
ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့က ဆောင်းဝင်ရင် အရှေ့လေအရမ်းတိုက်တယ်လို့ ဆိုပါတယ်။ လေတော်တော်ကြမ်းတဲ့အတွက် ဆောင်းရောက်ရင် (ကျွန်မတို့ဖက်က နွေရာသီလို) မီးဘေးအန္တရာယ် အမြဲ ကြုံရတယ်လို့ဆိုတယ်။ ဒါကြောင့် ချက်ပြုတ်ပြီး မီးကြွင်းမီးကျန်မထားဖို့၊ မီးဘေးအန္တရာယ်ကာကွယ်ဖို့ ညနေညခင်းတွေမှာ လော်စပီကာနဲ့ ဆော်ဩနေတာကို တွေ့ခဲ့ရတယ်။
ထားဝယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသား၊ လူမျိုးကွဲတွေအားလုံး ထားဝယ်စကားကိုပဲ သုံးနှုန်းပြောဆိုကြတာ တွေ့ခဲ့တယ်။ ဗမာစကားကိုတော့ လိုအပ်မှပြောကြတယ်။ ထားဝယ်မှာပဲ ကြီးပြင်းခဲ့သူတွေပြောတဲ့ ဗမာစကားက တော်တော်လေးဝဲတာကို တွေ့ခဲ့တယ်။ ထားဝယ်စကားက အင်းသားစကားနဲ့ တော်တော်ဆင်တာမို့ ကျွန်မအတွက် သိပ်ပြဿနာ မရှိခဲ့ပါဘူး။






















ထားဝယ်မြို့က
ဖုန်တစ်ထောင်းထောင်း လမ်းဆိုးတွေနဲ့ ပူပြင်းလှပတယ်ဆိုပေမယ့်
အစားပုပ်သူပီသတဲ့ကျွန်မ ထားဝယ်အစားအစာကို စိတ်အဝင်စားဆုံးဖြစ်ခဲ့တယ်။
ဒေသကွဲတွေမှာ သူ့ဒေသအလိုက် ရိုးရာအစားအစာတွေက ရှိစမြဲဖြစ်တယ်။
ထားဝယ်မြို့ရဲ့ နာမည်ကြီး ရိုးရာအစားအစာတစ်ခုက မုန့်လက်သုပ်လို့ ဆိုပါတယ်။ မုန့်လက်သုပ်ဆိုလို့ အသုပ်လို့တော့ မထင်လိုက်ပါနဲ့... ကျွန်မတို့ စားနေကြ အာပူလျှာပူလို ပုံစံဖြစ်တယ်။ မုန့်လက်သုပ်က ဓနိရည်နဲ့ချက်ထားကြောင့် ချဉ်စပ်စပ် အရသာရှိတယ်။ ငါးအသား၊ ငါးဥတွေနဲ့ ရှမ်းနံနံနိုင်နိုင်ထည့်ပြီး စားရတဲ့ မုန့်လက်သုပ်ကို တစ်ခြားအစာတွေထက် ကျွန်မပိုကြိုက်မိပါတယ်။
ထားဝယ်မှာ ထားဝယ်မုန့်ဟင်းခါးနဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး မုန့်ဟင်းခါးနှစ်မျိုးရှိပါတယ်။ ထားဝယ်မုန့်ဟင်းခါးက မုန့်ဖတ်များပြီး ဟင်းရည်နည်းနည်းနဲ့ စားကြသလို မုန့်ဟင်းခါးထဲ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ထည့်ပြီး စားကြပါသေးတယ်။ မုန့်ဟင်းခါးထဲထည့်တဲ့ ငှက်ပျောအူကို နုတဲ့ငှက်ပျောခေါက်ကိုမယူဘဲ အလယ်အူတိုင်ကိုပဲ ဆီပြန်ဟင်းလို ချက်ထားပါတယ်။ မုန့်ဖတ်ထည့်၊ ဟင်းရည်နည်းနည်းထည့်ပြီး ငှက်ပျောအူတိုင်ဆီချက်ကို အပေါ်မှာထည့်ပေးပါတယ်။ ထားဝယ်မုန့်ဟင်းခါးထဲမှာ ဘာအကြော်မှ ထည့်မစားကြပါဘူး။ ဟင်းရည်နည်းတဲ့အတွက် အသုပ်နဲ့တူနေပါတယ်။ နဂိုကတည်းက မုန့်ဟင်းခါးသိပ်မကြိုက်တဲ့ ကျွန်မအတွက် ထားဝယ်မုန့်ဟင်းခါးကို စားဖူးရုံပဲ စားခဲ့ပါတယ်။ (ပုံရိုက်ဖို့တောင် မေ့သွားတယ်)
