မူၾကိဳတန္း အဘိဓမၼာ (၂)

အာရမ္မဏပစ္စည်း
 
အာရမ္မဏပစ္စယောတိ -
၁။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၂။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၃။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၄။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၅။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၆။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၇။ သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
၈။ ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ၊ တေသံ တေသံ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။



“အာရမ္မဏံ စိန္တေတီတိ စိတ္တံ” စိတ်ဟူသည် အာရုံကို သိတတ်သော သဘောဟု ဝိဂြိုဟ်ပြုသည်။ သိတတ်သော သဘောဟု ဆိုကတည်းက အသိခံတရား (အာရမ္မဏ) နှင့်ကင်း၍ မဖြစ်။ စိတ်သာ လျှင် မဟုတ်။ စိတ်နှင့် ယှဉ်ဖက် စေတသိက် တရားတို့သည်လည်း စိတ်နှင့်အတူ အာရုံသို့ ကိုင်း ညွှတ်နေကြသည်။ အသိခံတရားတို့က စိတ် စေတသိက်ဟူသော နာမ်တရားတို့အား အသိခံ အာရုံအဖြစ် ထောက်ပံ့ပေးနေသည်ကိုပင် အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုသည် ဆို၏။ နာမ် တရားတို့သည် မှီရာဝတ္ထုရုပ်နှင့် အသိခံအာရုံအား အကြောင်းပြု၍ ဖြစ်နေကြသည် ဆိုရာတွင် ကွာခြားမှုကား - မျက်စိစသော ဝတ္ထုရုပ်တို့သည် စိတ်စေတသိက်တို့၏ ဖြစ်တည်ရာ မြေပြင် သဖွယ် နိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဖြစ်၍၊ အဆင်းစသော အပြင်အာရုံများကမူ စိတ် စေတသိက် တရားတို့ လှမ်း၍ ဆွဲယူ ဆုပ်ကိုင်စရာ တောင်ဝှေး ကြိုးတန်းသဖွယ် အာရမ္မဏ ပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။



၁။ ရူပါယတနံ - အဆင်းအာရုံသည်၊
    စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ သဒ္ဒါယတနံ - အသံအာရုံသည်၊
    သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ဂန္ဓာယတနံ - အနံ့အာရုံသည်၊
    ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ရသာယတနံ - ရသာအာရုံသည်၊
    ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ဖောဋ္ဌာဗ္ဗာယတနံ - အတွေ့အာရုံသည်၊
    ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို တွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော- အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
စိတ်ကို မျောက်နှင့် တင်စားလေ့ ရှိသည်။ မျောက်တို့ သစ်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းသို့ ခုန်လွှား ပြေးသွားနေသကဲ့သို့ စိတ် စေတသိက်တရားတို့သည် အာရုံတစ်ခုမှ တစ်ခုသို့ ကူးပြောင်း၍ ဖြစ် ပေါ်နေကြသည်။ အားကောင်းသော ပြင်ပ အာရုံတို့၏ ဆွဲငင်မှုကြောင့် ဖြစ်စေ၊ သတ္တဝါတို့၏ အဇ္ဈာသယ အလိုက်ဖြစ်စေ အာရုံကူးပြောင်းမှု ဖြစ်ပေါ်ကြသည်။ မိုးကြိုးထစ်ချုန်းသံကဲ့သို့ အား ကောင်းသော အာရုံပေါ်လာပါက စိတ်က ထိုအာရုံသို့ ရောက်သွားတတ်သည်။ ထို့အတူပင် ဒေါသ စရိုက်ရှိသူသည် မြင်မြင်သမျှ အပြစ်မြင်နေကာ မကျေနပ်စရာ အာရုံများကိုသာ စိတ်က ရောက် သွားတတ်သည်မျိုးလည်း ရှိ၏။

