မောင်သန်းဆွေ၊ထားဝယ်၊
ရွှေအမြုတေ
မနှစ်က အောက်တိုဘာလဆန်းတွင် စာရေးသူ ရန်ကုန်သို့ ရောက်နေပါသည်။ ညီမဖြစ်သူက ကဥ္စနာညွန့်၏ သားလေး မောင်သိန်းဇော် မင်္ဂလာပွဲအတွက် လာရောက်ခြင်းဖြစ်သည်။ မင်္ဂလာဆောင်က ၁၁ ရက်၊ နေ့လယ် ၁ နာရီတွင် ဖြစ်၏။ ထိုနေ့နံနက် ၈ နာရီခန့်တွင် တယ်လီဖုန်းသံ မြည်လာ၍ ကိုင်လိုက်ရာ “ဦးသန်းဆွေအိမ်ကပါလား ခင်ဗျာ” “ဟုတ်ပါတယ်” “ဦးသန်းဆွေ ရှိပါသလား ခင်ဗျာ” “ခုပြောနေတာ ဦးသန်းဆွေပါပဲ”
“ဟေး ယူ ကိုယ့်အသံကို မှတ်မိလား။
ရောဘတ်လေ၊ ရောဘတ်ကြွယ်လေ” “ဪ ရောဘတ်လား။ ကိုယ် မှတ်မိပြီ။ ဘယ်တုန်းက ပြန်ရောက်နေလဲ” “ဒီလဆန်းကပဲ ပြန်လာတယ်။ အမေရိကားက ကိုယ့်အစ်မလည်း ပြန်ရောက်နေတယ်။ ကိုယ်တို့ရဲ့ အစ်မကြီးက ဆေးရုံ တင်ရလို့ ပြန်လာကြတာ။ အခုတော့ နေကောင်းသွားပါပြီ။
ဒီနေ့မနက် အစ်မကြီးရဲ့အိမ်မှာ မောင်နှမတွေ စုပြီး ဆွမ်းကျွေးတယ်။ အဲဒါ လူစုံတုန်း ယူ့ကိုတွေ့ချင်ကြတယ်။ မမ ကက်သလင်းကိုသိတယ် မဟုတ်လား။ သူက ယူနဲ့ တွေ့ပြီး ပြောစရာ ရှိလို့တဲ့။ လာနိုင်မယ် မဟုတ်လား”
“လာရမှာပေါ့။ ရောဘတ်တို့နဲ့ မတွေ့ရတာ ကြာလှပြီပဲ” ဟု ပြောပြီး ဖုန်းချလိုက်ပါသည်။ ရောဘတ်ကြွယ်ဆိုသူမှာ စာရေးသူတို့ ငယ်စဉ်က မက်သဒစ်အင်္ဂလိပ် အထက်တန်းကျောင်း (ယခု ဒဂုံ အထက-၁)တွင် ကျောင်းနေဖက်ဖြစ်ကြသည်။ သူ့အစ်မ အက်လစ်ဇဘက်ကြွယ်နှင့်မှ တစ်တန်းတည်းဖြစ်သည်။ သူက စာရေးသူတို့ထက် အတန်းရော အသက်ပါငယ်၏။ သူတို့မောင်နှမများမှာ မြင်ကွန်း မင်းသားကြီး၏ မြေးတော်များ ဖြစ်သည်။ သူတို့၏ မိခင်သည်
မြင်ကွန်းမင်းသားကြီး၏ သမီးတော်ဖြစ်၏။ မြင်းခုံတိုင်မင်းသား အိန္ဒိယတွင် ကံကုန်တော် မူသွားသောအခါ ကျန်ခဲ့သည့် ကိုယ်လုပ်တော် ခင်လေးဘုရားကို မယ်တော် ရွှေရေးဆောင် မိဖုရားကြီးက သားတော် မြင်ကွန်းမင်းသားကြီးနှင့် ပြန်၍ လက်ဆက်စေသည်။ မြင်းခုံတိုင်မင်းသားနှင့် သားတော် နှစ်ပါး ထွန်းကားခဲ့သည်။
မြင်ကွန်းမင်းသားကြီးနှင့်မူ သားတော် တစ်ပါး၊ သမီးတော်လေးပါး ထွန်းကား၏။ အငယ်ဆုံး သမီးတော်မှာ မြင်ကွန်းထိပ်ခေါင်တင် မလေး(ခေါ်) ရီနီမြင်ကွန်း (Princess Renee Myngoon) ဖြစ်၏။ မြင်ကွန်း ထိပ်ခေါင်တင်မလေးသည် ကလကတ္တားတွင် ပညာ လာသင်နေသော ဦးစိုးကြွယ် (မန္တလေးမြို့မှ ဝတ်လုံတော်ရ ဦးသာကြွယ်၊ ဒေါ်ဒေါ်စို့တို့၏သား) နှင့် လက်ဆက်သည်။ ရောဘတ်ကြွယ်တို့ မောင်နှမ ခုနစ်ယောက်ကို မွေးသည်။ အစ်မ အကြီးဆုံးမှာ မာဂရက်(ခေါ်) ထိပ်တင်သီ ဖြစ်၏။ သူ့အောက် စယ်လ် ဗီယန်(ခေါ်)ထိပ်တင်ညွန့်၊ ကက်သ လင်း(ခေါ်)ထိပ်တင်လှ၊ အက်လစ် ဇဘက်(ခေါ်)ထိပ်တင်အေး၊ ဟင်နရီ (ခေါ်)ထိပ်တင်လွင်၊ နယ်ဗယ်လ်(ခေါ်) ထိပ်တင်သွင်နှင့် ရောဘတ်(ခေါ်) ထိပ် တင်မြင့်တို့ ဖြစ်သည်။ နယ်ဗယ်လ်မှာ ရေနစ်ပြီး ဆုံးသွားသည်။ ၁၉၆၆ ခုနှစ် ကဟု ထင်ပါသည်။ ရောဘတ်ကမူ ကြယ်ငါးပွင့်တွင် မန်နေဂျာ လုပ်ခဲ့သည်။ ပင်စင် ယူပြီးနောက် အင်္ဂလန်တွင် သွားနေ ခြင်းဖြစ်၏။ မြင်ကွန်း မင်းသားကြီး၏ မြေးတော်များ ဆိုသော်လည်း မင်းသားကြီး အသက်အရွယ်ကြီးမှ သူတို့၏ မယ်တော်ကို မွေးသဖြင့် သူတို့မောင်နှမများ မှာ အသက်အရွယ် ငယ်နေကြခြင်းဖြစ် သည်။ မင်းတုန်းမင်း တရားကြီး၏ မြစ်တော်များထဲတွင် မင်းတပ် မင်းသမီးကြီး၏ မြေးတော်များမှ လွဲလျှင်၊ အသက် အငယ်ရွယ်ဆုံး မောင်နှမများဖြစ်၏။ အခြား မြစ်တော်များမှာ အသက် ၈၀ ကျော်၊ ၉၀ ကျော်ရှိသူများသာ ဖြစ်သည်။ သူပြောသည့် မမ ကက်သလင်း ဆိုသူမှာ ထိပ်တင်လှဖြစ်သည်။ မမကက် သလင်းက ဆရာဝန်မ ဖြစ်၏။ အမေရိကားတွင် နေပါသည်။ မမကက်သလင်း ၏သားသည် အဆိုတော် နီနီဝင်းရွှေနှင့် အိမ်ထောင်ကျသည်။ စာရေးသူသည် ရောဘတ် အစ်မကြီးများအိမ်ရှိရာ ပါရမီ ဘက်သို့ အမြန်ဆုံးသွားရသည်။ အိမ်ရှေ့ ရောက်သောအခါ ခြံပြင်တွင်ကားများနှင့် မောင်းသူများကိုတွေ့ရသည်။ အိမ်ထဲမှ အသံများ ကြားနေရ၏။
