ပုဂံပျူမြန်မာမြို့ဟောင်း လေ့လာရေးကွင်းဆင်းခရီးတစ်ခေါက်
ပုဂံမြို့ဟောင်းကို အရင်ကလည်းအကြိမ်ကြိမ် သွားရောက်လေ့လာခဲ့ပါတယ်။နောင်လည်း တတ်အားသမျှ သွားရောက်လေ့လာရဦးမှာပါ။
ဘီစီ၅ရာစုကနေအေဒီ ၂ရာစုအထိ သရေခေတ္တခေတ်မှာ ဈေးမျြိ့ ပုဂံ, အေဒီ၂ရာစုကနေ အေဒီ၁၄ရာစုအထိ မင်းနေပြည်ပုဂံမြို့များနဲ့မင်းပေါင်း ၅၅ပါးစိုးစံအုပ် ချုပ်ခဲ့ပါတယ်။
ဒီလိုပြောတာအတွက် ခေတ်ပြိုင်ထောက်အထားများ ရှိပါတယ်။ရာဇဝင်အစွဲနဲ့ ပြောခြင်းမဟုတ်ပါ။ အမှားတွေ ပုံပြင်လုပ်ဇာတ် တွေ လိုရာဆွဲရေးသားချက်တွေ ရောထွေးယှက်တင်ဖြစ်နေတဲ့ ရာဇဝင်နဲ့ သမိုင်းအကြောင်းပြောတာမျိုးကို သမိုင်းပညာက လက်မခံပါဘူး။
ရာဇဝင်အစွဲအလန်းနဲ့ ပြောတာ သမိုင်းမဟုတ်ပါဘူး။ ရာဇဝင်ကို စွဲလန်း ရင်ရာ ဇဝင်င်ဆရာရဲ့ မှိုင်းမိပြီး အမှန်သမိုင်းကိုမမြင်နိုင်တော့့ပါဘူး။
ခေတ်ပြိုင် ကျောက်စာနဲ့ ခေတ်ပြိုင် မှတ်တမ်းမျာအရ ပုဂံ မြို့ဆိုတာဟာ ဗြဟ္မာ ဂါမ၊ ဗရမ္မာဂါမ၊ ပရမ္မာဂါမ ကနေ ပရုမာဂါမ ပုရာဂါမ၊ ပြုဂါမ၊ ပုရာဂါမ၊ ပုရာဂမ္မ ပုဂံ လို့ အမည်ဖြစ်ပေါ်ထင်ရှားလာခဲ့ပါတယ်။
အေဒီ၂၂၆ ပုဂံနိုင်ငံကို တရုတ်ဝေ့နန်းတော်က နာမည် ကျော် တိုက်တိုင်းနိုင်စ စ်သူကြီး ချူကော်လီယန်း လာရောက်တိုက်ခိုက်ဖူးပြီး၊ မနိုင်ပဲ ငြိမ်းချမ်းရေးဘုရားတည်ပီးပြန်သွားခဲ့ရပါတယ်။
ချူကော်လီယန်းနဲ့တရုတ်တပ်ဖွဲ့ကို တွန်းလှန်တိုက်ဖျက်ခဲ့သူက တတိယမြောက်ပုဂံမင်းပျူစောထီးပါ။
အေဒီ၂၂၆ ပုဂံနိုင်ကို ရှေးတရုတ် တို့သိရှိမှတ်တမ်းတင်ခဲ့ပါတယ်။ပျူစောထီးကို ထီးမင်းစော လို့လည်း ရှေးတရုတ်တို့ သိရှိမှတ်တမ်းတင်ခဲ့တယ်လို့သိရှိရပါတယ်။
ဆရာလုစ်ဟာ သူ့ရဲ့ ဖူကန်တူလူစာတမ်းမှာ အေဒီ၂၂၆ ပုဂံနိုင်ငံကို တရုတ်ဝေ့နိုင်ငံကစစ်သူုကြီး ချူကော်လီယန်းကျူးကျော်တိုက်ခိုက်ခဲ့တာ မနိုင်ပဲ ငြိမ်းချမ်းရေးဘုရားတည်ပြီး ပြန်သွားတာတွေကိုဖော်ပြခဲ့ပေမယ့် ဗမာအစကျောက်ဆည်စာတမ်းထဲမှာ အေဒီ၂၂၆ တရုတ်တွေစစ်တိုက်ဘူးပြီး မှတ်တမ်းတင်ခဲ့တဲ့ အေဒီ၂၂၆ပုဂံနိုင်ငံကို မဖော်ပြတော့ပဲချန်ထားခဲ့သလို အဲဒီပုဂံလူမျိုးနဲ့နိုင်ငံဟာ ပျူလည်းခေါ် ဗရမ္မာ ဗမာလည်းခေါ် မြန်မာလည်းခေါ်တဲ့လူမျိုးနဲ့နိုင်ငံလို့ တရုတ်တို့ ထောက်လှမ်းသိရှိမှတ်တမ်းတင်ချက်ကိုပါ မဖော်ပြပဲချန်လှပ်ထားခဲ့ပါတယ်။
