့ ဟေတုပစ္စယောမှ ဟေတပစ္စယောပြောင်းသွားတာကို ဟေတု များဖြစ်နိုင်ကောင်းပါရဲ့လု
လူမျိုးတစ်မျိုးလို့ သတ်မှတ်ခံရဖို့ ဆိုရင်
၁။ ကိုယ်ပိုင်ဘာသာစကား
၂။ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့
၃။ ကိုယ်ပိုင်စာပေရှိရမယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
တကယ်ရော ဒီမူတွေဟာ လူမျိုးတစ်မျိုးကို သတ်မှတ်တဲ့နေရာမှာ တိကျတဲ့စံတစ်ခုဖြစ်ရဲ့လား? ဒါပေမယ့် လူမျိုးမရှိပေမယ့် စာပေရှိနေတဲ့အဖြစ်တွေကိုရော
စာပေနဲ့ လူမျိုးပါရှိခဲ့တဲ့ ပျူများ မြန်မာ့မြေပေါ်က ပျောက်သွားရတဲ့အဖြစ်ကိုရော မှတ်ချက်
မပေး နိုင်တော့ ဘူးလား
(မွန်၊ မြန်မာ၊ ပါဠိ၊ ပျူနဲ့ရေးခဲ့တဲ့ မြစေတီကျောက်စာကို ကိုးကား)။
တကယ်တော့ မူဆိုတာ ယူသင့်မှ ယူရတယ်ဆိုတာကို အထက်ကအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။
ထားဝယ်စကားကို ပထမဆုံးလေ့လာ သုတေသနပြု မှတ်တမ်းတင်ပေးခဲ့တဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး ဦးဖေမောင်တင် အဆိုအမိန့်က ထားဝယ်လူမျိုးနဲ့ ထားဝယ်စကားများ ယဉ်ကျေးမှု နဲ့ပြည့် စုံနေတယ် ဆိုတာကို ပြောတာ ဒိလို
ရှေးဟောင်း ပုဂံကျောက်စာများနှင့် ပြိုင်သော ထားဝယ်စကားသည် တိုးတက်လျက်ရှိသော ယခု ဗမာ စကားထက် နှစ်ပေါင်း (၈၀၀) ခန့်စော၍ ယဉ်ကျေးမှုသက်သေခံလျက်ရှိသည်
ရိုးသားတဲ့ ထားဝယ်လူမျိုးများမှာ ကိုယ်ပိုင် စာပေမရှိခဲ့ဘူးလား? မေးဖို့ကောင်းတဲ့ မေးခွန်း တစ်ခု ပါပဲ။ တကယ်လို့သာ ကိုယ်ပိုင်စာမရှိခဲ့ဘူးဆိုရ
ဒေါက်တာ သန်းထွးန်ရဲ့မှတ်တမ်းလေးကို
ရှင်ဇလွန်ကို အေဒီ (၇၈၈) မှာ တည်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းကို ရေးခဲ့တာဟာ မြန်မာစာနဲ့ မဟုတ် တာတော့ လုံးဝသေချာ သွားပါပြီ။ ဒါဆို ထားဝယ်စာ သို့မဟုတ် ပျူစာ သို့မဟုတ် မွန်စာနဲ့များ မှတ် တမ်းတင်ခဲ့လေ မလားပဲ။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများမှာ စာပေမရှိတော့တာလဲ။ တကယ်ရော စာပေ မရှိခဲ့တာလား။ စာပေမရှိ ပညာမတတ်ပဲနဲ့ ဘယ်လိုများ ကိုယ်ပိုင် စကားနဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု ကို ထိန်းခဲ့ပါသလဲ။ ဒါဆို ကိုယ်ပိုင် စာပေက ဖျက်ဆီး ခံလိုက်ရတာလား သို့မဟုတ် ကွယ်ပျောက် သွားတာလား။ ဒီမေးခွန်းများကတော့ စိတ်ထဲနဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမဲ့ အရာတွေပါပဲ။
လက်လှမ်းမီသလောက် အတွေးကိုဆွဲဆန့်ကြည့် မိတော့ စာပေမရှိပဲနဲ့ လူမျိုးလို့ သတ်မှတ် ခံရသူများ။ လူမျိုးသတ်မှတ်ပြီးမှ စာပေပေါ်ခဲ့သူများ ကမ္ဘာမှာ ရှင်သန်နေတာကိုတွေ့ရပြန်ပါတ