“ဘေးတော်၊ ဘိုးတော်များဖြစ် သော နတ်ရွာစံမင်းတုန်းမင်းတရားကြီး နှင့် မြင်ကွန်းမင်းတို့အမှူးထား၍ မယ်တော်၊ ခမည်းတော်တို့အား အမျှဆက်သ”
ဆရာတော်ဘုရားက ရေစက်ချ အမျှပေးဝေနေခြင်းဖြစ်သည်။ ကား မောင်းသူများမှာ ထိုအသံကြားရ၍ ခေါင်းထောင် လာကြပြီး တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ သူတို့က တအံ့တဩနှင့် သိချင်ကြပုံရ ၏။ စာရေးသူ အတွက်မူ ရောဘတ်တို့ မိသားစု အကြောင်း သိနေပြီး ဖြစ်၍ ဘာမျှ မထူးဆန်းပါ။ အိမ်ထဲသို့ ရောက်သွားသော အခါ အက်လစ်ဇဘက်၏ ခင်ပွန်း ဦးကျော်ဟိန်းနှင့်တွေ့၍ နှုတ် ဆက်ကြရသည်။ မကြာမီ ရောဘတ် ထွက်လာပါသည်။ သူနှင့် စာရေးသူတို့ ကွဲသွားကြသည်မှာ နှစ်ပေါင်း ၃၀ ခန့် ရှိပြီ။ သို့သော် ငယ်ရုပ် မပျောက်သွားကြ၍ မှတ်မိနေကြသေးသည်။
သံဃာတော်များ ဆွမ်းကျွေးနေစဉ် မမကက်သလင်း ထွက်လာသည်။ မမ သည်အသက်ကြီးမှ အတော်၀နေသည်။ ငယ်စဉ်ကမူ သူတို့ညီအစ်မများထဲတွင် ချောကလည်းချော၊ ဆရာဝန်လည်းဖြစ် သဖြင့် အတော်ပေါ်ပြူလာဖြစ်ခဲ့သည်။ မမကက်သလင်းက...
“ယူ့ကို မမက ပြောစရာရှိလို့ ခေါ်လိုက်ရတာ။ ယူက စာရေးဆရာဖြစ် နေတာကိုး။ ကိုယ်တို့မိသားစု အကြောင်း တွေ၊ မြင်ကွန်းမင်းသားကြီးအကြောင်း တွေကို ရေးနေတာ ဖတ်ရပါတယ်။ တစ်လောက ဒေါ်ဖြူဆိုသူရဲ့အကြောင်းကို ရေးတာလည်း ဖတ်ရတယ်။ မြင်ကွန်း မင်းသားကြီးရဲ့ တိမ်မြုပ်နေတဲ့သား ဦးဂုဏ်မာန်ခေါ် ထိပ်တင်သန်း ဆိုသူရဲ့ အကြောင်းကို ဖတ်ရတော့ ယူနဲ့တွေ့မှ ဖြစ်တော့မယ်။ ဒီအကြောင်း ရှင်းပြမှ ဖြစ်တော့မယ်လို့ ဆိုပြီး မြန်မာပြည် ရောက်နေတုန်း ရောဘတ်ကို ယူနဲ့တွေ့ဖို့ ချိန်းခိုင်းလိုက်ရတာပဲ”
စာရေးသူသည် မမကက်သလင်းနှင့် စကားကောင်းနေရာ နာရီကိုကြည့်လိုက်သော အခါ ၁၂ နာရီပင်ထိုးနေပါ ပြီ။ ၁ နာရီတွင် မင်္ဂလာဆောင် သွားရဦး မည်။ သို့ကြောင့် ဆွမ်းကျွေးတွင် ထမင်း မစားတော့ဘဲ အတင်းတောင်းပန် ပြီး ပြန်လာခဲ့ရသည်။ လမ်းတွင် မမကက်သလင်း အကြောင်းကို တွေးလာမိသည်။ တခြား မဟုတ်ပါ။ မမနှင့် အကယ်ဒမီ မင်းသားကြီး ထွန်းဝေတို့ကြားတွင် ခိုးလိုးခုလု ဖြစ်ခဲ့သည့် အကြောင်းတစ်ရပ်ပင်ဖြစ်သည်။ ရယ်စရာလည်း ကောင်း၏။
တစ်ခါက စာရေးသူ ရန်ကုန်တွင်ရှိ စဉ် စာရေးဆရာကြီး သာဂဒိုးအိမ်သို့ ရောက်၏။ ဆရာကြီးက
“ခင်ဗျားတို့ အကယ်ဒမီမင်းသား ကြီးက တွေ့ချင်လို့တဲ့”
“ဘယ်သူတုံး၊ ဘာကိစ္စရှိလို့လဲ”
“မင်းသားကြီး ကိုထွန်းဝေလေ၊ ကိစ္စကိုတော့ ကျွန်တော် မသိဘူးဗျာ။ ခင်ဗျားလိုက်နေတဲ့ ကုန်းဘောင်ဆက် အကြောင်းကို ပြောချင်လို့တဲ့။ ရန်ကုန် ရောက်ရင် သူ့အိမ်ကို လာဖြစ်အောင် လာခဲ့ပါလို့ မှာထားတယ်။ ဖုန်းနဲ့ ပြောရင်လည်း အရှည်ကြီးမို့ အိမ်လာမှ အေး အေးဆေးဆေးပြောပါရစေတဲ့”
စာရေးသူသည် ဆရာကြီး သာဂဒိုး ပြောသည့် အကယ်ဒမီ မင်းသားကြီး အကြောင်းကို ကြားသောအခါ စိတ်ဝင်စားသွားသည်။ စာရေးသူတို့အဘိုးလေး က ရုပ်ရှင် လုပ်ငန်းကို လုပ်ခဲ့ဖူး၍ သူနှင့် မကင်းတရား ရှိခဲ့ကြသည်။ နဂိုကလည်း ကုန်းဘောင်နှင့် ပတ်သက်လျှင် စိတ်ဝင်တစား ရှိလှ၍ နောက်တစ်နေ့တွင် ပင် အကယ်ဒမီ မင်းသားကြီး အိမ်သို့ သွားခဲ့ပါသည်။ ကြိုတင်၍ ဖုန်းဆက်ထား၏။ လမ်းတွင် မင်းသားကြီး အကြောင်းကို စဉ်းစား၍သွား၏။
စာရေးသူ သိထားသည်မှာ မင်းသားကြီး သည် တရုတ်ဖြစ်သည်။ ကုန်းဘောင် ဆက်နှင့် မည်သို့ ပတ်သက်နေပါ သနည်း။ မင်းတုန်းမင်းတရားကြီး တွင်လည်း တရုတ်မိဖုရား တစ်ပါးမျှ မရှိပါ။ သေသေချာချာ တွေးကြည့်သော အခါ ဗဒုံမင်း (ဘိုးတော်ဘုရား) တွင် တရုတ်မိဖုရား ရှိသည်။ ဗဒုံမင်း လက်ထက် ခရစ်နှစ် ၁၇၉၀ တွင် တရုတ်ဥဒည်မင်းက ဗန်းမော်စော်ဘွားမှ တစ်ဆင့် တရုတ်မင်းသမီးသုံးပါး ဆက်သဖူးသည်ဟု ကုန်းဘောင်ဆက် ရာဇဝင်စာအုပ်ထဲတွင် ပါသည်။ ထို တရုတ်မင်းသမီး သုံးပါးလုံးကို ဗဒုံမင်းက မိဖုရားမြှောက်သည်။ သုံးပါးအနက် တစ်ပါးဖြစ်သော သီရိမဟာရတနာစန္ဒာ ဒေဝီ တရုတ်မိဖုရားတွင် သားတော် သတိုးကျော်ခေါ်သည့် ဒွါရာဝတီမြို့စား မင်းသားထွန်းကားသည်။ တရုတ် အမည် ကျန်စူမြင့်ဟူ၍လည်း ခေါ် ကြောင်း ကြားရဖူး၏။ အကယ်ဒမီ မင်းသားကြီးသည် ထိုတရုတ်မင်းသား ကျန်စူမြင့်မှ ဆင်းသက်လာလေရော့ သလားဟု တွေးမိပါသည်။ သူ့အိမ် ရောက်မှ သေသေချာချာ သိရတော့ မည်။
