သကၠရာဇ္ သာသာနာႏွစ္ ခရ၀္ႏွစ္တို႔ႏွင့္ဆက္စပ္ ပက္သက္ေသာ မွတ္ခ်က္မ်ား


-----------------------------------------------------------------------------------------
ဒီေခါင္းစဥ္နဲ႕ ၂၀-၄-၁၀၁၆ ရက္ေန႕ထုတ္ ေၾကးမုံသတင္းစာ စာမ်က္ႏွာ ၁၉ ပါ ေအာက္ ပါ ေဆာင္းပါးကို ဖတ္ရႈခဲ့ရသည္ ထိုေၾကာင့္ မူလစာေရးသူ ဦးတင္စိန္ (အင္/ယာမႉး မီးရထား-ၿငိမ္း) ေရးသည့္အတိုင္း သတင္းစာပါ ေဆာင္းပါးကို တစ္လုံးတစ္ပါဒမွ် မယြင္းေစဘဲ ကူးယူေဖာ္ျပေပးထားပါသည္
စာအသုံးညက္ေညာမႈေၾကာင့္ ေစတနာတျခား ဆဲေနသလိုလား သို႔တည္းမဟုတ္ သမိုင္း သေဘာကို နားမလည္သည္လား သို႔မဟုတ္ ေစတနာေယာင္လား ဆိုတာ ေတာ့ျဖင့္ ေရးသူကိုယ္တိုင္သာ သိပါလိမ့္မည္ ကြ်န္ေတာ့္အေနျဖင့္ေတာ့ စာေရးသူ
ကို မည္သို႔မွ် အထင္မေရာက္ သူ၏ လြတ္လပ္ခြင့္အရ ေျပာႏိုင္ပါ၏ သို႔ေသာ္လည္း.....
ေနာက္မွ သီးျခားပိုစ့္ ျပန္တင္ေပးပါမည္ ေအာက္တြင္မူလ ေဆာင္းပါးရွင္၏ စာမူရင္း ကို ေလ့လာၾကည့္ၾကပါကုန္.....
++++++++++++++++++++++++++++++++++++++++++++++++++++++
သမႏၱဳစကၡဳဒီပနီက်မ္း ဒုတိယတြဲ၌ မုံေ႐ြးေဇတဝန္ ဆရာေတာ္ႀကီးက ကာလေဒသ အေလ်ာက္ သေင္ၠတ ပညတ္မွတ္ သားေရးသား႐ုံမွ်သာ အက်ိဳးရွိသည္။ထိုအေရး အသား အမွတ္အကၡရာ တိမ္းသည္ ဟူ၍ သံသရာေရးေလ်ာ့ ပါးႏြမ္းနယ္ ေကာင္းေသာ အရာ မဟုတ္၍တစ္ေၾကာင္း၊ ဤသို႔ေသာ အေရးကို အတပ္မွန္သိရသျဖင့္ ဝဋ္ အေပါင္းမွ ထြက္ေျမာက္နိုင္ေအာင္ အက်ိဳးေဆာင္ေသာ ပညာသမၼာဒိ႒ိဉာဏ္၏ အာ႐ုံမဟုတ္သည္ လည္း တစ္ေၾကာင္းျဖစ္၍ ငါတို႔အလိုကား ေလ်ာ္ရာ ေလ်ာ္ရာေတာ္ သင့္ၾကေလသည္ ခ်ည္းပင္ျဖစ္ေတာ့ သည္။ ထို႔ေၾကာင့္ သကၠရာဇ္ဟူေသာအေခၚအေဝၚအရ အသုံးအႏႈန္း တို႔သည္ သဂၤယနာတင္ က်မ္းဂန္တို႔၌ မပါ ရွိခဲ့ကုန္ေခ်။ ေလာကအေၾကာင္းဆိုင္ရာ ေဗဒင္က်မ္း၊ရာဇဝင္က်မ္း တို႔၏ အဆိုအလို အားျဖင့္သာ သိရွိခဲ့ကုန္၏။ အက်ဥ္းခ်ဳပ္ အားျဖင့္ဆိုရေသာ္ ဘိုးေတာ္အၪၥနမင္းမွ လာ သကၠရာဇ္(၁၄၈)အေရာက္တြင္ ဘုရားပရိနိဗၺာန္ စံေတာ္မူ၏။ ဟူ၍ ၂-၁-၂၀၁၆ ရက္ထုတ္ ေၾကးမုံ သတင္းစာတြင္ ပါရွိေသာ အဆိုေက်ာ္ ဦးထြန္းေ႐ႊ၏ သကၠရာဇ္ အေၾကာင္း သိေကာင္းစရာ ေဆာင္းပါးမွ ဖတ္ရႈ သိရွိရပါသည္။
မုံေ႐ြးေဇတဝန္ဆရာေတာ္ႀကီး မိန႔္ဆိုသကဲ့သို႔ သကၠရာဇ္ အမွတ္အသား ဟူသည္ သံသရာေရးေလ်ာ့ပါးေအာင္ ဝဋ္ အေပါင္းမွ ထြက္ေျမာက္နိုင္ေအာင္အက်ိဳးမေဆာင္နိုင္ပါ။
ပညာသမၼာဒိ႒ိဉာဏ္ကသာလွ်င္ သံသရာေရးပါေအာင္ ဝဋ္အေပါင္းမွ ထြက္ေျမာက္နိုင္
ေအာင္ အက်ိဳးေဆာင္ပါသည္။ ထို႔ေၾကာင့္ ဗုဒၶဘုရားရွင္ ၏ ေဒသနာေတာ္ မ်ားကို မွတ္တမ္းတင္ ထားရွိကုန္ေသာ သဂၤါယနာတင္ က်မ္းတို႔၌ မပါရွိျခင္းျဖစ္ ပါသည္။
သကၠရာဇ္အမွတ္အသားမ်ားႏွင့္ပတ္သက္၍ ေဗဒင္ က်မ္းတို႔ အေနႏွင့္ မည္သို႔ သေဘာထားသည္ကို မသိရွိပါ။ ရာဇဝင္က်မ္းတို႔၏ ဖြင့္ဆိုခ်က္မ်ား၌မူ သကၠရာဇ္ႏွင့္ ပတ္သက္၍ အမ်ိဳးမ်ိဳးကြဲလြဲလ်က္ရွိေနျခင္းေၾကာင့္ သကၠရာဇ္ႏွင့္ ဆက္စပ္ လ်က္ ရွိသည့္ သာသနာႏွစ္၊ ခရစ္ ႏွစ္တို႔မွာလည္း ဗုဒၶဝင္က်မ္းဂန္မ်ား၌ အမ်ိဳးမ်ိဳးကြဲလြဲလ်က္ရွိေနပါ သည္။
ယခုကဲ့သို႔ေသာ ပညာေခတ္ႀကီးတြင္ ထိုသို႔ေသာ ကြဲလြဲမႈမ်ားမွာ လုံးဝမရွိသင့္ေတာ့ဟု ထင္ျမင္မိပါသည္။ သုေတသီပညာရွင္မ်ားအေနႏွင့္ အဘက္ဘက္မွ သုေတသနျပဳ ၍ အမွန္ျဖစ္ေအာင္ျပင္ဆင္သင့္ပါသည္။
ဦးစိန္ထြန္း (မာမကသုေတသီ)၏ ကမၻာပတ္၍ ဘုရားရွာျခင္း စာအုပ္၊ စာမ်က္ႏွာ(၁၈၂)၌ အေသာကနန္းတက္ေသာခရစ္ႏွစ္ကို အိနိၵယရာဇဝင္မ်ားအရ ဘီစီ ၂၇၃ ဟု ဆိုထားျခင္းေၾကာင့္ အေသာကနန္းတက္ေသာ သာသနာႏွစ္ ၂၁၄ ႏွင့္ေပါင္းပါက ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္မွာ ခရစ္ႏွစ္အားျဖင့္ ဘီစီ ၄၈၇ ျဖစ္သည္ဟု ေဖာ္ျပေရး
သားထား ပါသည္။
ဆရာပါရဂူ၏ ရာဇာႏွင့္သာသနာစာအုပ္၊ စာမ်က္ႏွာ ၈ ၌ အေသာကရာဇာသည္ ၂၇၃ ဘီစီတြင္ ထီးနန္းကို သိမ္းပိုက္ၿပီး ဘီစီ ၂၆၉ တြင္ ရာဇဘိေသက ခံယူသည္ဟု ဆို ထားျခင္းေၾကာင့္ ဆရာပါရဂူ အဆိုႏွင့္ ဦးစိန္ထြန္း (မာမကသုေတသီ) ၏ အဆို ကိုက္ညီေနပါသည္။
