****************
ဒုတိယ ဇယ၀မ္မာ (၈၀၂-၈၉၆) လက်ထက်မှစ၍ ကမ္ဘောဇ သမိုင်းသည် ပိုပြီး ပြတ်သားသွားသည်။ ဒုတိယ ဇယ၀မ္မာ အား နိုင်ငံသူရဲကောင်းအဖြစ် အသိအမှတ်ပြုကြသည်။ ဒုတိယ ဇယ၀မ္မာသည် သူ့ခေတ် သူ့အခါက အင်ဒိုချိုင်းနား ၏ အကြီးကျယ်ဆုံး ဘုရင်ဖြစ်သည်။ ရာစုနှစ်ပေါင်း များစွာ အထိ ကမ္ဘောဇ (ကမ္ဘောဒီးယား)၌ သူ့ ဘုန်းတော်ဘွဲ့ကို သီဆို ကျူးရင့်ကြသည်။
ကွယ်လွန်သွားပြီးနောက်၌ သူ့အား `ပရမေရွှရ' ဟူသော အမည်ကို ပေးအပ်သည်ဖြစ်၍ ဒုတိယ ဇယ၀မ္မာသည် ထို အမည်နာမဖြင့်ပင် ပြည်သူတို့၏ ကြားထဲတွင် ထင်ရှား ကျော် ကြားနေသည်။ `ဆဒိုကာလ်ထုမ်' မှ ရရှိသော အရေး ပါ အရာရောက်သည့် ကျောက်စာတစ်ချပ်၌ ဘုရင် ပရမေရွှ ရ ကို ဂုဏ်ပြုချီးကျူးထားသည်။ ယင်းကျောက်စာအရ ဒုတိယ ဇယ၀မ္မာအား ကမ္ဘောဇ၌ အုပ်ချုပ်မင်းလုပ်ရန် အတွက် ဂျာဗာမှ ပို့လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဂျာဗာ (သီရိဝိဇယ)ဘုရင်က ကမ္ဘေဇကို ၀င်တိုက်သည့် အကြောင်းကို အာရဗ်ကုန်သည် ဆုလေမန်က ခရစ်နှစ် ၈၅၁ တွင် ရေးသားထားသည်။ ရာဟုလာသံကိစ္စည်း၏ အဆိုအရ စစ်ပွဲတွင် အနိုင်ရသွားသူသည် ဂျဗာဘုရင် မဟုတ်ဘဲ သီရိဝိဇယ (ဆုမတြာ)ဘုရင် သီလိန္ဒြဖြစ်၏။ ဂျာဗာလည်း သူ၏ လက်အောက်ခံဖြစ်သည်။ ထိုဘုရင် သည် ၈ ရာစုနှစ် နောက်ပိုင်းနှင့် ၉ ရာစု အစောပိုင်း၌ ဂျဗာ တွင် အလွန် ကြီးကျယ်ခမ်းနားသော ဗုဒ္ဓ၀ိဟာရများနှင့် စေတီပုထိုးများကို တည်ဆောက်သည်။ ယင်းတို့အနက် ဗိုရိုဗုဒိုးသည် တစ်ခု အပါအ၀င်ဖြစ်သည်။ သမိုင်းလမ်း ကြောင်း အပြောင်းအလှည့် ဖြစ်သွားသည်။ ပထမ
ဇယ၀မ္မာ နောက်၌ သီလိန္ဒြမင်းဆက်သည် ကမ္ဘောဇတွင် လည်း စိုးမိုးအုပ်ချုပ်သည်။
တရုတ်သမိုင်းဆရာများ၏ အဆိုကိုထောက်လျက် အိရှန် ၀မ္မာ (အိရှန်ဗရမာ) ခေတ် (၇ ရာစု အစောပိုင်း) အကြောင်း ကို သိရှိရသည်။ ထိုအချိန်၌ ကမ္ဘောဇ၏ နေပြည်တော်မှာ အိရှန်ပူဖြစ်သည်။ မြို့တော်၌ အိမ်ထောင်စု နှစ်သောင်း လောက် နေထိုင်ကြသည်။ မြို့တော်၏အလယ်တွင် ခန်း မဆောင်ကြီးရှိသည်။ ထိုခန်းမဆောင်ကြီး၌ ဘုရင်၏ညီလာ ခံ ကျင်းပပြုလုပ်သည်။ နိုင်ငံ၌ မြို့ကြီးသုံးမြို့ ရှိသည်။ ယင်း မြို့ကြီး သုံးမြို့တွင် ကိုယ့်အုပ်ချုပ်ရေးနှင့်ကိုယ် အုပ်ချုပ်ကြ သည်။ တရုတ်သမိုင်းများမှ ကမ္ဘောဇသားတို့၏အနေအထိုင် ၊ အစားအသောက်၊ အမူအကျင့်