မင်းသားကြီးအိမ် ရောက်သော အခါ သူက ဝမ်းပန်းတသာ ဆီး၍ကြို ရှာသည်။ စာရေးသူ၏ ပခုံးကို ဖက်ပြီး ဧည့်ခန်းသို့ ခေါ်သွားသည်။
“ခင်ဗျားကိုတွေ့ချင်နေတာ ကြာ လှပြီဗျ။ ဆရာဒိုးအိမ်ရောက်တတ် တယ်ကြားလို့ မှာထားရတာ”
“ဘာကိစ္စလဲ ဦးထွန်းဝေရဲ့”
“ခင်ဗျားက ကုန်းဘောင်ဆက် တွေအကြောင်း သုတေသနလုပ်နေ တယ်ဆို။ အဲဒါ ကုန်းဘောင်မင်းသမီး တစ်ပါးရဲ့ အကြောင်းကိုပြောပြချင်လို့”
“ဪ ဒီလိုလား၊ ကျွန်တော်က ခင်ဗျားကိုယ်တိုင်များ ကုန်းဘောင်ဆက် မင်းသားတစ်ပါးဖြစ်နေလားလို့”
“ကြံကြံဖန်ဖန်ဗျာ၊ ခင်ဗျားက ပြောရော့မယ်။ ကျွန်တော်က ရုပ်ရှင် မင်းသားပါဗျာ၊ ကုန်းဘောင်ဆက် မင်းသား မဟုတ်ပါဘူး”
“နေပါဦး၊ ခင်ဗျားက ဘယ် ကုန်းဘောင် မင်းသမီးအကြောင်းကို ပြောချင်လို့လဲ”
“ဒီလိုပါဗျာ၊ ပြောရရင်တော့ အရှည်ကြီးပဲ။ သူနဲ့ ပတ်သက်ပြီးဖြစ်ခဲ့ ရတဲ့ အူကြောင်ကြောင် ကိစ္စပေါ့”ဟု ပြောကာ လက်ဖက်ရည် ဗန်းကိုင်၍ ထွက်လာသော သူ၏ ဇနီးအား မေးထိုး၍ ပြပါသည်။ မင်းသားကြီး၏ဇနီး ကလည်း ရယ်၍
“နားသာထောင် ကြည့်ပေတော့၊ ကိုသန်းဆွေရေ့ ပြောပြပါလိမ့်မယ်” ဟု ပြောပြီး အိမ်ထဲသို့ ဝင်သွားပါသည်။
“ဒီလိုဗျ၊ တစ်ညတော့ ကျွန်တော့် မိန်းမဟာ ဗိုက်ထဲက မခံမရပ် နိုင်အောင် အောင့်လာတယ် ဆိုပြီးတော့ လူးလှိမ့် နေတယ်”ဟု ပြောပါသည်။ ပြီးနောက် ဆက်ပြော၏။
“သူ အသည်းအသန်ဖြစ်နေတော့ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်း တောင် မသိတော့ဘူး။ ကားနဲ့ဆေးရုံပို့ ဖို့လည်း မဖြစ်ဘူးလေ။ ဆရာဝန်ခေါ်ပြ မှဖြစ်မယ်လို့ စဉ်းစားလိုက်တော့ ကျွန်တော်တို့အိမ်နဲ့ သုံးလေးငါးအိမ် ကျော်မှာ ဆရာဝန်မ တစ်ယောက်ရှိတာ ကို သွားသတိရတယ်။ ကျွန်တော့်မိန်းမ ကလည်း အဲဒီ ဆရာဝန်မကိုသတိရပြီး သွားခေါ်ပေးဖို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ကမန်းကတန်း အိမ်က ထွက်ပြီး ဆရာဝန်မအိမ်ကို သွားရတာ ပေါ့။ အိမ်ရှေ့မှာ “ဒေါက်တာထိပ်တင် လှ”လို့ ရေးထားတယ်။ တံခါးခေါက် လိုက်တော့ အမျိုးသမီး ခန့်ခန့်ချောချော တစ်ယောက်က ဖွင့်ပြီးထွက်လာတယ်။ သူက “ဘာကိစ္စရှိလို့လဲ”လို့မေးတော့ ကျွန်တော်က “ကျွန်တော့်မိန်းမ ဗိုက်ထဲက အောင့်တယ်ဆိုပြီး အသည်းအသန် ဖြစ်နေလို့ လိုက်ကြည့်ရှုပေးပါ။ ဆေးရုံ လည်း သွားလို့မရ ဖြစ်နေပါတယ်” လို့ ပြောပြတယ်။ ဒီလို ပြောလိုက်တော့မှ သူက ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်ပြီး “ရှင် ရုပ်ရှင်မင်းသား ထွန်းဝေ မဟုတ်လား” လို့မေးတယ်။ အဲ ဟုတ်လိုက်လေ။ ငါ့ကို ရုပ်ရှင် မင်းသားမှန်း သိသားပဲ။ အိုကေ၊ အဆင် ပြေသွားပြီလို့ အောက်မေ့လိုက်မိတယ်။
ဘယ်ဟုတ်ရမှာလဲ ဗျာ။ မင်းသားမှန်း သိသွားမှ ဒုက္ခဖြစ်တော့တာပဲ”ဟု ပြော ပြသောအခါ စာရေးသူက အံ့ဩပြီး
“ဘယ်လိုဖြစ်လို့တုံး”
“ဘယ်လိုဖြစ်ရမှာလဲဗျာ။ သူက “ကျွန်မ မလိုက်နိုင်ဘူး”လို့ ခါးခါးသီး သီးငြင်းလိုက်တယ်။ ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးတဲ့အခါမှာ သူက “ရှင် မင်းသားထွန်းဝေဖြစ်နေလို့ ပဲ” လို့ ပြန်ပြောလိုက်တယ်။ ပြီးတော့ တံခါးလည်း ပိတ်လိုက်ပါလေရော။ သွားပြီဗျာ။ ကိစ္စပြတ်သွားပြီ။ ကျွန်တော်လည်း စိတ်ပျက်ပျက်နဲ့ ခေါင်း ငိုက်စိုက်ကျပြီးတော့ ပြန်လာခဲ့တယ်။ လမ်းမှာလည်း တစ်ချိန်လုံးစဉ်းစားလာ မိတယ်။ ငါ ရုပ်ရှင်မင်းသားထွန်းဝေ ဖြစ်တာနဲ့ ဘယ်လိုများ ပတ်သက်နေလို့ တုံး။ ငါနဲ့ သူနဲ့လည်း အခုမှတွေ့ဖူး တာပဲ။ ဘာများဖြစ်ခဲ့ဖူးလို့လဲ၊ ဘာကြောင့်များ ငါ့အပေါ် မကျေမနပ် ဖြစ်နေရတာလဲလို့ တစ်သီကြီးတွေးပြီး ပြန်လာတာပေါ့ဗျာ။ အိမ်ရောက်တော့ မိန်းမက ခုတင်ပေါ်က နေပြီး “ပါလာ လား”လို့ ဆီးမေးရှာတယ်။ ကျွန်တော် က ဘာပြန်ပြောရမှန်းတောင် မသိဘူး။ နောက်ဆုံးတော့ အကျိုးအကြောင်း ပြောပြလိုက်ရတယ်။ ကျွန်တော့်မိန်းမက “ရှင့်ဟာ မဟုတ်သေးပါဘူး။ အကျိုး အကြောင်း သေသေချာချာမေးကြည့် ပါဦး” လို့ ပြောရှာတယ်။