စိတ်က ထိုထို အာရုံတို့သို့ ရောက်သွားခြင်းသည် သူ့အလိုအလျောက်ဖြစ်သည်ကား မဟုတ်။ စိတ်က ထိုထို အာရုံသို့ ရှေးရှုခြင်း (အာရုံပြုခြင်း) ကြောင့် ဖြစ်သည်။ တနည်းအားဖြင့်လည်း ထိုထို အာရုံအား စိတ်နှလုံးသို့ ရောက်စေခြင်း (နှလုံးသွင်းခြင်း) ကြောင့်ဟု ဆိုနိုင်ပါသည်။ အာရုံပြုခြင်း၊ နှလုံးသွင်းခြင်းအား သုတ္တန်ဒေသနာများတွင် မနသိကာရ (မနသိ - စိတ်၌ + ကာရ - ပြုခြင်း) ဟု သုံးစွဲ၏။ ထိုသို့ အာရုံအဟောင်းမှ အာရုံအသစ်သို့ ပြောင်းလဲစေသည့် စိတ်အား အဘိဓမ္မာပါဠိ တော် များတွင် ရှေးဦးဆင်ခြင်မှု (ပဌမသမန္နာဟာရ) ဟု သုံးစွဲ၍ အဋ္ဌကထာများတွင် အာဝဇ္ဇန်းစိတ် (အာဝဇ္ဇန - လည်ခြင်း ကူးပြောင်းခြင်း) ဟုခေါ်၏။ အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံငါးပါးအား သိသည့် ပဉ္စဝိညာဏ်စိတ်များ မဖြစ်ပေါ်မီတွင် အာရုံ ကူးပြောင်းစေသည့် အာဝဇ္ဇန်းစိတ် ဖြစ်ရ၏။ မျက်စိ နား နှာ လျှာ ကိုယ်ဟူသော ဒွါရငါးပါးတွင် ဖြစ်ပေါ်သဖြင့် ပဉ္စဒွါရာဝဇ္ဇန်းဟုလည်း ခေါ်သည်။ ထို့ကြောင့် အာရုံသိမှု ဖြစ်ပေါ်ပုံအစဉ်တွင် အာရုံ ပြုဆင်ခြင်မှု ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ပြီးနောက် အာရုံသိမှု ပဉ္စဝိညာဏ်ဖြစ်သည်ဟု ဆိုရသည်။ ဥပမာအားဖြင့် မိုးကြိုးထစ်သံအား ဦးစွာနှလုံးသွင်းသည့် ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဖြစ်ပြီးနောက်မှ မိုးကြိုး သံအား ကြားသိသည့် သောတဝိညာဏ်စိတ် ဖြစ်လေသည်။

တဖန် ပဉ္စဒွါရဝိညာဏ်စိတ်ဖြစ်ပြီးနောက် ယင်းစိတ်ကသိသည့် အာရုံကို ဆက်လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် (သမ္ပဋိစ္ဆာန) ဖြစ်သည်။ ပဉ္စဒွါရာဝဇ္ဇန်းစိတ်နှင့် သမ္ပဋိစ္ဆိုင်းစိတ်တို့အား  မနောဓာတ် (မနောဓာတု) ဟု ခေါ်သည်။ မနောဓာတ်သည် တွေးကြံသိစိတ် (မနောဝိညာဏဓာတု) ကဲ့သို့ တွေးတောကြံစည်စရာ အာရုံများကို သိသည် မဟုတ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဟူသော ရုပ်အာရုံငါးပါးကိုသာ သိ၏။ သိသည်ဆိုရာတွင်လည်း မြင်သိစိတ် (စက္ခုဝိညာဏ)၊ ကြား သိစိတ် (သောတဝိညာဏ)၊ နံသိစိတ် (ဃာနဝိညာဏ)၊ အရသာသိစိတ် (ဇိဝှာဝိညာဏ)၊ တွေ့ထိသိ စိတ် (ကာယဝိညာဏ)၊ တွေးကြံသိစိတ် (မနောဝိညာဏ)ဟူသော ဝိညာဏ် ၆-ပါးတို့ကဲ့သို့ သေခြာ သေခြာ ထူးထူးကဲကဲသိခြင်း မရှိ။ အာရုံပြုရုံမျှ၊ အာရုံကို လက်ခံရုံမျှသာသိသဖြင့် ဝိညာဏ (ထူးခြားစွာသိခြင်း) ဟူသော စကားမထည့်ဘဲ မနောဓာတ် ဟုသာဆိုရသည်။ မနောဓာတ်သည် ပဉ္စဒွါရ အာရုံသိစိတ် ဖြစ်စဉ်တွင် အာရုံကူးပြောင်းခြင်း၊ ဝတ္ထုကူးပြောင်းခြင်း ကိစ္စတို့ကို ဆောင် ရွက်ရာတွင် ကြားခံ စိတ်မျိုး ဖြစ်၏။ (ဝီထိခေါ် သိစိတ်ဖြစ်စဉ်အား အနန္တရပစ္စည်း အပိုင်းတွင် ဖော် ပြ ပါမည်။)
မနောဓာတ်သည် ပစ္စုပ္ပန် အာရုံငါးပါးကို အာရုံပြုသဖြင့် ထိုအာရုံငါးပါးတို့သည် မနောဓာတ်အား အာရမ္မဏပစ္စည်းဖြင့် ကျေဇူးပြုသည်ဟု ဆိုရသည်။

