*****************
လော (လာအို)
ဖန်ညုန်
ကမ္ဘောဇ (ကမ္ဘောဒီးယား) တိုင်းပြည်နယ်စပ် မဲခေါင်မြစ် ကမ်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ ကျောင်းဝင်းထဲ တွင် အစွမ်းအစ ထက်မြက်ပုံရသော သူငယ်တစ်ဦး ကစား နေသည်။ ထိုသူငယ် ကစားနေသည့်နေရာနှင့် မနီးမဝေး တွင် စိတ်ကူးခန်းဝင်နေသော ရဟန်းတော်တစ်ပါးသည် သူငယ်ကစားနေသည်ကို စူးစိုက်ကြည့်ရှုနေသည်။ ထို သူငယ် သည် နောင်သောအခါ၌ ဖန်ညုန်အမည်ဖြင့် လော နိုင်ငံ၏ ဘုရင်တစ်ပါး ဖြစ်လာသည်။
ကျောင်းဝင်းအတွင်း၌ ကစားနေသော သူငယ်သည် လော နိုင်ငံ ဘုရင့်သားတော်လေး ဖြစ်သည်။ဘုရင့်သားတော်လေး ၏ လူငယ်ဘ၀နှင့် ပတ်သက်၍ လောနိုင်ငံ၌ ဆိုရိုးစကား
အများအပြားရှိသည်။ သားတော်လေးသည် မွေးဖွားလာလာ ချင်း သွား ၃၂ ချောင်း ပေါက်နေသည်။ ယင်းထူးခြားချက်ကို ဘုရင်မင်းကြီးက ကောင်းသည့်နိမိတ် မဟုတ်ဘဲ တိုင်းပြည် အတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆပြီးလျှင် ဖွားသစ်စ သားတော်လေးအား လှေငယ်တစ်စင်းထဲ ထည့်လျက် မဲခေါင် မြစ်ထဲ မျှောလိုက်သည်။
ကမ္ဘောဇနယ်စပ် မြစ်ကမ်းဘေးရှိ ဘုန်းကြီးကျောင်း တစ် ကျောင်း၌ မဟာသမန္တအမည်ရှိ ဘုန်းတော်ကြီးတစ်ပါး သီတင်းသုံးနေသည်။ ထိုဘုန်းတော်ကြီးသည် လင်္ကာဒီပ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)မှ ဖြစ်သည်ဟု အဆိုရှိသည်။ မဟာသမန္တမထေရ်သည် သားတော်လေးအား မြစ်ထဲမှ ဆယ်ယူပြီးလျှင် ခုနစ်နှစ်အရွယ်အထိ မွေးမြူစောင့်ရှောက် ထားသည်။
နောက် ဆိုရိုးစကားတစ်ခု ရှိသေးသည်။ ဖန်ညုန် မွေးဖွား လာ ချိန်၌ သူ့ခမည်းတော်၏ နိုင်ငံ၌ ဗရုတ်ဗရက် ဖြစ်နေ သည်။ ထို့ကြောင့် ဘုရင်မင်းကြီးသည် သူ့သားတော်ကို
တိုင်းပြည်၌ထားလျှင် လုံခြုံစိတ်ချရလိမ့်မည် မဟုတ်ဟု
အထင်ရှိသွားသည်။ မွေးလာလာချင်း သွား ၃၂ ချောင်း
ပေါက်နေသည်ဖြစ်၍ သားတော်ကလေးသည် သာမန် သားတော် မဟုတ်နိုင်ပေ။ တစ်နေရာရာ၌ အသက်မသေဘဲ ရှိနေပါက တစ်နေ့သောအခါ၌ လောနိုင်ငံ၏ ထီးနန်းရှင် ဖြစ် လာလိမ့်မည်။ ယင်းသို့ ဘုရင်မင်းကြီးက ယူဆထားသည်။ သို့သော်လည်း ယင်းလျှို့ဝှက်ချက်ကို ဘုရင်မင်းကြီးသည်
မည်သူတစ်ဦးတစ်ယောက်ကိုမှ ထုတ်ဖော်ပြောမပြပေ။
ယင်းလျှို့ဝှက်ချက် ပေါ်သွားပါက သားတော်လေး၏
အသက် အန္တရာယ် စိုးရိမ်ရသည့်အတွက် ဖြစ်သည်။
ယင်းသို့ စဉ်းစားဆင်ခြင်ပြီးလျှင် ဘုရင်မင်းကြီးသည် "မွေးလာလာချင်း သွား ၃၂ ချောင်း ပေါက်နေသည်ဖြစ်၍ သားတော်လေးသည် တိုင်းပြည်နှင့် တိုင်းသူပြည်သားများ အတွက် အန္တရာယ်ပေးနိုင်သည်။ တိုင်းပြည် နယ်နိမိတ် အတွင်း၌ သားတော်လေး ရှိနေလျှင် တိုင်းပြည် ကံဆိုးမိုး မှောင် ကျနိုင်သည်။ တိုင်းပြည်အနေနှင့်လည်း ရန်သူတွေ
