စနေသားနှစ်ယောက် ထွန်းတောက်ပြန်တော့ အချော်ချော်


*******************************

ဟိုလှန်ဒီလှန်နဲ့ အလုံမြို့ ပရမတ်ဆရာ ထွန်းဦး နှင့် ထွန်းလှ နှစ်ဦးကို အသိ ပေး သတိ သံဝေဂ စပ်ဆိုထားတဲ့ လယ်တီ ဆရာတော် ဘုရား ကြီး တေးထပ်ကို ပြန်ဖတ်မိပါတယ်။

အဲဒီ လူ နှစ်ယောက်က တကယ့် ကျမ်းတတ် အကျော် လူတတ်ကြီးတွေပါ။ ကျမ်းတတ်သလို အဟော အပြော ကလည်း ကောင်းမှ ကောင်းတဲ့။ လျှာမှာ လိုတရ ပဒေသာ ပင်လို အော်တိုမက်တစ် လူငေးရလောက်အောင် စကား တွေက ထွက်နေ တော့တာပါပဲတဲ့။

အလုပ်တကယ်လုပ်မည့်ချိန်ဆိုရင်တော့ ရှောင်တောင် ရှောင်တောင်။ နောက်တွန့် ဆုတ် တွန့် ဆုတ် ရယ်။ အကြွား ကတော့ မျက်နှာ ပြောင်ပြောင်ပဲ ကြွားတတ်တယ်။သူတို့ က မှားမှန်း သိလျက်နဲ့ လည်း စကားကို ဟိုလိုလို ဒီလိုလို ယောင်တောင်ပေါင်တောင် လှည့်ပတ် ပြီး ပြော တတ်ကြ တယ်။ သံသရာမှ ကျွတ်လမ်း လွတ်လမ်း က သူတို့  နှစ်ယောက်အတွက် ဝေးစွာ့။ သူတို့ အကြောင်းကို အဲဒီလို သိထားတာနဲ့ ပဲ လယ်တီ ဆရာတော် ဘုရားကြီး က ပရမတ်ဆရာဆိုသူ ဒကာ နှစ်ယောက်ကို ဒီလိုလေး တေးထပ်လေးနဲ့  ဆိုဆုံးမခဲ့ပါတယ်။

ထွန်းဦး နှင့် ထွန်းလှ ဖွဲ့ တေးထပ်

ထွန်းဦး နှင့် ထွန်းလှ လွမ်းစရာ့ နှစ်လူကျမ်းဓမ္မ အဆူဆူမှာ သူမတူ ဉာဏ်သွား ဟောပြောမှု ထွေအလာ ပဒေသာ နှုတ်လျှာကပါး...။

အလုပ်နဲ့  အဟုတ်တယ်လျှင် ဆုတ်ပြယ်ပြယ် လူစား တကယ်ဆို ရှောင်သမား ပြောင်ကြွားကြွား ဟန်ပို ပြော ဟောဉာဏ် စာအရေးမှာတော့ လျှာကလေး သွက်ကြ သကို...။

သိလျက်သားနဲ့  အမှားပို စကားထိုထို ရိုးမယ်ဖွဲ့ လို့ ဘယ်တဲ့ ညာတဲ့ ယောင်ယောင်ပေါင်ပေါင် ပြောကြ ဟန်ဆောင် နစ် မြဲ နစ်ဖို့  အလွတ်ဆောင်လျင် အကျွတ်ဟိုနောင် ကွာလှမ်း ရှာလိမ့်လေး....။

လူတိုင်းလည်း ကိုယ့် သဘောနဲ့ ကိုယ်ပဲ တေးထပ် မူရင်းကို နားလည် နိုင်ပါတယ်။ ဒါမှ ပိုထိရောက် ပါ့မယ်။ ခု ကိုယ့် အနေနဲ့  ကိုယ်နားလည်သလို ပဲ ပြောကြည့်တာပါ။ တကယ် တမ်းက တရားကို နာ ယူသင့်တယ်။ တရားစာများကိုလည်း ဖတ်သင့် တယ်။ တရားမနာ တရားအကြောင်းရေးရာ မလေ့ လာ မနာယူပါက လှော်တာ လှော်ခတ်နေတာ ပဲ့ မပါတဲ့ လှေလို သူရောက်ချင်ရာ ရောက်ပါလိမ့် မယ်။

ပြီးတော့ တရားတွေ နားလည်တယ်ဆိုပြီး တကယ် ကို လက်တွေ့ မကျင့်လည်း နောက်က ပဲ့တော့ ပါတယ် ၊ လှော်တက် မရှိတော့ ၊ မလှော်ရင်တော့ ကိုယ်မှန်းရာကို တော့ ရောက်မှာ မဟုတ်ဘူး။ ထွန်းဦး နှုင့် ထွန်းလှ လိုသာ ဖြစ်ပါလိမ့်မယ်။

ကဲ ဒီလောက်ဆို အားလုံး သဘောပေါက် လောက် ပါပြီ နော်။ ဘယ်တရား နာနာ ၊ ဘယ်တရားစာအုပ် ဖတ်ဖတ် နာတဲ့ အတိုင်း ကျင့် ၊ ဖတ်တဲ့အတိုင်း ကျင့်။ သို့ မဟုတ် သင်ခန်းစာ ယူနိုင်ဖို့ ပါဘဲ။ ဗုဒ္ဓဘာသာတို့  ပန်းတိုင်ကို ရောက်လိုပါလျင်...

ထွန်းဦး နှင့် ထွန်းလှ လိုမျိုး အသိဥာဏ် ကျမ်းများ တတ် မြောက်ကြပြီး ၊ တကယ့် အလုပ်ကို အလုပ်နဲ့  တူအောင် အပြောသန်မဟုတ်ပဲလက်တွေ့  အလုပ် များ ကျင့်ကြံနိုင် ကြပါစေ...


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်