၆။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ထိအာရုံတို့သည်၊
    မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့်
ယှဉ်ဖက် တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ပဉ္စဝိညာဏ်စိတ်တို့သည် သက်ဆိုင်ရာ ပဉ္စာရုံအသီးသီးတွင်သာ ကျက်စားကြသည်။ စက္ခုဝိညာဏ်စိတ်သည် အဆင်း ရူပါရုံကိုသာ မြင်သိ၏။ ရူပါရုံ၌သာ ကျက်စား၏။ အသံကို မသိ နိုင်၊ အနံ့ကို မသိနိုင်ပါ။ ထို့အတူပင် သောတာဝိညာဏ်စိတ်သည် အသံ သဒ္ဒါရုံကိုသာ ကြားသိ နိုင်၏။ အဆင်းကို မသိနိုင်၊ အနံ့ကို မသိနိုင်ပါ။ ထို့အပြင် ပဉ္စဝိညာဏ်စိတ်တို့သည် မျက်မှောက် ဖြစ်ဆဲ ပဉ္စာရုံတို့ကိုသာ သိနိုင်သည်။ အလားတူပင် ပဉ္စာရုံအား အာရုံပြုနေသော မနောဓာတ် သည်လည်း မျက်မှောက်ဖြစ်ဆဲ ပဉ္စာရုံတို့ကိုသာ သိနိုင်ပါ၏။ အတိတ်၊ အနာဂတ်နှင့် မျက်ကွယ် ဖြစ်သော ပဉ္စာရုံတို့အား မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဟူသော ပဉ္စဒွါရမှ တဆင့် မသိနိုင်ပါ။ မနောဝိညာဏ်စိတ်ကမူ မနောဒွါရဖြင့် မြင်ခဲ့ဖူးသော အတိတ်က အဆင်းအာရုံများအား တွေး၍ သိနိုင်သည်။ ကြားခဲ့ဖူးသည်တို့ကိုလည်း တွေး၍ သိနိုင်သည်။ အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးရှိ ပဉ္စာရုံတို့ကိုသာမက၊ ဒြပ်မဲ့အတွေးအကြံများ အမည်ပညတ်များအားလည်း သိနိုင်ပါ သည်။ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ဟူသော သိစရာ အာရုံမှန်သမျှအား မနောဝိညာဏ် က သိနိုင်သည်။ အလုံးစုံသော သိစရာအာရုံမှန်သမျှသည် ဓမ္မာရုံ မည်၏။ အလုံးစုံသော ဓမ္မာရုံ တရား တို့သည် မနောဝိညာဏ်စိတ်အား အာရုံအဖြစ် အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုနေပါသည်။

၇။ သဗ္ဗေ ဓမ္မာ - အလုံးစုံသော (အာရုံ) တရားတို့သည်၊
    မနောဝိညာဏဓာတုယာ - တွေးသိစိတ် (မနောဝိညာဏဓာတ်) အား(၎င်း)၊
    တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေးသိစိတ်နှင့် ယှဉ်ဖက် တရားတို့အား၎င်း၊
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။



