ပထမမြန်မာနိုင်ငံတော်

ပထမမြန်မာနိုင်ငံတော်ဟာ သရေခေတ္တရာ နဲ့ ဒွတ္တဘောင် ပါ။
သုတေသန အသစ်တွေအရ အနော်ရထာနဲ့ ပုဂံဆိုတာ မှားနေပါတယ်။
ယခု မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အင်းတော်ကြီး တစ်ဝိုက်ကနေ တောင်ပိုင်း ထားဝယ် သာဂရအထိ ပျူအထောက်အထားပေါင်းများစွာ ရရှိနေပါတယ်။
ပဲခူး၊ ဒိုက်ဦး၊ ဇုတ်သုတ်၊ သထုံ၊ မုတ္တမ စစ်တောင်းမြစ်ဝှမ်း တစ်လျောက်ဟာလည်း ပျူဒေသများဖြစ်ကြောင်း တရုတ်ထန်မှတ်တမ်းကို ဒေါက်တာသန်းထွန်း အတည်ပြု ရေးသားခဲ့ပါတယ်။
အောက်ဖေါ်ပြပါ ဓာတ်ပုံများကတော့ ဒေါက်တာသန်းထွန်း ရဲ့ စာများ ဖြစ်ပါတယ်။
ဒါတောင် အသစ်ထပ်ဖြည့်ရမယ့် သုတေသနအသစ်၊ ထပ်မံ အသစ်တွေ့ရှိမှုတွေ မပါသေးပါဘူး။
ယနေ့ မွန်ပြည်နယ်နေရာဟာလည်း မွန်တွေ ရောက်မလာခင်က ပျူဒေသဖြစ်ကြောင်း ဒေါက်တာသန်းထွန်း အတည်ပြု ရေးသားခဲ့ပါတယ်။
ဟိုဒီဘိတ် ဒီ ဒီဘိတ် ပေါချာချာပြောနေသူတွေ ဒေါက်တာသန်းထွန်းကို အရင်ကြေအောင် ချေလိုက်ကြပါဦး။
ပြည်တွင်းပြည်ပ ခေတ်ပြိုင် အထောက်အထားများအရ ပထမမြန်မာနိုင်ငံတော် သရေခေတ္တရာ၊ ပဲခူး၊ သထုံ၊ မုတ္တမကိုကျော်လွန်ပြီး ထားဝယ် သာဂရ တကွာပါအထိ ပျူ နိုင်ငံတော်ပါ။
အဲဒီ့ ပျူဆိုတာ ဘယ်သူလဲဆိုတော့ မြန်မာပါ။
ကျမ်းကိုး။ ။ ပျူသူရဲကောင်းကြီး - ဒေါက်တာသန်းထွန်း
ပျူကျောက်အရိုးအိုးစာ - ဒေါက်တာသန်းထွန်း
ပျူ (အရင် နှစ်ပေါင်း ၂၃၀၀က ၁၂၀၀)- ဒေါက်တာသန်းထွန်း
ဈာန်သစ်အောင်

1 comment:

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်