စာပေ မရှိလို့ အင်္ဂလိပ်စာကို အသံထွက်နဲ့ ရေးနည်းကို ထွင်ခဲ့တာမို့ အခုဆိုရင် မလေးစာ ဆိုတာ ကိုပါ ကမ္ဘာကလက်ခံနေပြီလေ။ စာပေမရှိလို့ လူမျိုးဆိုတာ လက်ခံစရာမလိုဘူးလို့ စာဖတ်သူ တွေးနေတုန်းပဲ့လား။ စာပေဆိုတာ လူမျိုးရှိမှ ပေါ်တဲ့အရာ လူတွေက အသံထွက် သင်္ကေတနဲ့ သတ်မှတ် ထားတဲ့ အရာဆိုတာကို စာဖတ်သူ လက်ခံမယ် ထင်ပါတယ်။ စာပေ မရှိပေမယ့် မလေးရှားလူမျိုး စင်္ကာပူလူမျိုးလို့ လက်ခံ သတ်မှတ်ထားတဲ့ စာဖတ်သူဟာ စာပေ မရှိသေးပေမယ့် လူမျိုးနဲ့ စကားဆိုတာ အခုထိပြောဆိုရှင်သန်နေတဲ့ ထားဝယ်လူမျိုးများကို လူမျိုးမရှိဘူး ယဉ်ကျေးမှု မရှိဘူးလို့ ဘာလို့များ စွေစောင်းတဲ့ အသိနဲ့ကြည့်နေရတာလဲ။ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့ အမျှ ပြောင်း လဲနေ ပါတယ်။ ပြောင်းလဲမှုနဲ့အတူ ပြောင်းလဲဖို့ကြိုးစားနေတဲ့
ခေတ်နဲ့အညီ ပြေးလွှားနေတဲ့ စာဖတ်သူလူ သားများဟာ သမိုင်းတိကျတဲ့ အဖြစ်တစ်ခုကို လက်ခံဖို့ငြင်းဆန်နေဦးမယ်ဆ
လူမျိုးတစ်မျိုးမှာ သမိုင်းဆိုတာ ရှိစမြဲပါ။ သမိုင်းမရှိရင် အဲဒီလူမျိုးကို လူမျိုးတစ်မျိုးလို့ သတ်မှတ်ရတာ အတော့်ကို ခက်မှာ သေချာပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဗိဿနိုး သရေခေတ္တရာတို့ သမိုင်းဟာ ပျူတို့ရဲ့ အခြေအနေကို ဖေါ်ပြနေသလို ဗမာလူမျိုးတို့ရဲ့သမိုင်းအစ
ပျူနိုင်ငံတော် ပျက်စီးသွားပြီးနောက် ပုဂံကို ပထမဆုံး မြန်မာနေပြည်တော်အဖြစ် အေဒီ (၈၄၉) ခုမှာ တည်ထောင်ခဲ့တာပါ။ မြန်မာတစ်နိုင်ငံလုံးစည်းလု
မြန်မာစာကို စာအနေနဲ့ ပထမဆုံးမှတ်တမ်းတင်ခဲ့တာကတေ
ပျူလူမျိုးများ မြန်မာ့သမိုင်းပေါ်က ပျောက်သွားပြီးနောက် အစားထိုး ၀င်ရောက်လာတဲ့လူမျိုးကတော့ ဗမာ လူမျိုးများပါ။ ဗမာ လူမျိုးမှာ တိကျတဲ့ သမိုင်းရှိသလို ထားဝယ် လူမျိုးမှာလဲ သမိုင်းရှိခဲ့ တာပါပဲ။လူနည်းစုရဲ့ သမိုင်းကို လူအများစုလေ့လာဖို့ဆိုတာ ခက်ခဲသလို လူနည်းစုကိုယ်တိုင်က ကိုယ့်သမိုင်းကိုလေ့လာဖို့ မေ့လျော့နေတော့ ထင်ရှားတဲ့ သမိုင်းတစ်ခုဟာ မှေးမှိန်သွားရ တယ်ဆို ရင် မှားမယ် မထင်ပါဘူး။ မှေးမှိန်သွားရုံပဲ ရှိတာပါ။ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။
ထားဝယ်လူမျိုးရဲ့ သမိုင်းကို တစ်ချက်ကြည့် လိုက်တော့ ဒီလိုလေးတွေ့ရပါတယ်။ ထားဝယ်လူမျိုး ထားဝယ်သမိုင်းကတော့ ကောဇာ (၁၁၃) အေဒီ (၇၅၁) မှာ စတင်ခဲ့တယ်ဆိုရမှာပါ။ သာဂရ နန်းတော် စတည်တဲ့ခုနှစ်ကိုပဲ အခြေတည်စတင်ယူလိုက်တာပါ။ သာဂရမြို့မတည်ခင် ဒူရကတိုင်း၊ ကလိန်အောင်မြို့ စတဲ့ မြို့များ တည်ရှိခဲ့တာ မှန်ပေမယ့် စာဖတ်သူများေ၀၀ါးစွာနဲ့ လက်ခံဖို့ ခက်ခဲနေမှာ စိုးတာကြောင့် တရားဝင် ထုတ်ခွင့်ရခဲ့တဲ့ စာအုပ်ထဲမှ သမိုင်းများကိုပဲ ကနဦး မြည်းစမ်း ခွင့်ပေး လိုက်တာပါ။
သာဂရမြို့တည် သမန္တမင်း လောင်းလျာကို သက္ကရာဇ် (၉၇) ခုနှစ် ဦးတန်းခူးလပြည့်ကျော် (၆) ရက် သောကြာနေ့ မနက် (၆)နာရီကျော်မှာ ဖွားမြင်ခဲ့တာပါ။ ဖခမည်းတော်ရဲ့အမည်တော်ကတော့
အပိုင်း (၂) တွင် မင်းဆက်များနှင့် စာပေ ပြောင်းလဲပုံများ ဖော်ပြပါမည်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်