အကျဉ်းအားဖြင့်
 
(၁) ဖြစ်တည်ဆဲ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော ပစ္စုပ္ပန် ပဉ္စာရုံ ၅-ပါးက ပဉ္စဒွါရဝိညာဏ် စိတ်စေတသိက်တို့အား လည်းကောင်း
(၂) ပစ္စုပ္ပန် ပဉ္စာရုံ ၅-ပါးက မနောဓာတ်အား လည်းကောင်း
(၃) အလုံးစုံသော အာရုံ ၆-ပါးတို့က မနောဝိညာဏဓာတ်အား လည်းကောင်း
အာရမ္မဏပစ္စည်း ဖြင့် ကျေးဇူးပြုနေကြသည်။

ဤတွင် ပထမနှစ်မျိုးသည် အရင်ဖြစ်နှင့်၍ တည်ဆဲဖြစ်သော ပဉ္စာရုံတရားတို့က ကျေးဇူးပြုခြင်း ဖြစ်၍ အာရမ္မဏပုရေဇာတ ပစ္စည်းဟုလည်း မည်၏။ အာရမ္မဏပစ္စည်းသုံးပါးအား ထပ်မံ၍ အကျဉ်းချုပ်ပါက တစုံတခုသော တရားအား အာရုံပြု၍ စိတ်စေတသိက်တရားတို့ ဖြစ်ပေါ်ပါက၊ ထိုအာရုံတို့သည် မိမိတို့ကို အာရုံပြု၍ ဖြစ်သော စိတ် စေတသိက်တို့အား အာရမ္မဏပစ္စည်းဖြင့် ကျေးဇူးပြုနေသည်ဟု ဆိုနိုင်၏။

၈။ ယံ ယံ ဓမ္မံ အာရဗ္ဘ - အကြင် (ဓမ္မာရုံ) တရားတို့ကို အာရုံပြု၍၊
    ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ - အကြင် စိတ်စေတသိက်တရားတို့ ဖြစ်ကြ၏။
    တေ တေ ဓမ္မာ - ထိုထို (ဓမ္မာရုံ) တရားတို့သည်၊
    တေသံ တေသံ ဓမ္မာနံ - ထိုထို (စိတ်စေတသိက်) တရားတို့အား
    အာရမ္မဏပစ္စယေန ပစ္စယော - အာရုံအဖြစ်ဖြင့် (အာရမ္မဏပစ္စည်းဖြင့်) ကျေးဇူးပြုသည်။


ပစ္ဆာဇာတပစ္စည်း

ပစ္ဆာဇာတပစ္စယောတိ -
ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

အရင်ဖြစ်နှင့်သော ရုပ်တရားတို့အား နောက်မှဖြစ်သော နာမ်တရားတို့က ထောက်ပံ့ပေးခြင်းအား ပစ္ဆာဇာတပစ္စည်း (ပစ္ဆာ - နောက်မှ + ဇာတ - ဖြစ်ခြင်း) ဖြင့် ကျေးဇူးပြုသည် မည်၏။ ပစ္ဆာဇာတပစ္စည်းသည် ရုပ်တရား အသစ်တို့အား ဖြစ်ပေါ်စေရန် ထောက်ပံ့ခြင်းမျိုး မဟုတ်ဘဲ၊ (ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားတို့ကြောင့်) ဖြစ်ပေါ်ပြီးသား ရုပ်တရား အစုအဝေး (ကာယ) အား ဆက်လက်တည်တံ့အောင် ထောက်ပံ့ပေးခြင်းမျိုး ဖြစ်သည်။ မိုးဦးတွင် စိုက်ပျိုးကြ သော ကောက်စပါးတို့အား မခြောက်မသွေ့ဘဲ တိုးတက်စည်ပင်စေရန် မိုးလယ်၊ မိုးနှောင်း၌ ရွာသော မိုးတို့က စောင့်ရှောက် ထောက်ပံ့သကဲ့သို့ ဖြစ်သည်ဟု ရှေးဆရာတို့က ဥပမာ ပေးကြ ၏။ သတ္တဝါတို့ အသက်ရှင်သန်နေခြင်းသည် အာယု (အသက် ဇီဝိတိန္ဒြေ)၊ ဥသ္မာ (ကိုယ်ငွေ့ - ကမ္မဇတေဇော) နှင့် ဝိညာဏ (သိစိတ်) ဟူသော တရားသုံးပါးက စောင့်ရှောက်ထားခြင်းကြောင့် ဖြစ်ပြီး၊ ထိုတရားသုံးပါး ကင်းကွာသွားပါက ငှက်ပျောတုံး၊ လက်ပံတုံးကဲ့သို့ အသက်မဲ့သော အသေကောင် ဖြစ်သွားရကြောင်း သုတ္တန်ဒေသနာတို့တွင် ပြဆို၏။ ဤတွင် ဝိညာဏ်ခေါ် စိတ် စေတသိက်တို့က ကိုယ်ကာယအပေါင်းအား ထောက်ပံ့ပေးထားခြင်းသည် ပစ္ဆာဇာတပစ္စည်း၏ သတ္တိပင် ဖြစ်သည်။

