သာသနာနှင့်ရာဇာအပိုင်း(၄၁)


******************

ဇယ၀မ္မာ၏ ကျောက်စာကို ဖတ်ကြည့်လျှင် အသောက မင်းတရားကြီးကို သတိမရဘဲ နေမည်မဟုတ်ပေ။
အသောကကျောက်စာများ၌ အသောကမင်းတရားကြီး ဗုဒ္ဓတရား သက်ဝင်ယုံကြည်ပုံ ဖော်ပြထားသကဲ့သို့ ဇယ၀မ္မာ ၏ ကျောက်စာများ၌လည်း ဇယ၀မ္မာမင်းကြီး ဗုဒ္ဓတရား
သက်ဝင်ယုံကြည်ပုံကို ဖော်ပြထားသည်။ ပရိုဓဟမ်၌ တူး ဖော် ရရှိသော ထိုကျောက်စာတွင် ဗုဒ္ဓအား ရှိခိုးဦးခိုက်ပြီး နောက် "သတ္တ၀ါအားလုံး၏ ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓသည် ပူဇော်အပ် ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မြတ်ဖြစ်၏။ ဗောဓိလမ်းစဉ် သည်လည်း ပူဇော်အပ် ပူဇော်ထိုက်၏" ဟု ရေးထားသည်။ ထို့နောက် တစ်ဖန် သံဃာတော် အရှင်မြတ်များအကြောင်း ဖော်ပြပြီးလျှင် ပဒေသာပင်၏ သက်ရှိအသွင်ဖြစ်သော လောကိဿရအား ရှိခိုးထားသည်။ ယင်းကျောက်စာ၌ပင် ရှေ့ဆက်၍ "ဘုရင်မင်းကြီးသည် စမ္ပာသို့သွား၍ စစ်မြေပြင် တွင် စမ္ပာဘုရင်ကို ဖမ်းဆီးပြီးလျှင် ကရုဏာရှေ့ထားလျက် ပြန်လွှတ်၍ သူ့ထီးနန်းကို ပြန်အပ်ခဲ့သည်။ ဘုရင်မင်းကြိး၏ ယင်းဂုဏ်ယူစရာ ပြုမူဆောင်ရွက်ချက်ကို အခြားဘုရင်များ လည်း ကြားသိကြ၏။ ဘုရင်မင်းကြီးသည် သူ့ဆရာ ဂုရု၏ မိသားစုအား မင်းမျိုးမင်းနွယ်ပမာ သေနာပတိရာထူးကို ခန့် အပ်ထား၏" ဟူ၍လည်း ရေးထိုးထားသည်။

သတ္တမ ဇယ၀မ္မာသည် သူ၏မယ်တော် အထိမ်းအမှတ်ဖြင့် ရာဇ၀ိဘာရအမည်ရှိ မြို့ကို တည်ထောင်ပြီးလျှင်ထိုမြို့အား မုနိဒြမာတာ (ပညာပါရမိတာ)၏ အကျိုးပြုလုပ်ငန်းအတွက် အပ်နှင်းထားလိုက်သည်။ ပညာပါရမိတာ၏ အသွင်အဖြစ် ဖြင့် မယ်တော်၏ ရုပ်တုကိုလည်း ထုလုပ်ထားသည်။

ဇမ္ဗူဒိပ်ကျွန်းဘုရင် ဟဿဝဒ္ဓနလက်ထက်က နိုင်ငံတော် အနေနှင့် တစ်နှစ်တစ်ကြိမ်၊ သုံးလတစ်ကြိမ် ဗုဒ္ဓဘာသာဝင် တို့၏ ပွဲတော်ကျင်းပသကဲ့သို့ သတ္တမ ဇယ၀မ္မာ လက်ထက် ကလည်း တန်ခူးလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ နှစ် စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာအရ မိုးဦး ပွဲတော်ကို ကျင်းပပြုလုပ်သည်။ လကွယ်နေ့၌ ဘုရားပွဲကျင်း ပသည်။ ထိုအချိန်၌ ပညာပါရမိတာ နတ်ဘုရားကို ပူဇော်ပသကြသည်။ ယခုခေတ်တွင်
အချို့ ဗုဒ္ဓဘာသာဝင်နိုင်ငံများ၌ ဘုရားပွဲ ကျင်းပသောအခါ
ကပွဲများပါသကဲ့သို့ ထိုခေတ်ကလည်း ကမ္ဘောဇဘုရားပွဲ များ၌ ကပွဲများ ကျင်းပပြုလုပ်ကြသည်။ ထောင်ပေါင်းများစွာ သော ရဟန်းသံဃာတော်များနှင့် ဗြာဟ္မဏများအားလည်း အလှူဒါန ပေးကမ်းလှူဒါန်းကြသည်။