ပျူခေါ်ဗရမ္မာတွေရဲ့ အေဒီ ၂၂၆ ခုနှစ်ပုဂံနိုင်ငံကို ချန်လှပ်ပြီး အေဒီ၈၄၉ခု မှပုဂံမြို့ပုဂံနိုင်ငံ စတင်ပေါ်ပေါက်တယ်လို့မမှန်မကန် ရေးခဲ့ပါတယ်။
ခေတ်ပြိုင်အထောက်အထားများအရ ဗမာ မြန်မာ ဟာ ပျူဗရမ္မာခေါ်ပျူမြန်မာ လူမျိုးး ဖြစ်ကြောင်းထင်ရှားပေါ်ပေါက်နေသလို ပုဂံ မြို့ဟောင်းဒေသကြီးမှာ ဘီစီ ၅ရာစုမှအေဒီ၁၄ရာစုအတွင်း ခေတ်ပြိုင်အထောက်အထားများကို ယနေ့ခေတ်အထိ ထင်ရှားစွာကျန်ရှိနေတာ တွေ့မြင်ရပါတယ်။
ပျူဟာမြန်မာဆိုတာ ပျူမြန်မာတို့ရဲ့ ပုဂံနိုင်ငံတော်ကြီးဟာ အေဒီ၂၂၆ကတည်းက ပေါ်ပေါက်ထွန်းကားနေတယ် ဆိုတာကို ဖော်ပြနေတဲ့ ခေတ်ပြိုင်အထောက်အထားများ ထင်ရှားစွာ ရှိနေပေမဲ့ ပျူမြန်မာသမိုင်းကို ဖျောက်ဖျက်ချင်သူတချို့ဟာ အဲဒီခေတ်ပြိုင်အထောက်အထား တွေကိုထိန်ချန်ပြီး ပျူမြန်မာသမိုင်းကို ကဖျက်ကယက် လိမ်ညာလှည့်စား ရေးနေပြောနေကြတာဟာသနားစရာပါ။
၂၁ရာစု Imformation Age ခေါ် သတင်းမှန်ခေတ်ကြီး မှာ ပျူမြန်မာသမိုင်းကိုလိမ် ညာဖျောက်ဖျက်လို့ ရဦးမယ် လို့ ထင်နေလုပ်နေကြတာဟာ သမိုင်းဘွဲ့ရသမား သမိုင်းဆရာ ဆိုရင်လည်း သမာဓိမရှိသူ အထောက်အထားပေါ်သစ္စာမဲ့သူ ပြည်သူလူထုအား သတင်းအမှားတွေပေးနေတဲ့ မသမာသူပါ။
သမိုင်းဘွဲ့ရမဟုတ်သူဆိုရင်လည်း သမိုင်းပညာ မောင်သုည ကလေးပါ။ သူများမှိုင်းသွင်းထားတာတွေကို ကျက်တူရွေး ရွတ်ရွတ်နေသူမျိုးပါ။
သူတို့ရဲ့သမိုင်းဟာ ပျူမြန်မာသမိုင်းလောက်ရှေးမကျပေမဲ့ သူတို့ရဲ့သမိုင်းဟာပျူမြန်မာ သမိုင်းထက်ပိုစောပါတယ်လို့ သမိုင်းလိမ်နေတဲ့သူတွေ အများကြီးပဲ။
ပျူဗရမ္မာခေါ် မြန်မာတွေရဲ့မြန်မာ နိုင်ငံမြေကို ခိုးဝှက်လုယူဘို့သမိုင်းလိမ်နေသူတချို့ရှိနေပါတယ်။ မြန်မာ နိုင်ငံကိုချစ်တဲ့သူတွေ ပုဂံကိုချစ်တဲ့သူတွေ သတိရှိဘို့လိုပါတယ်။
ပုဂံသားပုဂံသွေးပုဂံမျိုးဆက် မြနိမာတွေမသိရင် သတိမရှိရင် မစည်းလုံးရင် မကာကွယ်နိုင်ရင် မြန်မာ နိုင်ငံ အစိတ်စိတ် ဖဲ့ခံရမယ့် အန္တရာယ်ကြီးရှိနေတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခဲ့ ကတည်းကပါ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်