ကျွန်တော်လည်း တော်တော် အကြံအိုက်သွားတာ ပေါ့ဗျာ။ ဒါနဲ့ပြန်ခေါ် ကြည့်ဦးမယ်လေ ဆိုပြီး နောက်တစ်ခေါက် အဲဒီဆရာဝန်မ အိမ်ကို ပြန်သွားတယ်။ တံခါးကို မရဲ တရဲနဲ့ခေါက်လိုက်တော့ အထဲကနေ တံခါးဖွင့်ပြီး “ဪ ရှင်ကိုး၊ လာပြန် ပြီလား။ မလိုက်ပါဘူးလို့ ပြောထား တာ၊ မလိုက်ဘူး၊ မလိုက်ဘူး”ဆိုပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။ ကျွန်တော် လည်း စိတ်ပျက်လိုက်တာ ကိုသန်းဆွေ ရယ်။ ကျွန်တော့်တစ်သက်မှာ ဒီလို တစ်ခါမှ စိတ်ဓာတ် အကျကြီးကျသွား တာမျိုး မဖြစ်ဖူးဘူးလို့ ထင်တယ်ဗျာ။ တစ်ဖက်က ကျွန်တော့်မိန်းမ ခံစား နေရတာကိုလည်း စိုးရိမ်မိတယ်။ ဒီဆရာဝန်မ လုပ်နေပုံကလည်း ဘာကြောင့်မှန်း မသိဘဲ စိတ်ထဲမှာ ကသိ ကအောက်ဖြစ်မိတယ်။ ဒါနဲ့ စိတ်ပျက် လက်ပျက်ဖြစ်လွန်းလို့ သူ့အိမ်ရှေ့က လှေကားထစ်မှာပဲ ထိုင်ချလိုက်မိတော့ တယ်။ ဘာဆက်ပြီး လုပ်ရမယ်မှန်းက လက်ဆက်သည်။ ရောဘတ်ကြွယ်တို့ မောင်နှမ ခုနစ်ယောက်ကို မွေးသည်။ အစ်မအကြီးဆုံးမှာ မာဂရက်(ခေါ်) ထိပ်တင်သီ ဖြစ်၏။ သူ့အောက် စယ်လ် ဗီယန်(ခေါ်)ထိပ်တင်ညွန့်၊ ကက်သ လင်း(ခေါ်)ထိပ်တင်လှ၊ အက်လစ် ဇဘက်(ခေါ်)ထိပ်တင်အေး၊ ဟင်နရီ (ခေါ်)ထိပ်တင်လွင်၊ နယ်ဗယ်လ်(ခေါ်) ထိပ်တင်သွင်နှင့် ရောဘတ်(ခေါ်) ထိပ် တင်မြင့်တို့ ဖြစ်သည်။ နယ်ဗယ်လ်မှာ ရေနစ်ပြီး ဆုံးသွားသည်။
၁၉၆၆ ခုနှစ် ကဟု ထင်ပါသည်။ ရောဘတ်ကမူ ကြယ်ငါးပွင့်တွင် မန်နေဂျာလုပ်ခဲ့သည်။ ပင်စင်ယူပြီးနောက် အင်္ဂလန်တွင် သွားနေ ခြင်းဖြစ်၏။ မြင်ကွန်းမင်းသားကြီး၏ မြေးတော်များ ဆိုသော်လည်း မင်းသားကြီး အသက်အရွယ်ကြီးမှ သူတို့၏ မယ်တော်ကို မွေးသဖြင့် သူတို့မောင်နှမများ မှာ အသက်အရွယ် ငယ်နေကြခြင်းဖြစ် သည်။ မင်းတုန်းမင်းတရားကြီး၏ မြစ် တော်များထဲတွင် မင်းတပ်မင်းသမီးကြီး ၏ မြေးတော်များမှလွဲလျှင်၊ အသက် အငယ်ရွယ်ဆုံး မောင်နှမများဖြစ်၏။ အခြားမြစ်တော်များမှာ အသက် ၈၀ ကျော်၊ ၉၀ ကျော်ရှိသူများသာဖြစ်သည်။ သူပြောသည့် မမကက်သလင်းဆိုသူမှာ ထိပ်တင်လှဖြစ်သည်။ မမကက် သလင်းက ဆရာဝန်မဖြစ်၏။ အမေရိ ကားတွင်နေပါသည်။ မမကက်သလင်း ၏သားသည် အဆိုတော် နီနီဝင်းရွှေနှင့် အိမ်ထောင်ကျသည်။ စာရေးသူသည် ရောဘတ် အစ်မကြီးများ အိမ်ရှိရာ ပါရမီ ဘက်သို့ အမြန်ဆုံးသွားရသည်။ အိမ်ရှေ့ ရောက်သောအခါ ခြံပြင်တွင်ကားများနှင့် မောင်းသူများကိုတွေ့ရသည်။ အိမ်ထဲမှ အသံများ ကြားနေရ၏။
“ဘေးတော်၊ ဘိုးတော်များ ဖြစ်သော နတ်ရွာစံမင်းတုန်းမင်းတရားကြီး နှင့် မြင်ကွန်းမင်းတို့အမှူးထား၍ မယ် တော်၊ခမည်းတော်တို့အားအမျှဆက်သ”
ဆရာတော် ဘုရားက ရေစက်ချ အမျှပေးဝေနေခြင်း ဖြစ်သည်။ ကား မောင်းသူများမှာ ထိုအသံကြားရ၍ ခေါင်းထောင်လာကြပြီး တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြသည်။ သူတို့က တအံ့တဩနှင့် သိချင်ကြပုံရ ၏။ စာရေးသူအတွက်မူ ရောဘတ်တို့ မိသားစုအကြောင်း သိနေပြီးဖြစ်၍ ဘာမျှ မထူးဆန်းပါ။ အိမ်ထဲသို့ ရောက်သွားသောအခါ အက်လစ်ဇဘက်၏ ခင်ပွန်း ဦးကျော်ဟိန်းနှင့်တွေ့၍ နှုတ် ဆက်ကြရသည်။ မကြာမီ ရောဘတ် ထွက်လာပါသည်။ သူနှင့် စာရေးသူတို့ ကွဲသွားကြသည်မှာ နှစ်ပေါင်း ၃၀ ခန့် ရှိပြီ။ သို့သော် ငယ်ရုပ်မပျောက်သွားကြ ၍ မှတ်မိနေကြသေးသည်။
သံဃာတော်များ ဆွမ်းကျွေးနေစဉ် မမကက်သလင်း ထွက်လာသည်။ မမ သည်အသက်ကြီးမှ အတော်၀နေသည်။ ငယ်စဉ်ကမူ သူတို့ညီအစ်မများထဲတွင် ချောကလည်းချော၊ ဆရာဝန်လည်းဖြစ် သဖြင့် အတော် ပေါ်ပြူလာဖြစ်ခဲ့သည်။ မမကက်သလင်းက...