အသောကမင်းတရားကြီး ဆောက်လုပ်လှူဒါန်းထားသော ဆေးရုံ၊ ဆေးခန်းများအကြောင်းကို အသောကကျောက်စာ များ၌ ရေးသားဖော်ပြထားသည်။ ထိုနည်းအတူပင် ဇယ၀မ္မာ ဆောက်လုပ်လှူဒါန်းထားသော ဆေးရုံ၊ ဆေးခန်းများ
အကြောင်း ကိုလည်း သူ၏ ကျောက်စာများ၌ ရေးထိုးထား သည်။ ပြည်နယ်အသီးသီးတို့၌လည်း ဆေးရုံ ၁၁၇ ခုနှင့် ဆေးခန်း ၆၉၈ ခုတို့ကို ဆောက်လုပ်လှူဒါန်းထားသည်။ ယင်းဆေးရုံ၊ ဆေးခန်းတို့၌ ဆေးဝါးကုသကြသော လူနာ များ အတွက် နှစ်စဉ်နှစ်တိုင်း ဆန်စပါး အလုံအလောက် ပေးလှူထားသည်။ ဆေးရုံနှင့် ဆေးခန်းများ လည်ပတ်ရန် အတွက် ရွာပေါင်း ၈၃၈ ရွာမှ ရရှိသော အခွန်အတုတ်ကို
ပေးလှူထားသည်။ ယင်းဆေးရုံ၊ ဆေးခန်းတို့၌ မိန်းမ၊ ယောက်ျားပေါင်း ၈၁၆၄၀ အလုပ်လုပ်ကြသည်။ကျောက်စာ ၏ အဆုံး၌ "ငါ၏ ကောင်းမှုကြောင့် ငါ၏မယ်တော်သည် ဘ၀ပင်လယ် ၀ဲသြဃတွင်းမှ လွတ်မြောက်၍ ဘုရားအဖြစ် ရောက်ရှိပါစေသား" ဟူ၍ ဆုတောင်းထားသည်။

နိုင်ငံတော်တစ်ဝန်း၌ ဆေးရုံကြီးပေါင်း ၁၀၂ ခု ရှိသည်ဟူ၍ အက်လိယော့က ရေးထားသည်။ ဇယ၀မ္မာ၏ ကျောက်စာ များ၌  ပထမတွင် ဗုဒ္ဓ၏ နိမ္မိတကာယ၊ ဓမ္မကာယ၊
သမ္ဘောဂကာယတည်းဟူသော ကာယသုံးပါးကို ရှိခိုးပူဇော် ထားသည်။ ရောဂါအမိုက်မှောင်ကို ဖယ်ရှားဖြိုခွင်းရန် အတွက် ဘေသဇ္ဇဂုရုဗုဒ္ဓ၊ ဗောဓိသတ္တ၊ သူရိယ၀ိရောဓန၊ စန္ဒြရုမိ၊ စန္ဒြ၀ိဓာဓန စသည်တို့၏ ဂုဏ်ကျေးဇူးများကို ထုတ် ဖော်ချီးကျူးထားသည်။ ထို့နောက် ဇယ၀မ္မာဘုရင် အကြောင်း ကို ရေးထားသည်။ "လူတို့၏ ကိုယ်ခန္ဓာပိုင်း ဆိုင်ရာ ဝေဒနာကို ဘုရင်မင်းကြီးသည် မိမိ၏ စိတ်ပိုင်းဆိုင် ရာ ဝေဒနာအဖြစ် ထင်မှတ်ယူဆ၏။ လူနာများ၏ ရောဂါ ဝေဒေနာသည် လူနာများထက်ပင် ဘုရင်မင်းကြီးအား စိတ် ဆင်းရဲစေ၏။ ပြည်သူတို့၏ ဆင်းရဲဒုက္ခသည် ဘုရင်မင်းကြီး အား ဒုက္ခဖြစ်စေသောကြောင့်တည်း။ ဘုရင်မင်းကြီးသည် ဆေးရုံ၊ ဆေးခန်းများ၌ ကျွမ်းကျင်သော သမားများ၏ အကူအညီဖြင့် နိုင်ငံတော်၏ ရန်သူများဖြစ်သော ရောဂါဝေ ဒနာ များကို ဖျောက်ဖျက်ပစ်လေ၏" ။ ဘေသဇ္ဇဂုရု ဖြစ် တော်မူသော မြတ်စွာဘုရား၏ကျောင်းတော်ပတ်ဝန်းကျင်၌ ဆေးရုံ၊ ဆေးခန်းများကို ဖွင့်လှစ်ထားသည်။ ဆေးရုံ၊ ဆေး ခန်းများနှင့် ပတ်သက်၍ အကျယ်တ၀င့် ရေးထိုးထားသော ကျောက်စာကို လာအိုဆကေ (ဆေဖန်)၌ တူးဖော်တွေ့ရှိရ သည်။

