သံဃဂုဏ်တော်ကိုးပါး ကဗျာများ
၁။မြတ်ဘုရားစစ်၊ သားချစ်သံ ဃာ
ဆုံးမညွှန် တိုင်း၊ မဆိုင်းသေချာ
ကောင်းစွာမြင့် မြတ်၊ကျင့် တတ်ပေတာ
ဂု ဏ် ပုဒ်ရှိ၊သု ပ္ပဋိ ပန္န ပါ။
မြတ် စွာဘုရား၏ သားတော် စစ် သံ ဃာမှန် တို့ သည်
ကောင်းမွန် မှန် ကန် စွာ ကျင့် ကြံတော် မူ တတ်သောကြောင့်
သု ပ္ပဋိ ပန္န ဂု ဏ်တော်နှင့် ပြည့် စုံ ပါသည်။
၂။
တင်းလွန်း
လျော့ လွန်း၊
အစွန်းနှ စ် တန်
မငြိ တွ ယ် တမ်း၊
လယ် လမ်းအမှန်
ကောက် ကျစ် မှု ကင်း၊
ဖြောင့် စင်းတော် မှန်
ကျင့် ကြံ မှု၊
ဥဇု ပဋိ ပန်။
ကာမသုခကို
လို က် စား၍
လျော့ လွန်းခြင်း
မိ မိ ကို ယ် ကို
ညှဉ်းပန်း၍
တင်းလွန်းခြင်း
တည်းဟူသော
အစွန်းနှ စ်ဘက်သို့ 
မရောက် မူ၍
အလယ် လမ်းမှန် ကန်သော
မဇ္ဈိ မပဋိ ပဒါအကျင့် ကို
လှည့် ဖြားခြင်း
ကောက် ကျစ် ခြင်းမရှိဘဲ
ဖြောင်ဖြောင့် မတ် မတ်
ကျင့် ကြံတော် မူ တတ်သောကြောင့်
ဥဇု ပ္ပဋိ ပန္န ဂု ဏ်တော်နှင့်
ပြည့် စုံ ပါသည်။
၃။
ဘဝဝဋ်သုံး၊
လွ တ်ရုံးစေရန်
နိဗ္ဗာန်တော် ကျိုး၊
မျှော် ကိုးလေပြန်
အကျင့် မှန် ကန်
သံ ဃာမြတ်၊
ဥာယပ္ပဋိ ပန်။
သံသရာဝဋ်ဆင်းရဲ မှ
လွ တ်မြောက်၍
နိဗ္ဗာန် တည်းဟူသော
အကျိုးကိုသာ
မျှော် ကိုးလျက်
ကြောင်းကျိုးလျော် ကန်
တော် မှန်သင့် တင့် စွာ
ကျင့် ကြံတော် မူ တတ်၍
ဉာယပ္ပဋိ ပန္န ဂု ဏ်တော်နှင့်
ပြည့် စုံ ပါသည်။
၎။
အပါယ်ရောက်ကြောင်း၊
မကောင်းမှု စင်
ရဟန်းပြစ်ဘေး၊
ညစ်ကြေးမတင်
ဗြဟ္မ စိုရ် ကိန်း၊
အေးငြိ မ်းကို ယ် တွင်
သာမိ စိ၊
ပဋိ ပန္န ပင်။
အပါယ်ရောက်ကြောင်းဖြစ်သောအကိုသို လ်
မကောင်းမှု တို့  မှ
ကင်းစင်အောင်၊
ရဟန်းတို့ ၏
အညစ်အကြေး
အပြစ်ဘေးတို့  မှ
ကင်းစင်အောင်
ကျင့် ကြံတော် မူ၍
ဗြဟ္မ စိုရ် တရား
ကိန်းပြီးလျှင်
အေးငြိ မ်းသော
ကို ယ် စိ တ်
ပါးရှိသောကြောင့်
သာမိ စိ ပ္ပဋိ ပန္န ဂု ဏ်နှင့်
ပြည့် စုံတော် မူ ပါသည်။
၅။
တစ်ရပ် တစ်ကျေး၊
အဝေးမှသာ
စိ တ် ကို ယ် ပန်းလျက်၊
ထန်းရွ က်ဆောင် လာ
အလှူတော်၌၊
ခံ ထို က်ပေတာ
သံ ဃာစု၊
အာဟုနေယျပါ။
တစ်ရပ် တစ်ကျေးရပ်ဝေးမှ
