ဆရာလုစ် နဲ့ စကု စကြဝ်



ကျနော် စကုအကြောင်းပါတဲ့
စာတွေ ရှာဖွေဖတ်တော့ ဆရာလုစ်
ရဲ့ ကျောက်ဆည် စာတမ်းမှာ
စကု အကြောင်းပါတာတွေ့ရပါတယ်။
အဲ့စာတမ်းထဲမှာ . . . . .
ပလောင်တို့က
မင်းဘူးနယ်တွင်ဆည်မြောင်းလုပ်ငန်း
များစတင်ခဲ့သူများဖြစ်ပေမည်။ယာယီ
အားဖြင့် စကောကရင်များဖြစ်သည်
ဟုယူဆသည်။စကြဝ်တို့သည်
အေ ဒီရှစ်ရာစုတွင် မြန်မာနိုင်ငံကိုဖြတ်
၍ ဧရာဝတီကိုကူးခါ မင်းဘူးနယ်သို့
အောင်နိုင်သူ သို့မဟုတ် ပလောင်တို့
၏ မဟာမိတ်များအဖြစ်ဖြင့်ရောက်
လာကြဟန်တူ၏။ထိုသူများသည်
ထိုနယ်၌ရွာများစွာတည်၍ အနည်းဆုံး
မြောင်းတစ်ခုတူးခဲ့ကြပါသည်။ဧရာဝတီ
မြစ်ကိုဖြတ်ကူးသည်ဆိုရာ၌ ယင်းသို့
ဖြတ်ကူးနိုင်ခြင်းမှာ ပျူနယ်ကို ခါးလယ်မှဖြတ်၍ပစ်ခြင်းဖြစ်ရကား
ယင်းသည်ပင်လျင် သရေခေတ္တရာ
ပျက်သည့် စကောစစ် ဖြစ်အံ့ ဟု
ထင်ရပါသည်။ပုဂံ ခေတ်၌ကား
အဆိုပါ စကြဝ်တို့ သည်ပြည်အနောက်
စကြဝ်ကျွန်းတွင် အခြေချနေထိုင်လျက်
ရှိကြောင်းတွေ့ရပါသည်။. . . . .
လို့ ရေးသားထားပါတယ်။်
ဒီလို့ကိုယ့်ဒေသ အကြောင်းပါတော့
စိတ်ဝင်စားသွားပါတယ်။ဒါကြောင့်
ဆရာလုစ် ပေးတဲ့ကျမ်းကိုးကို ရှာတော့ စကုမှာ စကြဝ်တွေနေတယ်
ဆိုတာကို အောက်ခြေမှတ်စုမှာ147b 15 (604s) လို့ပေးထားပါတယ်။
အဲ့ကျောက်စာကတော့
ညောင်ရမ်းကြီး သမီး ရဲ့ ဒုတိယ ကျောက်စာ ( အိုထက်ပြည်သင်
အိမ်ရာ ကျောင်း - ၂ ) မြန်မာနှစ် ၆၀၄
AD 1242 ထိုး ၊ပုဂံ အရှေ့
မြောက် တန်ဆောင်းဘုရား မုခ်ဂူ အတွင်း ၂ ချပ် အနက် တောင်ဘက်အုတ် နံရံ မှ စတင် ရရှိ ၍
ပုဂံ ပြတိုက် ကျောက်တိုင် အမှတ်
၃၇ ။တိုင်းရင်းပုံ ၁၄၇ ခ ဖြစ်ပါတယ်။
အဲ့ကျောက်စာရဲ့ ကြောင်းရေ ၁၅
မှာ . . . . . .
