#‎ပေါ့ပေါ့ပါးပါးရယူကြပါ‬


*************

Akar Phyoe Kanbauk's photo.
ကိစ္စလည်းနည်း ရလည်းရလွယ် အပြစ် လည်းကင်း သော ထိုအရာဝတ္ထုတို့သည် ဤလေးမျိုးတို့ တည်း၊
အဘယ်လေးမျိုးတို့နည်း-
သင်္ကန်းတို့တွင် ပံ့သကူ သင်္ကန်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုပံ့သကူ သင်္ကန်း သည် အပြစ်လည်း မရှိ၊
ဘောဇဉ်တို့တွင် သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ ရအပ်သော ဆွမ်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုဆွမ်းသည် အပြစ်လည်း မရှိ၊
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုကျောင်း သည် အပြစ်လည်း မရှိ၊
ဆေးတို့တွင် နွားကျင်ငယ်ဖြင့် ထုံအပ်သော ဆေး သည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုဆေးသည် အပြစ်လည်းမရှိ၊
ကိစ္စနည်း ရလွယ် အပြစ်လည်း မရှိ ကုန်သော ထို အရာဝတ္ထုတို့သည် ဤလေးမျိုးတို့ တည်း၊
ရဟန်းသည် ကိစ္စနည်းသဖြင့်၊ ရလွယ်သဖြင့် ၊ အပြစ်မရှိသဖြင့် ထိုရဟန်း ရောင့်ရဲ၏၊
ထိုရဟန်း၏ ဤရောင့်ရဲခြင်းကို သီလ သံဝရစသည် တို့တွင် တစ်ပါး အပါအဝင်ဖြစ်၍ အရိယမဂ်၏ အကြောင်း အင်္ဂါဟု ငါဆို၏၊
ဒီအနက်သဘောကို-
''အပြစ်မရှိသဖြင့် ၊ ကိစ္စနည်းသဖြင့် ၊ ရလွယ်သဖြင့် ရောင့် ရဲသော ရဟန်းအား ကျောင်း သင်္ကန်း အဖျော် ဘောဇဉ်ကို အကြောင်းပြု၍ စိတ်ပင်ပန်းမှု မဖြစ်၊ အရပ်မျက်နှာကို မညှဉ်းဆဲ။ အရိယမဂ် အား လျော်ကုန်သော အကြင်တရား တို့ကို မြတ်စွာ ဘုရား ဟောကြားတော် မူအပ်ကုန်၏၊ ထိုတရားတို့ ကို မမေ့မလျော့ ကျင့်သော ရောင့်ရဲလွယ်သော ထို ရဟန်းသည် သိမ်းကျုံးယူနိုင်၏'' ဟုဟော၏။
ကိုးကား
သုလဘသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်