အပျိုကြီးတွေ သမ္မတ ဖြစ်လာမယ် ဆိုရင် ...


..
တစ်ခါတလေ စဉ်းစားမိတာတစ်ခု ရှိတယ်။ ဒီလောက် စစ်ပွဲတွေ ဖြစ်နေကြတာ ကျွန်တော်တို့ ယောကျာင်္းတွေကြောင့်များလား လို့ ...ဒါကြောင့် အပျိုကြီးတွေများ သမ္မတဖြစ်လာမယ် ဆိုရင် ..
..
အပျိုကြီးတွေဟာ ငွေကြေးသုံးစွဲရာတွင် စေ့စပ်သေချာတတ်တဲ့အတွက် သမ္မတဖြစ်လာမယ် ဆိုရင် တိုင်းပြည်ဘဏ္ဍာတွေကို ပိုမိုထိထိရောက်ရောက် အကျိုးရှိရှိ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကုမ္ပဏီတော်တော်များများမှာ စာရင်းကိုင်တွေ၊ စာရင်းစစ်တွေကို အပျိုကြီးတွေကို ခန့်ထားလေ့ရှိပါတယ်။ (သမ္မတရုံးထိုင်ရင်း နေ့လယ်ခင်းဖက် အချဉ်ထုပ်စားတာနဲ့ မုန့်တီထွက်သောက်မျိုးတော့ ရုံးငွေထဲက ပါကောင်းပါနိုင်တာပေါ့လေ။)

အပျိုကြီးတွေဟာ ငယ်ရွယ်ပြီး နုပျို ၊ သွက်လက်ချောမောတဲ့ လူငယ်၊လူရွယ်တွေကို သဘောကျလေ့ရှိပါတယ်။ ဒါကြောင့် နောင်အခါတွေမှာ အသက်ကြီးကြီး သံတမန်တွေအစား ငယ်ရွယ်ချောမောသွက်လက်တဲ့ လူငယ်သံတမန်တွေကို ခန့်လာနိုင်ပါတယ်။
(ရုပ်ချောလို့ နှင်ထုတ်ခံရတဲ့ ဟိုကောင်လေးတောင် ပါလာနိုင်သေး)
အမျိုးသမီးသမ္မတဖြစ်တဲ့အတွက် သက်တော်စောင့်တွေဟာလည်း မိန်းမဖိုက်တာတွေ ပါဝင်လာနိုင်မှာ ဖြစ်တဲ့အတွက် အလန်းစားဂျက်မတွေကို အရှင်လတ်လတ် တွေ့မြင်နိုင်ပါမယ်။(ကိုရီးယားဂျက်မတွေဆိုရင်တော့ ပိုလန်းမှာပေါ့ )
အပျိုကြီးတွေဟာ အပျော့ဆွဲ နဲ့ အတင်းဆွဲဆိုတဲ့ ဗျူဟာနှစ်ရပ်စလုံးကို ကျွမ်းကျင်တဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်တွေ ပိုမိုအားကောင်းလာနိုင်ပါတယ်။
အနေအထိုင်မတတ်တဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကြောင့် သမ္မတတော်တော်များများ နာမည်ပျက် ပြသနာတက်ပြီး ပြည်သူတွေ စိတ်ညစ်ရလေ့ရှိပေမဲ့ အပျိုကြီးတွေကတော့ သားသမီးမရှိ၊ ဆွေမျိုးတွေနှဲု့လည်း အစေးကပ်လေ့မရှိတဲ့အတွက် အဲဒီ ပြသနာတွေက ကင်းဝေးပါလိမ့်မယ်
အဲ ..တစ်ခုတော့ ရှိတယ်။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ စိတ်ကောက်ပြီး စကားမပြောတာတွေတော့ ရှိလာနိုင်တယ်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်