အဂတိ ကင္းမဲ့ဇံုက အားကစားပြဲ


---------------------------------------
တရားအားထုတ္ပြားမ်ားတဲ့အခါ ဓမၼရာဂ ဓမၼတဏွာက ခံခံေန လို႔ ေအာက္ မဂ္ကိုေရာ အထက္အထက္ မဂ္ဖိုလ္တို႔ကိုပါ မတက္နိုင္ မရ နိုင္ဘူး လို႔ ေျပာၾကတယ္ ဒီလို ျဖစ္တာမ္ိ်ဳးက ဘာဝနာတရား ပြားမ်ားသူေတြမွာ ျဖစ္ေပၚတတ္ တဲ့ တရားဆိုး တစိမ်ိဳးပဲ။
သမထ ဘာဝနာ အားထုတ္လို႔ စ်ာနသမာဓိ အပိုင္းေရာက္သြား ေတာ့ စ်ာနလာဘီ ပုဂၢိဳလ္ဟာ သူရထားတဲ့ စ်ာန္တရားကို ႏွစ္သက္သာယာျပီး အခါခါ ဝင္စားၿပီး ေနေတာ့တာ အဲဒီလို စ်ာန္ထဲ မွာ သာယာနစ္ေမ်ာ ကာ ေနတာကို ဓမၼတဏွာ ဓမၼရာဂ ဓမၼနႏၵီ လို႔ ေခၚတယ္။
ဝိပႆနာပြားမ်ားတဲ့ သူကလည္း သမၼသနဉာဏ္ ပိုင္းကေနၿပီး ဥဒယ ၀ယ ႐ုပ္နာမ္တို ႔ျဖစ္ ပ်က္မႈ ကို က်က်နန ပိုင္းျခားသိျမင္တဲ့ဉာဏ္ ရင့္သန္ ရင့္သန္ကာ ဘဂၤဉာဏ္၊ ဘယဉာဏ္၊ အာဒီနဝ ဉာဏ္၊ နိဗၺိႏၵ ဉာဏ္၊ မုစၥိတုကမ်တာဉာဏ္၊ ပဋိသခၤါဉာဏ္အထိ ႐ုပ္နာမ္ဓမၼ တို႔ ရဲ႕ ျဖစ္ ပ်က္မႈ အသိအမွတ္ဉာဏ္ေတြဟာ အားေကာင္း လ်င္ျမန္လာကာ ႀကိဳးစား အား ထုတ္ရမႈ သမၼာဝါယမ မဂၢင္ အရွိန္အဟုန္ ေလ်ာ့နည္းၿပီး အလြန္ သိမ္ေမြ ႕ႏူးညံ့တဲ့ အသိဉာဏ္ အမွတ္ သေဘာေတြ ေပၚလာလ်က္ ႀကိဳး စား အားထုတ္ မႈလည္း မျပဳရဘဲနဲ႕ အလြန္မွတ္လို႔ေကာင္းေနတဲ့ သခၤါ႐ုေပကၡာဉာဏ္ ထဲ ေရာက္ေနတယ္။
အဲဒီအခါ ေယာဂီဟာ ေျဖာင့္တန္းညက္ေညာတဲ့ လမ္းမႀကီးေပၚ၌ အရွိန္ အဟုန္ျပင္းစြာ နဲ႕ ေမာင္း ႏွင္သြားတဲ့ ယာဥ္ေပၚမွာ ထိုင္ၿပီး ဘာမွ အားမ ထုတ္ ရဘဲ လိုက္ပါသြားတဲ့ သူလို၊ လ်င္ျမန္စြာ ျဖစ္ေပၚေနတဲ့ ႐ုပ္နာမ္တို ႔ျဖစ္ပ်က္မႈ သခၤါရဓမၼ ေတြေပၚမွာ ေရွ႕ကလို ဝီရိယ မစိုက္ရေတာ့ဘဲ လ်င္ျမန္စြာနဲ႕ လိုက္သိေနတဲ့ သခၤါ႐ုေပကၡာ ဉာဏ္ဟာ ေလာကီ ဝိပႆနာ ဉာဏ္တရားေတြ ထဲမွာ ေတာ့ ႏွစ္သက္သာယာ ခင္မင္တြယ္တာ စရာ အေကာင္းဆုံးပဲလို႔ ဆုိၾကတယ္
