===================================
လိုင်းပေါ်မှာ အချစ်ဇတ်လမ်းခင်းမယ့်သူတွေနဲ့ အချစ်ဇတ်လမ်းခင်းချင်တဲ့ သူတွေ ဖတ်ဖို့ပါ...။
အွန်လိုင်း အချစ်ဆိုတာ စိတ်ကူးယဉ် အရမ်းဆန်လွန်းတယ်။ အွန်လိုင်းမှာ တစ်ယောက်အကြောင်း တစ်ယောက် မသိပဲနဲ့ ချစ်ခွင့်ပန်
ကြတယ်။ အဖြေပေးကြတယ်။ ဒါဟာ အချစ်နဲ့ ပါတ်သက်ပြီး ရူးသွပ်မှုလို့ လူတော်တော် များများက ပြောကြတယ်။ အချစ်ကို ကလေးကစားစရာလို ဆော့ကစားတာဟာ နောက်ဆုံးမှာ မိန်းကလေးတွေဘက်ကပဲ နစ်နာတာ များပါတယ်။ ယောက်ကျားတဲ့...... စားလို့ရရင် အကုန်စားမှာ ကျားတွေပဲနော်။ ပြောကြည့်ပါ။ သင်သာ မိန်းခလေးဆိုရင်....။ သူ့ကို ငါ တကယ် မချစ်ပါဘူး၊ ဒါပေမဲ့ အပျော်
သဘောနဲ့ သူ့ကိုငါ အဖြေပေးတယ်။ သူနဲ့လည်း ဘာမှ အများကြီး မဖြစ်သေးပါဘူး၊ ဘာကို နစ်နာမှာလဲ လို့ပေါ့။
ကျနော်က ယောက်ကျားလေး ယောက်ကျားလေး ဘက်ကပဲ ပြောမယ်။ ရည်းစားများတဲ့ မိန်းခလေးဟာ မိန်းမကောင်း မဟုတ်တော့သလို ပတ်ဝန်းကျင်မှာလည်း သူ့ရှေ့မှာသာ ဘာမှ မပြောပေမဲ့ သူ့နောက်ကွယ်မှာ သူ့အကြောင်းနဲ့ ပါတ်သက်ပြီး မကောင်းသတင်း
တွေက မွှေးနေတာကိုလည်း သူ မသိဘူးလေ။
ယောက်ကျားလေးဘက်က ကြည့်ကြရအောင်။ ယောက်ကျားလေးဘက်က ငါ့မှာ နစ်နာစရာ မရှိဘူး။ ကြုံတုန်း ကြောင်လိုက်အုံး
မယ်ဟ ဆိုတဲ့ သူတွေ များပါတယ်။ မိန်းခလေးဘက်ကလည်း၊ အွန်လိုင်းမှာပဲ အပြင်မှာ မဟုတ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး ဆိုပြီး
အထာတွေပေးတော့ ယောက်ကျားလေးဘက်က အီစီကလီတွေ လုပ်တော့တာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တကယ် ချစ်သွားတဲ့သူ အဲဒီ့အပေါ်မှာ သာယာသွားတဲ့သူ ကတော့ ခံစားရမှာ ၉၀% ပဲ။ တကယ့်အချစ်နဲ့ နှစ်ဦး နှစ်ဖက်ချစ်ကြရင် အကောင်းဆုံးပေါ့။ တကယ်တော့ အချောင်ရရင် ဘာမဆို လိုချင်ကြတာ လူများစုရဲ့ သဘာဝပါ။
ကျနော့်မှာ အလုပ်အတူ တွဲလုပ်နေတဲ့ -Computer Operator -တစ်ယောက် ရှိတယ်။ သူက ဖိလစ်ပိုင် လူမျိုးပါ။ ကျနော်အခုပြောမှာ သူ့အကြောင်းကိုပြောမှာပါ။ အင်တာနက်သုံးတဲ့ သူတွေ များသောအားဖြင့်က ချက်တင် မဝင်တဲ့သူ မရှိသလောက်ရှားပါတယ်။ အဲလိုပဲ သူလည်း ချက်တင် ကို နေ့တိုင်းဝင်ပြီးတော့ကို ချက်တာ။ အွန်လိုင်းမှာ လက်ရှိ သုံးယောက်နဲ့ ကြိုက်နေတုန်းမှာပဲ ဟောင်ကောင် က သူတို့ ဖိလစ်ပိုင် လူမျိုးကောင်မလေး တစ်ယောက်နဲ့ ငြိသွားတယ်။ အဲဒီ ဟောင်ကောင်က ကောင်မလေးကလဲ သူ့ကို လုံးဝကို
