သဘာဝဘေးနဲ့ ငဘအတွေး
သဘာဝဘေးနဲ့ ငဘအတွေး
===================
စာလေးတစ်ခု ဖတ်လိုက်မိတော့ ဆင့်ပွား အတွေးတွေ ဖြစ်လာတယ် ဒီစာက မူရင်းရေးသူကို မရည်ရွယ်ပါ သူနဲ့ မဆိုင်ပါ ကိုယ့်ဟာကိုယ် စဉ်းစားမိလာတာပါ မူရင်းပိုစ့်က ဒီမှာပါ
=====
အရှေ့ တိုင်းနှင့် အနောက်တိုင်း အတွေးများ
မိုးသီး ကြွေတယ်။
မင်းမကောင်းလို့  ရာသီဥတုဖောက်ပြန်တယ်
သဘာဝပတ်ဝန်းကျင် ပျက်စီးတာကြောင့် ရာသီဥတု ဖောက်ပြန်တယ်။
ရေကြီးတယ်
မင်းမကောင်းလို့  ရေကြီးတယ်
သဘာဝပတ်ဝန်းကျင်ကြောင့် ရာသီဥတု ဖောက်ပြန်တယ်။
ငလျင်လှုပ်တယ်
မင်းမကောင်းလို့  ငလျင်လှုပ်တယ်
ကမ္ဘာကြီးပူနွေးလာလို့  သဘာဝပတ်ဝန်းကျင် ဖောက်ပြန် တယ်။
လူတစ်ယောက် ကားမှောက်ပြီးသေတယ်
ကံပေါ့လေ သနားစရာလို့ ပြောတယ်
သေသေချာချာ စုံစမ်းလေးလာ သုံးသပ်ရဦးမယ် ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ကားကြောင့်လား လူကြောင့်လား လမ်းကြောင့်လား
တွေးစရာတွေများလွန်းလို့  ငလျင်တကယ်လှုပ်နေတဲ့ အချိန်မှာ ဘာမှန်း မသိလိုက်ဘူး။
facebook ပေါ်ရောက်မှ လူလည်း တော်တော်ကြောက်သွားတယ်။
အောင်မယ်လေး ငလျင်က အနားနား ဟပ် ချလောင်း ဆို ပေါ် ပေါ် လာတယ်။
======
အဲဒီ အယူအဆတွေနဲ့ စာအသွားအလာအရ ကြည့်ရင် ဒါက ကိုယ့်ရပ်တည်ချက်က ဘာလဲ ဆိုတာအပေါ် မှာ မူတည်နေမှာ ဖြစ်ပါတယ်
၁၉၇၅ က ပုဂံငလျင်
ပဲခူးငလျင်
နာဂစ် စတာတွေ ဟာလည်း
သဘာဝပတ်ဝန်းကျင် ပျက်စီးတာကြောင့်လို့
ဆိုနိုင်ပါသလား ဆိုတာ စဉ်းစားမိတယ်
မုန်တိုင်းဝင်တယ် ဆိုတာက အရင်းအမြစ်က ကိုယ့်ဆီက စတဲ့ဟာ မဟုတ်ဘူး ဟိုး…ပင်လယ် သမုဒ္ဒရာ ထဲက စလာတာ ပင်လယ်မှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်သူ က သွားဖျက်ဆီးခဲ့တာလဲ ဒါစဉ်းစားသင့်တယ် ထင်တယ်
ငလျင်လှုပ်တာကို သိပ္ပံပညာအရ ပြတ်ရွေ့ကြောတွေ ရှိနေ လို့ လှုပ်တာ ဘာညာ လက်ခံနိုင်ပါတယ် ဒါက သဘာဝ လည်း ကျပါတယ်
စာပေ မှတ်တမ်းအရ ပြောရင် ငဘက ဗုဒ္ဓဘာသာပါ
ဒီတော့ ကျမ်းဂန်က ဘယ်လိုဆိုလဲ ဆိုတာလည်း
ပြန်ကြည့်ပါတယ်
ဘုရားလောင်းမွေးတော့ ငလျင်အကြီးအကျယ်လှုပ်တယ်
ဘုရားဖြစ်တော့ ငလျင်အကြီးအကျယ်လှုပ်တယ်
တရားဦးဟောတော့ငလျင်အကြီးအကျယ်လှုပ်တယ်
အာယုသင်္ခါရလွှတ်တော့ ငလျင်အကြီးအကျယ်လှုပ်တယ်
ပရိနိဗ္ဗာန် ပြုတော့ ငလျင်အကြီးအကျယ်လှုပ်တယ်