ဆရာညိုေသာင္း၏ ဘာသာႀကီးေလးခု အႏွစ္သာရမ်ားစာအုပ္၊ စာမ်က္ႏွာ ၁၇၆၌ ဗုဒၶ ဖြားျမင္ေသာႏွစ္မွာ ခရစ္ႏွစ္အားျဖင့္ ဘီစီ ၅၆၇ ဟုဆိုထားရာ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္ မွာ ၅၆၇-၈၀-၄၈၇ ဘီစီျဖစ္ေနပါသည္။ ဦးစိန္ထြန္း (မာမကသုေတသီ)၊ ဆရာပါရဂူ တို႔၏
အဆိုႏွင့္ ကိုက္ညီေနပါသည္။
ဆရာႀကီးဦးေ႐ႊေအာင္၏ ခ်မ္းသာကိုရွာေဖြျခင္း စာအုပ္၊ စာမ်က္ႏွာ ၁၃၌မူ ဗုဒၶဖြားျမင္ေသာ ခရစ္ႏွစ္ကို ဘီစီ ၅၆၃ ဟုဆိုထားရာ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္မွာ
၅၆၃-၈၀=၄၈၃ ဘီစီျဖစ္ေနပါသည္။ ဆရာႀကီး ဦးေ႐ႊေအာင္ ၏ အဆိုအရ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္ (၄)ႏွစ္ ကြာျခားေနရျခင္းမွာ အေသာက ထီးနန္းရရွိေသာႏွစ္ႏွင့္
ရာဇဘိေသကခံယူေသာႏွစ္တို႔အား အေကာက္အယူလြဲ မွားျခင္းတို႔ေၾကာင့္ ဟု ဆိုစရာ ရွိပါသည္။
ဦးကုလား၏ရာဇဝင္ႀကီးႏွင့္ ဒီပဝံသ မဟာဝံသက်မ္း တို႔တြင္မူ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္ကို ဘီစီ-၅၄၄ဟု ေဖာ္ျပထားရာ ႏွစ္အားျဖင့္ မ်ားစြာမွကြာျခားေနပါသည္။ သကၠရာဇ္၊ သာသနာႏွစ္၊ ခရစ္ႏွစ္တို႔၏ ဆက္စပ္မႈမ်ား ကို ဆရာနႏၵာသိန္းဇံ၏ ေထရဝါဒႏွင့္ ပတ္သက္ေသာ မွတ္ခ်က္မ်ား စာအုပ္ ဗုဒၶပြင့္ေတာ္မူရာကာလ အခန္း တြင္ ေအာက္ပါ အတိုင္း အေသးစိတ္ ေဖာ္ျပေရးသားထား ပါသည္။ ဦးကုလား၏ မဟာရာဇဝင္ႀကီးအရ စႏၵဂုတ္ထီးနန္းရရွိေသာ သာသနာႏွစ္ ၁၆၂သည္ သီရိလကၤာနိုင္ငံ၌ ခရစ္ႏွစ္
၃၅၀ (သာသနာ၈၉၄) ခန႔္ကေရးသားခဲ့ေသာ ဒီပဝံသက်မ္း ႏွင့္ခရစ္ႏွစ္ ၄၅၀ (သာသနာ၉၉၄) ခန႔္ကေရးသားခဲ့ေသာ မဟာဝံသက်မ္းတို႔မွ ကိုးကားလ်က္ ရရွိျခင္းျဖစ္ သည္။ ထိုသို႔ ကိုးကားရရွိျခင္းမွာ ခိုင္လုံသည္ဟု မဆိုနိုင္ေပ။
အိႏၵိယ၌ေရွးေခတ္အခါက ေခတ္ၿပိဳင္ မွတ္တမ္းမ်ားေရး သားထားေလ့ မရွိျခင္းေၾကာင့္ ဗုဒၶပရိနိဗၺာန္ျပဳရာ ကာလ။ ဗုဒၶပြင့္ေတာ္မူရာကာလ။ ဗုဒၶဖြားေတာ္မူရာကာလတို႔ကို
သိရွိနိုင္ရန္ ထိုေခတ္က မွတ္တမ္းေရးေလ့ရွိသည့္ ဂရိမွတ္တမ္းမ်ားကို အားကိုး အားထားျပဳရသည္။ ဂရိဘုရင္ အလက္ဇႏၵားသည္ အိႏၵိယသို႔ဝင္ေရာက္သိမ္းပိုက္ၿပီး
ဘီစီ-၃၂၃တြင္ ကြယ္လြန္ခဲ့သည္။ ထိုေနာက္အိႏၵိယနိုင္ငံႀကီး အစိပ္စိပ္အမႊာမႊာၿပိဳကြဲရာ ထိုအခ်ိန္၌ ေမာရိယမင္းဆက္ျဖစ္သည့္ စႏၵဂုတ္ဘုရင္ႀကီးအိႏၵိယ၌ ေပၚထြန္းခဲ့သည္။ စႏၵဂုတ္သည္ အစိပ္စိပ္ႁမႊာႁမႊာၿပိဳကြဲေနေသာ အိႏၵိယကိုႏွစ္ႏွစ္ခန႔္ အခ်ိန္ယူၿပီးစည္း႐ုံး ခဲ့ရသည္ဟု ယူပါက စႏၵဂုတ္ထီးနန္းရရွိသည့္ ခရစ္ႏွစ္မွာ ဘီစီ-၃၂၁ ဟူ၍ က်ိဳးေၾကာင္း ဆက္စပ္လ်က္ မွတ္ယူနိုင္သည္။ ထို႔ေၾကာင့္ ဝံသက်မ္းမ်ားလာ(ဦးကုလား၏ မဟာရာဇဝင္ႀကီးလာ) စႏၵဂုတ္ထီးနန္းရရွိေသာ သာသနာႏွစ္၁၆၂ႏွင့္ ဂရိမွတ္တမ္းလာ စႏၵဂုတ္ နန္းတက္ေသာ ခရစ္ႏွစ္ ဘီစီ-၃၂၁ တို႔ကို ေပါင္းျခင္း အားျဖင့္ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္ ဘီစီ-၄၈၃ ရရွိသည္။
ဗုဒၶပရိနိဗၺာန္ျပဳေသာ ကာလႏွင့္ အေသာကရာဇာ ထီးနန္းရရွိေသာ ကာလမွာ ၂၁၄ႏွစ္ ကြာျခားသည္ဟု ဝံသက်မ္းမ်ားက အဆိုရွိေသာ္လည္း ဇိနဝါဒီတို႔၏ အစဥ္အလာ အရ မူ ႏွစ္ေပါင္း၁၀ဝ ခန႔္သာ ၾကာသည္ ဟုဆိုထားသည္။ သကၠတဘာသာ၌ ဗုဒၶပရိနိဗၺာန္ျပဳၿပီးႏွစ္ေပါင္း ၁၀ဝ သို႔မဟုတ္ ၁၁၆အၾကာတြင္ အေသာကထီးနန္း ရရွိသည္ ဟု ဆိုထားျခင္းေၾကာင့့္ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္မွာ ၂၇၁ + ၁၁၆ = ၃၈၇ဘီစီျဖစ္နိုင္ သည္။
(သာသနာႏွစ္အားျဖင့္ စႏၵဂုတ္ထီးနန္းရရွိေသာ၁၆၂တြင္ စႏၵဂုတ္မင္း စည္း စိမ္၂၄ႏွစ္ႏွင့္ သားေတာ္ ဗိႏၵဳသာရမင္းစည္းစိမ္၂၈ႏွစ္တို႔ကိုထည့္ေပါင္းျခင္းအားျဖင့္ ဗိႏၵဳသာရ၏
သားေတာ္ အေသာကရာဇာထီး နန္းရရွိေသာႏွစ္မွာ သာသနာ၂၁၄ျဖစ္သည္။ ဦးစိန္ထြန္း၊ ဆရာပါရဂူ၊ ဆရာညိုေသာင္းတို႔က အေသာကရာဇာထီးနန္းရရွိေသာ ႏွစ္မွာ
ခရစ္ႏွစ္ဘီစီ-၂၇၃ဟု ယူဆၿပီး ဆရာနႏၵသိန္းဇံက ဘီစီ-၂၇၁ဟု ယူဆထားျခင္းျဖစ္သည္။
ဝံသက်မ္းမ်ားလာ သာသနာ၁၆၂တြင္ စႏၵဂုတ္ နန္းတက္သည္။ သာသနာ၂၁၄ တြင္ အေသာကရာဇာ နန္းတက္သည္ ဟူေသာ အဆိုကို ပညာရွင္မ်ားက ေရွးဦးစြာ သံသယ ရွိၾကသည္။
ဒုတိယအေနျဖင့္ ဂရိ မွတ္တမ္းမ်ားအရ စႏၵဂုတ္ထီးနန္းရရွိေသာ ခရစ္ႏွစ္မွာလည္း မွန္းဆ ဆက္စပ္ တြက္ခ်က္ယူျခင္းသာျဖစ္သည္။