“ယူ့ကို မမက ပြောစရာ ရှိလို့ ခေါ်လိုက်ရတာ။ ယူက စာရေးဆရာဖြစ် နေတာကိုး။ ကိုယ်တို့မိသားစုအကြောင်း တွေ၊ မြင်ကွန်းမင်းသားကြီးအကြောင်း တွေကိုရေးနေတာ ဖတ်ရပါတယ်။ တစ်လောက ဒေါ်ဖြူဆိုသူရဲ့အကြောင်း ကို ရေးတာလည်းဖတ်ရတယ်။ မြင် ကွန်းမင်းသားကြီးရဲ့ တိမ်မြုပ်နေတဲ့သား ဦးဂုဏ်မာန်ခေါ် ထိပ်တင်သန်း ဆိုသူရဲ့ အကြောင်းကိုဖတ်ရတော့ ယူနဲ့တွေ့မှ ဖြစ်တော့မယ်။ ဒီအကြောင်းရှင်းပြမှ ဖြစ်တော့မယ်လို့ဆိုပြီး မြန်မာပြည် ရောက်နေတုန်း ရောဘတ်ကို ယူနဲ့ တွေ့ဖို့ ချိန်းခိုင်းလိုက်ရတာပဲ”
စာရေးသူသည် မမကက်သလင်း နှင့်စကားကောင်းနေရာ နာရီကိုကြည့် လိုက်သောအခါ ၁၂ နာရီပင်ထိုးနေပါ ပြီ။ ၁ နာရီတွင် မင်္ဂလာဆောင်သွားရဦး မည်။ သို့ကြောင့် ဆွမ်းကျွေးတွင် ထမင်းမစားတော့ဘဲ အတင်းတောင်းပန် ပြီး ပြန်လာခဲ့ရသည်။ လမ်းတွင် မမကက်သလင်း အကြောင်းကိုတွေးလာမိသည်။ တခြား မဟုတ်ပါ။ မမနှင့် အကယ်ဒမီ မင်းသားကြီး ထွန်းဝေတို့ ကြားတွင် ခိုးလိုးခုလုဖြစ် ခဲ့သည့် အကြောင်းတစ်ရပ်ပင်ဖြစ်သည်။ ရယ်စရာလည်း ကောင်း၏။
တစ်ခါက စာရေးသူ ရန်ကုန်တွင် ရှိစဉ် စာရေး ဆရာကြီး သာဂဒိုး အိမ်သို့ ရောက်၏။ ဆရာကြီးက
“ခင်ဗျားတို့ အကယ်ဒမီ မင်းသား ကြီးက တွေ့ချင်လို့တဲ့”
“ဘယ်သူတုံး၊ ဘာကိစ္စရှိလို့လဲ”
“မင်းသားကြီး ကိုထွန်းဝေလေ၊ ကိစ္စကိုတော့ ကျွန်တော် မသိဘူးဗျာ။ ခင်ဗျားလိုက်နေတဲ့ ကုန်းဘောင်ဆက် အကြောင်းကို ပြောချင်လို့တဲ့။ ရန်ကုန် ရောက်ရင် သူ့အိမ်ကို လာဖြစ်အောင် လာခဲ့ပါလို့ မှာထားတယ်။ ဖုန်းနဲ့ပြောရင် လည်း အရှည်ကြီးမို့ အိမ်လာမှ အေး အေးဆေးဆေးပြောပါရစေတဲ့”
စာရေးသူသည် ဆရာကြီးသာဂဒိုး ပြောသည့် အကယ်ဒမီမင်းသားကြီး အကြောင်းကို ကြားသောအခါ စိတ်ဝင် စားသွားသည်။ စာရေးသူတို့အဘိုးလေး က ရုပ်ရှင်လုပ်ငန်းကို လုပ်ခဲ့ဖူး၍ သူနှင့် မကင်းတရား ရှိခဲ့ကြသည်။ နဂိုက လည်း ကုန်းဘောင်နှင့်ပတ်သက်လျှင် စိတ်ဝင်တစားရှိလှ၍ နောက်တစ်နေ့တွင် ပင် အကယ်ဒမီ မင်းသားကြီး အိမ်သို့ သွားခဲ့ပါသည်။ ကြိုတင်၍ ဖုန်းဆက် ထား၏။ လမ်းတွင် မင်းသားကြီး အကြောင်းကို စဉ်းစား၍သွား၏။
စာရေးသူ သိထားသည်မှာ မင်းသားကြီး သည် တရုတ်ဖြစ်သည်။ ကုန်းဘောင် ဆက်နှင့် မည်သို့ ပတ်သက်နေပါ သနည်း။ မင်းတုန်းမင်းတရားကြီး တွင်လည်း တရုတ်မိဖုရား တစ်ပါးမျှ မရှိပါ။ သေသေချာချာတွေးကြည့်သော အခါ ဗဒုံမင်း (ဘိုးတော်ဘုရား) တွင် တရုတ်မိဖုရား ရှိသည်။ ဗဒုံမင်း လက်ထက် ခရစ်နှစ် ၁၇၉၀ တွင် တရုတ်ဥဒည်မင်းက ဗန်းမော်စော်ဘွား မှတစ်ဆင့် တရုတ်မင်းသမီးသုံးပါး ဆက်သဖူးသည်ဟု ကုန်းဘောင်ဆက် ရာဇဝင်စာအုပ်ထဲတွင် ပါသည်။ ထို တရုတ်မင်းသမီး သုံးပါးလုံးကို ဗဒုံမင်း က မိဖုရားမြှောက်သည်။ သုံးပါးအနက် တစ်ပါးဖြစ်သော သီရိမဟာရတနာစန္ဒာ ဒေဝီ တရုတ်မိဖုရားတွင် သားတော် သတိုးကျော်ခေါ်သည့် ဒွါရာဝတီမြို့စား မင်းသားထွန်းကားသည်။ တရုတ် အမည် ကျန်စူမြင့်ဟူ၍လည်း ခေါ် ကြောင်း ကြားရဖူး၏။ အကယ်ဒမီ မင်းသားကြီးသည် ထိုတရုတ်မင်းသား ကျန်စူမြင့်မှ ဆင်းသက်လာလေရော့ သလားဟု တွေးမိပါသည်။ သူ့အိမ် ရောက်မှ သေသေချာချာ သိရတော့ မည်။
မင်းသားကြီးအိမ် ရောက်သော အခါ သူက ဝမ်းပန်းတသာ ဆီး၍ကြို ရှာသည်။ စာရေးသူ၏ပခုံးကို ဖက်ပြီး ဧည့်ခန်းသို့ ခေါ်သွားသည်။
“ခင်ဗျားကိုတွေ့ချင်နေတာ ကြာ လှပြီဗျ။ ဆရာဒိုး အိမ်ရောက်တတ် တယ်ကြားလို့ မှာထားရတာ”
“ဘာကိစ္စလဲ ဦးထွန်းဝေရဲ့”
