************************
မြန်မာပြည်က အရပ်ကျောင်းသား သူတောင်းစား တွေ ပညာရေးနဲ့ ဆိုင်တာတွေထဲက သိထားသင့် တာလေး တစ်ခုလောက် ထုတ်နုတ် တင်ပြပါတယ်
မြန်မာ့ ပညာရေး ဘာကြောင့် ခုလိုဖြစ်သွားရသလဲ
ဆိုတာ ပြောရရင် အစိုးရ မကောင်းလို့ အသုံးမကျ
လို့ ဆိုတဲ့ အသံတွေ ဘဝဂ်တိုင်အောင် ကြားနာနိုင်
ကြမှာပါ ကြားကြသမျှ တစ်ဝက် တစ်ဝက် ယူတော်
မူကြပါလေကုန်
အခုတင်ပြပေးမယ့် တစ်ခုကလည်း အစိုးရ မကောင်းလို့ ဆိုတဲ့ နေရာမှာ လမ်းဆုံး သွားတဲ့
အနေအထားပါပဲ မကောင်းလို့ ဆိုတာထက်
ယုတ်မာ ကောက်ကျစ် လွန်းလို့ ဆိုတာနားထိ ရောက်သွားလေမလား ဒါမှမဟုတ် လျှို့ဝှက် အဆိပ် လက်နက်ပုန်း ထိခံထားရလို့ ဖြေဆေး မရ မှာ စိုးတာနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဘာ ငုံထား
မှန်း မသိ ပိတ်ပြီး နေကြလေချေမလား မပြောတတ်
ပါ တစ်ခုခုတော့ ဖြစ်မယ် ထင်တာပါပဲ
သခင်နိုင်ငံတော်ခေတ်တွေက လူတွေနဲ့ နောက်မျိုး ဆက် တစ်ဆက်စာ အထိ မြန်မာနိုင်ငံသားတွေ ဗလငါးတန်အား မညံ့ခဲ့ဘူး ဆိုတာတော့ ဟုတ်ပါ တယ် ဝန်ခံကြမယ် ထင်တယ်
ပြောလာနိုင်စရာ ရှိတယ် ညံ့လို့ အင်္ဂလိပ် ကို စစ်ရှံးတာပေါ့ ဆိုတာလေးလို အလားတူ
ဆင်ခြေ ဆင်နားရွက်တွေ မျိုးတွေ
ဒီလို ပြောလာတယ် ဆိုရင် ဒီလူဟာ မြန်မာ သမိုင်း ကို သေသေချာချာ မသိလို့ ကမ္ဘာ့ သမိုင်းကို မလေ့ လာဖူး လို့ ဒါမှမဟုတ် ဖတ်ဖူးသင်ကြား ဖူးပေမယ့်
မယူထားမိလို့ သင်ယူမှု ဆိုတဲ့ အဆင့်ကို ရောက်
မလေသေးတဲ့ စာမကျေပဲ အတန်းတက်လာသူ
လို သဘောမျိုး မှတ်ယူနိုင်တယ် ဒီလို ပြောလာတာ ကိုက ဖျင်းတာအပြင် အသုံးမကျတာပါ ပြရာ ရောက်ပါတယ် ထပ်ဆင့် ပြောလာရင် မသိတာကို မသိဘူး လို့ ဝန်မခံရဲတဲ့ လူဆင်းရဲ ဖြစ်တာပါ လူ တွေ သိကုန်မှာပါ ဒီထက် နဲနဲ ရိုင်းတဲ့ စကားလုံး သုံးရင် လူလိမ် လို့ ဖော်ပြရာ ရောက်ပါတယ်
အင်္ဂလိပ်ကို မြန်မာတွေ စစ်ရှုံးရတာ ညံ့လို့ ရှုံးတာ
မဟုတ်ဘူး ဆိုတာ ပေါ်လွင်တဲ့ သာဓကတွေ အများကြီး ထုတ်ပြစရာ ရှိတယ်
တစ်ခု သာဓကပြရင် မဟာသေနာပတိရဲ့ ပန်းဝါ