တစ်ယောက်မှသေတာ နာတာ ထိခိုက်ပျက်စီးတာ မရှိခဲ့ပါ ဘူး
ငလျင်လှုပ်ခြင်းအကြောင်း ၉-ပါး ရှိတယ်
၁၊ ဓါတုက္ခောဘခေါ် ဓာတ်ချောက်ချား၍ တုန်လှုပ်ခြင်း တစ်မျိုး၊ "အပူဓါတ်အအေးဓါတ် လွန်ကဲပြင်းထန်၍ လှုပ်ခြင်း မျိုးဟူ၏"
၂၊ ဣဒ္ဓိမန္တပုဂ္ဂိုလ်၏တန်ခိုးကြောင့် လှုပ်ခြင်း၊
၃၊ နေမိတ္တကခေါ် သာမန်လူသားတို့၏ ကောင်းဆိုးနိမိတ် အတွက်လှုပ်ခြင်း၊
၎၊ ဘုရားအလောင်း ပဋိသန္ဓေနေ၍ လှုပ်ခြင်း၊
၅၊ ဘုရားအလောင်း ဖွားမြင်၍လှုပ်ခြင်း၊
၆၊ ဘုရားအဖြစ်သို့ ရောက်တော်မူ၍လှုပ်ခြင်း၊
၇၊ ဓမ္မစကြာဒေသနာကို ဟောတော်မူ၍လှုပ်ခြင်း၊
၈၊ အာယုသင်္ခါရလွှတ်တော်မူ၍လှုပ်ခြင်း၊
၉၊ ပရိနိဗ္ဗာန် ပြုတော်မူ၍လှုပ်ခြင်း။
အဋ္ဌင်္ဂုတ္တရ။ ပါ။ ၁၂၈။ ဋ္ဌ။ ၂၄၇-၌ ၈-ပါးလာ၏၊ ၎င်းင်း။ ပါ။ ၁၃၂။ ဋ္ဌ။ ၂၅၀
ဘေးကြီး ၂၅-ပါး။ ။၊ ၂၅-ပါးသော ဘေးဘျမ်းမျိုး၊ များသောအားဖြင့် ကျေးဇူးရှင်ဆယ်ပါးကို ပြစ်မှားသူတို့ ခံရတတ်သည်၊ ဆွေမျိုးတို့၏ပျက်စီးသောဘေး၊ ရောဂါ ဝေဒနာ နှိပ်စက်ခြင်းဘေး၊ ဥစ္စာ ပျက်စီးခြင်း ဘေး၊ သီလပျက်စီးခြင်းဘေး၊ အယူပျက်စီးခြင်းဘေး၊ မင်း ဘေး၊ ခိုးသူ ဘေး၊ ရန်သူ ဘေး၊ ငတ်မွတ်သော ဘေး၊ မီး ဘေး၊ (၁၀) ရေ ဘေး၊ လှိုင်းတံပိုး ဘေး၊ ရေ၀ဲ ဘေး၊ မိကျောင်း ဘေး၊ မကာရ်း ငါးရဲ ဘေး၊ မိမိကိုယ်ကို နောင်တ ပူပန်ခြင်း ဘေး၊ သူတထူး စွပ်စွဲခြင်း ဘေး၊ နှုတ်ဒဏ် လက်ဒဏ် ကြေးဒဏ် သင့်သော ဘေး၊ မကောင်းသော အဖြစ်သို့ လားရာသော ဘေး၊ ပရိသတ်အလယ်၌ ရှက်ရွံ့သော ဘေး၊ (၂၀) သူတပါးကို အမှီပြု၍ အသက်မွေးရသော ဘေး၊ ပဋိသန္ဓေ နေရခြင်း ဘေး၊ အိုရခြင်း ဘေး၊ နာရခြင်း ဘေး၊ သေရခြင်း ဘေး၊ (၂၅)။
အဘိဓမ္မာ သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ။ ၄၇၇။ ၄၈၄။၄၈၇။ ပဉ္စပကြိုဏ်။ဋ္ဌ။ ၃၆။မိလိန္ဒပဥှာ။ပါ။၁၉၄
နောက်ထပ် သဘာဝဘေးအန္တရာယ်ဖြစ်ရခြင်း အကြောင်း ငါးပါး ဆိုတာတွေ ရှိသေးတယ် ထားပါတော့ စာလေးနေမှာ စိုးလို့ အကျယ်မပြောတော့တာ
အဲဒီလို လာတာ ရှိတယ် တကယ်တမ်း အရင်းအမြစ်ကို စဉ်းစားဆင်ခြင်ကြည့်တဲ့အခါမှာ သဘာဝက ဘေးဒဏ် ကျရောက်တာဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ အထိုက်အလျောက် မှန်ပါလိမ့်မယ်
