မသိခဲ့ပါဘူး
ယခင့် ယခင် ဟိုးအရင်က…။
ခုတော့
ကီးဘုတ်ပေါ်ပြေးလွှားနေတဲ့
မညီမညာ လက်ချောင်းတွေကို မြင်တိုင်း
ညီညာလှပမြတ်ဗုဒ္ဓရဲ့ လက်ချောင်းတွေကို
အားကျမိပါရဲ့…။
ခွက်ဝင်နေတဲ့ကိုယ့်ခြေဖ၀ါးကို
ငုံ့ကြည့်မိတိုင်း ရှက်ရွံ့မှုနဲ့အတူ
မဟာကရုဏာရှင်ကို အားနာမိပါရဲ့…။
ဒါလေးကောင်းတယ်
ဟိုအရာ သဘောကျတယ်နဲ့
တစ်ပါးသူရဲ့ ပေတံတွေကြားမှာငါ… 
လက်မဖြစ်လိုက်…စင်တီမီတာဖြစ်လိုက်…။
သူတို့အတွက် လက်ခုပ်
တီးခဲ့ပေါင်းလည်း များပြီ၊
သူတို့တီးတဲ့ လက်ခုပ်သံတွေ လည်း
နားထောင်ခဲ့ဖူးပြီ…။
အဲ…ငါ့ကိုယ်ငါ လက်ခုပ်တီးဖို့ကျတော့
အားလျော့နွမ်းလျ…။
သူတို့ကပဲ ငါ့ကို
အုပ်စိုးခဲ့တာလား
ငါကပဲအုပ်စိုးခံဘ၀မှာ
ပျော်နေခဲ့တာလား…။
မဟုတ်မဟုတ်…ဟုတ်တယ်
ဘယ်ဘ၀ရောက်နေမှန်းကို
ငါ့ကိုယ်ငါ မသိခဲ့တာ…။
သေသေချာချာ ငါကြည့်လိုက်တော့ ဟိုက်…
ချိန်ခွင်လျှာ Error တက်နေပြီ…။ ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်