စသည်တို့နှင့် ပတ်သက်၍ သိရသည်။
ဒုတိယဇယ၀မ္မာအား ဆုမတြာဘုရင်ခံအဖြစ် အုပ်ချုပ်ရန်
စေလွှတ်လိုက်သည်။ သို့သော်လည်း ဒုတိယ ဇယ၀မ္မာသည် သီရိဝိဇယနှင့် အဆက်ဖြတ်ပြီး ကိုယ့်ဘာသာကိုယ် လွတ် လွတ် လပ်လပ် ဘုရင်တစ်ဆူအဖြစ် စိုးမိုးအုပ်ချုပ်နေသည်။ ထိုဘုရင်သည် ဗာယွန်းရှိ ကြီးကျယ်ခမ်းနားသော ကျောင်း တော်ကြီးနှင့် အနုပညာမြောက်လှသော အန်ကောသုန်ကို
တည်ဆောက်ခဲ့သည်။ ရှေးဟောင်း သမိုင်းသုတေသီများ၏ အဆိုအရ ဗာယွန်းသည် အစပထမက ဗုဒ္ဓကျောင်းတော် ဖြစ်ခဲ့သည်။ နောက်ပိုင်းကျမှ သိဝနတ်ဘုရာကျောင်းအဖြစ် ပြောင်းသွားခြင်း ဖြစ်သည်။ ဒုတိယ ဇယ၀မ္မာသည် စော စော ပိုင်းက ဗုဒ္ဓဘာသာကို ထူးထူးခြားခြား သက်ဝင်ယုံ ကြည် သူဖြစ်သည်။ သို့ရာတွင် နောက်ပိုင်း၌ စိတ်ပြောင်း သွားသည်။ သူ၏ အရိုက်အရာခံမှာမူ လုံးဝ ဗုဒ္ဓဘာသာ ၀င် မဟုတ်ပေ။ ထို့ကြောင့် ဗာယွန်းကို တည်ဆောက်ပြီးသော အခါ ဗာယွန်းသည် သိဝိနတ်ဘုရားကျောင်းအဖြစ် ပြောင်း လဲသွားသည်။
ဒုတိယ ဇယ၀မ္မာ၏သားတော် တတိယ ဇယ၀မ္မာ (၈၆၉-၈၇၇)
နောက်ပိုင်း၌ ဇယ၀မ္မာမင်းဆက် ပြတ်သွား သည်။ ပထမ ဣန္ဒြ၀မ္မာ (၈၇၇-၈၈၉)သည် ကျောင်းတော် ပေါင်းများစွာကို တည်ဆောက်ခဲ့သည်။ ထိုဘုရင် တည် ဆောက်သော အဆောက်အအုံများသည် ဒုတိယဇယ၀မ္မာ ၏ အဆောက်အအုံများနှင့် နီးစပ်မှုရှိသည်။ ပထမ ဣန္ဒြ၀မ္မာ ၏ သားတော် ယသောဝမ္မာ (၈၈၉-
၉၀၉) သည် ဗာယွန်း တည်ဆောက်မှု လုပ်ငန်းကို အပြီးသတ်လျက် ယင်း၏ အနီး ၌ ယသောဓပူရနဂရမြို့ကို တည်ထောင်သည်။ ကမ္ဗုပူရီ
သို့မဟုန် မဟာနဂရသည် အန်ကောသုန် မဟာနဂရ၏
ကမ္ဘောဇအမည် ဖြစ်သည်။ အန်ကောသည် နိုကိုရ (နဂရ) ၏ တစ်ဖြစ်လဲအမည် ဖြစ်သည်။