ပတ်ချာဝိုင်းနေသည်" ဟူ၍ ထုတ်ဖော် ကြေညာလိုက်သည်။
နန်းတွင်းသူ နန်းတွင်းသားများနှင့် ပြည်သူပြည်သားတို့က
ဘုရင်မင်းကြီး၏ ထုတ်ဖော်ပြောပြချက်ကို ယုံကြည်သွားကြ သည်။ ဘုရင်မင်းကြီးသည် စိတ်ချယုံကြည်ရသော ကျွန် လင်မယား နှစ်ယောက်အား သားတော်လေးကို အပ်လျက် ကျွန်လင်မယားနှင့် သားတော်လေးကို လှေတစ်စင်းတွင် တင်ပြီး မဲခေါင်မြစ်ထဲ မျှောလိုက်သည်။ ထိုလှေသည် ရေ စီးကြောင်းထဲ မျောပါသွားပြီးလျှင် ကမ္ဘောဇနယ်စပ်ရှိ မဟာ သမန္တမထေရ်၏ ကျောင်းတိုက်အနီးက မြစ်ကမ်းပါးတွင် သွားဆိုက်သည်။
သားတော်လေး ခုနစ်နှစ်သားအရွယ်တွင် မဟာသမန္တ မထေရ် သည် သားတော်လေးကို ထိုအချိန်က အန်ကော ၀ပ် ထီးနန်းတွင် စိုးစံနေသော ကမ္ဘောဇဘုရင်ထံ ခေါ်သွား သည်။ မဟာသမန္တမထေရ်သည် ကမ္ဘောဇဘုရင်အား
သားတော်လေးအကြောင်းကို အမှန်အတိုင်း ဖွင့်ဟပြောပြ လိုက်သည်။ မထေရ် ပြောပြချက်ကို ယုံကြည်စိတ်ချသွား သည်ဖြစ်၍ ကမ္ဘောဇဘုရင်သည် သားတော်လေးအား လက်ခံထားလိုက်သည်။ သားတော်လေးအား လူလား မြောက်လာသည်အထိ နန်းတော်တွင်း၌ပင် ကြည့်ရှုစောင့် ရှောက်ထားပြီးလျှင် အတတ်ပညာများကိုလည်း သင်ပေး သည်။
ယင်းအဖြစ်အပျက်ကို ထောက်လျက် သားတော် ဖန်ညုန်၏ ခမည်းတော် လောဘုရင်သည် သူနှင့်ခေတ်ပြိုင် ကမ္ဘောဇ ဘုရင် နှင့် မဟာမိတ် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။ ထို့ ကြောင့်သာလျင် ကမ္ဘောဇဘုရင်သည် လောဘုရင့်သား တော်ကို မိမိ၏ နန်းတော်၌ ခိုလှုံခွင့်ပေးထားခြင်း ဖြစ်ပေ လိမ့်မည်။ သို့မဟုတ်ကလည်း မဟာသမန္တမထေရ်သည် ကမ္ဘောဇနန်းတော်၌ သြဇာစူးရှပုံရသည်။ မထေရ်သည် သားတော်လေး ဘုရင့်မျိုး ဘုရင့်နွယ်ဖြစ်သည်ဆိုသည့်
အကြောင်းကို ဖုံးဖိထားပြီး ထက်မြက်သော ကလေးသူငယ် တစ်ယောက်ဖြစ်ကြောင်း ပြောပြလျက် ဘုရင့်နန်းတော်၌
ဘုရင်မင်းကြီးအား အပ်နှံထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သားတော်ဖန်ညုန်သည် ကမ္ဘောဇနေ ပြည်တော် အန်ကောဝပ်၌ လူလားမြောက်လာခဲ့သည် ဆိုသည့် အချက်မှာမူ အမှန်ပင်ဖြစ်သည်။
လောနိုင်ငံသည် အင်ဒိုချိုင်းနား နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
အင်ဒိုချိုင်းနား အခြားနိုင်ငံများကဲ့သို့ပင် လောနိုင်ငံ၏ သမိုင်းလည်း ရှေးကျသည်။ တချို့ သမိုင်းသုတေသီများ၏ အဆိုအရ လောနိုင်ငံ မြေပေါ်၌ ယဉ်ကျေးမှု အစပြုသည်မှာ ရှေးအထက်ကျော် ကာရီကပင် ဖြစ်သည်။ သမိုင်းဆရာ တချို့ ၏ အဆိုအရမူ ကြေးခေတ်အချိန်လောက်ကပင် လောနိုင်ငံသို့ ယဉ်ကျေးမှု ၀င်ရောက်လည်သည်။ အင်ဒိုနေရှမှ လူများသည် ရှေးခေတ် သမယကပင် လော နိုင်ငံသို့ လာရောက်ပြီး အခြေချကြသည်။ တချို့ အစဉ် အလာ ယုံကြည်ယူဆချက်အရ ထိုင်းလူမျိုးတို့သည် လော နိုင်ငံတွင် ရာစုနှစ်ပေါင်း များစွာကစပြီး အခြေချကြသည်။
