*****************************
ဒီစာက ထေရဝါဒ ဟုတ်မဟုတ် ရှင်းပြထားခြင်း
မဟုတ်ပါ ကိုးကွယ်မှုအကြောင်း အားပြုဖော်ပြ
ထားခြင်းသာ ဖြစ်သည်
မဟုတ်ပါ ကိုးကွယ်မှုအကြောင်း အားပြုဖော်ပြ
ထားခြင်းသာ ဖြစ်သည်
မြန်မာပြည်တွင် နှစ်စဉ်ပင် တော်သလင်းလတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်အား
ပူဇော်ပသ သည့် မီးဖောင်မျှောပွဲကို ကျင်းပလေ့ရှိသည်။ ဖောင်ပေါ်တွင်
ရှင်ဥပဂုတ္တရုပ်တု၊ ရုပ်တုတော် ရှေ့တွင် အုန်း ငှက်ပျောပွဲများ၊ ပန်း၊
ရေချမ်း၊ ဆွမ်း၊ သစ်သီးစသည့် လှူဖွယ်များကို ထားရှိပါ သည်။ ဖော်တော်ကို
ရောင်စုံမီးပုံးများဖြင့် ဆင် ယင်ကာ ဆီမီးများ ထွန်းညှိထားပါသည်။
ရှင်ဥပဂုတ္တ သည် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်ဖြင့် သီတင်းသုံးစံနေတော်မူသည်
ဟု ယုံကြည်ကြသောကြောင့် မီးဖောင်ကို ဧရာဝတီမြစ်တလျှောက်မှ သမုဒ္ဒရာသို့
ရောက် အောင် မျှောချပူဇော်ကန်တော့ကြပါသည်။ မြန်မာ့ဒေသက မျှောချလိုက်သော
ရှင်ဥပဂုတ္တ ဖောင်တော် အချို့သည် သီရိလင်္ကာတိုင်အောင် ရောက်ရှိသွားတတ်ပါသည်။
ရှင်ဥပဂုတ္တသည် ကောင်းမှုကုသိုလ်များ ပြုလုပ် သည့်အခါ ရန်အပေါင်းကို
ထိန်းသိမ်းကာကွယ် ပေးသည်ဟု ယုံကြည်ကြပါသည်။ အထူးအား ဖြင့် မိုးလေ၀သကို
ထိန်းသိမ်းပေသည်ဟု ယုံကြည်ကြသည်။ ရှင်ဥပဂုတ္တ ရုပ်တုတော်ကို ဘုရားစေတီ
ပုထိုးတို့တွင်သာမဟုတ်မူ၍ ရဟန်း သံဃာများ၏ ကျောင်းသင်္ခမ်းများတွင်လည်း
တွေ့မြင်ရပါသည်။
ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ် သည် ဦးခေါင်းတော်ကို မော့လျက်
နေကို ကြည့် ၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က
သပိတ်တွင် နှိုက် လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့ သို့ နေကိုကြည့်လျက်
ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုး တင်ပလ္လင်ခွေ ထိုင်
နေပုံကို ထုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါ သည်။
ဗုဒ္ဓဘာသာဝင်များသည် ရှင်လေးပါး၊ သေလေး ပါး ရှိသည်ဟု ယုံကြည်ကြပါသည်။
ဤရှင်လေး ပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်တို့တွင် ပါရှိခြင်း
မဟုတ်ပေ။ သို့ရာတွင် ရှေးရိုး ဘိုးဘွား မိဘပြောစဉ် ယုံကြည်မှုဖြစ်ကာ
လူအများပင် ယုံကြည် ကိုးကွယ်ကြသည်မှာ အထင်အရှား ပင်။ သို့ရာတွင်
လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့ပါသည်။ ရှင်ဥပဂုတ် ကို
ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ် ဆိုးနတ်ယုတ်များ မဖမ်းစားနိုင်ခြင်း၊
မြေဘုတ် ဘီလူး တစ္ဆေ သရဲ စသည်တို့ မကပ်ရောက် နိုင်ခြင်း၊ ရောဂါကင်းခြင်း
စသည့် အကျိုးများကို ရသည်ဟု ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ ကြောင်း
မှတ်သားမိပါသည်။
ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည်
မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့ တွင် ရှင်အာနန္ဒာအား ဤသို့
ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍ မည်သော တောင်ကြီးရှိခဲ့၏။
တောင်၏တဖက် တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက် တွင် ရသေ့ ငါးရာနေ၍
တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည်
ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။ ပစ္စေက
ဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာ ကို လုပ်ကျွေးပြန်သည်။
ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့ တရားအားထုတ်ရန် မျောက်မင်းက
လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အား ထုတ် လေရာ
ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ ကွယ် လွန်
လျှင် ပစ္စေကဗုဒ္ဓါတို့က နံ့သာ၊ ထင်း စသည် တို့ဖြင့် သင်္ဂြိုဟ်ကြ၏။
ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာ မွှေးတို့ ရောင်းချသည့်
သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို
စောင့်ရှောက်ကာ အကျိုးပြု ပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော် မူခဲ့သည်။
အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်း လာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းတို့တွင် တွေ့ရှိ ရသော ရှင်ဥပဂုတ္တအကြောင်းကို ဆက်လက်
ဖော်ပြလိုပေသည်။
(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ အောက်
ပါအတိုင်း တွေ့ရှိပါသည်။ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ
ပရိဗိုဇ်မှာ ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင် ထံ ရဟန်းအဖြစ်ကို
ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင်
၎င်းတပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြ သဖြင့် ရဟန်းပြုခွင့်
မရရှိလိုက်ပေ။
မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ
စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူ ပြီးနောက်
အနှစ်တရာရှိသော် သီရိဓမ္မာသောက မင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာ ဖြစ်၍
တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီး မားတော်မူ မည်။ သီရိဓမ္မာသောကမင်းသည်
စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီး များ ပြုလုပ်သည့်အခါ
မာရ်နတ်မင်းနှောင့်ယှက် ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့် မည်-ဟု
ပါရှိပါသည်။
( ခ
) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို
ဝိုင်းဝန်း ကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က
မာရ်နတ် မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။
(ဂ) လောကပညတ္တိကျမ်း၌လည်း အောက်ပါကဲ့ သို့ တွေ့ရှိရပါသည်။ဗာရာဏသီပြည့်ရှင်
ဗြဟ္မ ဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမေါခံသားသမီးရရန် ကြီးစွာသော
မဟာဒါန ကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး
ရရှိသဖြင့် မင်းကြီး အား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်း မြောက် စွာဖြင့်
မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည် ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက် လာသော်
ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက် ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်
ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင်
မျှောလိုက်လေ သည်။
မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍
ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေး မည်ဟုပြော၏။
ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သော အခါ
ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ`ဆေဒေ၀ီအား ကြည့်လိုက်ရာ
မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။
ထို့ကြောင့် ရသေ့ အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က
သဘောတူသည်။ သားကိုဖွားမြင် သည့် အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေး မွေး သည်ကို
အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့် ရာ
ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီး လျှင်တောင်သမုဒ္ဒရာ၌
ကြေးပြာသာဒ်နှင့် စံနေ တော်မူသည်။သီရိဓမ္မာသောကမင်းကြိး၏ မဟာ
ဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီး အောင် မြင်ရန် မာရ်နတ်မင်း၏ မဟာဒါန
အလှူတော် ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန် မာရ်နတ် မင်း၏ အထူးထူးသော
အန္တရာယ်တို့ကို တားဆီး လျက် မာရ်နတ်မင်းအားလည်း ဆုံးမတော်မူ၏-ဟု
တွေ့ရှိရပါသည်။
ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ် သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို
တွေ့မြင် ရပါသည်။ အထောက်အထားမှာ ကျန်စစ်သား မင်း၏ သားတော်
ရာဇကုမာရ်မင်းသားသည် မြင်ကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို တည်
ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေး ပန်းချီတို့တွင် ရှင်ဥပဂုတ္တနှင့်
အသောကမင်းကြီး တို့ သာသနာတော် ပြန့်ပွားရေးအတွက် ဆွေး နွေးနေပုံကို
တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရ ရှင်ဥပဂုတ္တနှင့် အသောကမင်း ကြီး
တို့ ဖြစ်ကြောင်းကို သိရှိရပါသည်။
ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ ရှိရသဖြင့် ရှေးပုဂံခေတ်ကပင်
ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေ သည်။ သက္ကရာဇ်
၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင် အ၈္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ ပါဠိသဒ္ဒါ
ကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်)
ချည်နှောင်ကာ ဆုံးမတော်မူ သည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara
bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌
အရှုဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မ
ဉာပကပြု၍ မှတ်သားလောက်အောင် ကျမ်းဂန် ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌
သီရိ ဓမ္မာသောကမင်းကြီးသည် စေတီရှစ်သောင်း လေးထောင်တို့ကို
အနုမောဒနာပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊ သဒ္ဒါကစ္စည်းကျမ်း
သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက ထုတ်ဖော်ကြောင်း၊
မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရေ ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ
ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့်
အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှုဥပဂုတ္တ ထေရ် စသည်တို့သည်
တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက် အနှစ်ငါးရာတိုင် သော်
ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု ဗာဒိတ်ထားတော်မူကြောင်းများကိုသာ
တွေ့ဖူး ချေသည်-ဟူ၍ ဖော်ပြထားပါသည်။
အထက်ဖော်ပြခဲ့သည့် အထောက်အထား အကြောင်းအရာများအရ ရှင်ဥပဂုတ္တမထေရ် မြတ်ကို လူအများ ယုံကြည်ကိုးကွယ်ပူဇော်ကြ သည်-ဟု ယူဆမိသည်။
ရှင်ဥပဂုတ္တ စသော ရှင်လေးပါး ပူဇော်ကန် တော့သည့် ဂါထာ-ဒိန္နေ ဒိန္နေ နမာမဟံ ၊
ဥပဂုတ္တ မဟာထေရံ ။မာရဗန္ဓန နိတေဇံ ၊ သက္ကောသရ သာရဒတ္တံ ။မေဓရော စ မဟာထေရံ ၊
သောဏောဌာနံ အာဂစ္ဆတု ။သဗ္ဗအန္တရာယော ၀ိဓမိတွာန ၊ သုခံဒေတု ပုနပ္ပုနံ ။
ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၄။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊( ဓမ္မာစရိယ ဦးမောင်လင်း၊ ဆရာ ဇာဂရု )
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး )
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။
1. Divya vadana-1880 Edited by E.B Cowell and R,A Neil, Cambridge.
2. Pagan Myinkaba Kubyauk-gyi temple by Rajakumar Bulletin of the Burma Historical Commission, by G.H Luce and Bohmu Bashin 1961.
3. The legend and cult of Upagutta by jahn, S, Strong.
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၄။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊( ဓမ္မာစရိယ ဦးမောင်လင်း၊ ဆရာ ဇာဂရု )
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး )
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။
1. Divya vadana-1880 Edited by E.B Cowell and R,A Neil, Cambridge.
2. Pagan Myinkaba Kubyauk-gyi temple by Rajakumar Bulletin of the Burma Historical Commission, by G.H Luce and Bohmu Bashin 1961.
3. The legend and cult of Upagutta by jahn, S, Strong.
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်