“ခင်ဗျားက ကုန်းဘောင်ဆက်တွေ အကြောင်း သုတေသန လုပ်နေတယ်ဆို။ အဲဒါ ကုန်းဘောင် မင်းသမီး တစ်ပါးရဲ့ အကြောင်းကို ပြောပြချင်လို့”
“ဪ ဒီလိုလား၊ ကျွန်တော်က ခင်ဗျားကိုယ်တိုင်များ ကုန်းဘောင်ဆက် မင်းသားတစ်ပါး ဖြစ်နေလားလို့”
“ကြံကြံဖန်ဖန်ဗျာ၊ ခင်ဗျားက ပြောရော့မယ်။ ကျွန်တော်က ရုပ်ရှင် မင်းသားပါဗျာ၊ ကုန်းဘောင်ဆက် မင်းသား မဟုတ်ပါဘူး”
“နေပါဦး၊ ခင်ဗျားက ဘယ်ကုန်းဘောင် မင်းသမီးအကြောင်းကို ပြောချင်လို့လဲ”
“ဒီလိုပါဗျာ၊ ပြောရရင်တော့ အရှည်ကြီးပဲ။ သူနဲ့ပတ်သက်ပြီးဖြစ်ခဲ့ ရတဲ့ အူကြောင်ကြောင်ကိစ္စပေါ့”ဟု ပြောကာ လက်ဖက်ရည်ဗန်းကိုင်၍ ထွက်လာသော သူ၏ဇနီးအားမေးထိုး ၍ ပြပါသည်။ မင်းသားကြီး၏ဇနီး ကလည်း ရယ်၍
“နားသာထောင်ကြည့်ပေတော့၊ ကိုသန်းဆွေရေ့ ပြောပြပါလိမ့်မယ်” ဟု ပြောပြီး အိမ်ထဲသို့ ဝင်သွားပါသည်။
“ဒီလိုဗျ၊ တစ်ညတော့ ကျွန်တော့် မိန်းမဟာ ဗိုက်ထဲကမခံမရပ် နိုင်အောင် အောင့်လာတယ် ဆိုပြီးတော့ လူးလှိမ့် နေတယ်”ဟု ပြောပါသည်။ ပြီးနောက် ဆက်ပြော၏။
“သူ အသည်းအသန်ဖြစ်နေတော့ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်း တောင် မသိတော့ဘူး။ ကားနဲ့ဆေးရုံပို့ ဖို့လည်း မဖြစ်ဘူးလေ။ ဆရာဝန်ခေါ်ပြ မှဖြစ်မယ်လို့ စဉ်းစားလိုက်တော့ ကျွန်တော်တို့အိမ်နဲ့ သုံးလေးငါးအိမ် ကျော်မှာ ဆရာဝန်မ တစ်ယောက်ရှိတာ ကို သွားသတိရတယ်။ ကျွန်တော့်မိန်းမ ကလည်း အဲဒီ ဆရာဝန်မကိုသတိရပြီး သွားခေါ်ပေးဖို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ကမန်းကတန်း အိမ်က ထွက်ပြီး ဆရာဝန်မအိမ်ကို သွားရတာ ပေါ့။ အိမ်ရှေ့မှာ “ဒေါက်တာထိပ်တင် လှ”လို့ ရေးထားတယ်။ တံခါးခေါက် လိုက်တော့ အမျိုးသမီး ခန့်ခန့်ချောချော တစ်ယောက်က ဖွင့်ပြီးထွက်လာတယ်။ သူက “ဘာကိစ္စရှိလို့လဲ”လို့မေးတော့ ကျွန်တော်က “ကျွန်တော့်မိန်းမ ဗိုက်ထဲက အောင့်တယ်ဆိုပြီး အသည်းအသန် ဖြစ်နေလို့ လိုက်ကြည့်ရှုပေးပါ။ ဆေးရုံ လည်း သွားလို့မရ ဖြစ်နေပါတယ်” လို့ ပြောပြတယ်။ ဒီလို ပြောလိုက်တော့မှ သူက ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်ပြီး “ရှင် ရုပ်ရှင်မင်းသား ထွန်းဝေ မဟုတ်လား” လို့မေးတယ်။ အဲ ဟုတ်လိုက်လေ။ ငါ့ကို ရုပ်ရှင် မင်းသားမှန်း သိသားပဲ။ အိုကေ၊ အဆင် ပြေသွားပြီလို့ အောက်မေ့လိုက်မိတယ်။ ဘယ်ဟုတ်ရမှာလဲ ဗျာ။ မင်းသားမှန်း သိသွားမှ ဒုက္ခဖြစ်တော့တာပဲ”ဟု ပြော ပြသောအခါ စာရေးသူက အံ့ဩပြီး
“ဘယ်လိုဖြစ်လို့တုံး”
“ဘယ်လိုဖြစ်ရမှာလဲဗျာ။ သူက “ကျွန်မ မလိုက်နိုင်ဘူး”လို့ ခါးခါးသီး သီးငြင်းလိုက်တယ်။ ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးတဲ့အခါမှာ သူက “ရှင် မင်းသားထွန်းဝေဖြစ်နေလို့ ပဲ” လို့ ပြန်ပြောလိုက်တယ်။ ပြီးတော့ တံခါးလည်း ပိတ်လိုက်ပါလေရော။ သွားပြီဗျာ။ ကိစ္စပြတ်သွားပြီ။ ကျွန်တော်လည်း စိတ်ပျက်ပျက်နဲ့ ခေါင်း ငိုက်စိုက်ကျပြီးတော့ ပြန်လာခဲ့တယ်။ လမ်းမှာလည်း တစ်ချိန်လုံးစဉ်းစားလာ မိတယ်။ ငါ ရုပ်ရှင်မင်းသားထွန်းဝေ ဖြစ်တာနဲ့ ဘယ်လိုများ ပတ်သက်နေလို့ တုံး။ ငါနဲ့ သူနဲ့လည်း အခုမှတွေ့ဖူး တာပဲ။ ဘာများဖြစ်ခဲ့ဖူးလို့လဲ၊ ဘာကြောင့်များ ငါ့အပေါ် မကျေမနပ် ဖြစ်နေရတာလဲလို့ တစ်သီကြီးတွေးပြီး ပြန်လာတာပေါ့ဗျာ။ အိမ်ရောက်တော့ မိန်းမက ခုတင်ပေါ်က နေပြီး “ပါလာ လား”လို့ ဆီးမေးရှာတယ်။ ကျွန်တော် က ဘာပြန်ပြောရမှန်းတောင် မသိဘူး။ နောက်ဆုံးတော့ အကျိုးအကြောင်း ပြောပြလိုက်ရတယ်။ ကျွန်တော့်မိန်းမက “ရှင့်ဟာ မဟုတ်သေးပါဘူး။ အကျိုး အကြောင်း သေသေချာချာမေးကြည့် ပါဦး” လို့ ပြောရှာတယ်။ ကျွန်တော်လည်း တော်တော် အကြံအိုက်သွားတာ ပေါ့ဗျာ။ ဒါနဲ့ပြန်ခေါ် ကြည့်ဦးမယ်လေ ဆိုပြီး နောက်တစ်ခေါက် အဲဒီဆရာဝန်မ အိမ်ကို ပြန်သွားတယ်။ တံခါးကို မရဲ တရဲနဲ့ ခေါက်လိုက်တော့ အထဲကနေ တံခါးဖွင့်ပြီး “ဪ ရှင်ကိုး၊ လာပြန် ပြီလား။ မလိုက်ပါဘူးလို့ ပြောထား တာ၊ မလိုက်ဘူး၊ မလိုက်ဘူး”ဆိုပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။