သို့ရာတွင် လာရောက် အခြေချသူ လူမျိုးများထဲတွင် လော လူမျိုးတို့မှာ အဓိကဖြစ်သည်။
လောဘုရင်မင်းဆက်သမိုင်း၌ လော ပထမဦးဆုံးဘုရင်မှာ
ဇမ္ဗူဒိပ်ကျွန်းမှ လာသည်ဟု အဆိုရှိသည်။ ဒုတိယဘုရင်မှာ ကမ္ဘောဇမှလာသည်။ ထို့နောက် ဘုရင်လေးပါး ထီးနန်းစိုး စံသည်။ ထို့နောက်တွင် နန်ဟိုချိုင့်ဝှမ်းမှ ရောက်လာ ကြသော လောလူမျိုးတို့သည် တိုင်းပြည်တွင် စိုးမိုးအုပ်ချုပ် ကြသည်။
နန်ဟိုမှလာသော လူမျိုးများသည် တခြားလူမျိုးများ အပေါ် တွင် အနိုင်ရရှိသွားကြသည်။ ယင်းလူမျိုးများသည် လွတ် လပ်သောဒေသ တော်တော်များများကို သိမ်းပိုက်ကြပြီးလျှင် တသီးတခြား စိုးမိုးအုပ်ချုပ်ကြသည်။ ယင်းတို့အနက် တိုင်း ပြည်ကြီး နှစ်ပြည်မှာ ကျိဝန်ကျန်နှင့် လုအန်ဗရဗန်တို့ ဖြစ်ကြသည်။ ထိုတိုင်းပြည်များသည် တစ်ပြည်နှင့် တစ်ပြည် တိုက်ခိုက်နေကြသည်။ နောက်ဆုံး၌ ကမ္ဘောဇနှင့် ထိုင်းတို့ က ယင်းတိုင်းပြည်များကို ၀င်ရောက် တိုက်ခိုက်ကြသည်။ လော၏ မြောက်ဘက်၌ တရုတ်ပြည်ရှိသည်။
အရှေ့ဘက် ၌ တုန်ကင်းရှိသည်။ တောင်ဘက်၌ ကမ္ဘောဇရှိသည်။
အနောက်ဘက်၌ မဲခေါင် ရှိသည်။
သားတော်ဖန်ညုန် မွေးဖွားလာချိန်၌ သူ့ခမည်းတော်၏
လောပြည်သည် လေးဖက်လေးတန်၌ ၀ိုင်းရံနေသော ရန်သူများကို တွန်းလှန်တိုက်ခိုက်နေရသည်။ ရန်သူများနှင့် တိုက်ပွဲဝင်နေရသည်။ သို့သော်လည်း အင်အားကြီးမား သော ရန်သူများကို နိုင်အောင်မတိုက်နိုင်ပေ။ အနာဂတ် ကံကြမ္မာကို ကြိုတင်ခန့်မှန်းမိသည်ဖြစ်၍ ဖန်ညုန်၏ ခမည်း တော်သည် သားတော်၏ နောင်ရေးအတွက် ပြည်ပသို့ ပို့ထားရန် စီစဉ်ခြင်းဖြစ်လေသည်။ လောကို သိမ်းပိုက်ရန်
အပြိုင်တိုက်နေကြသော တိုင်းပြည် နှစ်ပြည်သည်လည်း
လောအတွက် တစ်ပြည်နှင့်တစ်ပြည် စစ်တိုက်ကြရသည်။
မဟာသမန္တမထေရ်၏ ကြည့်ရှုစောင့်ရှောက်မှုဖြင့် ဖန်ညုန် သည် အန်ကောဝပ် နေပြည်တော်၌ လူလားမြောက်လာ ခဲ့သည်။ ၁၈ နှစ်သားအရွယ်တွင် အန်ကောဘုရင်သည် ဖန်ညုန်အား စစ်တပ်ကို ကွပ်ကဲရန်အတွက် သေနာပတိ အဖြစ် ခန့်ထားလိုက်သည်။ အယုဒ္ဓယနှင့် အန်ကောတို့ သည် တစ်ပြည်နှင့်တစ်ပြည် နှစ်ရှည်လများ စစ်တိုက်နေကြ သည်။ ယင်းစစ်ပွဲကြောင့် သာတော်ဖန်ညုန်
အကျိုးကျေးဇူး ရှိသွားသည်။ ယင်းစစ်ပွဲကို အကြောင်းပြုလျက် ဖန်ညုန် သည် သူ့ခမည်းတော် တိုင်းပြည်ဖြစ်သော လောကို သိမ်း ပိုက်နိုင်သည့် အခြေအနေ ရောက်ရှိသွားသည်။ ယင်းသို့
လောကို သိမ်းပိုက်နိုင်ရန်အတွက် အန်ကောဘုရင်က ဖန်ညုန် အား နည်းမျိုးစုံဖြင့် အကူအညီပေးသည်။ ဖန်ညုန် ပါဝင်တိုက်ခိုက်သော အန်ကောနှင့် အယုဒ္ဓယတို့၏ စစ်ပွဲ၌ အန်ကောဘက်မှ အနိုင်ရရှိသွားသည်။
အပိုင်း (၄၃) ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်