ကြွေနေတာ။ ကျနော့် သူငယ်ချင်းကလည်း ရုပ်ကဖြောင့်တာကိုး။ သူတို့က အဲတုန်းက yahoo -ကိုပဲ သုံးတော့ web cam -ကြည့်လို့ ရတယ်နေတာ။ အဲဒီကောင်မလေးက ဘယ်လောက်တောင်ကြွေလဲ ဆို၇င် ချက်တင်မှာ Typing ရိုက်ပြီးပြောရတာ အားမရလို့
ည အိပ်ယာဝင်ရင် တစ်ခါ မနက် အိပ်ယာထရင် တစ်ခါ၊ နေ့ခင်း အလုပ်လုပ်နေ့တဲ့ အချိန်မှာ တစ်ခါ၊ တစ်နေ့ သုံးခါ ကျနော့်
သူငယ်ချင်း ဆီကို ဖုန်းခေါ်ပါတယ် ခင်ဗျာ။
ကောင်မလေးက ဘယ်လောက်တောင် ချစ်လဲ ဆိုရင် ကျနော့်သူငယ်ချင်းနဲ့ ချက်တင် ဝင်ရင်းနဲ့ သူ့အိမ်က အဖေ၊ အမေတွေကိုပါ
ခေါ်ပြီးတော့ သူ့ရဲ့ချစ်သူ ကျနော့် သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ နောက်ပိုင်းကျတော့ သူနဲ့ကောင်မလေး ချက်တင်ဝင်ရင်းနဲ့
ကောင်မလေး နည်းနည်း busy - သွားရင် ကောင်မလေး အဖေအမေတွေနဲ့ပါ ခဏ တစ်ဖြုတ် ချက်တင် ဝင်ဖြစ်တာ ပုံမှန်လို ဖြစ်လာတယ်။ ယောက်ကျားလေး တစ်ယောက် ရည်းစား နှစ်ယောက် သုံးယောက် အပြိုင်ထားတာ အထူးအဆန်းမ ဟုတ်ပါဘူးလို့
စာဖတ်သူက ကျနော့်ကို ပြောလိမ့်မယ် ထင်ရတယ်။ ကျနော်ပြောဖို့ မေ့နေလို့ပါ။ သူ့မှာ ကလေးတစ်ယောက်နဲ့ မိန်းမ ရှိတယ်နော်။ ကလေးက အသက်တစ်နှစ်ကို 2010 ဒီဇင်ဘာ လကမှ ပြည့်သွားခဲ့တာပါ။
ကျနော်တို့တွေ သူ့ကို တားကြပါသေးတယ်။ အဲလို မလုပ်သင့်ဘူး၊ ဟိုမှာ မင်းအကြောင်း သိသွားရင် အရမ်း ခံစားနေရမှာ လို့
ပြောပေမဲ့ သူက သူ့ရည်ရွယ်ချက်နဲ့ သူကိုး။ နောက်မှ သိလိုက်ရတာက သူက အဲဒီ့ကောင်မလေးဆီကနေ ဟောင်ကောင်ဝင်ခွင့် ဗီဇာ နဲ့ အဲဒီ့မှာ လုပ်ဖို့ အလုပ်တွေကိုတောင် ရှာခိုင်းထားပြီးပြီလေ။