ကျွန်တော်လည်း စိတ်ပျက်လိုက်တာ ကိုသန်းဆွေ ရယ်။ ကျွန်တော့်တစ်သက်မှာ ဒီလို တစ်ခါမှ စိတ်ဓာတ် အကျကြီးကျသွား တာမျိုး မဖြစ်ဖူးဘူးလို့ ထင်တယ်ဗျာ။ တစ်ဖက်က ကျွန်တော့်မိန်းမ ခံစား နေရတာကိုလည်း စိုးရိမ်မိတယ်။ ဒီဆရာဝန်မ လုပ်နေပုံကလည်း ဘာကြောင့်မှန်းမသိဘဲ စိတ်ထဲမှာ ကသိ ကအောက်ဖြစ်မိတယ်။ ဒါနဲ့ စိတ်ပျက် လက်ပျက်ဖြစ်လွန်းလို့ သူ့အိမ်ရှေ့က လှေကားထစ်မှာပဲ ထိုင်ချလိုက်မိတော့ တယ်။ ဘာဆက်ပြီးလုပ်ရမယ်မှန်းကို မသိတော့ဘူးဗျာ။ တစ်အောင့်လောက် ကြာတော့ နောက်က တံခါးပွင့်လာပြီး “ရှင် မပြန်သေးဘူးလား၊ ခက်တော့တာ ပဲ”လို့ပြောတယ်။ ကျွန်တော်ကလည်း အမျိုးမျိုးတောင်းပန်ပြီး အသနားခံတာ ပေါ့ဗျာ။ “ဆရာဝန်ဆိုတာ ရန်သူရယ်၊ မိတ်ဆွေရယ်မခွဲခြားရပါဘူး။ ကျွန်တော့် အပေါ် မကျေနပ်တာရှိရင် နောက်မှ ကြိုက်သလို ပြောနိုင်ဆိုနိုင်ပါတယ်။ အခုတော့ လောလောဆယ် ကျွန်တော့် မိန်းမ မခံမရပ်နိုင်အောင်ဖြစ်နေလို့ သနားပါ” လို့ ခခယယ ပြောရတယ်။ ဒီတော့ သူကတစ်ချက်တွေနေပြီးမှ တစ်အောင့်လောက်ကြာတော့ ဆေးအိတ် ဆွဲပြီးလိုက်လာတယ်။ ကျွန်တော်က ကပျာကယာ ဆေးအိတ်ကိုဆွဲယူပြီး နောက်ကလိုက်သွားရတယ်။ ကျွန်တော့် အိမ်ရောက်တော့ ကျွန်တော့်မိန်းမ ခုတင် ပေါ်မှာလှိမ့်နေပြီး ချွေးတွေနဲ့ ရွှဲနစ်နေ တာပဲ။ သူက လူနာ နားတန်းသွားပြီး နားကြပ်နဲ့စမ်းသပ်တယ်။ ဗိုက်ကို လည်း နှိပ်ကြည့်တယ်။ ပြီးတော့မှ ဆေးအိတ်ဖွင့်ပြီး အကြောဆေးတစ်လုံး ထိုးပေးတယ်။ လူနာက တဖြည်းဖြည်း ငြိမ်သွားပြီး အိပ်ပျော်သွားပုံရတယ်။ ဒီတော့မှ ကျွန်တော်တို့လည်း ဆရာဝန်မကို လက်ဆေးဖို့ ရေဇလုံတွေ ဘာတွေ ယူပေးပြီး ကော်ဖီတိုက်ရတယ်။ သူ ဘယ်တော့ ထပြန်မလဲလို့လည်း အရိပ် အခြည် ကြည့်နေရတယ်”
“ဪ ဒီလိုလား၊ သူက ဘယ်တော့မှ ပြန်သွားလဲ”
“မပြန်ဘူးဗျ။ ထိုင်စောင့်နေတယ်။ ကျွန်တော်တို့ကလည်း ပြန်ဖို့မပြောရဲ ဘူး။ လူနာအခြေအနေကလည်း ဘယ် လိုလဲမှ မသိဘဲကိုး။ သူ့ကို မေးလည်း မမေးရဲဘူး။ ခဏကြာတော့ သူက “ရှင်တို့ အိပ်ကြတော့လေ။ ကျွန်မ စောင့်နေမယ်”လို့ပြောတယ်။ ဒီတော့မှ ကျွန်တော်က “စိုးရိမ်ရသလား ဒေါက်တာရယ်” လို့ မေးရဲတော့တယ်။ သူက “စိုးရိမ်စရာတော့ မရှိတော့ပါ ဘူး။ အခု သက်သာလို့ အိပ်သွားပုံရ တယ်။ တကယ်လို့ မသက်သာရင် လည်း ဆေးရုံတင်ရတာပေါ့။ ဒီလိုဆိုရင် ကျွန်မ ရှိနေတော့ အဆင်ပြေတာပေါ့” လို့ပြောတယ်။ ကျွန်တော်လည်း အတော် အံ့ဩသွားမိတယ်။ လိုက်ဖို့ မနည်းကို ပြောဆို တောင်းပန်ခဲ့ရပြီး လိုက်မယ့် လိုက်လာတော့လည်း ပြန်တောင်မပြန် တော့ဘဲ စောင့်နေမယ့်ပုံ လုပ်နေလို့ပါ။ ကျွန်တော်နဲ့ အိမ်သူအိမ်သားတွေလည်း ဘယ်အိပ်နိုင်ပါ့မလဲ။ လူနာနဲ့ ဆရာဝန်မကို ဒီအတိုင်းထားပြီး မအိပ်ရဲကြဘူး။ ဒါနဲ့ လူနာ ခုတင်နားဝိုင်းအုံနေရာက ထွက်လာကြပြီး အခြေအနေကိုပဲ စောင့် ကြည့်လို့ ထိုင်နေကြရတယ်” ဟု မင်းသားကြီးက ပြောသည်။ မင်းသားကြီး လည်း အဆက်မပြတ် စကားပြောရ၍ မောသွားပုံရသည်။ စာရေးသူက...
