မိန်းမသားဆိုတာ---အားနွဲ့ပါသတဲ့---
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
သေချာရဲ့လား ဟုတ်ရဲ့လားဟင်..။
ဖောင်သာစီးဘူး ၍ မီးမနေဘူးသူတို့ရဲ့ သတ်မှတ်ချက်အထင်သက်သက် သာဖြစ်ပေ...လိမ့် …..။
နာကျင်မှုတွေ အဆုံးစွန်...
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
လျင်မြန်စွာ လွန်မြောက်ပါစေသား။
ခွန်အားဆိုတာ ကိုယ်တွင်းမှာသာရှိ။
ပြင်ပမှာလည်းရှိမနေ။
ချွေးစက်တွေက ---ဇီးကင်းတမျှမျက်ရည်များလည်း မကျချင်။လက်သီးဆုပ်ထား၊ မာန်တင်းထားပေါ့။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သတ္တိ သွေးတွေ...စွေးစွေးနီ..၊ခိုင်ကျည် စိတ်ဓာတ်----မြင့်မြတ်ပါစေ။ဒါဟာ တိုက်ပွဲ----ရဲရင့်ပါစေ။
သင့်ရဲ့ ဘဝသမိုင်း----- မရိုင်းစေနဲ့။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ----အစွမ်းကုန် စုစည်းကြီးမြတ်တဲ့
သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။
နူးညံ့ခြင်း မှာ စွမ်းအားရှိ ၊ ဘယ်သူအဖြေညှိချင်သလဲ..။
ကဲ----အစွမ်းကုန် စုစည်းကြီးမြတ်တဲ့
သင့်မေတ္တာ နဲ့ သင်ကျော်ဖြတ်နိုင်မှာပါ..။
ဘာလေးလဲဟင်၊အင်္ဂါစုံလား....
ပေါင်ပြည့်လား နဲ့မနားနိုင်ပါ။သား---ဆိုပါ့လား၊ လျှပ်ပျက်သွားသလို....လင်းလက် စွာစီးဆင်း
ကရုဏာ မြစ်တစ်စင်း၊ ချစ်ခြင်းလှိုင်းထ
ခုဏ ဝေဒနာ သူမဟုတ်သလိုပါပဲ
ရင်ထဲက ပီတိ ၊ နှိုင်းပြစရာမရှိခဲ့တာ အသေအချာမှတ်မိနေခဲ့တယ်။
သား--တဲ့

ဤမျှ အဓိပ္ပါယ်ပြည့်ဝသောစကား၊
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...
အရင်က မသိခဲ့ မရှိခဲ့
အခုမှ သိ...ထိထိရှရှ--မိမိရရ
ကျန်တာဘာမှ အရေးမကြီး
ကျန်တာ ဘာမှ အဓိပ္ပါယ် မရှိ
ကျန်တာ ဘာမှ အဓိက မကျ..
ဒါသာလျင် ပဓာန တဲ့
ကျောက်ချ...
ထုဆစ်ရွှန်းသစ်သော မိခင်ဘဝ
အဲဒီနေ့ကစတင်၊သန့်စင်စွာ နိုးထ၊
အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊
မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။
ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....
ဖန်ဆင်းရှင် မရှိပကတိ စွမ်းအားရှင်-----
မိခင် ဖြစ်တယ် ကလေးရေ..။
အဲဒီနေ့ကစတင်၊သန့်စင်စွာ နိုးထ၊
အရပ်ရှစ်မျက်နှာ မက---
လောကကို လည်းကြည့်ရဲ၊
မာနကိုလည်း လွှင့်ရဲ၊
ရဲတဲ့နေ့ တွေ ရှည်ခဲ့တယ်။
ရှာဖွေကြည့် ပါ၊
၃၂ ကောဋ္ဌာသ မှာ နို့ရည် ဆိုတာမပါဝင်
ဆင်ခြင်ဉာဏ် စိတ်သွင်း နော်.....
ဖန်ဆင်းရှင် မရှိပကတိ စွမ်းအားရှင်-----
မိခင် ဖြစ်တယ် ကလေးရေ..။
ကြီးကျယ်သောမေတ္တာတရား
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။
နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
အရာရာအားပြောင်းလဲစေ၊
နီသောသွေးတွေ ဖွေးဖွေးဖြူခဲ့ ….။
နှိုင်းပြုစရာ ၊ ဥပမာဆောင်---
မြင့်မိုရ်တောင်ဟာ နွားချိုလောက်သာ ရှိပါသတဲ့။
မဟာသမုဒ္ဒရာဟာ ရေအိုင်ငယ် သဖွယ်တဲ့။
ကမ္ဘာမြေကြီး ဟာ ဝါးရွက်လောက်သာ ရှိသတဲ့ ။ တကယ်လို့များသားရဲ့အမေ၊ သည်အမေ ဟာ တဏှာမြှေးယှက် ၊ မပေးရက်သူ။ပေမ ငါးမျိုး ၊ မကိုးစားသူ။မျှော်လင့်ချင်စိတ် ၊တိတ်တိတ် ဖြေသူ။ အလွမ်းမီးငြှိမ်း၊ သိမ်းဆည်းတတ်သူ။သံယောဇဉ် မပါ၊ မေတ္တာဖြူစင်၊ ကြည်လင်ချင်သူ။ တာဝန်ကျေခြင်း၊ဝဋ်နှောင်ကင်း သူ။
ကျေးဇူးရှင် ဂုဏ်ပုဒ် ၊မဖေါ်ထုတ်ချင်သူ။ ဘဝဇာတ်ထုပ်၊ကကြိုးမရှုပ်လို၊ဟိုအဝေးမှ အေးမြစေသူ။

ထိုထိုသူများ၊ ဖြစ်နေငြားလျှင် မေတ္တာသည်ကား၊ မေတ္တာတရားအဖြစ်ခံစား
နားလည်
သား ကျေနပ်မယ် ယုံကြည်တယ်။
ချစ်သောမေမေ
သား ကျေနပ်မယ် ယုံကြည်တယ်။
ချစ်သောမေမေ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်