အဲဒီလိုနဲ့ သူနဲ့ အဲဒီကောင်မလေးတို့ ချစ်လာကြတာ သုံးလခွဲ လောက်ကြာတော့ သူငယ်ချင်းတွေ အားလုံးက မင်းမိန်းမနဲ့ ကလေးကို ငဲ့ညှာပါကွာ လို့ အတန်တန် နားချတဲ့ စကားတွေကြောင့် အဲဒီ့ကောင်မလေးကို သူ့ရဲ့အကြောင်းကို အမှန်ကို ပြောပြခဲ့တယ်။ ကျနော်တို့မှာလည်း အင်္ဂလိပ်လိုက ကျွမ်းတာနဲ့ တရားဟောနေလိုက်ရတာများ တော်တော် အကြောတင်းတဲ့ ကောင်ပါပဲ။ ဒါနဲ့ သူမှာကလေး တစ်ယောက်နဲ့ မိန်းမ ရှိတယ် ဆိုတဲ့ အကြောင်းပေါ့။ ပထမ ပြောတုန်းက ကောင်မလေးက မယုံဘူး။ ဒါပေမဲ့ နောက်ပိုင်း ဓါတ်ပုံတွေပါပြ တော့မှ သူယုံသွားတယ်။
ဒါပေမဲ့ အဲဒီ့မှာတင် ဇာတ်လမ်းကပြီးသင့်နေပေမဲ့ ကောင်မလေးက တကယ့်ကို ချစ်သွားခဲ့တာ ဆိုတော့ သူ့ခမျာ အရူးအမူးဖြစ်နေ
ခဲ့ တယ်။ နောက်ဆုံးကောင်မလေးက ဘာပြောလဲဆို တော့ အဲဒီသူ့ရဲ့ မိန်းမထံ ပြန်မသွားပဲနဲ့ သူ့ဆီကို လာခဲ့ဖို့၊ သူ့ဘက်က ဗီဇာ လုပ်ပြီး ပို့လိုက်မယ်၊ ဒီမှာ အလုပ်ပါ ရှာထားပေးမယ် တဲ့။ အခုထက်ထိတော့ သူရဲ့အကြောင်းကို အားလုံးသိနေတာတောင် အဲဒီ
ကောင်မလေးခမျာ အဆက်အသွယ် မဖြတ်ပဲနဲ့ ဖုန်းခေါ်တာက တစ်မျိုး၊ SMS message -တွေက တစ်ဖုံ၊ chatting -မှာ ချက်ကြတာတစ်မျိုးနဲ့ အဆက်အသွယ် မပြတ်သေးတာ ဘယ်သူ့ဘက်က အပြစ်ရှိတယ် လို့ စာဖတ်သူတို့ ထင်ကြပါလဲ။
ချစ်သူစုံတွဲတိုင်း အချစ်ကို မဆော့ကစားပဲ တကယ့်အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြတဲ့ ချစ်သူစုံတွဲတွေသာ ဖြစ်ကြရင် ဒီလောကကြီးဟာ အရမ်းကို သာယာကြည်နူးဖွယ် ကောင်းမှာပဲနော်။ အခုတော့..........။ မိန်းမဆိုတာ ဆိတ်ကွယ်ရင် ဘာကြီးဖြစ်နေပါစေ ကျူးလွန်တဲ့သူတွေများတယ်လို့ ဆိုမယ်ရင် အချောင်ရရင် အကုန်လုပ်တာကတော့ ယောက်ကျားလေး အများစုပါပဲ။
သူဌေးမိန်းမက ဒရိုင်ဘာနဲ့ ဖောက်ပြားတာ ဘာကြောင့်လဲ။ အသက်ကြီးနေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ မိန်းမ နောက်လင်ငယ်
နေတာ ဘာကြောင့်လဲ။ ယောက်ကျားအဝေးမှာ ရောက်နေလို့ နောက်တစ်ယောက်နဲ့ အဖော်ပြုနေတာ ဘာကြောင့်လဲ။ တကယ်
တော့ မိန်းခလေးဘက်က ဖောက်ပြန်ဖို့ အခွင့်အရေးတွေ ပေးနေခဲ့ရင်တောင် မြင့်မြတ်တဲ့ ယောက်ကျားသာ မှန်ရင် ရှောင်နိုင်
အောင် ရှောင်ခဲ့ရမှာပေါ့။ အခုတော့ အများကြီးကို တွေ့နေခဲ့ရတယ်။ ခလေး နှစ်ယာက်နဲ့ မိန်းမ ရှိနေပေမဲ့ မြူဆွယ်တဲ့ မိန်းမနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့သူတွေ၊ ပိုက်ဆံမက်လို့ လာမြူဆွယ်တဲ့ ကောင်မလေးကို မရှောင်နိုင်ပဲ ဝင်တိုးခဲ့မိလို့