နောင်ရိုး တိုက်ပွဲတွေကို ကြည့်ပါ လက်နက် အင် အား မျှတသလား စစ်သည် အင်အား မျှတသလား စစ်ဘက်ဆိုင်ရာ အနေအထားအရ ပြောရရင် အခုကာလ အမေရိကန်နဲ့ မြန်မာယှဉ်ချတာ ထက်
အဲချိန်က မြန်မာစစ်သားတွေ ခံတိုက်ရတဲ့ ရန်သူ အင်္ဂလိပ်တပ် အင်အားက ကြီးမားနေပါတယ်
ပထမ အင်္ဂလိပ်မြန်မာစစ် မဖြစ်ခင် နှစ်တစ်ရာ ကျော် ကတည်းက သီဟိုဠ် ထိုင်းတနင်္သာရီ နယ်စပ်
က ပသျှူးမင်းသားတွေ နေတဲ့ နေရာ အထိ သိမ်း ထားပြီးနေပြီ အနောက်ဘက်ကိုကြည့် အိန္ဒိယ သိမ်းပြီး နေပြီ ပြောရရင် နေမဝင်အင်ပါယာရဲ့ အာ ဏာစက်က ကမ္ဘာမှာ ရှိသမျှနေရာကို သုံးပုံပုံရင် တစ်ပုံလောက်က သူတို့ ပိုင် ဖြစ်နေပြီ ဒီလို အင် အားကြီး မဟုတ်တော့ဘူး မဟာ့မဟာဧကရာဇ်
စစ်ဘီဘူးမင်းရဲ့ နှစ်ရှည်လများ ကြိုတင် ကြံစည် ထားတဲ့ ထောက်ချောက်တွေ ပြည့်နေတဲ့ စစ်တ လင်း မှာ ငါ့နိုင်ငံတော့ အလကား မပေးနိုင်ဘူး ခုခံ
နိုင်သလောက် ခုခံမယ် ဆိုပြီး အချိန်ဆွဲထားလို့ သာ သီပေါမင်း ဆိုတာကို ကြားရတာ ပညာသာ နည်းခဲ့ရင် ရတပုံနေပြည်တော်ဆိုတာလည်း ရှိလာ
စရာကို မရှိဘူး ပဉ္စမ သင်္ဂါယနာတင်မင်း ဆိုတာ လည်း မပေါ်ဘူး နှစ်ဘယ်လောက်ကြာအောင် ထိန်းထားခဲ့သလဲ ဘိုးတော်ဘုရားကနေ ပါတော်မူ တဲ့ အထိပေါ့ ပထမကျူးကျော်စစ်က မြန်မာတွေ ဘက်က ရေးရင် တမျိုး သိထားပြီးပြီပဲ မပြောတော့
ပါဘူး အင်္ဂလိပ်ဘက်က ရေးတာတော့ ပြောရမယ်
သူတို့ ဘယ်လို အကြောင်းပြသလဲ ဆိုရင် မဏိပူရ
အာသံ ကို စစ်လိုက်တိုက်ကြတော့ မြန်မာ တပ်တွေ
ရဲ့ ထိုးစစ်ကြောင့် အင်္ဂလိပ် စစ်တပ်ကို ထိပါးသလို
ဖြစ်ခဲ့တယ် (အမှန်တကယ် ထိပါးတာ မဟုတ်ဘူး)
မြန်မာတပ်က အာသံမှာ တပ်စွဲထားတယ် ဒါကို ကြည့်ပြီး ဘာပြောသလဲ ဆိုတော့ နေမဝင် အင်ပါ ယာရဲ့ အချုပ်အချာ အာဏာကို ထိပါးလာနိုင်စရာ ရှိတယ် အန္တာရယ် ရှိလာနိုင်တာမို့ တိုက်ရပါတယ်
ဆိုပြီး အကြောင်းပြတယ် သူတို့က အဲသလိုရေး တယ်
ကဲ စပြီ ဘိုးတော်ဘုရား နေရာမှာ သင်သာဆို ဘာ
လုပ်မလဲ စစ်တိုက်မလား အိန္ဒိယ သီဟိုဠ် အနေ အထားလောက်ကိုကတော့ သိထားတယ် အဲချိန်က
သတင်းနဲ့ နည်းပညာက လှေ လှည်း စီးပြီးမှ လာ တာကိုး
