လေတိုက်လို့ပန်းကြွေတာလား ကြွေထိုက်လို့ နွမ်းကြေတာလား


လှံစိုက်ရာမြေနိမ့် …. ဆိုရမလား မြေနိမ့်ရာလှံစိုက်လို့  ပြောရမလား… ။ လှံလာစိုက်လို့  မြေ နိမ့်သွားတာလား … ။
မြေနိမ့် လို့  လှံ လာစိုက် တာလား …
ကျွန်တော် မသိပါ ။

ကျွန်တော်တို့ဟာ နှစ်တွေ တော်တော်ကြာ မရှိ အတူ ရှိအတူ နေ့ ရက်တွေ ဖြတ်သန်းခဲ့ဘူးတယ် ။ မျှော်လင့်ချက်ကိုယ်စီနဲ့  ကုသိုလ်များများ မလုပ် ဖြစ်ပေမယ့် အကုသိုလ် မဖြစ်အောင် နေထိုင် ခဲ့ ပါတယ် ။
----------------


"ဝုန်း……"

တိုက်ခိုက်ပြိုလဲသံ ပြင်းပြင်း တချက် ကြားလိုက်
လို့ လှည့်ကြည့်မိတာ ကျွန်တော်နဲ့ ကော်ဖီ အတူတူ
ထိုင်သောက်နေတဲ့ သိပ်မရင်းပေမယ့် သိနေတဲ့ မိတ်ဆွေ တစ်ယောက် စုတ်ပြဲနေတဲ့ ကော်ဇောနီ
အပိုင်းအစတွေ ခင်းလို့  မိန်းလမ်းမကြီးပေါ် မှောက်
အိပ်နေလေရဲ့လေ…

ဒီလို မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြား လူသားရဲ့ အတ္တခါးခါး တခွက်ကို သောက်မျိုလိုက် မိတယ် နိဗ္ဗာန်ဈေးမှာ နတ်သုဒ္ဓါ ကျွေးနေတာမျိုး လည်း မဟုတ်ပါပဲပေါ့ ကျွန်တော် မကြိုက်တဲ့ ဒီ အရသာကို ထွေးထုတ်ပစ်ချင်ပေမယ့် သတိလေး ထားလိုက်ပါတယ်

သြော်…ငါ့နိုင်ငံ မဟုတ်ပါဘူးလေပေါ့

ဒါပေမယ့်လေ ကိုယ်ချင်းစာစိတ်ဆိုတာ သူတို့ ဆီ မှာ မရှိပါဘူး ။ သေရေးရှင်ရေ အခြေအနေမှာ တောင် ကိုယ့်အတွက် အမြတ်ထုတ်ချင်ကြတဲ့ လူတွေ ။  ကြားရတဲ့ နားတွေ မြင်ရတဲ့ အပြုအမှု တွေ မယုံနိုင် အောင်ပါပဲ ။

ငါ့နိုင်ငံမှာရော ဒီလိုပဲလားလို့ စောင်းငဲ့ ကြည့်မိချိန်
ခဏ ပီတိအဟုန်က တက်ကြွ ဒေါသတွေ ပျောက်
ရပါပဲ ပျောက်မှာပဲပေါ့ ကျွန်တော် ငဲ့ကြည့်မိတဲ့ နေရာက စေတနာ ဆေးပေးခန်းလို သီတဂူဆေးရုံ လို နေရာမျိုးလေ ကြင်နာတတ်လိုက်တာ ဂရုစိုက်
လိုက်တာ ကြည်နူးစရာပေကိုးလေ

တစ်မိုးအောက်မှာ အသက်ရှင်ကြတာချင်း အတူတူ IC ဆိုတာရှိမှ လူလို့  သတ်မှတ်မည်လား ။

ဥပဒေ ဆိုတာက လူတစ်ယောက်ရဲ့ အသက်ထက် အရေး ကြီးနေတာလား ။

ဥပဒေ ပညာကို ကျေကျေနပ်နပ် စိတ်ဝင်တစား သင်ယူခဲ့ ဖူးပါတယ် ။

ဥပဒေဆိုတာ ကျနော် တို့  လူသားတွေရဲ့ ဘဝ အတွက် လုံခြုံမှုနဲ့  သာတူညီမျှ ဖြစ်စေမှု ကို ဖော် ဆောင်တယ်လို့  ယုံကြည်ထားသလို အဲ့လို ဖြစ်စေ တယ်လို့ပဲ သင်ယူခဲ့ရတာပါ ။

အခုလက်တွေ့ ဘဝကြီးမှာတော့ ကျနော် သိတာ တွေ မှားကုန်ပါပြီ ။

ကျနော်က အမှားတွေကိုပဲ သင်ယူမိခဲ့တာလား ... ။
လူတစ်ယောက် သေရေးရှင်ရေးမှာ ဥပဒေက ပထမ   လူအသက်က ဒုတိယ နေရာမှာ နေခဲ့ရ ပါတယ် ။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ က အုပ်ချုပ်ခံ လူတန်းစား ဖြစ်နေလို့ ပါ … တဲ့ ။