ဝိနယပိဋက မဟာဝဂ္ဂဘေသဇ္ဇခန္ဓ၌ မြတ်စွာဘုရားသည်
ရောဂါဝေဒနာကို ပျောက်ကင်းစေသော ဆေးများနှင့်
အစားအစာများကို ညွှန်ကြားဟောပြ ထားတော်မူသည်။
ရောဂါဝေဒနာများအတွက် ဆေးများကို ညွှန်ကြားဟောပြ
ထားတော်မူသောကြောင့် မြတ်စွာဘုရားသည် `ဘေသဇ္ဇဂုရု' ဟူ၍လည်း အမည်တော် တွင်နေတော်မူ သည်။ ဘေသဇ္ဇဂုရု၏ လက်တော်တစ်ဖက်၌ သျှိသျှားသီး (ဖန်ခါးသီး) ကိုင်ထားသည်။ ဗုဒ္ဓသည် ကိုယ်ခန္ဓာ၌ ဖြစ်ပေါ် သော ရောဂါဝေဒနာများကို ဖယ်ရှားကုစားတော်မူသည်။ ဗုဒ္ဓ၏ ယင်းအသွင်အပြင်တော်သည် ဒေသအသီးသီး၊ ကာလ အသီးသီး၌ လူပေါင်းများစွာတို့၏ အပေါ်၌ သြဇာ သက်ရောက် လွှမ်းမိုးမှု ရှိနေသည်။ ဗုဒ္ဓ၏ ယင်းအသွင် အပြင်တော် ပထမဆုံး သြဇာလွှမ်းမိုးခံရသူမှာ အသောက မင်းတရားကြီး ဖြစ်သည်။ အသောကမင်းတရားကြီးသည်
လူသားများအတွက်သာလျှင်မက တိရစ္ဆာန်များအတွက်ပင် ဆေးရုံများ ဖွင့်လှစ်ထားသည့်အပြင် ဆေးမြစ်၊ ဆေးရွက်နှင့် ဆေးဝါးများကို ဂရိနိုင်ငံသို့အထိပင် ပေးပို့ပေးခဲ့သည်။

သတ္တမ ဇယ၀မ္မာ ဘုရင်သည်လည်း ဗုဒ္ဓ၏ ယင်းအသွင် အပြင်တော် သြဇာလွှမ်းမိုးခံရပြီး တရုတ်ပြည်မှ ဘင်္ဂလားပင် လယ်အော်အထိ ကျယ်ပြန့်သော ဆေးရုံ၊ ဆေးခန်း ပိုက် ကွန် ကြီး ဖြန့်ထားသည်မှာ အံ့သြစရာမဟုတ်ပေ။ ရှိသမျှ ကျောင်းတိုက်များနှင့် တွဲဖက်၍ ဆေးရုံ၊ ဆေးခန်းများ ဖွင့် လှစ်ထားသည်ဆိုသည်ကို အထက်၌ ပြဆိုခဲ့ပြီးပြီ။
ယင်းကို ထောက်ရှု၍ သတ္တမ ဇယ၀မ္မာဘုရင် လက်ထက်၌
ကျောင်းတိုက်များ၏ အရေအတွက်လောက်ပင် ဆေးရုံ၊
ဆေးခန်းများလည်း ရှိသည်ဆိုသည့်အချက်ကိုခန့်မှန်းကြည့် နိုင်သည်။

ယနေ့ ကမ္ဘောဒီးယားနိုင်ငံ၌ ဗြာဟ္မဏဘာသာလည်း မရှိ တော့ပေ။ မဟာယာန ဗုဒ္ဓဘာသာလည်း မရှိတော့ပေ။ ဗြာဟ္မဏဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ၏ နေရာ၌ ထေရ၀ါဒ ပါဠိဗုဒ္ဓဘာသာက နေရာယူထားလိုက်လေပြီ။ ၁၃၄၀ ခုနှစ်၌ ကမ္ဘောဒီးယားနိုင်ငံတွင် ထေရ၀ါဒ ပါဠိဗုဒ္ဓဘာ သာ စတင်လွှမ်းမိုးသွားသည်။ ယင်းကိုထောက်လျက် သတ္တမ ဇယ၀မ္မာလက်ထက်၌ ထွန်းကားပြန့်ပွားသော ဗုဒ္ဓ ဘာသာသည် မဟာယာန ဗုဒ္ဓဘာသာလည်းမဟုတ်၊ ထေရ၀ါဒ ဗုဒ္ဓဘာသာလည်း မဟုတ်ဘဲ နှစ်ခုလုံး ရောထွေး နေသည့် ဗုဒ္ဓဘာသာဖြစ်ဖို့ရှိသည်။ သို့ရာတွင် ယင်းဗုဒ္ဓ ဘာသာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဆီသို့ ရှေးရှုသည့်
ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သတ္တမ
ဇယ၀မ္မာဘုရင်၏လက်ထက်၌ ကမ္ဘောဒီးယားတွင် ဗုဒ္ဓဘာ သာ တစ်ရှိန်ထိုး တိုးတက်ပြန့်ပွား ထွန်းကားနေကြောင်းမှာမူ သံသယဖြစ်ဖွယ်မရှိပေ။

အပိုင်း(၄၂)ဆက်ရန်


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်