ပစ္ဆာဇာတာ - နောက်မှဖြစ်သော
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက်တရားတို့သည်
ပုရေဇာတဿ - အရင်ဖြစ်နှင့်သော
ဣမဿ ကာယဿ - ဤ ရုပ်အစုအဝေးအား
ပစ္ဆာဇာတပစ္စယေန ပစ္စယော - နောက်မှဖြစ်၍ (ပစ္ဆာဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ပစ္ဆာဇာတပစ္စည်းသည် နောက်မှဖြစ်သော နာမ်တရားတို့က အရင်ဖြစ်နှင့်သော ရုပ်တရားအား ကျေးဇူးပြုရာတွင် ရောယှက်ခြင်း မရှိသည်ဖြစ်၍ ပစ္ဆာဇာတ ဝိပ္ပယုတ္တ ပစ္စည်းလည်း မည်၏။ နာမ်တရားတို့ ရှိဆဲ၌သာလျှင် ကျေးဇူးပြုနိုင်၍ ပစ္ဆာဇာတ အတ္ထိ ပစ္စည်း၊ ပစ္ဆာဇာတ အဝိဂတ ပစ္စည်းလည်း မည်၏။

ပုရေဇာတပစ္စည်း

ပုရေဇာတပစ္စယောတိ -
၁။ စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၂။ သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၃။ ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၄။ ဇိဝှါယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၅။ ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၆။ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၇။ သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၈။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၉။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၁၀။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၁၁။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
၁၂။ ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော။ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။

ဦးစွာအရင်ဖြစ်နှင့်၍ တည်ဆဲအခိုက်တွင် ရောက်နေသော ရုပ်တရားတို့က နောက်မှဖြစ်သော စိတ် စေတသိက်တို့အား ကျေးဇူးပြုခြင်းသည် ပုရေဇာတ (ပုရေ - ရှေးဦးအရင် + ဇာတ - ဖြစ်ခြင်း) မည်၏။ အရင်ဖြစ်သည် ဆိုသော်လည်း မရှိတော့ဘဲ ချုပ်ပျောက်သွားပြီးဖြစ်သော် ရုပ်တရားတို့ကို မဆိုလို။ ဖြစ်တည်ဆဲအခိုက် (ဌီခဏ) တွင် ရှိသော ရုပ်တရားတို့ကို ဆိုလိုပါသည်။ ဤနေရာတွင် ရုပ်တရားတို့၏ သက်တမ်းသည် နာမ်တရားတို့ထက် ပို၍ ရှည်ကြာသည်ကို သတိပြုသင့်၏။
၁။ အရင်ဖြစ်နှင့်သော စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယ၊ ဟဒယဝတ္ထုဟူသော မှီရာဝတ္ထုရုပ် ၆-မျိုးတို့သည် စက္ခုဝိညာဏ်၊ သောတဝိညာဏ်စသော ဝိညာဏခန္ဓာ ၇-မျိုးတို့အား တည်ရာ မှီရာ အဖြစ် ကျေးဇူးပြုနေသော ဝတ္ထုပုရေဇာတ နိဿယပစ္စည်း
 