ဒါေၾကာင့္ ဝိပႆနာဓမၼ အားထုတ္ ပြားမ်ားသူ တို႔မွာ သမၼာဝါယာမ မဂၢင္နဲ႕ သတိ မေမ့ရေအာင္ ႀကိဳးစားအားထုတ္မႈ မျပဳရေတာ့တဲ့အတြက္ အဲဒီ သာယာႏွစ္ သက္ဖြယ္ အေကာင္းဆုံးျဖစ္တဲ့ သခၤါ႐ုေပကၡာဉာဏ္ ထဲ မွာခ်ည္းပဲ အၾကာႀကီး နစ္နစ္ၿပီး မွတ္သိေန တာကိုပဲ ဓမၼတဏွာ ဓမၼရာဂ ဓမၼနႏၵီ လို႔ ေခၚတယ္
ေနာက္ထပ္အျခား အေသးအဖြဲေတြ ျဖစ္တဲ့ ၾသဘာသ၊ ပီတိ၊ ပႆဒၶိ…. စတဲ့ ဓမၼ တဏွာ ေတြကေတာ့ ထင္ရွားေနလို႔ ေျပာစရာ မလို ေတာ့ပါဘူးထင္ပါတယ္
တရားကိုပယ္ေတာ့ ဒုကၡေတာမွာ ျဖစ္ခ်င္တာ ျဖစ္ေနလိမ့္မယ္ တရားကို တြယ္ေတာ့ နီးနီးေလးနဲ႔ေ၀းေနတတ္တယ္ Big Bag လို ေအာ္ေနရတတ္တယ္
တရားနဲ႔ေနတယ္ ဆိုတာ တရားကို ဖက္တြယ္ ထားခိုင္းတာ မဟုတ္ဘူး
သေဘာအတိုင္း စီးေမ်ာျပီး သိသိေပးေနဖို႔ကိုပဲ ေျပာတာ တြယ္စရာဆိုလိုလို႔ ဘာမွ မရွိတဲ့ အတု အေယာင္ ေလာကကေန တြယ္စရာ ဘာမွမရွိတဲ့ အစစ္အမွန္ ဆီသြားဖို႔ အားလံုးကို လႊတ္ခ်ထား ခဲ့လိုက္ဖို႔ေတာ့ လိုအပ္တယ္
ကိုယ္ပိုင္တာ တစ္ခုမွမရွိဘူး ဆိုတာ သိေနျပီး တာေတာင္မွ အားလံုးကို စြန္႔ထားခဲ့ဖို႔ ၀န္ေလး ေနတတ္ေသးတာက ေလာကီအလိုအားျဖင့္ ေျပာရရင္ေတာ့ လူပီသ တယ္ ေျပာရမွာပါ ေလာကုတၱရာ အလိုအရကေတာ့ ပစ္ခ်ထားခဲ့ ဖို႔ပါပဲ
စြန္႔၀ံ႔သူသာ လြတ္ေျမာက္ႏိုင္တဲ့ ဒီကစားပြဲမွာ ပစ္ခ်ႏိုင္သမွ် ျမန္ျမန္ ပစ္ခ် ထားခဲ့တဲ့နည္း တစ္ခုတည္းပဲ အသံုးျပဳခြင့္ ေပးထားတယ္ ပန္း၀င္တာ အခ်ိန္ အကန္႔အသန္႔ မရွိဘူး ပန္း၀င္သူတိုင္း ရတဲ့ဆုက အားလံုး တန္းတူပါပဲ
ဒီကစားပြဲရဲ႕ အဆံုးအျဖတ္ျပဳပံုက ကစားသမား လည္းျဖစ္တဲ့သူက လႊတ္ခ်ထား ခဲ့၀ံ့တဲ့ သတၱိ ဘယ္ေလာက္ရွိလဲ ဘယ္ေလာက္ျမန္ျမန္ ခ်ထား ခဲ့ႏိုင္သလဲ ဆို တာ ၾကည့္ျပီး အာဂလူခ်ြန္ ေရြးခ်ယ္တဲ့ စနစ္ပါ ဘက္လိုက္မွုကင္းတယ္
သင့္အစြမ္းအစ အမွန္ကို ထုတ္ေဖာ္ျပသခြင့္ ရတဲ့ (သိရႏိုင္တဲ့) အမွန္ကန္ဆံုး ဒိုင္လူၾကီးနဲ႔ လိမ္လို႔မရတဲ့ ကစားနည္း ကိုေဆာ့ရတာပါ သံုးေလာကမွာ မွန္မွန္ကန္ကန္ ကစားႏိုင္တဲ့ အားကစား နည္းဆိုတာ ဒီတစ္ခုတည္းရယ္ သာေလ......