တတိယအေနျဖင့္ စႏၵဂုတ္ႏွင့္ဗိႏၵဳသာရတို႔၏ မင္းစည္းစိမ္(နန္းစံကာလ)မ်ားကိုလည္း ဝံသက်မ္းမ်ားလာအတိုင္း အမွန္ဟု ယူဆလက္ခံထားရျခင္း ပင္ျဖစ္သည္။
ဒုတိယအေနျဖင့္ ပညာရွိမ်ားသံသယရွိခဲ့ၾကေသာ စႏၵဂုတ္ထီးနန္းရရွိေသာ ခရစ္ႏွစ္ ကို ေမာင္မင္းနိုင္ (ဝါးခယ္မ)၏ ကမၻာ့ဩဇာ အႀကီးမားဆုံးပုဂၢိုလ္ ၁၀ဝ စာအုပ္တြင္ ကြၽန္ေတာ့အေနျဖင့္ ရွာေဖြဖတ္ရႈရာ အလက္ဇႏၵားသည္ ဂရိတ္ အခန္းစာမ်က္ႏွာ-၁၆၀၊
၁၆၁ ၌ ေအာက္ပါအတိုင္းေတြ႕ရွိရပါသည္။
ပါးရွားဘုရင္ ေဒးရီးယပ္စ္ႏွင္ သူ႕ကိုဆက္ခံသူတို႔အား အလက္ဇႏၵားက ဘီစီ ၃၃၀ တြင္ ေခ်မႈန္းနိုင္ခဲ့ၿပီး အာရွအလယ္ပိုင္းအထိ တစ္ဟုန္ထိုးခ်ီတက္ခဲ့၏။ ထိုမွ တစ္ဖန္ အာဖဂန္နစၥတန္ အထိ ခ်ီတက္ခဲ့ၿပီး ဟင္ဒူကရွ္ေတာင္ကိုျဖတ္ကာ အိႏၵိယအထိ စစ္ခ်ီ ခဲ့၏။ အလက္ ဇႏၵားသည္ အိႏၵိယအေနာက္ပိုင္းတြင္ ေအာင္ပြဲအဆင့္ဆင့္ ရရွိ ခဲ့ၿပီးေနာက္ အိႏၵိယအေရွ႕ပိုင္းအထိ ဆက္လက္ခ်ီတက္
(((((((မန္မာနိုင္ငံဗုဒၶဘာသာဝင္တို႔၏ အဓိကအက်ဆဳံးျဖစ္သည့္ ဗုဒၶ၏သမိုင္းျဖစ္စဥ္ကို အမွန္သို ့ေရာက္ေအာင္ ႀကိဳးစား အားထုတ္သင့္၏။
ထိုသမိုင္း အမွားႀကီးမွာႏွစ္ေပါင္း ၂၅၀ဝခန႔္ၾကာခဲ့ၿပီးျဖစ္ရာ ဒီအတိုင္းထားၿပီး ဆက္လက္ သုံးစြဲရင္ေကာ မျဖစ္ဘူးလားဟူ၍ ေမးစရာရွိ၏။သမိုင္းပါေမာကၡ ေဒါက္တာသန္းထြန္း၏ အဆိုအရသမိုင္းဟူသည္၊ သုေတသနလုပ္ထုံးလုပ္နည္းအရ မွားသည္ ကိုေတြ႕ လွ်င္ ျပင္ဆင္ ရမည္ျဖစ္၏။ ယေန႕ပညာ ေခတ္ႀကီးတြင္ အရာရာကို စူးစမ္းေလ့လာ လ်က္ရွိ ၏။ ဗုဒၶဘာသာဝင္တို႔၏ အဓိကအက်ဆဳံးျဖစ္သည့္ ဗုဒၶ၏ သမိုင္းျဖစ္စဥ္ မဟာ အမွားႀကီးကို ကမၻာသူကမၻာသား လူအမ်ားက တစ္ေန႕မဟုတ္တစ္ေန႕ သိရွိလာၾကမည္
ျဖစ္ .... ))))))))
ရန္ ရည္႐ြယ္ခဲ့ေသာ္လည္း သူ၏ စစ္တပ္မ်ားမွာ အင္အားကုန္ခန္း လာၿပီျဖစ္၍ အလက္ဇႏၵားမွာ စိတ္မပါ လက္မပါျဖင့္ ပါရွားသို႔ျပန္လွည့္ခဲ့ရ၏။ ဘီစီ ၃၂၃ ခုႏွစ္
ဇြန္လ ေစာေစာပိုင္းတြင္ အလက္ဇႏၵားမွာ ႐ုတ္တရက္ ဖ်ားနာၿပီး ၁၀ ရက္ အၾကာ ေဘဘီလုံတြင္ ရွိစဥ္ ကံကုန္သြားခဲ့၏ ဟူ၍ ေတြ႕ရွိရပါသည္။
ကမၻာ့ဩဇာအႀကီးမားဆုံးေသာပုဂၢိုလ္ ၁၀ဝ စာအုပ္မွ အလက္ဇႏၵား၏သမိုင္းကို စိစစ္ၾကည့္ေသာ္ အလက္ဇႏၵားသည္ အိႏၵိယမွ ျပန္လည္ထြက္ခြာသည္မွာ ၃၃၂
ဘီစီေလာက္က ျဖစ္နိုင္ပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္အလက္ဇႏၵား သည္ ဘီစီ ၃၃၀ တြင္ အာရွအလယ္ပိုင္းအထိ ခ်ီတက္ သိမ္းပိုက္ခဲ့ၿပီး အာဖဂန္နစၥတန္မွတစ္ဆင့္ အိႏၵိယ အေနာက္ပိုင္းထိ ခ်ီတက္သိမ္းပိုက္သည္မွာ ႏွစ္ႏွစ္ခန႔္မွ်သာ ၾကာနိုင္သည္ဟု ယူဆ မိေသာေၾကာင့္ျဖစ္ပါသည္။ အလက္ဇႏၵားသည္ ဆရာ နႏၵသိန္းဇံ ယူဆသကဲ့သို႔ ကံကုန္ ၿပီးမွ အိႏၵိယမွ ဆုတ္ခြာျခင္း မျဖစ္နိုင္ပါ။ အိႏၵိယအေနာက္ပိုင္းကို သိမ္းပိုက္ၿပီး သူ၏ စစ္တပ္မ်ား အင္အားကုန္ခန္း၍ ပါရွားသို႔ျပန္လွည့္ခဲ့ရၿပီး ေဘဘီလုံ၌ ဘီစီ ၃၂၃
တြင္ ကံကုန္ခဲ့ရျခင္းျဖစ္ပါသည္။
အထက္ပါအတိုင္း ဆက္စပ္ေတြးၾကည့္ပါမူ အလက္ဇႏၵား အိႏၵိယမွ ဆုတ္ခြာသည္ႏွင့္ စႏၵဂုတ္မင္းႀကီးသည္ ဘီစီ ၃၃၂ ၌ပင္ အိႏၵိယတြင္ နန္းတက္သည္ဟု ယူဆ နိုင္စရာ ရွိပါသည္။ စႏၵဂုတ္နန္းတက္ေသာႏွစ္ ဘီစီ ၃၃၂ မွ စႏၵဂုတ္ နန္းစံႏွစ္ ၂၄ + ဗိႏၵဳသာရ နန္းစံႏွစ္ ၂၈=၅၂ ႏွစ္ႏုတ္ေသာ္ ဗိႏၵဳသာရ၏သားေတာ္ အေသာကရာဇာ နန္းတက္ႏွစ္ မွာ ၃၃၂-၅၂=၂၈၀ ဘီစီျဖစ္နိုင္ပါသည္။
အားလုံးကို ၿခဳံငုံသုံးသပ္ပါက အေသာကရာဇာထီးနန္း ရရွိေသာႏွစ္ မွာ ၂၇၁ ဘီစီ၊ ၂၇၃ ဘီစီ၊ ၂၈၀ ဘီစီ တစ္ခုခုျဖစ္နိုင္ပါသည္။ အေသာကရာဇာ ထီးနန္းရရွိေသာႏွစ္ကို ၂၈၀ ဘီစီ ဟု သတ္မွတ္ပါက ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္မွာ ၂၈၀+၁၁၆=၃၉၆ ဘီစီျဖစ္နိုင္ ပါသည္။
၁၁၆ ႏွစ္မွာ ဗုဒၶပရိနိဗၺာန္ျပဳခ်ိန္ႏွင့္ အေသာကရာဇာ ထီးနန္းရရွိခ်ိန္ အၾကား ကြာျခားေသာႏွစ္ျဖစ္ပါသည္။
ဆရာနႏၵသိန္းဇံက ေထရဝါဒႏွင့္ပတ္သက္ေသာမွတ္ခ်က္မ်ား စာအုပ္တြင္ ထိုသို႔ ၁၁၆ ႏွစ္ ကြာျခားေၾကာင္းေက်ာက္စာအရ ခိုင္မာသည္ဟု ဆိုထားပါသည္။ ဗုဒၶ
ပရိနိဗၺာန္ျပဳေသာႏွစ္ ကို ဘီစီ ၃၉၆ ဟု ယူဆသတ္ မွတ္ပါက ဗုဒၶ၏ျဖစ္ေတာ္စဥ္ ခရစ္ႏွစ္မ်ား မွာ ေအာက္ပါအတိုင္း တြက္ခ်က္ ရယူနိုင္ပါသည္။
ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္ = ၃၉၆ ဘီစီ
ဗုဒၶဘုရားရွင္ျဖစ္ေသာႏွစ္ = ၃၉၆ + ၄၅ = ၄၄၁ ဘီစီ
ဗုဒၶဖြားျမင္ေသာႏွစ္ = ၃၉၆ + ၈၀ = ၄၇၆ ဘီစီ
မုံေ႐ြးေဇတဝန္ဆရာေတာ္ႀကီး၏အဆိုအရ ဘိုးေတာ္ အၪၨနမင္းမွ လာေသာ သကၠရာဇ္ ၁၄၈ အေရာက္တြင္ ဘုရားပရိနိဗၺာန္ေရာက္ျခင္းျဖစ္ရာ ၃၉၆+၁၄၈=၅၄၄ ဘီစီ သည္ ဗုဒၶပရိနိဗၺာန္ျပဳေသာႏွစ္ မဟုတ္ဘဲ မဟာသကၠရာဇ္၏ အစႏွစ္ျဖစ္ေနသည္ ကို ေတြ႕ရွိရ မည္ျဖစ္ပါသည္။
ဗုဒၶပရိနိဗၺာန္ျပဳၿပီးေနာက္ အဇာတသတ္မင္းႀကီးသည္ (၁)ခု ခ်န္ထား၍ မဟာသကၠရာဇ္ ၁၄၈ ကို ၿဖိဳေတာ္ မူ၏ဟုဆိုရာတြင္ မည္သို႔ေသာ အေၾကာင္းေၾကာင့္ၿဖိဳသည္ကို ဗုဒၶ ဘာသာဝင္မ်ားအေနႏွင့္ မ်ားစြာမွ စဥ္းစားသင့္၏။ အမွန္အားျဖင့္ ဗုဒၶ၏ျဖစ္ေတာ္စဥ္ ကို ၿဖိဳဖ်က္ျခင္း လုံးဝမျပဳသင့္ေခ်။
ဗုဒၶ၏သာသနာႏွစ္ကို ေရတြက္မည္ ဆိုပါကလည္း ဗုဒၶဖြားျမင္ေသာႏွစ္ ဗုဒၶဘုရား ရွင္ျဖစ္ေသာႏွစ္ စသည္ျဖင့္ တစ္ခုခုမွစ၍ ေရတြက္သင့္၏။ ဗုဒၶပရိ နိဗၺာန္ျပဳၿပီးမွ ဗုဒၶ၏ သာသနာႏွစ္ဟု ေရတြက္သတ္မွတ္ျခင္းမွာ ဗုဒၶ၏ သာသနာႏွစ္မဟုတ္ဘဲ သာဝကႀကီးမ်ား
(မဟာေထရ္ႀကီးမ်ား)၏ သာသနာႏွစ္ျဖစ္ေနသည္ကို သတိျပဳသင့္ပါသည္။
သေရေခတၱရာ သုမုႏၵရီမင္းႏွင့္အၿပိဳင္ အိႏၵိယနိုင္ငံ သကမင္းမ်ားက သာသနာႏွစ္ ၆၂၂ ကို ၿဖိဳခဲ့သည္မွာလည္း စဥ္းစားဖြယ္ေကာင္းလွပါသည္။ မဟာသကၠရာဇ္ ၁၄၈ ကို ၿဖိဳခဲ့သည္ ဟူေသာ အမွားကို ျပင္ဆင္လို၍ေသာ္လည္းေကာင္း၊ အမွားကို ဖုံးကြယ္လို ၍ေသာ္လည္းေကာင္းျဖစ္နိုင္ပါသည္။ သို႔ေသာ္ သမိုင္းဟူသည္ ကာလၾကာျမင့္စြာ
ဖုံးကြယ္၍ ရရိုး ထုံးစံမရွိပါ။
ပုဂံျပည္ပုပၸားေစာရဟန္းမင္း လက္ထက္သို႔ေရာက္ ျပန္ေသာအခါ ပညာရွိမ်ားက ရိပ္မိ သိရွိၾကျပန္၍ သကၠရာဇ္ ၿဖိဳျခင္းျဖင့္ အမွန္သို႔ ေရာက္ေအာင္ ျပဳျပင္ၾကျပန္ရာ အရာ မေရာက္ ခဲ့ေခ်။ ထိုမဟာအမွားႀကီးကို ေခတ္အဆက္ဆက္၌ ရိပ္မိ သိရွိခဲ့ၾကရာ ေနာက္ ဆုံး အင္းဝေခတ္ မိုးညွင္းမင္းတရား ႀကီးလက္ထက္၌ သကၠရာဇ္ၿဖိဳျခင္းျဖင့္ ျပဳျပင္ခဲ့ၾကျပန္ ၏။ မၿပိဳသည့္အျပင္ ေခတ္အဆက္ဆက္၌ မွားခဲ့ေသာ မဟာအမွားႀကီးသည္ ယခု မ်က္ေမွာက္ေခတ္တိုင္ေအာင္ ေရာက္ရွိလာေတာ့၏။
ျမန္မာနိုင္ငံဗုဒၶဘာသာဝင္တို႔၏ အဓိကအက်ဆဳံးျဖစ္သည့္ ဗုဒၶ၏သမိုင္းျဖစ္စဥ္ကို အမွန္သို႔ ေရာက္ေအာင္ ႀကိဳးစားအားထုတ္သင့္၏။ ထိုသမိုင္း အမွားႀကီးမွာ ႏွစ္ေပါင္း
၂၅၀ဝခန႔္ၾကာခဲ့ၿပီးျဖစ္ရာ ဒီအတိုင္းထားၿပီး ဆက္လက္သုံးစြဲရင္ေကာ မျဖစ္ဘူးလား ဟူ၍ ေမးစရာရွိ၏။သမိုင္းပါေမာကၡ ေဒါက္တာသန္းထြန္း၏ အဆိုအရ သမိုင္းဟူသည္၊
သုေတသနလုပ္ထုံးလုပ္နည္းအရ မွားသည္ကိုေတြ႕လွ်င္ ျပင္ဆင္ရမည္ျဖစ္၏။ ယေန႕ပညာ ေခတ္ႀကီးတြင္ အရာရာကို စူးစမ္းေလ့လာလ်က္ရွိ၏။ ဗုဒၶဘာသာဝင္တို႔၏ အဓိကအက်ဆဳံးျဖစ္သည့္ ဗုဒၶ၏ သမိုင္းျဖစ္စဥ္မဟာအမွားႀကီးကို ကမၻာသူကမၻာသား လူအမ်ားက တစ္ေန႕မဟုတ္တစ္ေန႕ သိရွိလာၾကမည္ျဖစ္၏။ သိရွိၿပီးသား လူအမ်ားက လည္း ကြယ္ရာ၌ အတင္းဆိုလ်က္ ကဲ့ရဲ႕လ်က္ရွိေနၾကမည္ျဖစ္၏။
မုံေ႐ြးေဇတဝန္ဆရာေတာ္ႀကီးမ်ား လက္ထက္အခါကပင္ သကၠရာဇ္-သာသနာႏွစ္မ်ား၏ အေရးအသားအမွတ္အကၡရာ တိမ္းယိမ္းလ်က္ရွိသည္ကို သိျမင္ေတာ္မူခဲ့ၾက၏။ ထိုသို႔ တိမ္းယိမ္းလ်က္ရွိေသာ သကၠရာဇ္-သာသနာႏွစ္ခရစ္ႏွစ္တို႔၏ ဆက္စပ္ပတ္သက္မႈမ်ား ကို ဆရာနႏၵာသိန္းဇံက အစေဖာ္ေပးခဲ့ၿပီျဖစ္ရာ ယခုလို ပြင့္လင္းျမင္သာေသာ ေခတ္အခါ သမယ၌ ဗုဒၶ၏ျဖစ္စဥ္ သမိုင္းမဟာအမွားႀကီး ကို ပညာရွင္မ်ား အေနႏွင့္ ျပင္ျဖစ္ ေအာင္ျပင္ေပးၾကပါရန္ ေမတၱာရပ္ခံပန္ၾကားလိုက္ရပါသည္ခင္ဗ်ား။
=============================================
သက္ကရာဇ် သာသာနာနှစ် ခရ၀်နှစ်တို့နှင့်ဆက်စပ် ပက်သက်သော မှတ်ချက်များ
-----------------------------------------------------------------------------------------
ဒီခေါင်းစဉ်နဲ့ ၂၀-၄-၁၀၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၉ ပါ အောက် ပါ ဆောင်းပါးကို ဖတ်ရှုခဲ့ရသည် ထိုကြောင့် မူလစာရေးသူ ဦးတင်စိန် (အင်/ယာမှူး မီးရထား-ငြိမ်း) ရေးသည့်အတိုင်း သတင်းစာပါ ဆောင်းပါးကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ကူးယူဖော်ပြပေးထားပါသည်