ကို ယ်ရောစိ တ် ပါ
အပင် ပန်းခံ လျက်
ဆောင် ယူ လာသော
ပစ္စည်းဝတ္ထုကို
အလှူခံတော် မူ ထို က်သောကြောင့်
အာဟုနေယျဂု ဏ်တော်နှင့်
ပြည့် စုံတော် မူ ပါသည်။
၆။
ဆောင်ရွ က် စီ မံ
အလှူတော် မြတ်၊
ခံအပ်လေပြန်
ဦးဦးဖြားဖြား၊
ထူးခြားလှူရန်
ခံ ယူ မှု၊
ပါဟုနေယျမှန်။
ဂု ဏ်သရေရှိသော
စီ မံ ပြုလု ပ် ထားသော
အမွန်အမြတ် ပစ္စည်းဝတ္ထုများကို
အလှူခံတော် မူ ထို က်သောကြောင့်
ပါဟုနေယျဂု ဏ်နှင့်
ပြည့် စုံတော် မူ ပါသည်။
၇။
နောက်နောင်ကောင်းမှု၊
တောင်းဆုရွ ယ်ရည်
အလှူတော် မျိုး၊
ခေါ်ရိုးဒက္ခီ
ထိုအလှူ၌၊
ယူ ထို က်ပေသည်
အချက်ရှိ၊
ဒက္ခိနေယျမည်။
နောင်အနာဂတ်ဘဝ၌
ကောင်းကျိုးရရန်
ရည်သန် ပြုလု ပ်သော
အလှူ မျိုးကို
ဒက္ခိ ဏ
ဟုခေါ်သည်။
ထိုဒက္ခိ ဏအလှူ ကို
ခံ ယူတော် မူ ထို က်သောကြောင့်
ဒက္ခိဏေယျဂု ဏ်နှင့်
ပြည့် စုံတော် မူ ပါသည်။
၈။
မြင့် မြတ် လူ ပါ
လက်အု ပ်ချီ မိုး၊
ရှိခိုးပူဇာ
ရိုသေခံရ၊
သံ ဃမဟာ
အဉ္ဇ လိ၊
ကရဏိ မည်သညာ။
လူနတ် ဗြဟ္မာ
သတ္တ ဝါအပေါင်းတို့ ၏
လက်အု ပ်ချီ မိုး
ရှိခိုးပူဇော် မှု ကို
ခံ ယူ ထို က်သောကြောင့်
အဉ္ဇ လီ ကရဏီ ယဂု ဏ်နှင့်
ပြည့် စုံတော် မူ ပါသည်။
၉။
နတ် လူပေါင်းစု၊
ကောင်းမှု စို က်ရာ
မြတ်သည့် လယ် ယာ
မပြိုင်လေအပ်၊
မြေဓာတ် ပမာ
နု တ္တရ၊
ပုညခေတ္တ ပါ။
လူနတ် ဗြဟ္မာ
သတ္တ ဝါအပေါင်းတို့ ၏
ကောင်းမှု စို က်ရာ
လယ် ယာတို့  တွင်
အကျိုးစီးပွား
ဖွံ့  ဖြိုးလာအောင်
အတု မရှိ
အကောင်းဆုံး
လယ် ယာဖြစ်သောကြောင့်
အနု တ္တရပုညခေတ္တ ဂု ဏ်တော်နှင့်
ပြည့် စုံတော် မူ ပါသည်။
ကျေးဇူးတော် စစ်၊
အနှ စ် ဂု ဏ်တော်
အာရုံ တမ်းတ၊
မှန်းဆထင်ပေါ်
ဘယလာဘ၊
ဘာမှ မမျှော်
သံ ဃာအား၊
ဝတ် တွားရှိ ပူဇော်။
အထက် ပါဂု ဏ်တော် တို့  ကို
အာရုံ ယူ မှန်းဆ၍
ကြောက် လန့်  ခြင်း၊
ဆု လဘ် ကို
မျှော် ကိုးတောင့် တခြင်းတို့  မှ
ကင်းစေလျက်
သံ ဃာတော် ကို
ရှိခိုးပူဇော် တတ် ပါစေ။
ဗုဒ္ဓဘာသာယဉ်ကျေးမှု
ရှု မှ တ် ဖွယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်