=========================
အဂတိ ကင်းမဲ့ဇုံက အားကစားပွဲ
---------------------------------------
တရားအားထုတ်ပွားများတဲ့အခါ ဓမ္မရာဂ ဓမ္မတဏှာက ခံခံနေ လို့ အောက် မဂ်ကိုရော အထက်အထက် မဂ်ဖိုလ်တို့ကိုပါ မတက်နိုင် မရနိုင်ဘူး လို့ ပြောကြတယ် ဒီလို ဖြစ်တာမ်ိုးက ဘာဝနာတရား ပွားများသူ တွေ မှာ ဖြစ်ပေါ်တတ်တဲ့ တရားဆိုး တစိမျိုးပဲ။
သမထ ဘာဝနာ အားထုတ်လို့ ဈာနသမာဓိ အပိုင်းရောက်သွား တော့ ဈာနလာဘီ ပုဂ္ဂိုလ်ဟာ သူရထားတဲ့ ဈာန်တရားကို နှစ်သက်သာယာပြီး အခါခါ ဝင်စားပြီး နေတော့တာ အဲ့ဒီ လို ဈာန်ထဲမှာ သာယာနစ်မျော ကာ နေတာကို ဓမ္မတဏှာ ဓမ္မရာဂ ဓမ္မနန္ဒီ လို့ ခေါ်တယ်။
ဝိပဿနာပွားများတဲ့ သူကလည်း သမ္မသနဉာဏ်ပိုင်းကနေပြီး ဥဒယ ၀ယ ရုပ်နာမ်တို ့ဖြစ် ပျက်မှုကို ကျကျနန ပိုင်းခြားသိမြင်တဲ့ဉာဏ် ရင့်သန် ရင့်သန်ကာ ဘင်္ဂဉာဏ်၊ ဘယဉာဏ်၊ အာဒီနဝဉာဏ်၊ နိဗ္ဗိန္ဒ ဉာဏ်၊ မုစ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါဉာဏ်အထိ ရုပ်နာမ်ဓမ္မ တို့ ရဲ့ ဖြစ် ပျက်မှု အသိအမှတ်ဉာဏ်တွေဟာ အားကောင်း လျင်မြန်လာကာ ကြိုးစား အား ထုတ်ရမှု သမ္မာဝါယမမဂ္ဂင် အရှိန်အဟုန် လျော့နည်းပြီး အလွန် သိမ်မွေ ့နူးညံ့တဲ့ အသိဉာဏ် အမှတ်သဘောတွေ ပေါ်လာလျက် ကြိုး စား အားထုတ် မှုလည်း မပြုရဘဲနဲ့ အလွန်မှတ်လို့ကောင်းနေတဲ့ သင်္ခါရုပေက္ခာဉာဏ် ထဲ ရောက်နေတယ်။
အဲဒီအခါ ယောဂီဟာ ဖြောင့်တန်းညက်ညောတဲ့ လမ်းမကြီးပေါ်၌ အရှိန် အဟုန်ပြင်းစွာ နဲ့ မောင်းနှင်သွားတဲ့ ယာဉ်ပေါ်မှာ ထိုင်ပြီး ဘာမှ အားမထုတ် ရဘဲ လိုက်ပါသွားတဲ့ သူလို၊ လျင်မြန်စွာဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တို ့ဖြစ်ပျက်မှု သင်္ခါရဓမ္မတွေပေါ်မှာ ရှေ့ကလို ဝီရိယ မစိုက်ရတော့ဘဲ လျင်မြန်စွာနဲ့ လိုက်သိနေတဲ့ သင်္ခါရုပေက္ခာဉာဏ်ဟာ လောကီ ဝိပဿနာ ဉာဏ်တရားတွေ ထဲမှာ တော့ နှစ်သက်သာယာ ခင်မင်တွယ်တာစရာ အကောင်းဆုံးပဲလို့ ဆိုကြတယ်