မြန်မာဘုရင်က မသိလို့ ညံ့လို့ စစ်ရှုံးတာမဟုတ်ဘူး
ဂွင်ဖန်ဖို့ အကြောင်းပြ ပြီး ထိုးစစ်ဆင်လာတာကို
သိတယ် ဒါပေမယ့် မသိဟန်ပြုပြီး နေတယ် မြန်မာတွေက အရှုံးပြပြီး ရန္တာပို စာချုပ်ကို သဘော တူ ပေးလိုက်ရတယ်
ဒီနေရာလေးက တကယ်လေးစားဖို့ ကောင်းတယ်
ပညာရဲ့ သဘောကို ပြသွားတယ် မနိုင်နိုင်ဘူး ဆို
တာ သိသိနဲ့ မိုက်တွင်းနက်ပြ မတိုက်ဘူး အဆင် ပြေပြေ ဖြစ်ရအောင် မကြိုက်သော်လည်း အောင့်ခါနမ်း ဆိုတဲ့ အတိုင်း တနိုင်ငံလုံးတော့ အကျမခံနို်င်ဘူး အဆင်ပြေသလို မီးစဉ်ကြည့် ကသွားတယ် ကမ်းမြှောင်ဒေသတွေ ဖြစ်တဲ့ ရခိုင်
နဲ့ တနင်္သရီကို ပေးလိုက်ရတယ် သဘောမတူဘူး
ပြောပြန်ရင်လည်း ပြည်ကြေမှာ သိနေတော့ မပေးချင်လည်း ပေးလိုက်ရတာပဲပေါ့ ဒီလိုပေးလိုက်
တာက အသင့်တော်ဆုံး အနေအထား ဖြစ်နေလို့
ပေးလိုက်တယ် မပေးရင် ချမှ ရတော့မှာ ချရင် နိုင်ငံ
ပါ ပါမယ် သိနေတာပဲ အရှင်းကြီး ဘယ်သူက ကိုယ့် ပိုင်နက်ကို မတရား အလကား ပေးချင်လည်း ဒါန ရှင် ကြွရောက်လာတာမှ မဟုတ်တာ
သီပေါမင်း လက်ထက်ကြတော့ တိုက်ကို မတိုက် ခိုင်းတော့ဘူး နားအေးရော တိုက်ရင် သေကြေ ပျက်စီး ကြဦးမှာ မြင်နေတာပဲလေ မင်း နား ဆိုတာ
အတော်ကျယ်ကိုးလေ
မာနတ်မင်းရဲ့ စစ်သေနာပတိကြီး ကိုယ်တိုင် ထိုးစစ်
ဆင်လာမှတော့ ဝဋ်ကောင်ဖြစ်နေတာပဲ ခံပေါ့
ပြန်ချရအောင်ကလည်း ကလေး မိန်းမ သက်ကြီး
ရွယ်အိုတွေ အတွက်က ပြဿနာ ဒီလိုတွေကို ပြန် ကြည့်တော့ သက်တော်ရှည် မင်းတိုင်ပင် အမတ် တွေ ဖြစ်တဲ့ ဦးဘိုးလှိုင် ဦးကောင်း ဆိုတာတွေကို
ကြည့်ပေါ့ တကယ့် ပဂေးတွေ ဦးကောင်း နိုင်ငံကို
ရောင်းစားတယ် ဆိုပြီး ပြောစမှတ် တွင်သွားရရှာ တယ် ဟုတ်တာလည်း မဟုတ်ဘူး
ဘယ်လောက်တော်တဲ့ သူပဲဖြစ်ဖြစ် စနစ်တကျ အကွက်ချ လုပ်ကြံ ခံရရင် သေမှာပါပဲ စစ်ရှုံးရခြင်း
အကြောင်းအရင်းက မြန်မာညံ့လို့ မဟုတ် အား မတန်လို့ မာန်ချထားလိုက်ကြရတာ သီပေါမင်း ဆိုတာလေးသိလိုက်ရတာ မန်းနေပြည်တော်ကြီး
ဖြစ်လာရတာကိုပဲ အတော် ရာဇပရိယာယ် စစ်ပရိယာယ် သံခင်းတမန်ခင်းတွေ ပညာပါလွန်း
လို့ အဲသလောက် နေရတာ တော်ပြီ ပြောလိုတာက