ယသောဝမ္မာ၏နိုင်ငံ အကျယ်အ၀န်းသည် မြန်မာနှင့် စမ္ပာ အလယ်ရှိ အင်ဒိုချိုင်းနားအထိ ပြန့်ကျယ်သည်။ ထိုဘုရင်၏ အရိုက်အရာခံများသည် အန်ကောသုန်ကို ပြုပြင်မွမ်းမံ လာ ခဲ့ကြသည်။ သို့ရာတွင် ပဉ္စမ ဇယ၀မ္မာသည် အန်ကောသုန် ကို လုံးဝ လျစ်လျူရှုထားသည်။ အန်ကောသုန်သည် နှစ် ပေါင်းများစွာအထိ ကြည့်ရှုစောင့်ရှောက်သူနှင့် ကင်းဝေးနေ ခဲ့သည်။ ထို့နောက် တစ်ဖန် ဒုတိယ ရာဇိန္ဒြ၀ိမ္မာ (၉၄၄-၉၆၈) သည် အန်ကောသုန်ကို သူ၏ နေပြည်တော် အဖြစ် ဖန်တီးလိုက်သည်။ တရုတ်သမိုင်းနှင့်
တူးဖော်တွေ့ ရှိ ရသော ကျောက်စာများအရ ဒုတိယ ရာဇိန္ဒြ၀မ္မာသည်
စမ္ပာကိုလည်း အနိုင်တိုက်ယူခဲ့သည်။ ------------
ပဉ္စမ ဇယ၀မ္မာ၊ ပထမ သူရိယ၀မ္မာ၊ ဥဒယဒိဗျဝမ္မာတို့၏ ခေတ်သည် ရာစုတစ်ခုထက်ပင် (၉၆၄-၁၀၇၆) ရှည်ကြာခဲ့ သည်။ ယင်းရာစုနှစ်၌ ဗိသုကာအတတ်ပညာ အလွန်တိုး တက် သည်ဟု သိရသည်။ ဥဒယာဒိဗျဝမ္မာ၏နောက် ဒုတိယ သူရိယ၀မ္မာ (၁၁၁၂-၁၁၆၂) ခေတ်ရောက်လာ သည်။ ထိုခေတ်သည် အချိန်ကာလ ရှည်ကြာခြင်း မရှိ သော်လည်း ဒုတိယ သူရိယ၀မ္မာသည် ကမ္ဘောဇနှင့် စမ္ပာကို အောင်မြင်စွာ တပေါင်းတည်း ပြုလုပ်နိုင်ခဲ့သည်။ တချို့ သမိုင်းဆရာများက ဒုတိယ သူရိယ၀မ္မာသည် လင်္ကာဒီပ
သီဟိုဠ်ကျွန်း (သီရိလင်္ကာ)ကိုလည်း အနိုင်တိုက်ယူခဲ့ သည် ဟု ဆိုကြသည်။ သို့ရာတွင် ယင်းအချက်နှင့် စပ်လျဉ်း၍
အထောက်အထား ခိုင်ခိုင်လုံလုံမရှိပေ။
ရာဟုလာသံကိစ္စည်း၏ အဆိုအရ ထိုခေတ်မတိုင်မီက
ပထမသူရိယ၀မ္မာ ထီးနန်းစိုးစံသည်။ ထိုအချိန်မှစ၍ ကမ္ဘောဇ၌ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားလာသည်။ ပထမ သူရိယ၀မ္မာအား ကမ္ဘောဇ၏ ပထမဦးဆုံး ဗုဒ္ဓဘာသာဝင် ဘုရင်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ယင်းသို့ဆိုခြင်းအား ဖြင့် ပထမ သူရိယ၀မ္မာသည် ဗြာဟ္မဏဘာသာအပေါ် စိတ် ၀င်စားခြင်းမရှိ ဟူသော အဓိပ္ပာယ်လည်း မဟုတ်ပေ။ ကမ္ဘောဇ၌ ဟိနယာနဗုဒ္ဓဘာသာ သြဇာလွှမ်းမိုးမှု ရရှိသည့်
အချိန်မှစ၍ ထေရ၀ါဒ ဗုဒ္ဓဘာသာသမိုင်း အစပြုလာသည်။
ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် ကနဦး ကြိုးပမ်း ဆောင်ရွက်ချက်များကြောင့်သာလျှင် ဗုဒ္ဓဘာသာသမိုင်း၌