နောက်ဆုံး အေးချမ်းနေတဲ့ မိသားစုလေး ပြိုကွဲသွားရတာတွေဟာ နောက်ဆုံးမှာ ဘယ်သူ့မှာ အပြစ် ရှိလဲ။
တကယ်တော့ ဘယ်သူမပြု မိမိမှု ပါ။ ကျနော်တို့ ဗုဒ္ဓဘာသာအရ ကြည့်ရင်လည်း ဒု သ န သော ဆိုတဲ့ ကြောက်စရာ ငရဲဆိုးကြီးကိုဆင်းနေတဲ့ ယောက်ကျားတွေ အခု ဒီခေတ်ကြီးထဲမှာ အများကြီးပါ။ ကျနော်အခုပြောနေတာတွေက နားချနေသလို ဖြစ်နေတော့ မင်း
ကော ရှောင်နိုင်သလားတော့ မမေးနဲ့ ရိုးရိုးသားသားပဲ ၀န်ခံပါမယ် ကျွန်တော် အခြောက်မ မဟုတ်ပါဘူး အမေမွေးကတည်းက
ယောက်ျားလေးမို့ ဒီလို စိတ်တွေ ရှိတာတော့ အမှန်ပါပဲ။ ဒါကို သူတော်ကောင်းယောင်ယောင် ဘာယောင်ယောင်လုပ်ပြီး ငါမပါဘူးလို့တော့ မညာနိုင်ပါဘူး။ ကျား သဘာဝပဲမို့ ကိုယ့်တစ်ယောက်တည်း ဒီလိုစိတ် ရှိတတ်တာမှ မဟုတ်လေတော့ ရှက်စရာလို့ မခံယူ ပါဘူး။ စိတ်က ရှိတယ်ဆိုလို့ ရတိုင်း လိုက်လုပ်နေတယ်လို့တော့ မထင်နဲ့ပေါ့ဗျာ။ ဒါက စိတ်က ရှိတာ မှန်တယ် အသိ သတိလေးနဲ့ ထိန်းသိမ်းရတာပေါ့..။ ကိုယ်လုပ်နိုင်ရဲ့သားနဲ့ အလကားရတိုင်း လိုက်ပြောနေမယ် ဆိုရင်တော့ ဒါက အရိုင်းစိတ်ဝင်နေတာလို့ ပြောရင် တော်လေမလားပဲ...။
ပတ်ဝန်းကျင်မှာ တွေ့မိသလောက် သတိထားမိတာကတော့ မိန်းခလေးတွေရဲ့ အချစ်ဟာ တဇွတ်ထိုး ဆန်တယ် ပြောရမယ် ။ ယောက်ျားလေးတွေထက် ဆိုးတာ မြင်ရတာပဲ။ ချစ်ပြီးရင်လည်း မပြောင်းလဲချင်ကြဘူး။ အဲဒီမှာ ဘာဖြစ်လာလဲ ဆိုတော့ သူတို့ ချစ်မိတဲ့သူဟာ မလွတ်မလပ်ကြီး ဖြစ်နေတာမျိုး၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က မလွတ်မလပ် ဆိုတာမျိုး ဆိုရင် အားလုံးမှာ စိတ်ဆင်းရဲ
စရာတွေနဲ့ နှစ်ပါးရတော့မှာအပြင် ပတ်ဝန်းကျင်မှာလည်း အရှက်ရစရာ၊ သံသရာမှာလည်း ငရဲရစရာ ကိစ္စတွေကို လုပ်ဖို့ ကြိုးစားနေသလိုမျိုးဖြစ်နေပြီပေါ့။
အဲဒါကြောင့် မိန်းခလေးတွေအနေနဲ့ ကိုယ့်ဘက်က သူ့ကို ဘယ်လောက်ချစ်ချစ် အဖြေကို လွယ်လွယ် မပေးပဲ သူ့အကြောင်းကို သူ့ဆီက မဟုတ်ပဲ တစ်ခြားသူဆီက အရင်သိအောင် စုံစမ်းသင့်ပါတယ်။ မိန်းခလေးတစ်ယောက်ရဲ့ ဘဝဆိုတာ စက္ကူဖြူတစ်ရွက်လိုပါပဲ။ အစွန်းအထင်း မခံဘူး။ မှားသွားတာကို ပြန်ဖျက်လို့ ရပေမဲ့ အဲဒီ့ အမှားကြီးကတော့ ဘဝနဲ့တူတဲ့ စာရွက်ဖြူလေးပေါ်မှာ အမြဲ