သို့သော် ပြည်စုံတဲ့ အကြောင်းပြချက် ဟုတ်မှန်ပါပြီလား ဆိုတာ ထပ်ဆင့် စဉ်းစားရတော့တယ် စဉ်းစားကြည့်တော့ အပေါ်က နည်းနည်း ပြောခဲ့သလိုပဲလေ လုံလောက်တဲ့ အကြောင်းပြချက် တစ်ခု မဟုတ်သေးဘူး ဆိုတာ မြင်သာ နေပါတယ်
ဒီတော့ မလုံလောက်သေးဘူး ဆိုရင် ဘာကျန်နေသေးလဲ
ထပ်စဉ်းစားဆင်ခြင်တဲ့အခါ ငဘတို့ လူသာမာန်တွေ မလိုက်နိုင်သေးတဲ့ အသိပညာပိုင်းတွေ ပြဆိုရာတွေကိုပါ ထည့်သွင်း စဉ်းစားလာရပါတော့တယ် ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ကျမ်းဂန်ကို အားကိုးအားထားပြုတာ ယုံကြည်တာ အစွန်းရောက်တယ် ဆိုရင်လည်း ခင်ဗျားတို့ အပြော အတိုင်းပါပဲ တကယ်မှ မဟုတ်တာ ပြောတိုင်း ဟုတ်တာမှ မဟုတ်တော့ ငဘက အရေးစိုက်မှာ မဟုတ်ပါ ဘူး
မီးတွေ ဆက်တိုက် လောင်တယ်
တစ်နိုင်ငံလုံး မီးဝိုင်းနေခဲ့တယ်။
.
နောက်တော့
လေပြင်းတွေ တိုက်ပြန်တယ်
မွေတော်ကက္ကူစေတီတော် ထောင်ချီပြီး မြေခခဲ့ပြန်တယ်။
.
တစ်ခါ
နွေခေါင်ခေါင် မိုးသီးတွေကြွေပြန်တယ်
အိုအိမ်တွေအများကြီ ပျက်စီးပြီးလူတွေ ဒုက္ခရောက်ကြပြန်တယ်။
.
အဲ့ဒီနောက်
ကမ်းတွေပြိုတယ်
မြေစာပုံ တွေပြိုတယ် ခုထိပြိုတုန်း
လူတွေ သေကျေကြပြန်တယ်။
.
ပြီးတော့ ရေတွေကြီးတယ်
လူတွေ ကူရာ ကယ်ရာမဲ့ပဲ။
.
ဒါတင်အားမရသေးဘူး
ဟော ခုတစ်ခါ ငလျှင်ဒါဏ် ထိပြန်တယ်
ပုဂံဘုရားတွေမြေခကုန်တယ်။
.
မြန်မာမှာ သာသနာတော်နဲ့ ပတ်သက်တဲ့
ကမ္ဘာသိ စံပြ  သမိုင်းဝင်နေရာတွေက မွေတော်က္ကူနဲ့ပုဂံ ။
နောက်ဘာတွေ ဆက်ဖြစ်ကြအုန်းမှာလဲ။
.
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ နဲ့ တိုင်းသူပြည်သား တွေက သာသနာတော်ကိုမြှင့်လို့ မြန်မာတင့်တာပါ
သာသနာတော်စောင့်နတ်တွေ နဲ့ ဘုရားရှင်ရဲ့ ရင်ငွေ့ တော်တွေကြောင့်  တော်ယုံ ကပ်ဘေးတွေ ကျော်နိုင်တာ ဖယ်ခွာကုန် တာပါ ။
သာသနာတော်နဲ့ ဆိုင်တဲ့ အမွေအနှစ် ဗုဒ္ဓပုံရိပ်တော်တွေ အရင်ဆုံး မြေခကုန်ပြီ။ တဖြေးဖြေး ဗုဒ္ဓရင်ငွေ့ကင်းတဲ့ နိုင်ငံ ဖြစ်တော့မှာလား ။
ဒါတင် ဘယ်ကမှာလဲ လူတွေမှာလည်း သာသနာ မတည် တော့ဘူး။
ဘုရားမှန်း တရားမှန်း သံဃာမှန်း မသိကြတော့ဘူး။
ဒီလိုနဲ့ သာသနာတော်က မြန်မာနိုင်ငံတော်ကနေ တရွေ့ရွေ့ လက်ပြနှုတ်ဆက် သွားတော့မှာလား။
နောက်ဆုံးအနေနဲ့ လူတွေကိုယ်စား ဘုရားတွေ မြေခရရှာ တယ်လို့ မြင်မိနေသလိုပဲ။
မွေတော်က္ကူ အဆူတစ်ထောင်ကျော်က မပြင်နိုင်သေးဘူး ခုတစ်ခါ .....