၂။ အရင်ဖြစ်နှင့်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဟူသော ပဉ္စာရုံ ငါးပါးတို့သည် ဝိညာဏခန္ဓာ ၇-မျိုးတို့အား အာရုံအဖြစ် ကျေးဇူးပြုနေသော အာရမ္မဏ ပုရေဇာတ ပစ္စည်းဟု နှစ်မျိုး ရှိသည်။


ပုရေဇာတပစ္စယနိဒ္ဒေသ၏ ဝါကျ အမှတ် ၁ မှ ၅ အထိ ငါးမျိုးတို့သည် ဝတ္ထုပုရေဇာတ နိဿယ ပစ္စည်းများ ဖြစ်၏။ အဓိပ္ပါယ်အကျယ်သည် နိဿယပစ္စယနိဒ္ဒေသ ဝါကျ အမှတ် ၆ မှ ၁၀ အထိနှင့် အတူတူပင်ဖြစ်သည်။ “နိဿယပစ္စယေန ပစ္စယော” အစား “ပုရေဇာတပစ္စယေန ပစ္စယော” ဟု ပြောင်းသွားသည်သာ ထူးသည်။

၁။ စက္ခာယတနံ - မျက်စိအကြည်ဟူသော ဖြစ်တည်ရာသည်
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၂။ သောတာယတနံ - နားအကြည်ဟူသော ဖြစ်တည်ရာသည်
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၃။ ဃာနာယတနံ - နှာခေါင်းအကြည်ဟူသော ဖြစ်တည်ရာသည်
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၄။ ဇိဝှါယတနံ - လျှာအကြည်ဟူသော ဖြစ်တည်ရာသည်
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၅။ ကာယာယတနံ - ကိုယ်အကြည်ဟူသော ဖြစ်တည်ရာသည်
ကာယဝိညာဏဓာတုယာ - တွေ့ထိသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

ပုရေဇာတပစ္စယနိဒ္ဒေသ၏ ဝါကျ အမှတ် ၆ မှ ၁၁ အထိ ၆-မျိုးသည် အာရမ္မဏ ပုရေဇာတ ပစ္စည်း များ ဖြစ်ကြသည်။ အာရမ္မဏပစ္စယနိဒ္ဒေသ၏ ဝါကျ အမှတ် ၁ မှ ၆ အထိ ၆-မျိုးနှင့် အတူတူ ပင် ဖြစ်၍၊ “အာရမ္မဏပစ္စယေန ပစ္စယော” အစား “ပုရေဇာတပစ္စယေန ပစ္စယော” ဟု ပြောင်းသွား သည်သာ ထူး၏။

၆။ ရူပါယတနံ - အဆင်းအာရုံသည်၊
စက္ခုဝိညာဏဓာတုယာ - မြင်သိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမြင်သိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၇။ သဒ္ဒါယတနံ - အသံအာရုံသည်၊
သောတဝိညာဏဓာတုယာ - ကြားသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုကြားသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၈။ ဂန္ဓာယတနံ - အနံ့အာရုံသည်၊
ဃာနဝိညာဏဓာတုယာ - နံသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုနံသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၉။ ရသာယတနံ - ရသာအာရုံသည်၊
ဇိဝှါဝိညာဏဓာတုယာ - အရသာသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုအရသာသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
၁၀။ ဖောဋ္ဌာဗ္ဗာယတနံ - အတွေ့အာရုံသည်၊
ကာယဝိညာဏဓာတုယာ - အတွေ့ထိသိစိတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုတွေ့ထိသိစိတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
 
၁၁။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ထိအာရုံတို့သည်၊
မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့် ယှဉ်၍ဖြစ်သော တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။

