ဒီပို့စ်ကတော့ အထူးတလည် မဟုတ်ပေမယ့်လို့
ပေးဝေလိုတာလေး တစ်ခုရှိလို့ ရေးပေးလိုက်ပါတယ်
ထိခိုက်ပါစေလို့တော့ ရည်ရွယ်ချက် မရှိပါဘူး
သရုပ်ပြသဘော အဆင်ချောအောင် ခဏသုံးလိုက်တာပါ
ဒီအောက်က ကဗျာလေးရေးထားတဲ့ ဆီမှာ မန့်သွားတဲ့
အမြင်တစ်ခုနဲ့ ပက်သက်နေလို့ ပြန်ထည့်ပေးလိုက်တယ်
----------------
----------------
တွေးမရတဲ့အကြောင်း
စုပေါင်းကာ အဖြေရှာ
သေချာရင် ကြေငြာမယ်တဲ့
ဆရာသခင်များ မိန့်ကြားခဲ့သည်မှာ
စုပေါင်းကာ အဖြေရှာ
သေချာရင် ကြေငြာမယ်တဲ့
ဆရာသခင်များ မိန့်ကြားခဲ့သည်မှာ
အာဇာနည်နေ့ နီးလာရင်
ဗိုလ်တေဇ အကြောင်း စာတွေဖွဲ့တယ်
သခင်အောင်ဆန်းအကြောင်း ကဗျာသီကြတယ်
မောင်ထိန်းလင်းအကြောင်း အက်ဆေးရေးတယ်
ဗိုလ်တေဇ အကြောင်း စာတွေဖွဲ့တယ်
သခင်အောင်ဆန်းအကြောင်း ကဗျာသီကြတယ်
မောင်ထိန်းလင်းအကြောင်း အက်ဆေးရေးတယ်
မသိလို့မေးပျစေ
ဗိုလ်အောင်ဆန်းမှ အာဇာနည်လား
ကျန်တဲ့သူတွေက ပဇာတွေတုန်း
မောင်ဘုန်း တွေးမရ
ကြံဆကာ မစစေလို
စေတနာပိုသူအား
အမှာတော်ပါးလိုက်တယ်
ဗိုလ်အောင်ဆန်းမှ အာဇာနည်လား
ကျန်တဲ့သူတွေက ပဇာတွေတုန်း
မောင်ဘုန်း တွေးမရ
ကြံဆကာ မစစေလို
စေတနာပိုသူအား
အမှာတော်ပါးလိုက်တယ်
ပဟေဠိ ညှိကြစို့ အဖြေ……
--------------------
ဒီကဗျာကို ဖတ်ပြီးတဲ့ အခါ အပြုမြင်တတ်တဲ့ သူက တမျိုး မြင်ပါလိမ့်မယ် အပျက်မြင်တတ်သူက တစ်မျိုးမြင်ပါလိမ့် မယ်
ဝေဖန်တာလာ ရှုံ့ချတာလား
အပြစ်မြင်တာလား ဖြစ်စေချင်တာလား
အပြစ်မြင်တာလား ဖြစ်စေချင်တာလား
စတဲ့ စတဲ့ အမြင်သဘောတရားလေးက စာဖတ်သူရဲ့
ရပ်တည်ချက်က အပြုလား အပျက်လား ခွဲခြားပေးသွား ပါ
လိမ့်မယ် အောက်က ပုံကို ကြည့်ပါ စာဖတ်လိုက်ရင် ဒီ
ကဗျာလေးအပေါ်က တဆင့် သက်ဆိုင်သူသို့ မြင်လိုက်တဲ့
အမြင်က ဘယ်လိုအမြင် ဖြစ်သွား စေမလဲ စာဖတ်သူ ကိုယ်
တိုင် ဆုံးဖြတ်နိုင်မှာပါ ကိုယ့်ရဲ့ အလွှမ်းမိုးခံ သဘောထား
တိုင် ဆုံးဖြတ်နိုင်မှာပါ ကိုယ့်ရဲ့ အလွှမ်းမိုးခံ သဘောထား
နဲ့ မခိုင်မာတဲ့ ရပ်တည်ချက်တွေ စွဲကိုင်ထားတဲ့
လူတစ်ယောက်မှာ အလယ်အလတ်ဖြစ်စေ သမာသမတ်
ဖြစ်စေ တဲ့ မူလ ပင်ကိုယ်စိတ်ဟာ ပျောက်ကွယ်ငုပ်လျှိုး နေ
တတ်မြဲပါ လူတစ်ယောက်ဟာ တဖက်က ဓါးကိုင်ထားရင်
တဖက်က ဒိုင်းကိုင်ထားရမယ် တဖက်က လေးကိုင်ထားရင်
တဖက်က မြှားကိုင်ထားရမယ် ဘက်ပဲ့နေပြီ ဆိုရင်
အန္တရာယ် များပါတယ် လေးမြှား ဓါးဒိုင်း လက်နှစ်ဖက်
အလယ်က လူက ကိုယ်ဖြစ်နေရပါမယ် အတွဲညီမှ တိုက်လို့
ရပါတယ် သိစေချင်တယ် ဝေဖန်ရှုံချတာနဲ့
ဝေဖန်ထောက်ပြတာ မတူဘူး ဆိုတာ သိသလိုလို မသိသ
လိုလို ဖြစ်နေတာ အများစုပါပဲ ပါးစပ်က ပြောချင်ပြောပေ
မယ့်လို့ ကိုယ့်အရေးနဲ့ ပက်သက်လာရင် ဖောက်ပြားလို့
မှောက်မှားတတ်ပါတယ် ဓမ္မတာကို မကျော်နိုင်သေးသမျှ
ရှေ့ရောက်လာဖို့ မရှိပါဘူး
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်