ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ကြီး ဘဒ္ဒန္တ က္ကုန္ဒောဘာသ မထေရ်မြတ်(အနိစ္စဆရာတော်)

`သူ´`ငါ´အမှန် ဥပါဒါန် ၊
မှတ်ရန် စိတ်ထဲမထားနှင့် ။
သုံးဆယ့်တစ်ဘုံ၊ အလုံးစုံ၊
အကုန်ဥပါဒါန်နှင့် ယှဉ်သတည်း ။
ကံဝိပါက်ကုန်၊ အလုံးစုံ၊
မှတ်တုံ ဥပါဒါန် အကျိုးတည်း ။

ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ကြီး ဘဒ္ဒန္တ က္ကုန္ဒောဘာသ မထေရ်မြတ်(အနိစ္စဆရာတော်)

မျက်စိမြင်တုံ ရူပါရုံ လူ့ပုံမမှတ်ရ...
နားကကြားတုံ သဒ္ဒါရုံ လူ့ပုံမမှတ်ရ...
နှာကနံတုံ ဂန္ဓာရုံ လူ့ပုံမမှတ်ရ...
လျှာကလျက်တုံ ရသာရုံ လူ့ပုံမမှတ်ရ...
ကိုယ်ကထိတုံ ဖောဌဗ္ဗာရုံ လူ့ပုံမမှတ်ရ...
စိတ်ကကြံတုံ ဓမ္မာရုံ လူ့ပုံမမှတ်ရ...
(ပခုက္ကူဆရာတော်ကြီး)


မြန်မာပြည် ဝိပဿနာ နည်းများ ။
----------------------------------
ဖောင်းပိန်မဟာစည်
ဟံသာဝတီ လယ်တီနှာသီးဖျား ။
ပြင်းပြင်းရှူလျှင် စွန်းလွန်းပင်
သန်လျှင် လက်ထိပ်ဖျား ။
ဒဿန ခွဲလျှင် မိုးညှင်းပင်
မင်းကွန်း သတိပဋ္ဌာန်ပွား ။
ထီးချိုင့်သန်လျှင် တစ်နည်းထွင်
ရှုလျှင် ဟ၍ထား။
ကသစ်ဝိုင်း မိုးကုတ် ဖြစ်ပျက်လုပ်
ကျဉ်းချုပ် နိဗ္ဗာန်သွား။
စီစစ်ဖိုထော မကောင်းလော
သူဟော မုံလယ်တရား ။
အလံတရာ အရိုးစုသာ
ကြည့်ကာ ရှုကာပွား။
လက်ပတန်း ရင်ချိုင့် စိတ်ကိုစစ်
ရှုလိုက် ဓာတ်တရား ။
ကန္ဒီရေတွက် ဆရာသက်
ထိပ်ထက် ကွက်၍ထား ။
ဒွတ္တိ သစုံ ရတနာပုံ
ကြည့်ရုံ ဝေဘူထား။
တုံးနာမ် တိုင်နာမ် တစ်နည်းဖန်
အမှန် ကြောင်ပန်းတရား ။
ကျောက်သင်္ဘော ဆရာတော်
တစ်နည်းဖော် သူတော်
စိတ်အတိုင်းထား ။
မိုးညို ထိသိ ပွားသတိ
များ၏ အကျိုးတရား ။
ဗုဒ္ဓါ နုဿတိ ကြို့ကုန်း၏
နည်းသိ ကမ္မဋ္ဌာန်း တရား ။
ဥာဏစာဂီ မဟာထေရ်ရီ်
သူသည် ငယ်ထိပ်ထား ။
ရွှေတောင် ဆရာတော် တစ်နည်းဖော်
သူတော်မြတ် တရား ။
နိုင်ငံခြား မှ တရားပြ
သူက ဦးဘခင်။
ယထာဘူတ လမ်းညွှန်ပြ
သူက ဦးစံသိန်း ။
ဣရိယာ ပုတ်ရှည်မှ သဘောကျ
သူက ဦးစိုးညွန့် ။
ခန္ဓာဒွယ တစ်နည်းပြ
သူက ဦးမြသိန်း ။
ဝိပဿနာ သုံးဆယ် ဟောနည်းကျယ်
မှတ်ဖွယ် ကမ္ဘာ့ ဝိပဿနာတရား။
ထွက်လေဝင်လေ ပြလို့နေ
သူလေ ဖားအောက်တရား။
မှော်ဘီ ( သဲအင်းဂူ )ကမူ နှစ်ဆရှူ၍ ဝေဒနာ တစ်မတ် ရှူတစ်မတ်နှင့်
ကျပ်ဝေဒနာ ကျပ်ရှူကာ
ဖြင့် ခန္ဓာကိုယ်အား အသုဘပွားသည်
မှတ်သားမြန်ပြည် ကမ္မဋ္ဌာန်းတည်း ။
-------------------------------


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်