***************************
လူ့ဘ၀ရခဲခြင်းနဲ့ သံသရာရှည်လှပုံကို အကျဉ်းရုံး တင်ပြရ မယ် ဆိုရင် ဘုရားရှင် ကိုယ်တော်မြတ် ကြီး ကသုတ္တန်နှစ်ခု နဲ့ ဆုံးမတော် မူခဲ့ပါတယ် ။
တနေ့သောအခါမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟာ လက်သည်းခွံပေါ် မြေမှုန့် အနည်းငယ်တင်ပြီး ဤလက် သည်းခွံပေါ်ကမြေမှုန့်နှင့် မဟာပထ၀ီမြေ ကြီး အပြည့် မြေမှုန့်တို့သည် ဘယ်မြေမှုန့်က နည်းပါသလဲလို့ မေးပါ တယ်တဲ့ ။ လက်သည်းခွံပေါ် က မြေမှုန့်ဟာ တုနိုင်းလို့ မရအောင် နည်းပါးလွန်း လှပါတယ်လို့ နောက်လိုက် ရဟန်းတွေက ဖြေပါ တယ်တဲ့ ။
အဲ့ခါမှာ ဘုရားရှင်က ကောင်းပြီ အသင် တို့ ပြော သော ဤနည်းပါးလှသော မြေမှုန့် ပမာဏလောက် သာလျှင် လူနတ် ဗြဟ္မာတို့ သေလျှင် လူနတ် ဗြဟ္မာ ပြန်ဖြစ်တယ် ။ ကျန်တဲ့ ဤ မဟာပထ၀ီ မြေ ကြီး ပမာဏရှိ လူနတ်ဗြဟ္မာ တို့ဟာ သေလွန်တဲ့ အခါမှာ အကုန် အပါယ်ကို ဆင်းပါ တယ်တဲ့ ။
ဒါကြောင့် ယနေ့ စာဖတ်သူဟာ အပါယ်က လွတ် ပါပြီလို့ ကိုယ့်ကိုယ်ကို ပြောရဲပါ့မလား ။ ကြောက် စရာကောင်းလွန်း လှပါတယ် ။ဒါကြောင့် ၀ိပဿနာ မကျင့်သေးတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းမှာပဲ ဆိုတာကို တော့ စဉ်းစားစရာမလိုပဲ ဗေဒင်မေး စရာမလိုပဲ သိနိုင်ပါပြီ ။အဲ့ တစ်ချို့က ဒီလောက်နဲ့ မသိ ကြသေးပဲ အပါယ်ကို သွားလည်ချင်ကြသေးတယ် ။
ဒါကြောင့် ဘုရားရှင်ဟာ အပါယ်တစ်ခေါက် သွား လည် ချင်ကြသူများအတွက် ဒုတိယ သုတ္တန်ကို ဟောပြီး ထပ်မံ ဆုံးမပါတယ် ။အင်မတန်မှ အပြော ကျယ်လှတဲ့ သမုဒ္ဒရာ ကြီးရဲ့ ကြမ်းခင်းပေါ်မှာ မျက် လုံး စုံကန်းနေတဲ့ လိပ်ကြီး တစ်ကောင်ဟာ တွား သွား နေပါတယ်တဲ့ ။
သမုဒ္ဒရာအထက် ရေပြင်ပေါ် မှာ လည်းပဲ သွားချင်ရာသွား မျှောချင်ရာမျှောနေတဲ့ လှည်းထမ်းပိုးတုံးလေး တစ်တုန်း ရှိပါတယ်တဲ့ ။ အဲ့ ထမ်းပိုးတုံးမှာ လိပ်ခေါင်းနဲ့ စွပ်ရုံ အပေါက်လေး တစ်ပေါက် ပါပါတယ် ။လိပ်ကန်းဟာ အနှစ် ၁၀၀ ကြာမှ ရေမျက်နှာပြင်ကို တစ်ကြိမ်ပေါ်တယ်တဲ့ ။ မျက်လုံးကန်းနေပြီး နှစ် ၁၀၀ ကြာမှ တစ်ချိန်ပေါ်တဲ့ လိပ် ကန်းနဲ့ မျှောချင်ရာ မျှောနေတဲ့ ထမ်းပိုးတုန်း က အပေါက် လေးဟာ စွပ်ဖို့ ရာ လွယ်ပါ့မလားလို့ ဘုရားရှင်က မေးပါ တယ်တဲ့ ။