သဗ္ဗေသတ္တာ ကမ္မသကာ ပဲ တဲ့ ဗုဒ္ဓက ပြောတယ်  ....
ကိုယ့် အတွက်တော့ အကျည်းတန်လွန်းတဲ့ ဗုဒ္ဓဟူးနေ့ပါပဲ။
ဆုထူးပန် ဦးကျော်ကတော့ ဗုဒ္ဓဟူးနေ့ ငလျင်ရောက်သော် မိန်းမ ရတနာ ရောက်မည် တဲ့။ နိမိတ်ဟောတဲ့ အပိုင်းမှာ ရေးထားတာ တွေ့တယ်။
ဘယ်က မိန်းမရတနာ ရောက်လာမလဲ မသိဘူး။ လောလောဆယ်တော့ ငဘတို့ ရတနာတွေ ဆုံးရှုံးနေပြီ။
မိန်းမ ရတနာ ရောက်မည် ဆိုထားတော့ မလာသေးဘူး ပေါ့ အခု ရှိနေတဲ့ သူတွေထဲက မဟုတ်ဘူးပေါ့ ဒီလို ဆိုလို
တာ ဒီမိန်းမက ဘယ်နားက လာမှာလဲ မသိဘူး အခု ဘယ်မှာ နေနေပါလိမ့် သိချင်မိတယ်။
ဒီနေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ငလျှင် ( ၉၆ ) ကြိမ်မှာ
( ၅.၅ ) ရစ်ချတာစကေး ရှိတဲ့ အီတလီနိုင်ငံနဲ့
( ၆.၇ ) ရစ်ချတာစကေး ရှိတဲ့  မြန်မာနိုင်ငံက အဆိုးဆုံးပါ
.
ဒါပေမယ့် ( ၅.၅ ) ပဲရှိတဲ့ အီတလီမှာတော့ မြို့တွေ မှာအုတ်ပုံတွေဖြစ်ကုန်တယ် ။ အခုအထိ အုတ်ပုံတွေ အောက်က ဆွဲထုတ်လာတဲ့ အလောင်း ( ၁၅၀ ) ၀န်းကျင် ထိရှိနေပါပြီ တဲ့။
.
နောက်ထပ် အများကြီးသေကြေ ကြမယ်လို့ ခန့်မှန်းရပါ တယ်တဲ့။ အုတ်ပုံတွေကြား ထဲ ကယ်ဆယ်နေတုန်းပါတဲ့ ။
.
( ၆.၇ ) နဲ့ ငလျှင်ဒါဏ် အဆိုးဆုံးခံစားရတဲ့ မြန်မာမှာတော့ ဘုရားများနဲ့သာသနိကအဆောက်အအုံများ သာ အများ ဆုံး ပြိုကျ ပျက်စီး ထိခိုက်ခဲ့ပြီး လူနေအိမ်ခြေ နဲ့ လူအသေ အပျောက်တော့ အများကြီး မဖြစ်ဘူးလို့ထင်ရပါတယ်။
ငဘကတော့ မြန်မာပြည်ကလူတွေ အားလုံး ဆိုင်ရာ ဆိုင်ရာ အလိုက် အကျင့်သီလ စောင့်ထိန်းဖို့  လိုအပ်နေ ပါပြီလို့ ယုံကြည်ပါ တယ် ဘယ်သူ သီလ ပျက်လို့ ဘာညာ အပြစ်မရှာချင်ပါဘူး ပြောချင်ရင်တော့ စာအုပ်တစ်အုပ်စာ လောက် သာသာလေး ရှိတာပေါ့ သီလ ဆိုတာ တစ်လုံး တည်းနဲ့ ရေးခဲတဲ့ ကျမ်းတွေမှ ပုံလို့ မဟုတ်လားလေ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်