စကုကျွန် စကြဝ် ကာ ။ ငဝံ ဖ္လည်သင် ငီ
ငတိစိန် သာ ငစွာ ၁။သာ ငချတ်ရာ ၁။
ငစွာ ငီ ငကြင် ၁။သာ ငဝ ၁။ငပယ် သာ
ငခုယ် ၁။ သာ ငလှီ ၁။ငီ နို့စိုဝ် ၁။
ငခုယ် ငီ ငရောက်ပုံ ၁။သာ ငဥိ ၁။ငီ
နို့စိုဝ် ၁။ငရောက်ပုံ ငီ ငဖုန်ဆုံ ၁။
ငစုံ သာ ငဥယန် ၁။ငီ ငလှီမည် ၁။
ငတောင်ရံ ၁။သာ ငမောက် ၁ ။ငီ
ငတပါ ၁။ငဖေအ် သာ ငကုလာ ၁။
ငါယုန် သာ ငစိတ်သိယ် ၁။ငီ ငချတ်ဖ ၁။ သာ ငလတ် ၁။ငထုယ် သာ ငဥိလှ
၁။ အိုကနုယ် ၁။ သမီ အိုအင် ၁။သမီ
နိုဝ်စိုဝ် ၁။ အိုကနုယ် ညီမ အိုလွ် ၁။
က္လိုဝ်မခ္လယ် ၁။ငချတ်မွန် သာ ငသံပရာ
၁။ . . . . လို့ရေးထိုးထားတာကို
ကိုးကားပြီး စကုမှာ စကြဝ် တွေ
နေသွားတယ်ဆိုပါတယ်။
ဒါပေမယ့် ဆရာလုစ်က အဲ့ကျောက်စာ
တစ်ချပ်ထဲမှာဘဲ ရေးထိုးထားတဲ့
ကြောင်းရေ ၁၁ မှာပါတဲ့. . . .
စကုကျွန် မြန်မာကာ။ငါထုယ်
သာ ငချတ်ခင် ၁။ သာ မြက်ရ ၁။ ငချတ်ခင် သာ ငလပ ၁။ငီ ငပုံ ၁။
ငီ ငရုံ ၁။ငယှန် ၁။သာ ငပုံ ၁။ ငီ ငစုံ ၁။
ငသြင်ပ္လည် ၁။သာ ငပု ၁။သာ ငလက်
စွယ် ၁။ ငသန် သာ ငဆုံ ၁။သာ ငထက်
ပ္လည် ၁။ငီ ငပင်တည် ၁။ငီ ငလှီ ၁။ငိ
ငလှောက် ၁။ငဆုံ ငီ ငတောင်ရံ ၁။
ကလန် ဖ္လူ သာ ငဖရင် ၁။ငီ ငပေါက် ၁။
သာ ငဖအယ် ၁။ငတိ သာ ငလျောင် ၁။
င မ္လိယ် ၁။သာ ငခင်ဖ ၁။င မ္လိယ် ငီ
ငသုကြာ ၁။သာ ငသြင်ထင် ၁။ . . .
ဆိုတာ ကို ကိုးကားပြီး မြန်မာတွေ
လည်းနေတယ်လို့ဖေါ်ပြသွားခြင်းမရှိခဲ့
ပါဘူး။ကျောက်စာပါ စကုကျွန်မြန်မာ ဦးရေ နဲ့ စကုကျွန်စကြဝ် ဦးရေ အနည်း အများ နိုင်းရလောက်အောင် သိပ်ပြီးကွာလည်းမဟုတ်ပါဘူး။စကြဝ် အကြောင်းပြောတာဖြစ်လို့ မြန်မာ
ကိုချန်တာလည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီကျောက်စာ တစ်ချပ်ထည်း
ကိုဘဲ ကိုးကားပြီး စကုမှာ မြန်မာ နဲ့
စကြဝ် နေတယ်လို့ ပြောနိုင်ပါပြီ။
ဒါဆို မြန်မာ ဆိုတာတော့ ဟုတ်ပါပြီ
စကြဝ် ဆိုတာဘာလဲ ။ ဆရာလုစ်
ပြောတဲ့ လူမျိုးလား ၊ အလုပ်အကိုင်
လား၊အရပ်ဒေသလား စဉ်းစားစရာ
ဖြစ်ပါတယ်။ စကြော ဆိုတာကို
စကြောဟူသော ပေါရာဏပုဒ်ကို ပေါရာဏအဘိဓာန်များ