တမ်း ထင်ကျန်ရစ်နေမှာပါပဲ။
ဒီလိုပြောလို့ ယောက်ျားလေးကရောဆို တကယ်က အတူတူပါပဲ ခင်ဗျ....။ စာတွေ ပေတွေ ခဏ ဘေးချထားပြီး အပြန်အလှန် ကျားဘက်တစ်ချက် မ ဘက် တစ်ချက် အဲလို တစ်ချက်စီ စီစစ် သုံးသပ်ကြည့်လိုက်ပါ အတူတူပဲ ဆိုတာတွေ့ရမှာပါ။ ဘုရားတောင် မိန်းမ က ပိုနစ်နာတယ် ဆိုပြီး တိတိပပ မဟောပါဘူး..။ လူရဲ့ ဖြစ်တည်မှုဟာ ဓါတ်လေးပါးစီနဲ့ပဲ တည်ဆောက်ထားတာ အိန္ဒိယက ကုလား တွေ အမြင်ကို အရိုးစွဲနေတဲ့ အခါ မတူဘူးဆိုတဲ့ ဇာတ်ခွဲတဲ့ စနစ်ကြီး စိတ်ထဲ စွဲနေတုန်းမှာပဲ စာတွေပေတွေက ထပ်လောင်း ထည့်ပေးလိုက်တော့ မိန်းမက ပိုနာတယ် ဖြစ်ကုန်တာပဲ။ အားနွဲ့တယ် ဆိုတာ မှန်ပါတယ် ဒီမှာအားနည်းပေမယ့် မိန်းမ ဥာဏ်ကို ကျားတွေ လိုက်မမှီတာတော့ အပြင်မှာလည်း ကြည့်လို့သိတယ်။ စာပေတွေမှာလည်း သက်သေ သာဓကတွေ ပုံလို့။ တော်လှပါပြီ ဆိုတဲ့ ယောက်ျားတစ်ယောက်ကို ကြည့်ရင် သူ့နောက်မှာ သူ့ကိုထိန်းကွပ်ပေးမယ့် သို့မဟုတ် ဖြည့်စွမ်းပေးနိုင်တဲ့ မိန်းမတစ်ယောက် အမြဲတမ်း ရှိနေတယ် ဆိုတဲ့ ဆိုရိုးစကားဟာ အလကားပြောတာမှ မဟုတ်တာပဲ။ ယသော်ဓရာ ကိုပဲကြည့်ပါ ဘယ်လောက် ဖြည့်
စွမ်းပေးခဲ့သလဲ...။ အနှိုင်းမဲ့ပဲ မဟုတ်လား...။ မိန်းမက ခွန်အားမှာသာ လျော့နည်းတာ ယောက်ကျားထက် သာတာတွေလည်း သူတို့မှာ ပိုင်ထားတာပဲ...။ ဒီလို တစ်ချက်စီကြည့်ရင် မတူဘူး ဆိုတဲ့ အမြင်တွေ ပျောက်မယ် ထင်ရတာပဲ..။ တကယ်က မိန်းမလည်း လူ ယောက်ျားလည်း လူပဲ မဟုတ်လား..။ အတူတူပဲ ဖြစ်ရမှာပေါ့..။ ဒါကြောင့်မို့ပဲ အခုဆိုရင် ကမ္ဘာမှာ မိန်းမတွေက ယောက်ျားတွေ နဲ့ ရင်ဘောင်တန်းပြီလို့ ကြွေးကြော်နေကြတာပဲလေ..။
ပြောရင်း ပြောရင်း တောကနေတောင်ရောက်လာပြီ အထက်က ပြောလာတာ ပြန်ကောက်ရအောင်
တကယ် အလေးထား ချစ်တယ် ဆိုရင်တော့ ဘ၀ကို လောင်းကြေးထပ်ပြီး ဆော့ကစားကြတဲ့ ဒီပွဲမှာ အားကိုးလောက်တဲ့
