စနေ

ဂြိုဟ်တိုင်ကို ဒူးထောက်ခစားလို့
ကိုယ်တိုင်ကိုယ် ဆူးကျောက်ချထားလိုက်တယ် ရောက်ခဲ့တယ် စနေ
အရက်မမူးဘဲ နတ်ဝင်ပူးလိုပူး
မြေပြင်လူးဆိုလူးသူမို့
လူတချို့ စောင်းငမ်းငမ်း ကြည့်သွား
လူတချို့ ခေါင်းယမ်းယမ်း သွားခဲ့တယ်
သူတို့လည်း ကြောင်အမ်းအမ်း ဖြစ်ဖူးတယ်ထင်ရဲ့
စနေစန်းပြီး စနေစန်းတော့
ထပ်မလာဘူးပေါ့
ရှေ့တစ်လှမ်းပြီးတော့
နောက်တစ်လှမ်း
ထပ်လာတာပဲလေ။
ဘယ်ဗျူဟာ ဘယ်စနစ်မှ မသုံးဘဲ
ငါ့ကို ဆွဲလှည့်သွားပုံများ
အိမ်ပေါင် ယာပေါင်ခေါင်းမွှေးပါ ပြောင်တယ်ဟေ့ 
စနေလက်ဖျောက်တစ်ချက်တီးပြီး
ဒီပွဲမှာ ငါနိုင်တယ်လို့ အရှက်မရှိတဲ့
 မျက်နှာနဲ့ ဒေါက်မြင့်ဖိနပ်စီးပြီး 
အခြောက်တိုက်
ဘ၀င်မမြင့်လိုက်ပါနဲ့
မင်းရဲ့အောင်မြင်ခြင်းဟာ
ရှေ့ကို ခုန်မယ့်ဖား
နောက်တစ်လှမ်း ဆုတ်တာမဟုတ်ဘူး
နောက်ကို ဆုတ်မယ့်ဖားရှေ့တစ်လှမ်း 
တိုးလိုက်တဲ့သဘောပဲ။
တိုးသလောက်တော့ မရောက်ပါဘူး
ရောက်သလောက် တိုးနေတာနေမှာ
အရင်လောက် မဆိုးပေမယ့်
ဆင်လောက် စကားမျိုးတွေကို
ဗိုလ်လိုပြောပြီးဒဏ်ရာရ ဆူးခင်းလမ်းမှာ 
ငါကျိတ်ငိုနေမယ်များ ထင်သလား စနေ
ဒီမြေပေါ် မတ်မတ်ရပ်လို့ငါ
မကျေဇာတ်ခင်း ရပ်နိုင်သေးပါတယ်
ကျိန်စာတွေနင်းလို့ မင်းရယ်နိုင်ပါစေ။
မင်းနဲ့တကွ အပေါင်းအသင်းတွေ
ငါ့ဆုတောင်းမှာ အကောင်းတသင်း
ရှိနိုင်ပါစေတော့ စနေဟာသူထောင့်မှာသူ
ရပ်စောင့်လို့ ငါဟာ သူ့ထောင့်ကို ဖြတ်လျှောက်လာခဲ့တယ်
ရောက်သလောက် ဖောက်ခဲ့ပေါ့။ ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်