သူရိယ၀မ္မာ၏ အခန်းကဏ္ဍ ထင်ရှားပေါ်လွင်နေခြင်းဖြစ် သည်။
အန်ကောဝပ်ကို မည်သည့်နတ်ဘုရားအတွက် မည်သူတည် ဆောက်သနည်း ဆိုသည်နှင့် ပတ်သက်၍ မျက်မြင် အထောက်အထား မရရှိပေ။ ဒုတိယ သူရိယ၀မ္မာနှင့်
သူ၏ ဆရာ ဂုရုဒိဝါကရပဏ္ဍိတတို့ တည်ဆောက်ခြင်းဖြစ်သည်ဟု ခန့်မှန်းကြသည်။ အန်ကောဝပ်သည် ထိုအချိန်က ဗိရှဏု
(ဗိဿနိုး)ကျောင်းဖြစ်ပြီး နောက်ကျမှ ထေရ၀ါဒ ဗုဒ္ဓဘာ သာ ကျောင်းတော်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပေလိမ့် မည်။
ဒုတိယ သူရိယ၀မ္မာနှင့် သူ၏ အရိုက်အရာခံ သတ္တမ ဇယ၀မ္မာ တို့၏ ကျောက်စာများ၌ ထိုးထားသည့် အက္ခရာ
အရေးအသားမျိုးနှင့်တူသော အက္ခရာ စာလုံးမျိုးကို အန်ကောဝပ်၌ တွေ့ရသည်။ အန်ကောဝပ်ကျောက်စာ၌ ပရမ၀ိဏုလောက ဘုရင်အကြောင်း စကားစပ်ထားသည်။ ဒုတိယ သူရိယ၀မ္မာဘုရင်အား ကွယ်လွန်ပြီးသည့် နောက် ပိုင်း၌ ယင်းအမည်နာမဖြင့် ခေါ်ဝေါ်သမုတ်ကြသည်။ သို့ရာ တွင် သူရိယ၀မ္မာအား မဟာယာန ဗုဒ္ဓဘာသာဝင်ဟု ဆိုကြ သော်လည်း အန်ကောဝပ်၌ မဟာယာန ဗုဒ္ဓဘာသာ အမှတ် လက္ခဏာများကို မတွေ့ရပေ။ အန်ကောဝပ်၏ ပုံသဏ္ဌာန် အနေအထားနှင့် ဗိသုကာ အတတ်ပညာသည် အန်ကော သုန် ထက် နောက်ကျသည်ဟု အဆိုရှိသည်။
သတ္တမ ဇယ၀မ္မာ (၁၁၈၂-၁၂၀၂)၏ ခေတ်သည် ကမ္ဘောဇ ဗုဒ္ဓဘာသာသမိုင်း၌ အရေးပါသောခေတ် ဖြစ်သည်။ သတ္တမ ဇယ၀မ္မာအား ကမ္ဘောဇ၏ အသောကဟု ဆိုကြသည်။ သူ
ကွယ်လွန်သွားပြီးသည့် နောက်ပိုင်း၌ သတ္တမ ဇယ၀မ္မာ ဘုရင် အား မဟာပရမသောဂတ ဘွဲ့ထူးပေးကြသည်။ ယင်း ကိုထောက်လျက် သတ္တမ ဇယ၀မ္မာ၏ ဘာသာတရားအပေါ် ကိုင်းရှိုင်းပုံကို ထင်ရှားပြတ်သားစွာ သိရှိရသည်။ သတ္တမ ဇယ၀မ္မာသည် ကမ္ဘောဇ၏ ဘုန်းလက်ရုံးနှင့် ပြည့်စုံသော ဘုရင်ဖြစ်သည် ဆိုသည်မှာမူ ငြင်းပွားဖွယ်မရှိပေ။ သူ၏ နိုင်ငံအကျယ်အ၀န်းသည် အနောက်ဘက် တွင် ဘင်္ဂလား ပင်လယ်အော်အထိလည်းကောင်း၊ တောင်ဘက်တွင် မာလာယု ကျွန်းအထိလည်းကောင်း ကျယ်ပြန့်သည်။
အပိုင်း(၄၁)ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်