စာအသုံးညက်ညောမှုကြောင့် စေတနာတခြား ဆဲနေသလိုလား သို့တည်းမဟုတ် သမိုင်း သဘောကို နားမလည်သည်လား သို့မဟုတ် စေတနာယောင်လား ဆိုတာ တော့ဖြင့် ရေးသူကိုယ်တိုင်သာ သိပါလိမ့်မည် ကျွန်တော့်အနေဖြင့်တော့ စာရေးသူ
ကို မည်သို့မျှ အထင်မရောက် သူ၏ လွတ်လပ်ခွင့်အရ ပြောနိုင်ပါ၏ သို့သော်လည်း.....
နောက်မှ သီးခြားပိုစ့် ပြန်တင်ပေးပါမည် အောက်တွင်မူလ ဆောင်းပါးရှင်၏ စာမူရင်း ကို လေ့လာကြည့်ကြပါကုန်.....
++++++++++++++++++++++++++++++++++++++++++++++++++++++
သမန္တုစက္ခုဒီပနီကျမ်း ဒုတိယတွဲ၌ မုံရွေးဇေတဝန် ဆရာတော်ကြီးက ကာလဒေသ အလျောက် သငေ်္ကတ ပညတ်မှတ် သားရေးသားရုံမျှသာ အကျိုးရှိသည်။ထိုအရေး အသား အမှတ်အက္ခရာ တိမ်းသည် ဟူ၍ သံသရာရေးလျော့ ပါးနွမ်းနယ် ကောင်းသော အရာ မဟုတ်၍တစ်ကြောင်း၊ ဤသို့သော အရေးကို အတပ်မှန်သိရသဖြင့် ဝဋ် အပေါင်းမှ ထွက်မြောက်နိုင်အောင် အကျိုးဆောင်သော ပညာသမ္မာဒိဋ္ဌိဉာဏ်၏ အာရုံမဟုတ်သည် လည်း တစ်ကြောင်းဖြစ်၍ ငါတို့အလိုကား လျော်ရာ လျော်ရာတော် သင့်ကြလေသည် ချည်းပင်ဖြစ်တော့ သည်။ ထို့ကြောင့် သက္ကရာဇ်ဟူသောအခေါ်အဝေါ်အရ အသုံးအနှုန်း တို့သည် သင်္ဂယနာတင် ကျမ်းဂန်တို့၌ မပါ ရှိခဲ့ကုန်ချေ။ လောကအကြောင်းဆိုင်ရာ ဗေဒင်ကျမ်း၊ရာဇဝင်ကျမ်း တို့၏ အဆိုအလို အားဖြင့်သာ သိရှိခဲ့ကုန်၏။ အကျဉ်းချုပ် အားဖြင့်ဆိုရသော် ဘိုးတော်အဉ္စနမင်းမှ လာ သက္ကရာဇ်(၁၄၈)အရောက်တွင် ဘုရားပရိနိဗ္ဗာန် စံတော်မူ၏။ ဟူ၍ ၂-၁-၂၀၁၆ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ပါရှိသော အဆိုကျော် ဦးထွန်းရွှေ၏ သက္ကရာဇ် အကြောင်း သိကောင်းစရာ ဆောင်းပါးမှ ဖတ်ရှု သိရှိရပါသည်။
မုံရွေးဇေတဝန်ဆရာတော်ကြီး မိန့်ဆိုသကဲ့သို့ သက္ကရာဇ် အမှတ်အသား ဟူသည် သံသရာရေးလျော့ပါးအောင် ဝဋ် အပေါင်းမှ ထွက်မြောက်နိုင်အောင်အကျိုးမဆောင်နိုင်ပါ။
ပညာသမ္မာဒိဋ္ဌိဉာဏ်ကသာလျှင် သံသရာရေးပါအောင် ဝဋ်အပေါင်းမှ ထွက်မြောက်နိုင်
အောင် အကျိုးဆောင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင် ၏ ဒေသနာတော် များကို မှတ်တမ်းတင် ထားရှိကုန်သော သင်္ဂါယနာတင် ကျမ်းတို့၌ မပါရှိခြင်းဖြစ် ပါသည်။
သက္ကရာဇ်အမှတ်အသားများနှင့်ပတ်သက်၍ ဗေဒင် ကျမ်းတို့ အနေနှင့် မည်သို့ သဘောထားသည်ကို မသိရှိပါ။ ရာဇဝင်ကျမ်းတို့၏ ဖွင့်ဆိုချက်များ၌မူ သက္ကရာဇ်နှင့် ပတ်သက်၍ အမျိုးမျိုးကွဲလွဲလျက်ရှိနေခြင်းကြောင့် သက္ကရာဇ်နှင့် ဆက်စပ် လျက် ရှိသည့် သာသနာနှစ်၊ ခရစ် နှစ်တို့မှာလည်း ဗုဒ္ဓဝင်ကျမ်းဂန်များ၌ အမျိုးမျိုးကွဲလွဲလျက်ရှိနေပါ သည်။
ယခုကဲ့သို့သော ပညာခေတ်ကြီးတွင် ထိုသို့သော ကွဲလွဲမှုများမှာ လုံးဝမရှိသင့်တော့ဟု ထင်မြင်မိပါသည်။ သုတေသီပညာရှင်များအနေနှင့် အဘက်ဘက်မှ သုတေသနပြု ၍ အမှန်ဖြစ်အောင်ပြင်ဆင်သင့်ပါသည်။
ဦးစိန်ထွန်း (မာမကသုတေသီ)၏ ကမ္ဘာပတ်၍ ဘုရားရှာခြင်း စာအုပ်၊ စာမျက်နှာ(၁၈၂)၌ အသောကနန်းတက်သောခရစ်နှစ်ကို အိနိ္ဒယရာဇဝင်များအရ ဘီစီ ၂၇၃ ဟု ဆိုထားခြင်းကြောင့် အသောကနန်းတက်သော သာသနာနှစ် ၂၁၄ နှင့်ပေါင်းပါက ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်မှာ ခရစ်နှစ်အားဖြင့် ဘီစီ ၄၈၇ ဖြစ်သည်ဟု ဖော်ပြရေး
သားထား ပါသည်။
ဆရာပါရဂူ၏ ရာဇာနှင့်သာသနာစာအုပ်၊ စာမျက်နှာ ၈ ၌ အသောကရာဇာသည် ၂၇၃ ဘီစီတွင် ထီးနန်းကို သိမ်းပိုက်ပြီး ဘီစီ ၂၆၉ တွင် ရာဇဘိသေက ခံယူသည်ဟု ဆို ထားခြင်းကြောင့် ဆရာပါရဂူ အဆိုနှင့် ဦးစိန်ထွန်း (မာမကသုတေသီ) ၏ အဆို ကိုက်ညီနေပါသည်။
ဆရာညိုသောင်း၏ ဘာသာကြီးလေးခု အနှစ်သာရများစာအုပ်၊ စာမျက်နှာ ၁၇၆၌ ဗုဒ္ဓ ဖွားမြင်သောနှစ်မှာ ခရစ်နှစ်အားဖြင့် ဘီစီ ၅၆၇ ဟုဆိုထားရာ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ် မှာ ၅၆၇-၈၀-၄၈၇ ဘီစီဖြစ်နေပါသည်။ ဦးစိန်ထွန်း (မာမကသုတေသီ)၊ ဆရာပါရဂူ တို့၏
အဆိုနှင့် ကိုက်ညီနေပါသည်။