ယောက်ကျားဆိုတာကို အစွမ်းအစတွေ ထုတ်သုံးပြီး လေ့လာရှာဖွေသင့်ပါတယ်။ ဒီမှာ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုစကားတောင် ရှိသေးတာပဲ ဆိုပြီး တလွဲတော့ ဆံပင်မကောင်းလိုက်ပါနဲ့ လို့ မှာပါရစေ...။ အဲ စကားက အရင်ကတော့ အသုံး တည့်ချင်တည့်ပါလိမ့်မယ် ခုချိန်မှာ အဲလို စမ်းရှာလို့ကတော့ မစမ်းနဲ့တော့ တစ်ခါတည်း ဖာတန်းသာ သွားလိုက်ပါ ဈေးကောင်းလေး ရတန်ကောင်းမှာပါ...။ ချစ်သူများနေ့ ဟေ့ ဆိုတာနဲ့ ဘာမှန်းညာမှန်းမသိ လေးငါးရက်လောက်ကနေ ဟော်တယ်တွေ အခန်းကြိုပြည့် နေပြီ ဖြစ်တဲ့ ဒီကနေ့ခေတ်မှာ မသုံးသင့်တာတွေကို သတိထားမိဖို့တော့ လိုပါလိမ့်မယ်။ ဒီမှာဆို ၁၂ နှစ် ၁၃ ကျောင်းသားတွေ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်ပါဘဲနဲ့လည်း အခန်း ၄၀၀ ကျော်လောက် ရှိတဲ့ ဟော်တယ်ကို အုပ်စုလိုက် လာပြီး အပြတ်ငှား တခန်း ကို တစ်စုံ ၀င်သွားကြတာပဲ အုပ်စုဆိုတာ လေးငါးဆယ်ယောက်လောက်ကို ပြောတာ မဟုတ်ဘူး ရာကျော်ကို ပြောတာ အဲသလို လာကြတယ်...။ ဘာဝင်လုပ်ကြတာလဲတော့ ကျတော်လည်း တခါမှ လိုက်မချောင်းကြည့်ဖူးလို့ မပြောပြတတ်ပါဘူး...။
ခုခေတ်မှာက ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ မိန်းခလေးတွေ များလာနေပါပြီ။ ဘဝ ဆိုတာ လုပ်ချင်တာတွေနဲ့ချည်း ဖွဲ့စည်းထားတာ
မဟုတ်ပါဘူး။ လုပ်သင့်တာတွေ အတွက်ကိုလည်း ဦးစားပေးသင့်ပါတယ်။ လုပ်ချင်တာတွေချည်း လုပ်နေတဲ့သူဟာ မဖြစ်သင့်တဲ့
အမှားတွေနဲ့ လုံးပန်းနေရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ လုပ်ချင်တာထက် လုပ်သင့်တာကို တစ်ခါတစ်လေမှာ ဦးစားပေးလိုက်ပါ။
အဲဒီ့ အကျိုးကျေးဇူးကို လက်ငင်း မစံစားရတောင် နောင်တစ်ချိန်မှာ မုချ စံစားရပါလိမ့်မယ်..။
လိုင်းပေါ်က အချစ်ဆိုတာ မယုံကြည်ရဘူးလို့တော့ မပြောပါဘူး တကယ်ချစ်ကြတဲ့သူတွေ အများကြီး ရှိပါတယ် ပြောလိုရင်းက
ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ကြပါလို့ ပြောလိုတာပါ..။ ဒီနေ့ခေတ်မှာ လစ်ဗင်းတူဂဲလ်သား ဆိုတာ ဘာမှ မဆန်းတော့ဘူး ဆိုတဲ့
အမြင်တွေက အတွေးအယူတွေက အားသာသွားပြီဆိုတာ အမှန်ပါ..။ မဆန်းတော့ဘူး ဆိုပေမယ့် ဆန်းတာတွေ ဖြစ်လာတတ် တာမို့ ပျင်းပျင်းနေတာနဲ့ သူငယ်ချင်းကို သတိရမိတာနဲ့ သူ့အကြောင်း စာကောက်ရေးချလိုက်တာပါ...။ ဖတ်ပေးတာ ကျေးဇူးနော်..။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်