**************************
ဆရာကြီးမှိုင်းသာ အသက်ရှိနေဦးမယ်ဆိုရင် ဘယ်လိုမျိုးတွေ ရေးလိမ့်မယ်လို့ တွေးမိ ပါသလဲ။သူရေးမရေးမှာတော့ သေချာမပြောနိုင်ဘူး သေချာပြောနိုင်တာ ကတော့ ကျွန်တော်စာကို ဖတ်ပြီး ပိတ်ကန်မှာတော့ သေချာတယ် ဘာလို့လဲဆို ကျွန်တော်စာရေး တဲ့ အခါ သဒ္ဒါကို ဂရုမစိုက်ပဲရေးတတ်လို့လေ နောက် စကြာလေးချိုး တစ်ပုဒ်ရေးတာ နှစ်လကျော်နေပြီ ခုထိမပြီးနိုင်ဘူး အဆုံးသတ်မရပဲ ပတ်ချာလည်သွားနော စကြာလေးချိုးဆိုတာ စက်ဝိုင်းပုံထဲ ကြီးစဉ်ငယ်လိုက်စီပြီး အဲအကွက်ထဲ စာကို ဘယ်နား ကဖတ်ဖတ် အစဖြစ်နေရအောင် ရေးရတာ ခိခိ ဆုံးခါနီးလေးရောက်လိုက် မရသေးတာနဲ့ ပြင်လိုက်နဲ့ ပတ်ပြီးသွားနေတာ ခိခိ
ဆရာကြီးသာ ရှိနေရင် ခုခောတ်လက်ရှိ ကာလကို မြင်ပြီး ဆွာရတ်ဋီကာ နိဒါန်း လေးချိုးကြီး’ထဲကလို
“အနှိပ်စက်ဘယာ ထူပါတဲ့ မြန်မာ ဇမ္ဗူတလွှား
အိုကွယ် … သပိတ်ဘက် ပါသူတွေမှာဖြင့်ဗျာပါအပူမျာ
လို့များ ရေးလေမလား။ ‘ဖက်ဆစ်ဋီကာ မဟာနိဒါန်း’လေးချိုးကြီးထဲက
“သြော် … သပိတ်အတွက်ကယ်လို့
အနှိပ်အစက်တွေကြောင့်၊ စိတ်လက်ဆရာ မအေးရာက…
‘အမယ်မင်း’ ရှေးကျကျဉာဏ်နှင့်၊ တက်ခေတ်ပြည်မြန်မာ
အရှည်အကြာ လွမ်းလောက်အောင်
သြော် … အရေးအလှ၊ ဘေးဘယတွေကြောင့်၊ ရေးရပြန်ပကွဲ့
’ဖက်ဆစ်ဋီကာ’ တကျမ်း။”
ဆိုပြီးတော့များ ရေးလေမလား။ စဉ်းစားမိတာပါ
မတရား အနိုင်ကျင့်၊ နှိပ်စက်ခံနေရတဲ့ သူတွေဘက်ကနေ ဆရာကြီး မှိုင်းက ပြတ်ပြတ် သားသား ရပ်မှာ သေချာပါတယ်။
‘သံဝေဂကဗျာ၊ ဇရာဒုက္ခဘွဲ့’ မဟာလေးချိုးကြီးထဲကလို
“သြော် … တက်ခေတ် တက်ခေတ်နှင့်၊အဖက်ဖက် ညစ်ချင်တဲ့
(Fascist)ဖက်ဆစ်သဖွယ် ယခုတသုတ် မင်းတွင်ဖြင့်
သပြု ကျွန်ုပ်မကင်းသူတို့နဲ့ ဘုရားထဲတရားပွဲသဘင်
‘အိုကွယ်’ ဘသူ့အရှုပ်အရှင်းကိုမှ၊ ကြားလဲမကြားချင်။”
ဆိုပြီးတော့လည်း စိတ်ပျက်လက်ပျက်နဲ့ ရေးချင် ရေးဦးမှာပါ။ ‘
လွတ်လပ်ရေး အတိတ် သပိတ်ဖွဲ့ကဗျာ’ မဟာ လေးချိုးကြီးထဲကလို
“မြန်မာတခွင် သပိတ်အမှောက်ပေါချိန်မို့
ဆရာသခင် အရိပ်နိမိတ် တဆိတ်ဟောလိုက်မကွဲ့
မြှောက်သနဲ့၊ ချောက်သနဲ့ ရာဇဂုဏ်ကို
မြောက်တဲ့ ကြောက်တဲ့ အာရုံမစောကြလေနဲ့”
ဆိုပြီး မကြောက်တရားနဲ့ အားပေးလေဦးမလား ဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းနေပါသေးတယ်။ ခုနေများ ဆရာကြီးသာ ရှိနေသေးရင်ဖြင့်ပေါ့နော်
လူမျိုးရေး ဘာသာရေးဆိုတာဟာ ပြဿနာ မကြီးကြီးအောင် ဖွရ ဆွရ လွယ်ကူတဲ့ ကိစ္စမျိုး မှန်း ဖိနှိပ်ဖောက်ပြန်တဲ့ အစိုးရတွေက ကောင်းကောင်းကြီးနားလည်ပြီး