က ''မြစ်ချောင်းတကြောတဝှမ်းတွင် နေထိုင်လုပ်ကိုင်ရှာဖွေစားသောက်သူ''ဟု ပေးကြပါသည်။ (adapted from ဦးအုန်းရွှေ)။ . . . လို့ဆိုပါတယ်။
ကျနော်အမြင်ကတော့ စကြဝ်ဟာ
လူမျိုးထက် အလုပ်အကိုင် ကိုပြောတာ
ဖြစ်နိုင်တယ်လို့ယူဆပါတယ်။
ဘာကြောင့်လဲ ဆိုတော့ စကု မန်းချောင်း နံဘေး နေတဲ့သူတွေဟာ
အဲ့ခေတ်ကာလ က
အများအားဖြင့် တံငါလုပ်ငန်း နဲ့
နန်းတင်မြေနုကျွန်းတွေပေါ်မှာ
စိုက်ပျိုးရေးလုပ်သူများဖြစ်ကြလိမ့်မယ်။
ယခုထိအောင် အဲ့လုပ်ငန်းနဲ့ လုပ်ကိုင်စားသောက်
အသက်မွေးသူတွေလည်း ရှိပါတယ်။
ဆရာလုစ် ရဲ့ ကျောက်ဆည် စာတမ်းထဲမှာဘဲ ပုဂံခေတ်မှာ စကြဝ်
တွေက ပြည်အနောက် စကြဝ်ကျွန်း
မှာ အခြေချနေထိုင်တယ် ဆိုပါတယ်။
သူကိုးတဲ့ကျောက်စာကတော့
အောက်ခြေမှတ်စုမှာ 468 a လို့ညွန်းပါ
တယ်။ အဲ့ကျောက်စာကတော
မြန်မာနှစ် ၇၀၄ ခုထိုး ပုဂံမြို့ မင်းနန်သူ
ရွာ ငခွေးညို ဂူ အတွင်းရှိ ငခွေးညို
ဂူကျောက်စာ ၂ မျက်နှာ က မျက်နာဘက်ဖြစ်ပါတယ်။
ကျောက်စာရဲ့ကြောင်းရေ ၁၃ မှာ. . .
ပြည်အနောက်ဖက် စကြဝ်၊ က္လွန် အကြေ၊ တိတုတ်အင် တွင်. . .
လို့ပါရှိပါတယ်။ ဆရာလုစ် ပြည်
အနောက်ဖက် စကြဝ် ကျွန်းမှာ
စကြဝ်တွေ အခြေချတယ်ဆိုတော့
ဧရာဝတီမြစ်ထဲက ကျွန်းဖြစ်မယ်
ထင်ပါတယ်။
နွေ မိုး ဆောင်း သုံးရာသီလုံး ကျွန်းပေါ်မှာ
အမြဲအခြေချ နေထိုင်လို့ရပါ့မလား။
ဒီမြစ်ထဲက ကျွန်းလေး ပေါ်မှာကော
လူဦးရေဘယ်လောက်နေ နိုင်မလဲ။
စဉ်းစားစရာဖြစ်ပါတယ်။
ဒါကြောင့် စကြဝ် ဆိုတာ
ခုခေတ် မြေနုကျွန်းလုပ်သူ
တွေလိုဘဲ ရေတက်ချိန်ကမ်းနားက
မိမိရွာ ကိုပြန် ရေကျချိန် မြေနုကျွန်း
တွေပေါ်လာတော့ ကျွန်းပေါ်မှာတဲ
ထိုးနေ သီးနှံစိုက် တံငါလုပ် ဒီလိုအသက်မွေးသူ
တွေကိုဘဲ ဆိုလိုမယ်လိုယူဆ ပါတယ်။
စကြဝ်ပေါရာဏ အတွက်
ကိုဇော်မင်းဦး Zaw Min-Oo
ကိုကျေးဇူးတင်ပါတယ်။
မင်းဘူးနယ်မှာ ပလောင်တို့က
ဆည်မြောင်းလုပ်ငန်းကို စတင်ခဲ့
သည် ဆိုတာနဲ့ ပတ်သက်လို့
အချိန်ရ ရင်ထပ်ပြီး ရေးပါ့မယ်။





0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်