“ဪ ဒီလိုလား၊ ဒီလိုနဲ့ မိုးလင်း ရောလား”
“မိုးလင်းခါနီးရော ဆိုပါတော့ဗျာ။ ဒီတော့မှ သူက ထလာလို့ ကျွန်တော်လည်း ဆေးအိတ်ဆွဲပြီး သူ့နောက်လိုက် သွားရတယ်။ သူ့အိမ်ကိုရောက်အောင် တရိုတသေ ပို့ပေးရတာပေါ့။ သူ့အပေါ်လည်း အတော့်ကို အံ့ဩမိတယ်။ ကျေးဇူးလည်း တင်မိတယ်။ သူလည်း ဘာမှ မပြောတော့ဘဲ သူ့အိမ်ထဲတန်းဝင်သွား လို့ ကျွန်တော်လည်း နှုတ်ဆက်ပြီး ပြန်ခဲ့ ရတယ်ပေါ့ဗျာ”
“ဒီလိုနဲ့ သက်သာသွားရောလား”
“ဟုတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး။ ကျွန်တော်တို့ တစ်အိမ်သားလုံးလည်း ဒီဆရာဝန်မကို အံ့ဩနေကြတယ်။ သုံးလေးရက်ကြာတော့မှ ကျွန်တော်တို့ လင်မယားက သူ့အိမ်သွားပြီး သူ့ကို ကျေးဇူးတင်ကြောင်းပြောရတာပေါ့။ ဒီတော့ သူကလည်း ပြုံးပြုံးရွှင်ရွှင်ပဲဗျ။ သူ့အကဲကြည့်ပြီးမှ ကျွန်တော်ကလည်း မေးရဲတယ်။ “ဒေါက်တာရယ်၊ ဒေါက်တာ့ကျေးဇူးကြီးလှပါပေတယ်။ ကျွန်တော်တို့မမေ့ပါဘူး။ ဒါပေမယ့် တစ်ခုတော့ မေးပါရစေ။ အဲဒီနေ့က ပထမပိုင်းမှာ ကျွန်တော့်ကို ရုပ်ရှင် မင်းသားထွန်းဝေမှန်းသိတာနဲ့ မလိုက် ဘူးငြင်းလိုက်တာ ဘာဖြစ်လို့ပါလဲ။ ဒီတော့ သူက “ရှင် မန္တလေး အရေးတော်ပုံ ဇာတ်ကားမှာ ပါတယ် မဟုတ်လား။
အဲဒီ ဇာတ်ကားထဲမှာ ရှင်က ကနောင်မင်း လုပ်တယ်လေ”လို့ပြောတယ်။ ဒီတော့ ကျွန်တော်က “ဟုတ်ပါတယ်” လို့ ဖြေ လိုက်တယ်။ ဒီတော့သူက “ကျွန်မက မြင်ကွန်းမင်းသားကြီးရဲ့မြေးလေ။ ဒါကြောင့် ရှင့်ကိုမုန်းပြီး မလိုက်တာ”လို့ ပြောတယ်။ သူ့စကားကြားရတော့ ကျွန်တော်တောင် ခပ်ကြောင်ကြောင် ဖြစ်သွားတယ်။ အမှန်တော့ ကျွန်တော် သရုပ်ဆောင်ရတဲ့ ကနောင်မင်းကို သူ့အဘိုး မြင်ကွန်းမင်းသားကသတ်လို့ သေရတာ မဟုတ်လား။ သေရတာက ကျွန်တော်လေ။ သူက ဘာစိတ်ဆိုးစရာ ရှိလဲ။ သူ့အဘိုးသတ်လို့ ကျွန်တော် သေ ရတော့ စိတ်ဆိုးမယ့်ဆိုးရင် ကျွန်တော်က ပြန်စိတ်ဆိုးရမှာပေါ့။ ဒီတော့ ကျွန်တော် က သူ့ကို “ဒေါက်တာရယ်၊ ဒေါက်တာ့ အဘိုးမြင်ကွန်းမင်းသား သတ်လို့ ကနောင်မင်းသား သေရတာပါ။ ဒေါက် တာ့ဟာက ပြောင်းပြန်ဖြစ်နေတယ်”လို့ မရဲတရဲ ပြောလိုက်ရတယ်။
ဒီတော့သူက တစ်ချက်တွေသွားပြီး “အဲဒီလိုလေ၊ ရာဇဝင်ထဲမှာက ကနောင်မင်းကို ငဖြူ သီးက ဓားနဲ့ပိုင်းသတ်တာမဟုတ်လား။ ရှင်တို့ရုပ်ရှင်ထဲမှာက မြင်ကွန်းမင်းက သတ်လိုက်တယ်လို့ရိုက်ထားတယ်လေ” လို့ပြောပါတယ်။ ဒီတော့မှ ကျွန်တော်က အာသွက်လျှာသွက် ဖြစ်လာပြီး “ဒါတော့ ဒေါက်တာရယ်၊ ဒါရိုက်တာခိုင်းတာ လုပ်ရတာပါ”လို့ ပြောလိုက်ရတယ်။ သူလည်း ခပ်တွေတွေနဲ့ ကျန်ခဲ့တယ်။ ကျွန်တော်တို့ လင်မယားလည်း အနူး အညွတ်ကျေးဇူး တင်ကြောင်း ပြောပြီး ပြန်လာခဲ့ကြတယ်။ အဲဒီ့အဖြစ်ကို ခင်ဗျားကိုပြောချင် လွန်းလို့ခေါ်ရတာ ပါ”ဟုပြောပါသည်။
စာရေးသူက...
“ဪ ဦးထွန်းဝေရယ်၊ ဖြစ်ရပုံ များဗျာ။ ခင်ဗျားအဖြစ်ကလည်း ခပ် ဆန်းဆန်း ခပ်ကြောင်ကြောင်ပါလား။ အဲဒီဆရာဝန်မ ထိပ်တင်လှဆိုတာ ကျွန်တော်သိပါတယ်။ သူ့ညီမ ထိပ်တင် အေးခေါ်တဲ့ အဲလစ်ဇဘက်နဲ့ ကျွန်တော်နဲ့ ကတစ်နှစ်တည်း ၁၀ တန်းအောင်ကြ တာ။ သူကတော့ ကက်သလင်းလို့ခေါ် တယ်။ ကျွန်တော်တို့ထက် အသက်ရော အတန်းပါကြီးတယ်။ သူတို့က မြင်ကွန်း မင်းသားကြီးရဲ့ မြေးတော်အစစ်တွေပဲ။ သူတို့အမေ ပရင့်ဆက်ရီနီဆိုတာနိုင်ငံခြား မှာမွေးလို့ မြန်မာပြည်ပြန်ရောက်စက မြန်မာလိုတောင် ရေရေလည်လည် မပြောတတ်ဘူးလို့ ကြားဖူးတယ်” ဟု ပြောပြလိုက်ရပါသည်။ အကယ်ဒမီ မင်းသားကြီးလည်း သူ့စကားနဲ့သူတပြုံး ပြုံးဖြစ်နေသည်။ စာရေးသူက
“ခင်ဗျား နန်းတွင်းအရေးတော်ပုံ ကားရိုက်ရလို့ အိမ်ရှေ့စံကနောင်မင်း သားကြီးအဖြစ်နဲ့ သရုပ်ဆောင်ရတာဟာ ပြောစမှတ်ပဲဗျာ။
ဒါနဲ့စကားစပ်လို့ ပြောရဦးမယ်။ စာရေးဆရာ တော်တော် များများက ကနောင်မင်းသားကြီး အကြောင်းရေးကြတယ်။ ထွက်လာတဲ့ စာအုပ် မျက်နှာဖုံးတွေမှာ ကနောင်မင်း သားကြီးရဲ့ ပုံကိုဆွဲတဲ့ အခါမှာ ခင်ဗျားပုံ ကိုချည်းပဲ ဆွဲနေကြတော့တာပဲ။ အမှန်တော့ ကနောင်မင်းသားကြီးရဲ့ ဓာတ်ပုံ ရှိပါတယ်။ အဲဒါကို ကူးမဆွဲဘဲ ခင်ဗျား ပုံကိုချည်း ကနောင်မင်းသားကြီး အနေနဲ့ ဆွဲနေတော့ နောင်လာနောက်သားတွေ ဟာ ကနောင်မင်းသားကြီးဆိုတာ ရုပ်ရှင် မင်းသားထွန်းဝေနဲ့ တူတယ်လို့တောင် ထင်သွားကြလိမ့်မယ်။ ခင်ဗျားကလည်း ကနောင်မင်းသားကြီးနဲ့ တော်တော် လမိုင်းကပ်ပုံရတယ်”ဟု ပြောလိုက်ပါသည်။ အကယ်ဒမီ မင်းသားကြီးသည် စာရေးသူ၏စကားကြားမှ အားရပါးရ ရယ်တော့သည်။ အိမ်ခန်းထဲမှ ထွက် လာသော သူ၏ဇနီးကိုပါ နှုတ်ဆက်ပြီး စာရေးသူပြန်ခဲ့ပါသည်။ သြော် ဖြစ်မှဖြစ်ရလေ အကယ်ဒမီ မင်းသားကြီးရယ်။ မမကက်သလင်းရဲ့ ဖြစ်ရပုံများကလည်း အံ့သြမိပါရဲ့။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်