တခြား ရေးလိုက်တာက တခြား ဖြစ်သွားပြီ
ခေါင်းစဉ် မပြောင်းပေးတော့ဘူး ဒီအောက်ကပဲ
ခေါင်းစဉ်နဲ့ ဆိုင်တဲ့ စာကို ဆက်ပြီး တင်ပြပေးသွား ပါမယ်
ကဲ လွယ်လွယ်ပဲ စလိုက်ရအောင်
ဒုတိယကမ္ဘာစစ် ပြီးတဲ့အခါမှာ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စကြီး သုံးခုကို သတ်မှတ် လိုက်ကြတယ်
ဒါကို အကုသိုလ် စဉ်းစားမိတာ ဒီစစ်မတိုင်ခင်က စစ်ဖြစ်ပြီးရင် အနောက်နိုင်ငံတွေမှာ အဲဒီ အလုပ် တွေ ပြန်မလုပ် ကြဘူးလားလို့ပါ အထူးတလည် သတ်မှတ်ချက်ကြီးတွေ ဖြစ်နေလို့ ရှာကြည့်ပါဦး
မယ်
အဲဒီလုပ်ငန်းသုံးခုက ဘာတွေလဲ တကယ်က သင် သိပြီးသားတွေပါပဲ
ပြန်လည်နေရာချထားရေး
ရှေးမူမပျက် ထိန်းသိမ်းခြင်း
ပြန်လည်တည်ဆောက်ခြင်း
ဒီသုံးခုပါပဲ
အဲဒီမှာ ဘာတွေ ဖြစ်လာသလဲ ဆိုရင် ဒီကိစ္စတွေကို
ဆောင်ရွက်ဖို့ အတွက်
၁ ငွေ
၂ ကျွမ်းကျင်သူ တွေ လိုပါတယ်
ငွေက အမေရိကန်ကပေးလိမ့်မယ် အာရှဖောင်ဒေး ရှင်းရှိတယ်
လူက ဘယ်က ရမလဲ ဆိုတော့ ဆေးသင်တန်း
အင်ဂျင်နီယာသင်တန်း ဥပဒေသင်တန်း သိပ္ပံ ဝိဇ္ဇာ ဘာသာ အသီးသီးက ဂုဏ်ထူးတန်းတွေ ရှိတယ်
မဟာတန်း မပြီးသေးတဲ့ သူတွေကို လိုက်ခေါ် ရက်
တို သင်တန်းပေး ကိုယ့်နာမည်ကိုယ် စာလုံးပေါင်း မမှားရင် ဘွဲ့ပေး ဆိုတဲ့ နေ့ချင်းပေါက် မြေလျောက် ဝိဇ္ဇာတွေ ပေါ်လာတယ် (မြေလျောက်ဝိဇ္ဇာ ဆိုတာ
သိတယ် မဟုတ်လား ဝိဇ္ဇာတွေထဲ အသုံးမကျတဲ့ အညံ့စား ဝိဇ္ဇာကို ပြောတာ)
အကုသိုလ် တကယ်ပြောလိုတာက အဲဒါ မဟုတ် သေးဘူး အလျဉ်းသင့်လို့ မြန်မာပညာရေး သမိုင်း မှာ ဒီလို ဖြစ်ခဲ့ဖူးတာ ရှိတယ် ဆိုတာ သိသင့်တာမို့
ထည့်ပြောပေးသွားတာပါ ခုနှစ်တွေဘာတွေ အဲလို
ရသွားတဲ့ ကျောင်းသားတွေ စာရင်း ရှိတယ် ပြော လိုရင်း မဟုတ်လို့ ထည့်မပြောတာ သီးခြား ပြန်ရေး
သင့်တယ် ထင်ပါတယ်
အခု ပြောမယ့် အရေးပေါ်တက္ကသိုလ် ဆိုတာက တကယ် တန်ဖိုးရှိတဲ့ တက္ကသိုလ်ပါ
ဘယ်တက္ကသိုလ်လဲ ဘယ်တုန်းကလဲ ……
ဆိုတာလေး ဖြေပေးသွားပါဦးလား
စာများနေလို့ ဖြတ်ချလိုက်တာပါ
အပိုင်း(၂) ဆက်ရန်ပေါ့လေ ခ်ခ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်