ဆရာကြီးဦးရွှေအောင်၏ ချမ်းသာကိုရှာဖွေခြင်း စာအုပ်၊ စာမျက်နှာ ၁၃၌မူ ဗုဒ္ဓဖွားမြင်သော ခရစ်နှစ်ကို ဘီစီ ၅၆၃ ဟုဆိုထားရာ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်မှာ
၅၆၃-၈၀=၄၈၃ ဘီစီဖြစ်နေပါသည်။ ဆရာကြီး ဦးရွှေအောင် ၏ အဆိုအရ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ် (၄)နှစ် ကွာခြားနေရခြင်းမှာ အသောက ထီးနန်းရရှိသောနှစ်နှင့်
ရာဇဘိသေကခံယူသောနှစ်တို့အား အကောက်အယူလွဲ မှားခြင်းတို့ကြောင့် ဟု ဆိုစရာ ရှိပါသည်။
ဦးကုလား၏ရာဇဝင်ကြီးနှင့် ဒီပဝံသ မဟာဝံသကျမ်း တို့တွင်မူ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်ကို ဘီစီ-၅၄၄ဟု ဖော်ပြထားရာ နှစ်အားဖြင့် များစွာမှကွာခြားနေပါသည်။ သက္ကရာဇ်၊ သာသနာနှစ်၊ ခရစ်နှစ်တို့၏ ဆက်စပ်မှုများ ကို ဆရာနန္ဒာသိန်းဇံ၏ ထေရဝါဒနှင့် ပတ်သက်သော မှတ်ချက်များ စာအုပ် ဗုဒ္ဓပွင့်တော်မူရာကာလ အခန်း တွင် အောက်ပါ အတိုင်း အသေးစိတ် ဖော်ပြရေးသားထား ပါသည်။ ဦးကုလား၏ မဟာရာဇဝင်ကြီးအရ စန္ဒဂုတ်ထီးနန်းရရှိသော သာသနာနှစ် ၁၆၂သည် သီရိလင်္ကာနိုင်ငံ၌ ခရစ်နှစ်
၃၅၀ (သာသနာ၈၉၄) ခန့်ကရေးသားခဲ့သော ဒီပဝံသကျမ်း နှင့်ခရစ်နှစ် ၄၅၀ (သာသနာ၉၉၄) ခန့်ကရေးသားခဲ့သော မဟာဝံသကျမ်းတို့မှ ကိုးကားလျက် ရရှိခြင်းဖြစ် သည်။ ထိုသို့ ကိုးကားရရှိခြင်းမှာ ခိုင်လုံသည်ဟု မဆိုနိုင်ပေ။
အိန္ဒိယ၌ရှေးခေတ်အခါက ခေတ်ပြိုင် မှတ်တမ်းများရေး သားထားလေ့ မရှိခြင်းကြောင့် ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာ ကာလ။ ဗုဒ္ဓပွင့်တော်မူရာကာလ။ ဗုဒ္ဓဖွားတော်မူရာကာလတို့ကို
သိရှိနိုင်ရန် ထိုခေတ်က မှတ်တမ်းရေးလေ့ရှိသည့် ဂရိမှတ်တမ်းများကို အားကိုး အားထားပြုရသည်။ ဂရိဘုရင် အလက်ဇန္ဒားသည် အိန္ဒိယသို့ဝင်ရောက်သိမ်းပိုက်ပြီး
ဘီစီ-၃၂၃တွင် ကွယ်လွန်ခဲ့သည်။ ထိုနောက်အိန္ဒိယနိုင်ငံကြီး အစိပ်စိပ်အမွှာမွှာပြိုကွဲရာ ထိုအချိန်၌ မောရိယမင်းဆက်ဖြစ်သည့် စန္ဒဂုတ်ဘုရင်ကြီးအိန္ဒိယ၌ ပေါ်ထွန်းခဲ့သည်။ စန္ဒဂုတ်သည် အစိပ်စိပ်မြွှာမြွှာပြိုကွဲနေသော အိန္ဒိယကိုနှစ်နှစ်ခန့် အချိန်ယူပြီးစည်းရုံး ခဲ့ရသည်ဟု ယူပါက စန္ဒဂုတ်ထီးနန်းရရှိသည့် ခရစ်နှစ်မှာ ဘီစီ-၃၂၁ ဟူ၍ ကျိုးကြောင်း ဆက်စပ်လျက် မှတ်ယူနိုင်သည်။ ထို့ကြောင့် ဝံသကျမ်းများလာ(ဦးကုလား၏ မဟာရာဇဝင်ကြီးလာ) စန္ဒဂုတ်ထီးနန်းရရှိသော သာသနာနှစ်၁၆၂နှင့် ဂရိမှတ်တမ်းလာ စန္ဒဂုတ် နန်းတက်သော ခရစ်နှစ် ဘီစီ-၃၂၁ တို့ကို ပေါင်းခြင်း အားဖြင့် ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ် ဘီစီ-၄၈၃ ရရှိသည်။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုသော ကာလနှင့် အသောကရာဇာ ထီးနန်းရရှိသော ကာလမှာ ၂၁၄နှစ် ကွာခြားသည်ဟု ဝံသကျမ်းများက အဆိုရှိသော်လည်း ဇိနဝါဒီတို့၏ အစဉ်အလာ အရ မူ နှစ်ပေါင်း၁၀ဝ ခန့်သာ ကြာသည် ဟုဆိုထားသည်။ သက္ကတဘာသာ၌ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနှစ်ပေါင်း ၁၀ဝ သို့မဟုတ် ၁၁၆အကြာတွင် အသောကထီးနန်း ရရှိသည် ဟု ဆိုထားခြင်းကြောင့့် ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်မှာ ၂၇၁ + ၁၁၆ = ၃၈၇ဘီစီဖြစ်နိုင် သည်။
(သာသနာနှစ်အားဖြင့် စန္ဒဂုတ်ထီးနန်းရရှိသော၁၆၂တွင် စန္ဒဂုတ်မင်း စည်း စိမ်၂၄နှစ်နှင့် သားတော် ဗိန္ဒုသာရမင်းစည်းစိမ်၂၈နှစ်တို့ကိုထည့်ပေါင်းခြင်းအားဖြင့် ဗိန္ဒုသာရ၏
သားတော် အသောကရာဇာထီး နန်းရရှိသောနှစ်မှာ သာသနာ၂၁၄ဖြစ်သည်။ ဦးစိန်ထွန်း၊ ဆရာပါရဂူ၊ ဆရာညိုသောင်းတို့က အသောကရာဇာထီးနန်းရရှိသော နှစ်မှာ
ခရစ်နှစ်ဘီစီ-၂၇၃ဟု ယူဆပြီး ဆရာနန္ဒသိန်းဇံက ဘီစီ-၂၇၁ဟု ယူဆထားခြင်းဖြစ်သည်။
ဝံသကျမ်းများလာ သာသနာ၁၆၂တွင် စန္ဒဂုတ် နန်းတက်သည်။ သာသနာ၂၁၄ တွင် အသောကရာဇာ နန်းတက်သည် ဟူသော အဆိုကို ပညာရှင်များက ရှေးဦးစွာ သံသယ ရှိကြသည်။
ဒုတိယအနေဖြင့် ဂရိ မှတ်တမ်းများအရ စန္ဒဂုတ်ထီးနန်းရရှိသော ခရစ်နှစ်မှာလည်း မှန်းဆ ဆက်စပ် တွက်ချက်ယူခြင်းသာဖြစ်သည်။