အဲ့ခါမှာ ရဟန်းတွေ က ဘယ်လိုမှကို မဖြစ်နိုင်ပါ ဘုရား ထမ်းပိုးတုံးကို ကိုင်ပြီး ကန်းနေတဲ့ လိပ်ကန်းခေါင်းကို လိုက် စွပ်ရင် တောင်မှာ စွပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘုရားတဲ့ ။ အဲ့အခါ မှာ ဘုရားရှင်က ရဟန်းတို့ အသင်တို့ မဖြစ်နိုင်ဘူး လို့ ပြောတဲ့ လိပ်ကြီးရဲ့ ဦးခေါင်းနှင့် ထမ်းပိုးတုံး တို့သည် အခြေအနေ တစ်ခု ကြောင့် စွပ်ကောင်းစွပ်သွားနိုင်တယ် ။ လိပ်ကန်းကလည်း ကမ္ဘာကြီးတည်သ၍ အသက်ရှည်မယ် ၊ ထမ်းပိုး တုံးကလည်း လိပ်ကြီး အသက်ရှင်သ၍ မျှောနေဦး မယ်ဆိုရင် အလွန်အင်မတန့် အင်မတန် ကံ ကောင်း ရင် ဖြင့် စွပ်သွားနိုင်ပါတယ်တဲ့ ။ ဒါတောင် စွပ်ပါမယ်လို့ သေချာမပြောနိုင်ဘူးနော ။ စွပ်ကောင်း စွပ်သွားနိုင်ပါတယ် တဲ့ ။အပါယ်ကို ဆင်းသွားတဲ့ လူနတ်ဗြဟ္မာတို့ကတော့ တစ်ကြိမ် ပြန်လည်ပြီး လူနတ်ဗြဟ္မာဖြစ်ဖို့ဆိုတာ အလွန် အင်မတန်မှ ရာထောင် မက ခဲယဉ်းလှပါတယ်တဲ့ ဗျာ ။
ကဲ စာရှုသူတို့ရေ အလည်သွားချင်တဲ့ ပုဂ္ဂိုလ် များ စဉ်းစား ဖို့ ကောင်းပါပြီ ။ သားသမီးအတွက်များ ဆင်းချင်သေးလား မိဘအတွက်ဆိုပြီးများ ဆင်းချင် သေးလား ချစ်သူ လင်သား အတွက် ဆိုပြီးများ ဆင်းချင်သေးလားဗျာ ။တစ်ဘ၀စာ ဂုဏ်တွေ အတွက် ရာထူးအာဏာအတွက် ငွေကြေးဥစ္စာ တွေ အတွက်ရော ဆင်းချင်ကြသေးလားဗျာ ။ ဘာနဲ့မှ မလဲ ကြပါနဲ့ဗျာ ။ အပါယ်ကို ဘယ်လိုနည်းနဲ့မှ မသွားကြပါနဲ့ ။ မတော်တဆများ အပါယ် ကျသွား ခဲ့ရင်တော့ ဘယ်လိုမှ မမှီတော့ပါဘူး ကုရာနတ္ထိ ဆေး မရှိပါပဲဗျာ ။
ယနေ့ ကျနော်တို့ဟာ လူသားအဖြစ်ကို ရရှိနေပါပြီ ၊ အင်မတန်ကံကောင်းလှတဲ့ လူသားတွေ ဖြစ်နေပါ တယ် ၊မြန်မာနိုင်ငံဟာ ထေရ၀ါဒ ထွန်းကားတဲ့ နိုင်ငံ တွေထဲမှာ အထွဋ်အထိပ်နိုင်ငံ ဖြစ်ပါတယ် ။ ဗုဒ္ဓ ဘာသာ မိသားစုမှာ မွေးဖွားလာရပြီးတော့ ဗုဒ္ဓရဲ့ တရားတွေနဲ့လည်း အလှမ်း မဝေးပါဘူး ။ ပြီးတော့ အာရုံခြောက်ပါးလုံး ကောင်းမွန်တဲ့ ပုဂ္ဂိုလ်တွေ လည်း ဖြစ်နေကြတယ် ။ ဒါကြောင့် အပါယ် မဆင်း ချင်ရင်ဖြင့် ရခဲလှတဲ့ လူ့ဘ၀ ရနေတုန်းမှာ ၀ိပဿနာ ကျင့်ကြံအားထုတ်ဖို့ သတိပြုကြပါ ။
ဆက်လက်ပြီး ရှည်လျှားလှတဲ့ သံသရာကြီး အကြောင်းကို ဗဟုသုတ အနေဖြင့် ကြည့်မယ် ဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တစ်ကမ္ဘာ လေးကပဲ စပြီး ဟောခဲ့ ပါတယ် ။တစ်ကမ္ဘာကို ရေတွက်ရာမှာ ကပ်ကြီး လေးကပ် ရှိပါတယ် ။