ဆရာကြီးမှိုင်းကတော့ သူ့ခေတ်တုန်းက ကြုံခဲ့တာကိုဒီလိုမြင်ပြီး ဒီလိုတွေးတယ်။
“သြ … ကုလားအရေးလောက်ကိုဖြင့်
စကားအကြွေး မမောက်ပါဘု
ဓားသွေးလောက်တယ် ဆရာမထင်လို့မို့
အားပေးအားမြှောက် မပါချင်တဲ့ပြင်”
ဆိုတာမျိုး ရေးခဲ့သလို ဒီလိုလည်း ပြောခဲ့ပါသေးတယ်။
“အများတစု မြန်မာတွေနှင့်တကွ
ကုလားလူထု သတ္တ၀ါတွေကို
သနားကရုဏာ အတိုင်းရယ်နှင့်
သြော် … အခွန်တိုး စာရင်းတွေနှင့်
ဝန်ထပိုးမကင်းနိုင်တဲ့
အလွန်ဆိုးခြင်း ပမာမှာလေ
ကျွန်မျိုးချင်း စာနာလို့မှ မနှိုင်းကြရော့သလား
နထိုင်း နပျက် နနက် နပြာတွေလိုနော်ကွယ်
အရိုင်းသက်သက် တလိုင်းနှက်သလိုမို့
… … …
‘မှိုင်း’ ရှက်သကွာ”
ဆရာကြီးရဲ့ ဒီလေးချိုးမှာ သုံးထားတဲ့’တလိုင်း’ဆိုတဲ့ စကားဟာ ‘မိုက်မဲသော သူများ၊ လူမိုက်’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးတာပါ(ပေါရာဏကထာ အဘိဓာန် ကြည့်နိုင်ပါတယ်)။
‘ရန်ကုန် ကုလားဗမာရိုက်ပွဲကို ရပ်စဲဖို့ရာ မေတ္တာရပ်သည့်လေးချိုးကြီး’မ
“သဘောသေးသယောင် ၀ါသနာ ၀သီရွဲ့သူတို့ကဖြင့်
ရှောမွေးကလေးတကောင် ဗာရာဏသီချဲ့ချိန်မို့”
ဆိုပြီး ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေတာလို့ ထောက်ပြထားပါတယ်။
ကဲ … ဆရာကြီးမှိုင်းရဲ့ လူမျိုးရေး ပြဿနာကို ကြည့်မြင်ပုံက ရှင်းမနေဘူးလား
။လျှောမွေးကလေး အသေကို ပိုက်ပြီး ဗာရာဏသီ လိုက်ချဲ့မနေနဲ့တဲ့။
ပုံကြီးချဲ့ ပြဿနာလုပ်မနေနဲ့တဲ့။စိတ်သဘေ
၁၉၈၈ အရေးတော်ပုံကြီး ဖြစ်ခါနီးမှာ ကုလားဗမာ အဓိကရုဏ်းတွေ ပေါ်ခဲ့ကြတယ်။ ကျောင်းသားနဲ့ ရဟန်းရှင်လူ ပြည်သူလူထုက ပြဿနာရဲ့ ဇာစ်မြစ်ကိုထောက်ပြပြီး ၀ိုင်း ထိန်းနိုင် ခဲ့တယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကနေ မနေ့တနေ့ကအထိ ဗမာပြည် အနှံ့မှာ လူမျိုးရေး ဘာသာရေး ဘက်ကို ဇောင်းပေးပြီး ပေါက်ကွဲခဲ့တဲ့ အဓိကရုဏ်းတွေဟာ ဖန်တီးခဲ့လို့ ဖြစ်ခဲ့ကြတယ်။
လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ပြဿနာတွေ ဖြစ်လာတိုင်း သက်ဆိုင်ရာလူမျိုးတွေ၊ ဘာသာဝင်တွေ အားလုံးဟာ မဆီမဆိုင်ဘဲ အထိတ်တလန့် ဖြစ်ရတယ်။ ပြဿနာဖြစ်တဲ့ ဘက်နှစ်ဘက်စလုံးဟာဘိုးစဉ်ဘေ
အဓမ္မမှု နောက်ကွယ်တိုင်းမှာ အကျိုးဖြစ်နေသူတွေ ရှိနေတတ်ပါတယ်။
အပိုင်း ၂ ဆက်ဖတ်ပါရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်