ဟ၊ဠ၊အ


မြန်မာစာပေမှာ ဗျည်း(၃၃)လုံးကို ငယ်အစဉ်ကတည်းက သင်ရသည်။(ပုံ-၁) ဗျည်း(၃၃)လုံး ရေးထားတဲ့ ပုံများကို ကြည့်ပြီး၊ လက်ထောက်ပြီး ဆိုကြ ရွတ်ကြရသည်။ နောက်ဆုံး သုံးလုံးဖြစ်သော ဟ၊ဠ၊အ တို့ကို ဘာကြောင့် ဘေးကပ်မရေးဘဲ အလယ်က ရေးသည်ကို ထိုစဉ်ကတော့ သတိမထားမိပေ။ အတန်းနည်းနည်း ကြီးလာတော့ သတိထားမိတော့သည်။ လေ့လာကြည့်တော့ ဗျည်း(၃၃)လုံးကို အဖို၊အမ ခွဲထား၍ ထိုသို့ရေးထားမှန်း သိလာရသည်။(ပုံ-၂)

(ပုံ-၂)တွင် ဖိုတိုင်အောက်က အက္ခရာများသည် အထီးများဖြစ်ကြသည်။ မဆိုတဲ့ တိုင်အောက်က အက္ခရာများသည် အမ အက္ခရာများ ဖြစ်ကြသည်။ စာအရဆိုရလျှင် အထီးသည် သိထိလ၊ အမသည် ဓနိတ ဟုခေါ်သည်။ ထိုသို့ အဖို၊အမ ခွဲခြားထားသောကြောင့် ဟ၊ဠ၊အ တို့ကို ပထမဆုံး ဖြစ်သော ဖို ဆိုတဲ့ အတိုင်အောက်က စရေးလျှင် မှားပေတော့မည် ဖြစ်သည်။ 

ဗျည်း(၃၃)လုံးတွင် ဖို(အထီး)၊ မ(အမ) အက္ခရာများကို လုံးဆင့်ရေးသားရာတွင် အသုံးပြုပါသည်။ လုံးဆင့်ရေးသားရာတွင် အထီးအက္ခရာများသည် အမြဲတမ်း အမ အက္ခရာများ အပေါ်မှာ ထားပြီး ဆင့်ပါသည်။ အထီးအက္ခရာ အချင်းချင်းဆင့်ပါသည်။ အမ အက္ခရာ အချင်းချင်း ဆင့်ပါသည်။
မြန်မာစာရေးသားရာတွင်လည်းကောင်း၊ ဖတ်ရှုရာတွင်လည်းကောင်း သတိထားကြည့်မိလျှင် လုံးဆင့်အက္ခရာများကို အမှားနည်းသွား နိုင်ပါသည်။ ကျွန်တော်လေ့လာမိတာလေး ပြန်ဝေငှခြင်း ဖြစ်ပါသည်။ သိပြီးသားသူများ သည်းခံစေလိုပါသည်။
\

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်