၁ ။ အာယုကပ် ။ဟိုး မရေတွက်နိုင်အောင် အသက် ရှည် လှတဲ့ infinity ထိ အသက်ရှည်လှတဲ့ သက် တမ်းကနေ ပြီးအနှစ် ၁၀၀ ကြာတိုင်း ၁ နှစ် လျော့ လျော့လာပါတယ် ။ ယနေ့ သက်တမ်းဟာ ၇၀ ကျော်သက်တမ်း ဖြစ်ပါတယ် ။အနှစ် ၁၀၀ ကြာ တိုင်း ကျဆင်းလာတာ အနိမ့်ဆုံးသည် ၁၀ နှစ်တန်း ထိ ကျဆင်းပါတယ် ။အဲ့ဒါကို ဆုတ်ကပ် လို့ ခေါ်ပါ တယ် ။ တဖန် ဆယ်နှစ်ကနေပြီး အနှစ် ၁၀၀ ကြာ တိုင်း နှစ်ဆ နှစ်ဆ ပြန်ပြန်တက်ပါတယ် ။ အဲ့လို တက်လာ တာဟာ ရေတွက်လို့ မရတဲ့ infinity ထိကို အသက်ရှည် ပါတယ် ။အဲ့ဒီလို တက်လာတာ ကို တက်ကပ်လို့ ခေါ်ပါ တယ် ။ အဲ့လို ကပ် တစ် ကပ်ချင်းကို အာယု ကပ် လို့ ခေါ် ပါတယ် ။
၂ ။ အန္တရကပ် ။အာယုကပ် အတက်အဆင်း တကြိမ် လှည့် တာကို အန္တရကပ်လို့ ခေါ်ပါတယ်တဲ့ ။
၃ ။ အသင်္ချေယျကပ် ။အန္တရကပ် ( ၆၄ ) ကပ်ပေါင်း၏ ကာလ ဖြစ်ပါတယ် ။
၎ ။ မဟာကပ် ။အသေင်္ချေယျကပ် ( ၄) ကပ်ပေါင်း၏ ကာလ ( တစ်ကမ္ဘာ) ဖြစ်ပါတယ် ။
နောက်တစ်နည်းနဲ့ တစ်ကမ္ဘာကို ကြည့်မယ်ဆိုရင် သံဝဋကပ် ကမ္ဘာပျက်ဆဲ ကာလ ဖြစ်ပါတယ် ။
သံဝဋဌာယီကပ် ကမ္ဘာပျက်ပြီး တည်နေဆဲ ( Void ) ဖြစ် ပါတယ် ။ ၀ိဝဋကပ် တဖန်ပြန်ပြီး ကမ္ဘာကြီး ဖြစ်နေဆဲ ကာလဖြစ်ပါတယ် ။ဝိ၀ဋဌာယီကပ် ကမ္ဘာဖြစ်ပြီး တည်နေဆဲ ဖြစ်ပါတယ် ။ အဲ့လေးခု ပေါင်းကိုလည်း မဟာကပ် တစ်ခု တစ်ကမ္ဘာလို့ ခေါ်ပါတယ်တဲ့ ။ဒီလိုဆိုရင် ကမ္ဘာ တစ်ခု တစ်ခုကို ဘယ်လောက်ကြာတယ် ဆိုတာ ကျနော်တို့ သတိပြုမိဖို့ ကောင်းပါပြီ ။
ကွန်ပျူတာပေါ်မှာ ဖော်ပြလို့ မနိုင်အောင် နှိပ်ကြည့် လို့ မနိုင်အောင် ကြာမြင့်လှပါတယ် ။ ကမ္ဘာနဲ့ ချီပြီး ငရဲခံနေရ တဲ့ သူတွေအကြောင်း ဘုရားတစ်ဆူ ကနေ နောက်တစ်ဆူ ပွင့်တဲ့ ကာလအထိ ၀ဋ်ခံရတဲ့ ပြိတ္တာတွေ အပါယ်ဘုံသား တွေ အကြောင်းဟာ ကျနော့်တို့ ဗုဒ္ဓဘာသာ နားတွေနဲ့ မစိမ်းလှပါဘူး ဗျာ ။ မတော်တဆ အပါယ်များ ရောက်သွားခဲ့ ရင် ဒါမှမဟုတ် ရပ်ပြစ်ရှစ်ပါးတွေ ရောက်သွားခဲ့ရင် ကျနော် တို့ တတွေ စဉ်းစားလို့ မရအောင်ကို ကြာ မြင့်လိမ့်မယ်ဆို တာ သတိပြုပါ ။တမော့တမောကို ကြာမြင့်လှမယ့် အချိန် တွေကို အပါယ်မှာ ဖြုန်းချင် သေးတယ်ဆိုရင်ဖြင့် ၀ိပဿနာ ကို မကျင့်ပဲ နေလို့ ရပါတယ် ။တစ်ကယ်လို့ အပါယ်မှာ မခံချင်တော့ ဘူးဆိုတဲ့ မိတ်ဆွေတို့သည် နောင်လာမယ့် ဘုံစဉ် စံပဲ ဖြစ်ဖြစ် ယခု တစ်ဘ၀တည်းပဲ ဖြစ်ဖြစ် သွားချင် တဲ့ ပုဂ္ဂိုလ်တို့သည် ၀ိပဿနာကို မကျင့်လို့ မဖြစ် မသုံးလို့ မဖြစ်အောင်ကို လိုအပ်ပါတယ် ဆိုတဲ့ အကြောင်း တင်ပြ ရင်းနဲ့ လူ့ဘ၀ ရခဲခြင်းနဲ့ သံသရာ ရှည်လှပုံ အကျဉ်းကို နိဂုံးချုပ်ပါတယ် ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်