စက္ခု၊ သောတ၊ ဃာန၊ ဇိဝှာ၊ ကာယဟူသော ဝတ္ထုရုပ် ၅-မျိုးသည် မုချအားဖြင့် အရင်ဖြစ်နှင့် ပြီးမှသာလျှင် ပဉ္စဝိညာဏ်တို့အား ကျေးဇူးပြု၏။ ထို့အတူပင် ထိုပဉ္စဝိညာဏ်သိစိတ်တို့ ဖြစ်သော ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဟူသော မနောဓာတ်သည်လည်း အရင်ဖြစ်နှင့်ပြီးသော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်သည်။ သို့သော်လည်း မနောဝိညာဏ်စိတ် သည် ဘ၀ဖြစ်ဆဲ ပဝတ္တိကာလ၌ အရင်ဖြစ်နှင့် ပြီးသော ဟဒယဝတ္ထုရုပ်အား မှီ၍ဖြစ်ပြီး၊ ဘဝအစ ပဋိသန္ဓေကာလ၌မူ ဟဒယဝတ္ထုရုပ်နှင့် အတူတပြိုင်နက်ဖြစ်သည်။ တနည်းအားဖြင့် ဟဒယဝတ္ထု ရုပ် သည် မနောဝိညာဏ် စိတ်အား ပဝတ္တိကာလတွင် ပုရေဇာတ နိဿယပစ္စည်းဖြင့် ကျေးဇူးပြု၍၊ ပဋိသန္ဓေကာလတွင် သဟဇာတ နိဿယပစ္စည်းဖြင့် ကျေးဇူးပြုသည်ဟု ဆိုရ၏။ (အဓိပ္ပါယ် ပိုမို ရှင်းလင်းစေရန် နိဿယပစ္စယနိဒ္ဒေသ ဝါကျ အမှတ် ၁၁နှင့် သဟဇာတပစ္စယနိဒ္ဒေသ ဝါကျ အမှတ် ၆ တို့နှင့်လည်း ပြန်လည်တိုက်ဆိုင် ကြည့်နိုင်ပါသည်)။

၁၂။ ယံ ရူပံ နိဿာယ - အကြင် (ဟဒယဝတ္ထု) ရုပ်ကို မှီ၍၊
မနောဓာတု စ - မနောဓာတ်သည်၎င်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏ်ဓာတ်သည်၎င်း၊
ဝတ္တန္တိ - ဖြစ်ကြကုန်၏။
တံ ရူပံ - ထို (ဟဒယဝတ္ထု) ရုပ်သည်၊
မနောဓာတုယာ - မနောဓာတ်အား(၎င်း)၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဓာတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
မနောဝိညာဏဓာတုယာ - မနောဝိညာဏ်ဓာတ်အား(၎င်း)၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထိုမနောဝိညာဏ်ဓာတ်နှင့် ယှဉ်ဖက်တရားတို့အား၎င်း၊
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဝတ္ထိကာလကို ဆိုလို)
ပုရေဇာတပစ္စယေန ပစ္စယော - ရှေးဦးအရင်ဖြစ်နှင့်၍ (ပုရေဇာတပစ္စည်းဖြင့်) ကျေးဇူးပြုသည်။
ကိဉ္စိကာလေ - အချို့ကာလ၌ (ပဋိသန္ဓေကာလကို ဆိုလို)
န ပုရေဇာတပစ္စယေန ပစ္စယော - ပုရေဇာတပစ္စည်းဖြင် ကျေးဇူးမပြု (ရှေးဦးအရင်မဖြစ်နှင့်) ကြ။

ပုရေဇာတပစ္စည်း အားလုံးတို့သည် ဖြစ်တည်ဆဲ ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုခြင်း ဖြစ် သည်။ ရုပ်တရားတို့သည် စိတ်စေတသိက်တရားတို့နှင့် အကြောင်းအကျိုး ဆက်စပ် နေသော် လည်း တသားတည်း ရောယှက်နိုင်သည် မဟုတ်၍ ပုရေဇာတ ဝိပ္ပယုတ္တ ပစ္စည်းဟုလည်း မည် ၏။ ဖြစ်တည်ဆဲ ရှိဆဲ ရုပ်တရားတို့က ကျေးဇူးပြုနေခြင်းဖြစ်၍ ပုရေဇာတ အတ္ထိ ပစ္စည်းဟုလည်း မည်၏။ မချုပ်ပျောက်သေးသော ရုပ်တရားတို့က ကျေးဇူးပြုနေခြင်းဖြစ်၍ ပုရေဇာတ အဝိဂတ ပစ္စည်း ဟုလည်း  မည်၏။
 
ဆက်ရန်

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်