***************************
ရုန်းတက် မှန်ရမယ်
လူတိုင်း ရုန်းတက်သမားချည်းပါ။ သေးသေးတင် ရုံးတော့ မဟုတ်၊ နသတ် ရုန်းပါ။ နေ့တိုင်းရုန်း တက်နေကြတယ်။ မနိုင်မနင်း ရုန်းပြီး တက်နေကြ တာမျိုး မဖြစ်စေရဘူး။ ဒါန၊သီလ၊ ၀ိပဿနာပုံစံနဲ့ စွမ်းအားပေါ်အောင် ရုန်းပြီး တက်နေကြတာပဲ ဖြစ်စေ ရမယ်။ ၀ီရိယစွမ်းအား နဲ့ စိတ် အပူ အခိုး အငွေ့တွေထဲက ကျွတ်ထွက်အောင် ရုန်းပြီး တရား စွမ်းရည် ပေါ်အောင် တက် ရမယ်။ ၀ီရိယဟာ စိတ် ရဲ့ အပူတွေကိုလည်း ကန်ထုတ်ပစ်ရတယ်။ စွမ်း အားပေါ် အောင် ရှေ့ကိုလည်း တွန်းပြီး ရုန်းတက်ရ တယ်။ ကန်တာ အားကောင်းမှ ရုန်းတက် မှန်သွား မယ်။ လိုရင်းကတော့ သတိပါပဲ။
ဓာတ်လုံးပေးရမယ်ဖိုးထူး ဆိုတဲ့ လူငယ် တစ်ယောက် ဦးပဉ္ခင်းထံရောက်လာတယ်...
သူက...အရှင်ဘုရားတို့မှာ ဓာတ်လုံးရှိသလား၊ ရှိရင် တပည့်တော်ကိုလည်း ပေးပါဘုရားတဲ့။
ရှိပါတယ်ကွယ်၊ လိုချင်ရင် ၃လုံးပေးရမှာပေါ့။
၃လုံးကြီးတောင် ပေးမယ် ဆိုတော့ သိပ်ဝမ်းသာ လိုက်တာ ဘုရားတဲ့။
ကဲ ဖိုးထူး၊ ဓာတ်လုံးပေးမယ်၊ လိုက်ဆိုပါ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ ဆိုတော့ ဖိုးထူးက ဒီသရဏဂုံ ၃ပါး ကို တပည့်တော်ငယ်ငယ်ကလေးက စရပြီး သားပါ။ လိုက်ဆို စရာ မလိုပါဘူးတဲ့။
ဟဲ့...ဖိုးထူး၊ အဲဒီ နှုတ်ကျိုးလို့ရနေတာက ဓာတ်မပါဘူး ကွဲ့၊ ရတနာသုံးပါး ရဲ့ ကောင်းတဲ့ အံ့ဖွယ်စွမ်း အားဓာတ် တွေ ကိုယ်သန္တာန်မှာ၊ ကိုယ်စိတ်နှလုံးမှာ ကူးစက်ပြီး ကျန် နေခဲ့မှ ဓာတ်လုံးဖြစ်မျာပေါ့။ ကောင်းတဲ့ စွမ်းအားဓာတ်တွေ ကူးနေခဲ့ဖို့ ဆိုရင် စစ်မှန်သန့်စင်လေးနက်တဲ့ သဒ္ဓါ၊ သတိ၊ ပညာ လိုတယ်။ အကောင်းဓာတ်တွေ နှလုံးသား အရောက် ပို့ဆောင်ထည့်သွင်း ပေးနိုင်မှ ဓာတ်လုံးခေါ်ရတယ်။
ဒီဓာတ်လုံးတွေက တကယ်စွမ်းတာကွဲ့၊ တစ်ဘ၀တွင် မကဘူး၊ နိဗ္ဗာန်အရောက် သံသရာ တလျှောက် ကြောက် တာလည်း အကုန်လွတ်စေ၊ လိုတာမှန်သမျှလည်း အကုန် ရစေနိုင်တဲ့ အံ့ဖွယ် ဓာတ်လုံးတွေဖြစ်လို့ တစ်သက်လုံး လက်မလွတ်ဘဲ အမြဲဆောင်ထားစမ်းပါ။
ဗေဒင်ကော ဟော သလား
ဓာတ်လုံး၃လုံးရလို့ အားတက်ဝမ်းသာလှတဲ့ ဖိုးထူး က ဆက်မေးတယ်။
အရှင်ဘုရား.... ဗေဒင်ကောဟော သလား ဘုရားတဲ့။ ဟောတော့ ဟောပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဓမ္မ ဗေဒင် အတိုချုပ် လောက်ပဲဟောတယ်။စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်ပူစရာ မကောင်းကျိုး ရနေတာက မကောင်းတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန် ကံကြောင့်ပဲ၊ စိတ်အေးမြ ရွှင်လန်းတက်ကြွဖွယ် ကောင်း ကျိုးရနေတာကတော့ ကောင်းတဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ကြောင့်ပဲ။ ကံဆိုတာ အလုပ်ပဲ။ အလုပ်မှားရင် မလိုတာတွေ ရတယ်။ အလုပ်မှန်တော့ လိုတာရတယ်။ အတိတ်ကံ ကိုသာ ကံလို့ခေါ်တာ မဟုတ်ဘူး။ ပစ္စုပ္ပန်ကံကိုလည်း ကံ လို့ခေါ်တာပဲ။ အတိတ်ကံကောင်းလျက် နဲ့ ပစ္စုပ္ပန်ကံညံ့ လို့ မဖြစ်သင့်တာ ဖြစ်ရတာတွေ အများကြီးပါ။ အချုပ် ကတော့ မကောင်းကျိုးရတာ မှန်သမျှ အတိတ်ကံနဲ့ ပစ္စုပ္ပန် ကံကောင်းလို့ ပါပဲ။
ယတြာတွေကော ချေသလား ဖိုးထူး ဆက်မေးတယ်။
ယတြာကော ချေပေးသလား ဘုရားတဲ့။
ဗုဒ္ဓဓမ္မ ယတြာတော့ ချေပေးပါတယ်။ အောက်ကျ ဆင်းရဲ မလိုချင်ရင် မကောင်းတဲ့ အလုပ်၊ အပြော၊ အတွေးကိုရှောင်၊ အဆင့်မြင့် ချမ်းသာတာ လိုချင်ရင် ကောင်းတဲ့အလုပ်၊ အပြော၊ အတွေးကို ဆောင်ထား၊ လိုရင်းကတော့ သတိ ပညာပါပဲ။
စာကိုး
တိပိ ယောဆရာတော်ဘုရားကြီး၏ နှလုံးသားဝယ် ဘုရား တည်- ၈
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်