ထားဝယ်ရိုးရာမုန့်တချို့ကို
ဘုရားဖူးအသွားမှာ စားခဲ့ရတယ်။ ပုံထဲမြင်ရတာက မုန့်သပေါင်းလို့ခေါ်တဲ့
မုန့်ဖြစ်တယ်။ ကောက်ညှင်းမှုန့်ကို နှမ်း၊ အုန်းနို့နဲ့နယ်
ဓနိဖက်နဲ့ထုပ်ပြီး ဖုတ်ထားတာဖြစ်တယ်။ ဓနိနံ့သင်းသင်းလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ လတ်လတ်ဆတ်ဆတ် နွားနို့စစ်စစ်နဲ့ အင်မတန် လိုက်ဖက်ပါတယ်။
ထားဝယ်မြို့ရဲ့ နာမည်ကြီး ရိုးရာအစားအစာတစ်ခုက မုန့်လက်သုပ်လို့ ဆိုပါတယ်။ မုန့်လက်သုပ်ဆိုလို့ အသုပ်လို့တော့ မထင်လိုက်ပါနဲ့... ကျွန်မတို့ စားနေကြ အာပူလျှာပူလို ပုံစံဖြစ်တယ်။ မုန့်လက်သုပ်က ဓနိရည်နဲ့ချက်ထားကြောင့် ချဉ်စပ်စပ် အရသာရှိတယ်။ ငါးအသား၊ ငါးဥတွေနဲ့ ရှမ်းနံနံနိုင်နိုင်ထည့်ပြီး စားရတဲ့ မုန့်လက်သုပ်ကို တစ်ခြားအစာတွေထက် ကျွန်မပိုကြိုက်မိပါတယ်။
ထားဝယ်မှာ ထားဝယ်မုန့်ဟင်းခါးနဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး မုန့်ဟင်းခါးနှစ်မျိုးရှိပါတယ်။ ထားဝယ်မုန့်ဟင်းခါးက မုန့်ဖတ်များပြီး ဟင်းရည်နည်းနည်းနဲ့ စားကြသလို မုန့်ဟင်းခါးထဲ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ထည့်ပြီး စားကြပါသေးတယ်။ မုန့်ဟင်းခါးထဲထည့်တဲ့ ငှက်ပျောအူကို နုတဲ့ငှက်ပျောခေါက်ကိုမယူဘဲ အလယ်အူတိုင်ကိုပဲ ဆီပြန်ဟင်းလို ချက်ထားပါတယ်။ မုန့်ဖတ်ထည့်၊ ဟင်းရည်နည်းနည်းထည့်ပြီး ငှက်ပျောအူတိုင်ဆီချက်ကို အပေါ်မှာထည့်ပေးပါတယ်။ ထားဝယ်မုန့်ဟင်းခါးထဲမှာ ဘာအကြော်မှ ထည့်မစားကြပါဘူး။ ဟင်းရည်နည်းတဲ့အတွက် အသုပ်နဲ့တူနေပါတယ်။ နဂိုကတည်းက မုန့်ဟင်းခါးသိပ်မကြိုက်တဲ့ ကျွန်မအတွက် ထားဝယ်မုန့်ဟင်းခါးကို စားဖူးရုံပဲ စားခဲ့ပါတယ်။ (ပုံရိုက်ဖို့တောင် မေ့သွားတယ်)




ဘာပဲဖြစ်ဖြစ် မရောက်ဖူးတဲ့ဒေသ၊ မစားဖူးတဲ့ အစားအစာတွေနဲ့ မကြားမမြင်ဖူးတာတွေကို ကြားသိခံစားခဲ့ရတဲ့ ထားဝယ်မြို့ကို ဒီနေရာမှာချရေးပြီး ကျွန်မလို မရောက်ခဲ့ဖူးသူတွေအတွက် ဝေမျှရင်း အမှတ်တရ သိမ်းထားလိုက်ပါတယ်။
နိုင်းနိုင်းစနေ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်