တတိယအနေဖြင့် စန္ဒဂုတ်နှင့်ဗိန္ဒုသာရတို့၏ မင်းစည်းစိမ်(နန်းစံကာလ)များကိုလည်း ဝံသကျမ်းများလာအတိုင်း အမှန်ဟု ယူဆလက်ခံထားရခြင်း ပင်ဖြစ်သည်။
ဒုတိယအနေဖြင့် ပညာရှိများသံသယရှိခဲ့ကြသော စန္ဒဂုတ်ထီးနန်းရရှိသော ခရစ်နှစ် ကို မောင်မင်းနိုင် (ဝါးခယ်မ)၏ ကမ္ဘာ့ဩဇာ အကြီးမားဆုံးပုဂ္ဂိုလ် ၁၀ဝ စာအုပ်တွင် ကျွန်တော့အနေဖြင့် ရှာဖွေဖတ်ရှုရာ အလက်ဇန္ဒားသည် ဂရိတ် အခန်းစာမျက်နှာ-၁၆၀၊
၁၆၁ ၌ အောက်ပါအတိုင်းတွေ့ရှိရပါသည်။
ပါးရှားဘုရင် ဒေးရီးယပ်စ်နှင် သူ့ကိုဆက်ခံသူတို့အား အလက်ဇန္ဒားက ဘီစီ ၃၃၀ တွင် ချေမှုန်းနိုင်ခဲ့ပြီး အာရှအလယ်ပိုင်းအထိ တစ်ဟုန်ထိုးချီတက်ခဲ့၏။ ထိုမှ တစ်ဖန် အာဖဂန်နစ္စတန် အထိ ချီတက်ခဲ့ပြီး ဟင်ဒူကရှ်တောင်ကိုဖြတ်ကာ အိန္ဒိယအထိ စစ်ချီ ခဲ့၏။ အလက် ဇန္ဒားသည် အိန္ဒိယအနောက်ပိုင်းတွင် အောင်ပွဲအဆင့်ဆင့် ရရှိ ခဲ့ပြီးနောက် အိန္ဒိယအရှေ့ပိုင်းအထိ ဆက်လက်ချီတက်
(((((((မန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တို့၏ အဓိကအကျဆုံးဖြစ်သည့် ဗုဒ္ဓ၏သမိုင်းဖြစ်စဉ်ကို အမှန်သို ့ရောက်အောင် ကြိုးစား အားထုတ်သင့်၏။
ထိုသမိုင်း အမှားကြီးမှာနှစ်ပေါင်း ၂၅၀ဝခန့်ကြာခဲ့ပြီးဖြစ်ရာ ဒီအတိုင်းထားပြီး ဆက်လက် သုံးစွဲရင်ကော မဖြစ်ဘူးလားဟူ၍ မေးစရာရှိ၏။သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ အဆိုအရသမိုင်းဟူသည်၊ သုတေသနလုပ်ထုံးလုပ်နည်းအရ မှားသည် ကိုတွေ့ လျှင် ပြင်ဆင် ရမည်ဖြစ်၏။ ယနေ့ပညာ ခေတ်ကြီးတွင် အရာရာကို စူးစမ်းလေ့လာ လျက်ရှိ ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အဓိကအကျဆုံးဖြစ်သည့် ဗုဒ္ဓ၏ သမိုင်းဖြစ်စဉ် မဟာ အမှားကြီးကို ကမ္ဘာသူကမ္ဘာသား လူအများက တစ်နေ့မဟုတ်တစ်နေ့ သိရှိလာကြမည်
ဖြစ် .... ))))))))
ရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ စစ်တပ်များမှာ အင်အားကုန်ခန်း လာပြီဖြစ်၍ အလက်ဇန္ဒားမှာ စိတ်မပါ လက်မပါဖြင့် ပါရှားသို့ပြန်လှည့်ခဲ့ရ၏။ ဘီစီ ၃၂၃ ခုနှစ်
ဇွန်လ စောစောပိုင်းတွင် အလက်ဇန္ဒားမှာ ရုတ်တရက် ဖျားနာပြီး ၁၀ ရက် အကြာ ဘေဘီလုံတွင် ရှိစဉ် ကံကုန်သွားခဲ့၏ ဟူ၍ တွေ့ရှိရပါသည်။
ကမ္ဘာ့ဩဇာအကြီးမားဆုံးသောပုဂ္ဂိုလ် ၁၀ဝ စာအုပ်မှ အလက်ဇန္ဒား၏သမိုင်းကို စိစစ်ကြည့်သော် အလက်ဇန္ဒားသည် အိန္ဒိယမှ ပြန်လည်ထွက်ခွာသည်မှာ ၃၃၂
ဘီစီလောက်က ဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော်အလက်ဇန္ဒား သည် ဘီစီ ၃၃၀ တွင် အာရှအလယ်ပိုင်းအထိ ချီတက် သိမ်းပိုက်ခဲ့ပြီး အာဖဂန်နစ္စတန်မှတစ်ဆင့် အိန္ဒိယ အနောက်ပိုင်းထိ ချီတက်သိမ်းပိုက်သည်မှာ နှစ်နှစ်ခန့်မျှသာ ကြာနိုင်သည်ဟု ယူဆ မိသောကြောင့်ဖြစ်ပါသည်။ အလက်ဇန္ဒားသည် ဆရာ နန္ဒသိန်းဇံ ယူဆသကဲ့သို့ ကံကုန် ပြီးမှ အိန္ဒိယမှ ဆုတ်ခွာခြင်း မဖြစ်နိုင်ပါ။ အိန္ဒိယအနောက်ပိုင်းကို သိမ်းပိုက်ပြီး သူ၏ စစ်တပ်များ အင်အားကုန်ခန်း၍ ပါရှားသို့ပြန်လှည့်ခဲ့ရပြီး ဘေဘီလုံ၌ ဘီစီ ၃၂၃
တွင် ကံကုန်ခဲ့ရခြင်းဖြစ်ပါသည်။
အထက်ပါအတိုင်း ဆက်စပ်တွေးကြည့်ပါမူ အလက်ဇန္ဒား အိန္ဒိယမှ ဆုတ်ခွာသည်နှင့် စန္ဒဂုတ်မင်းကြီးသည် ဘီစီ ၃၃၂ ၌ပင် အိန္ဒိယတွင် နန်းတက်သည်ဟု ယူဆ နိုင်စရာ ရှိပါသည်။ စန္ဒဂုတ်နန်းတက်သောနှစ် ဘီစီ ၃၃၂ မှ စန္ဒဂုတ် နန်းစံနှစ် ၂၄ + ဗိန္ဒုသာရ နန်းစံနှစ် ၂၈=၅၂ နှစ်နုတ်သော် ဗိန္ဒုသာရ၏သားတော် အသောကရာဇာ နန်းတက်နှစ် မှာ ၃၃၂-၅၂=၂၈၀ ဘီစီဖြစ်နိုင်ပါသည်။
အားလုံးကို ခြုံငုံသုံးသပ်ပါက အသောကရာဇာထီးနန်း ရရှိသောနှစ် မှာ ၂၇၁ ဘီစီ၊ ၂၇၃ ဘီစီ၊ ၂၈၀ ဘီစီ တစ်ခုခုဖြစ်နိုင်ပါသည်။ အသောကရာဇာ ထီးနန်းရရှိသောနှစ်ကို ၂၈၀ ဘီစီ ဟု သတ်မှတ်ပါက ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ်မှာ ၂၈၀+၁၁၆=၃၉၆ ဘီစီဖြစ်နိုင် ပါသည်။
၁၁၆ နှစ်မှာ ဗုဒ္ဓပရိနိဗ္ဗာန်ပြုချိန်နှင့် အသောကရာဇာ ထီးနန်းရရှိချိန် အကြား ကွာခြားသောနှစ်ဖြစ်ပါသည်။
ဆရာနန္ဒသိန်းဇံက ထေရဝါဒနှင့်ပတ်သက်သောမှတ်ချက်များ စာအုပ်တွင် ထိုသို့ ၁၁၆ နှစ် ကွာခြားကြောင်းကျောက်စာအရ ခိုင်မာသည်ဟု ဆိုထားပါသည်။ ဗုဒ္ဓ