နှစ်ပေါင်း ၃၀ ပြည့်တော့မယ် လူဘဝကြီးထဲမှာ ရှင်သန်ခဲ့ရတာ အခုမှ ကိုယ့်ကိုယ် အုပ်ချုပ်ခံ လူတန်းစား ဖြစ်နေပါလားလို့  တွေးမိတာ ကျနော် တော်တော်လေး ညံ့လွန်းတယ်လို့  အရှက်ရမိပါ တယ် ။

လူ …  အချင်းချင်း အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ ဆိုတာ ရှိနေသမျှတော့ သာတူညီမျှဆိုတဲ့ စကားလုံးဟာ ဘယ်လောက်ပဲ ရွှေချထားပါစေ …
သွေးတွေ စွန်းနေ ပါဦးမှာပါ ။

အဖွဲ့ တစ်ဖွဲ့  ၊ တစ်စုံတစ်ယောက် ၊ တစ်စုံတစ်ဦးက ပေးမှ ရတာ လူ့ အခွင့်အရေးတဲ့လား …. ။

ပေးမှရတာ အခွင့်အရေးတဲ့ ……. ။

ဒီလောက်နဲ့ တင် တော်တော် ရီစရာကောင်းနေပါပြီ ဒါကို အားမရလို့  လူ့ အခွင့်ရေး ဆိုပြီ ရွှေရောင် ခေါင်းစီးတွေနဲ့  သဘာဝတရားကြီးကို မှိုင်းတိုက်ခံ နေရတာကို လက်ခုပ် တီးပေးရမည်လား ။ 

ပေးမှရတာ အခွင့်အရေး မဟုတ်ပါဘူး ။ ဘယ်သူမှ ပေးစရာ မလိုပါဘူး ။ သဘာဝလောကကြီးက ပေးပြီးသားပါ ။ လူတစ်ယောက် အသက်ရှင်တာ သဘာဝကပေးတဲ့ အခွင့်အရေးပါ ။ အသက်ရှင်ခွင့် ရအောင် ကာကွယ်ပေးတာမှ လူ့ အခွင့်အရေး ဖော် ဆောင်တာပါ ။

လူတစ်ယောက်အတွက် တစ်စုံတစ်ဦးက အသက် ရှင်ခွင့် ပေးမှ ၊ အသက်ရှင်မို့  ခွင့်တောင်းမှ ရတာကို လူ့ အခွင့်ရေးလို့  ဆိုချင်ကြတာလား ..... ။

ကျနော်တို့  ရှင်သန်ဖို့အတွက် စိတ်မပါတဲ့ ပါတီကို ဝင်ရမှာလား ... ။

နေရင်းထိုင်ရင်း ဒုက္ခသည် လုပ်ရမှာလား ... ။

ရှင်သန်မှုအတွက် သနားခံ ခိုလုံခွင့် တောင်းရမှာ လား ။

နိုင်ငံသား ၊ နိုင်ငံခြားသား ဖြစ်တည်မှုက သေရေး ရှင်ရေးထက် အရေးကြီးနေတာလား .. ။ 

ပညာတက် ၊ ပညာရှင်များရဲ့ တန်းတူအခွင့်အရေး ဆိုတာရယ် လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးတွေ အောက်မှာ ကျွန်တော်တို့  ဘဝတွေ လုံခြုံမှု ကင်းမဲ့ နေတာ ဘယ်သူ သိနိုင်မှာလည်းဗျာ ..။

အခုတော့ မိတ်ဆွေက ပညာတွေ တနင့်တပိုး ကျွန်တော့်စိတ်ထဲ ရိုက်သွင်းပေးရင်း ပြောသွား
တယ်

မင်း…သူ… ငါ… ဆိုတာ လူလိမ်တွေချည်းပါတဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လိမ်နေကြ… ကြ …

ဆိုတဲ့ နေရာလေးမှာ ရပ်တန့်ခဲ့တာ ကျွန်တော် ဘယ်သောအခါမှ သူ့အသံကို  ပြန်ကြားခွင့် မရတော့ဘူးဆိုတာလေး သိလိုက်ရပါတယ်

တကယ်တော့ ကျွန်တော်တို့ ဆိုတာ သဘာဝ လောကကြီးထဲက ဘာမှ မထူးဆန်းတဲ့ လူသား တွေပါပဲ ။

ဒုက္ခသည်လည်း မဟုတ်ပါဘူး ။
ခိုလုံတာလည်း မဟုတ်ပါဘူး ။
နိုင်ငံသားလည်း မဟုတ်ပါဘူး ။
နိုင်ငံခြားသားလည်း မဟုတ်ပါဘူး ။

အရမ်း …. အရမ်းကို  
ရိုးရှင်းတဲ့ သက်ရှိ လူသား … တွေပါ …။

ပန်းတွေကြွေရင် မြေခတယ်
ကြယ်တွေ ကြွေရင်တော့ …
ဘယ်ရောက်သွားမှန်း မသိဘူးလေ
ဘဝဆိုတာ ကြယ်တွေလိုပါပဲ …

လင်းလက်တောက်ပ ခွင့်ရတဲ့
အချိန်လေးမှာ ရှင်သန်ရပ်တည် ကြတယ်
တောက်ပခွင့်ရတဲ့ ကိုယ့်ရဲ့ အချိန်လေးမှာ……




0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်