ဒါကြောင့် ဝိပဿနာဓမ္မ အားထုတ် ပွားများသူတို့မှာ သမ္မာဝါယာမ မဂ္ဂင်နဲ့ သတိ မမေ့ရအောင် ကြိုးစားအားထုတ်မှု မပြုရတော့တဲ့အတွက် အဲဒီ သာယာနှစ် သက်ဖွယ် အကောင်းဆုံးဖြစ်တဲ့ သင်္ခါရုပေက္ခာဉာဏ် ထဲ မှာချည်းပဲ အကြာကြီး နစ်နစ်ပြီး မှတ်သိနေ တာကိုပဲ ဓမ္မတဏှာ ဓမ္မရာဂ ဓမ္မနန္ဒီ လို့
ခေါ်တယ်
နောက်ထပ်အခြား အသေးအဖွဲတွေ ဖြစ်တဲ့ သြဘာသ၊ ပီတိ၊ ပဿဒ္ဓိ…. စတဲ့ ဓမ္မ တဏှာ တွေကတော့ ထင်ရှားနေလို့ ပြောစရာ မလိုတော့ပါဘူးထင်ပါတယ်
တရားကိုပယ်တော့ ဒုက္ခတောမှာ ဖြစ်ချင်တာ ဖြစ်နေလိမ့်မယ် တရားကို တွယ်တော့ နီးနီးလေးနဲ့ေ၀းနေတတ်တယ် Big Bag လို အော်နေရတတ်တယ်
တရားနဲ့နေတယ် ဆိုတာ တရားကို ဖက်တွယ်ထားခိုင်းတာ မဟုတ်ဘူး
သဘောအတိုင်း စီးမျောပြီး သိသိပေးနေဖို့ကိုပဲ ပြောတာ တွယ်စရာဆိုလိုလို့ ဘာမှ မရှိတဲ့ အတုအယောင်လောကကနေ တွယ်စရာ ဘာမှမရှိတဲ့ အစစ် အမှန် ဆီသွားဖို့ အားလုံးကို လွှတ်ချထားခဲ့လိုက်ဖို့တော့ လိုအပ်တယ်
ကိုယ်ပိုင်တာ တစ်ခုမှမရှိဘူး ဆိုတာ သိနေပြီးတာတောင်မှ အားလုံးကို စွန့် ထားခဲ့ဖို့၀န်လေးနေတတ်သေးတာက လောာကီအလိုအားဖြင့် ပြောရရင်
တော့ လူပီသ တယ် ပြောရမှာပါ လောကုတ္တရာအလိုအရကတော့ ပစ်ချ ထားခဲ့ဖို့ပါပဲ
စွန့်ဝံ့သူသာ လွတ်မြောက်နိုင်တဲ့ ဒီကစားပွဲမှာ ပစ်ချနိုင်သမျှ မြန်မြန် ပစ်ချ ထားခဲ့တဲ့နည်း တစ်ခုတည်းပဲ အသုံးပြုခွင့် ပေးထားတယ် ပန်း၀င်တာ အချိန် အကန့်အသန့် မရှိဘူး ပန်း၀င်သူတိုင်း ရတဲ့ဆုက အားလုံး တန်းတူပါပဲ
ဒီကစားပွဲရဲ့ အဆုံးအဖြတ်ပြုပုံက ကစားသမားလည်းဖြစ်တဲ့သူက လွှတ်ချထား ခဲ့ဝံ့တဲ့ သတ္တိ ဘယ်လောက်ရှိလဲ ဘယ်လောက်မြန်မြန် ချထားခဲ့နိုင်သလဲ ဆို တာ ကြည့်ပြီး အာဂလူချွန် ရွေးချယ်တဲ့ စနစ်ပါ ဘက်လိုက်မှုကင်းတယ်
သင့်အစွမ်းအစ အမှန်ကို ထုတ်ဖော်ပြသခွင့် ရတဲ့ (သိရနိုင်တဲ့) အမှန်ကန်ဆုံး ဒိုင်လူကြီးနဲ့ လိမ်လို့မရတဲ့ ကစားနည်း ကိုဆော့ရတာပါ သုံးလောကမှာ မှန်မှန်ကန်ကန် ကစားနိုင်တဲ့ အားကစား နည်းဆိုတာ ဒီတစ်ခုတည်းရယ်သာလေ......
ဒကာ။ ။ပြည့်စုံတဲ့ အဖြေမို့ အားရ နှစ်သက် ကျေနပ်လှပါတယ် ဆရာတော်၊ ဓမ္မတဏှာအကြောင်း ကောင်းကောင်းသိကြပါပြီ။

0 comments:

Post a Comment

သင့္ Comment တစ္ခုသည္ ကုသိုလ္ေတာ္ အသိ ပိုရွိသြားႏိုင္ပါသည္