ပရိနိဗ္ဗာန်ပြုသောနှစ် ကို ဘီစီ ၃၉၆ ဟု ယူဆသတ် မှတ်ပါက ဗုဒ္ဓ၏ဖြစ်တော်စဉ် ခရစ်နှစ်များ မှာ အောက်ပါအတိုင်း တွက်ချက် ရယူနိုင်ပါသည်။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ် = ၃၉၆ ဘီစီ
ဗုဒ္ဓဘုရားရှင်ဖြစ်သောနှစ် = ၃၉၆ + ၄၅ = ၄၄၁ ဘီစီ
ဗုဒ္ဓဖွားမြင်သောနှစ် = ၃၉၆ + ၈၀ = ၄၇၆ ဘီစီ
မုံရွေးဇေတဝန်ဆရာတော်ကြီး၏အဆိုအရ ဘိုးတော် အဉ္ဇနမင်းမှ လာသော သက္ကရာဇ် ၁၄၈ အရောက်တွင် ဘုရားပရိနိဗ္ဗာန်ရောက်ခြင်းဖြစ်ရာ ၃၉၆+၁၄၈=၅၄၄ ဘီစီ သည် ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနှစ် မဟုတ်ဘဲ မဟာသက္ကရာဇ်၏ အစနှစ်ဖြစ်နေသည် ကို တွေ့ရှိရ မည်ဖြစ်ပါသည်။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် အဇာတသတ်မင်းကြီးသည် (၁)ခု ချန်ထား၍ မဟာသက္ကရာဇ် ၁၄၈ ကို ဖြိုတော် မူ၏ဟုဆိုရာတွင် မည်သို့သော အကြောင်းကြောင့်ဖြိုသည်ကို ဗုဒ္ဓ ဘာသာဝင်များအနေနှင့် များစွာမှ စဉ်းစားသင့်၏။ အမှန်အားဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ် ကို ဖြိုဖျက်ခြင်း လုံးဝမပြုသင့်ချေ။
ဗုဒ္ဓ၏သာသနာနှစ်ကို ရေတွက်မည် ဆိုပါကလည်း ဗုဒ္ဓဖွားမြင်သောနှစ် ဗုဒ္ဓဘုရား ရှင်ဖြစ်သောနှစ် စသည်ဖြင့် တစ်ခုခုမှစ၍ ရေတွက်သင့်၏။ ဗုဒ္ဓပရိ နိဗ္ဗာန်ပြုပြီးမှ ဗုဒ္ဓ၏ သာသနာနှစ်ဟု ရေတွက်သတ်မှတ်ခြင်းမှာ ဗုဒ္ဓ၏ သာသနာနှစ်မဟုတ်ဘဲ သာဝကကြီးများ
(မဟာထေရ်ကြီးများ)၏ သာသနာနှစ်ဖြစ်နေသည်ကို သတိပြုသင့်ပါသည်။
သရေခေတ္တရာ သုမုန္ဒရီမင်းနှင့်အပြိုင် အိန္ဒိယနိုင်ငံ သကမင်းများက သာသနာနှစ် ၆၂၂ ကို ဖြိုခဲ့သည်မှာလည်း စဉ်းစားဖွယ်ကောင်းလှပါသည်။ မဟာသက္ကရာဇ် ၁၄၈ ကို ဖြိုခဲ့သည် ဟူသော အမှားကို ပြင်ဆင်လို၍သော်လည်းကောင်း၊ အမှားကို ဖုံးကွယ်လို ၍သော်လည်းကောင်းဖြစ်နိုင်ပါသည်။ သို့သော် သမိုင်းဟူသည် ကာလကြာမြင့်စွာ
ဖုံးကွယ်၍ ရရိုး ထုံးစံမရှိပါ။
ပုဂံပြည်ပုပ္ပားစောရဟန်းမင်း လက်ထက်သို့ရောက် ပြန်သောအခါ ပညာရှိများက ရိပ်မိ သိရှိကြပြန်၍ သက္ကရာဇ် ဖြိုခြင်းဖြင့် အမှန်သို့ ရောက်အောင် ပြုပြင်ကြပြန်ရာ အရာ မရောက် ခဲ့ချေ။ ထိုမဟာအမှားကြီးကို ခေတ်အဆက်ဆက်၌ ရိပ်မိ သိရှိခဲ့ကြရာ နောက် ဆုံး အင်းဝခေတ် မိုးညှင်းမင်းတရား ကြီးလက်ထက်၌ သက္ကရာဇ်ဖြိုခြင်းဖြင့် ပြုပြင်ခဲ့ကြပြန် ၏။ မပြိုသည့်အပြင် ခေတ်အဆက်ဆက်၌ မှားခဲ့သော မဟာအမှားကြီးသည် ယခု မျက်မှောက်ခေတ်တိုင်အောင် ရောက်ရှိလာတော့၏။
မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တို့၏ အဓိကအကျဆုံးဖြစ်သည့် ဗုဒ္ဓ၏သမိုင်းဖြစ်စဉ်ကို အမှန်သို့ ရောက်အောင် ကြိုးစားအားထုတ်သင့်၏။ ထိုသမိုင်း အမှားကြီးမှာ နှစ်ပေါင်း
၂၅၀ဝခန့်ကြာခဲ့ပြီးဖြစ်ရာ ဒီအတိုင်းထားပြီး ဆက်လက်သုံးစွဲရင်ကော မဖြစ်ဘူးလား ဟူ၍ မေးစရာရှိ၏။သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ အဆိုအရ သမိုင်းဟူသည်၊
သုတေသနလုပ်ထုံးလုပ်နည်းအရ မှားသည်ကိုတွေ့လျှင် ပြင်ဆင်ရမည်ဖြစ်၏။ ယနေ့ပညာ ခေတ်ကြီးတွင် အရာရာကို စူးစမ်းလေ့လာလျက်ရှိ၏။ ဗုဒ္ဓဘာသာဝင်တို့၏ အဓိကအကျဆုံးဖြစ်သည့် ဗုဒ္ဓ၏ သမိုင်းဖြစ်စဉ်မဟာအမှားကြီးကို ကမ္ဘာသူကမ္ဘာသား လူအများက တစ်နေ့မဟုတ်တစ်နေ့ သိရှိလာကြမည်ဖြစ်၏။ သိရှိပြီးသား လူအများက လည်း ကွယ်ရာ၌ အတင်းဆိုလျက် ကဲ့ရဲ့လျက်ရှိနေကြမည်ဖြစ်၏။
မုံရွေးဇေတဝန်ဆရာတော်ကြီးများ လက်ထက်အခါကပင် သက္ကရာဇ်-သာသနာနှစ်များ၏ အရေးအသားအမှတ်အက္ခရာ တိမ်းယိမ်းလျက်ရှိသည်ကို သိမြင်တော်မူခဲ့ကြ၏။ ထိုသို့ တိမ်းယိမ်းလျက်ရှိသော သက္ကရာဇ်-သာသနာနှစ်ခရစ်နှစ်တို့၏ ဆက်စပ်ပတ်သက်မှုများ ကို ဆရာနန္ဒာသိန်းဇံက အစဖော်ပေးခဲ့ပြီဖြစ်ရာ ယခုလို ပွင့်လင်းမြင်သာသော ခေတ်အခါ သမယ၌ ဗုဒ္ဓ၏ဖြစ်စဉ် သမိုင်းမဟာအမှားကြီး ကို ပညာရှင်များ အနေနှင့် ပြင်ဖြစ် အောင်ပြင်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားလိုက်ရပါသည်ခင်ဗျား။

0 comments:

Post a Comment

သင့္ Comment တစ္ခုသည္ ကုသိုလ္ေတာ္ အသိ ပိုရွိသြားႏိုင္ပါသည္