စာရေးဆရာကြီး “ရွှေဝယ်ဧ” သည် ထားဝယ်မြို့၊ ဇရစ်ရပ် ကုန်သည်
ဦးရွှေသောင်း+ဒေါ်မြိုင်သူ မိဘနှစ်ဦးမှ မွေးဖွားသည့် သားယောင်္ကျား
၃-ယောက်အနက် သားလတ်ဖြစ်ပါသည်။ အစ်ကိုမှာ ယစ်မျိုးအရာရှိ အငြိမ်းစား ဘ၀နှင့်
ရန်ကုန်မြို့၌လည်းကောင်း၊ ညီမှာမြေတိုင်းရုံးစာရေးကြီး အငြိမ်းစာဘ၀နှင့်
ထားဝယ်မြို့၌လည်းကောင်း ကွယ်လွန်ကြပါသည်။
စာရေးဆရာကြီး “ရွှေဝယ်ဧ”မှာ ကောဇာသက္ကရာဇ် ၁၂၅၄-ခုနှစ် တန်ခူးလဆန်း ၈-ရက်နေ့ တွင် မွေးဖွား၍ ပညာ အရည်အချင်းမှာ မြန်မာသတ္တမတန်းနှင့် အလယ်တန်းဆရာအဖြစ် စာမေးပွဲအောင်မြင်ပြီး ကျောင်းဆရာလုပ်ဖြင့် အမူထမ်းခဲ့ရာ ခရစ်သက္ကရာဇ်
၁၉၅၂-ခုနှစ်တွင် အငြိမ်းစားရရှိပါသည်။ အမည်ရင်းမှာ ဦးဘအေး ဖြစ်ပါသည်။ ကျောင်းဆရာဘ၀နှင့် လုပ်ကိုင်နေရင်း ခရစ်သက္ကရာဇ် ၁၉၁၂-ခုနှစ်ကစ၍ ရန်ကုန်မြို့ ဟံသာဝတီ သတင်းစာတွင် အဦးအစ ထားဝယ်သူ “မပြုံးကြည်” ကလောင်မြည်ဖြင့် ရေးသားပြီး ယင်းခေတ်ထုတ် စာနယ်ဇင်းများအချို့တွင် ကြိုးကြားကြိုးကြား ရေးသားခဲ့ပါသည်။ ယင်းနောက် ဒုတိယကမ္ဘာစစ် (ဂျပန်ဝင်ခါနီး) အချိန်တွင် လူထု ဦးလှနှင့်တကွ စာရေးဆရာအချို့တကို့ မိန်းမကလောင်မည်နှင့် မရေးဘဲ ယောင်္ကျားကလောင်အမည်နှင့် ရေးသားမှ သဘာဝကျမည်ဟူ၍ အကြံဉာဏ် ပေးကြည့်သည့်အတိုင်း ထားဝယ်သူ မပြုံးကြည် အမည်မှ “ရေ၀ွှယ်ဧ” ကလောင်မည်သို့ ပြာင်းကာ လူထူဦးလှ၏ ကြီးပွားရေး မဂ္ဂဇင်းမှ အစပြု၍ သတင်းစာ မဂ္ဂဇင်း ဂျာနယ်များတွင် ဆောင်းပါးများ အဆက်မပြတ် ရေးသားလျက် ထားဝယ်မြို့ ရှမ်းမလည်ဆွဲရပ်တွင်နေထိုင်ခဲ့ ပါသည်။
အမည်နှင့်လိုက်အောင် အေးအေးဆေးဆေး သွားလာနေထိုင်တတ်သော လူပျိုကြီး ဆရာကြီးရွှေဝယ်ဧ
ဖြစ်ပါသည်။(ယခုချိန်တွင်ကားကွယ်လွန်ပြီးဖြစ်ပါသည်။)

ထားဝယ်ရာဇ၀င်သမိုင်းစာအုပ်ကို ရေးသားခဲ့သော စာရေးဆရာကြီး “ရွှေဝယ်ဧ” အသက် ၈၂ - နှစ်ပုံ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်