မမေ့လိုက်ပါနဲ့

မနက်ဖြန် ဒဏ်ရာတွေ
အမှတ်တရပါလို့ လူတွေရှေ့ကြွေးကြော် ငါဟစ်အော်ချင်ပေမဲ့ အမှတ်တရ
ဒဏ်ရာတွေက ရင်ဘတ်ထဲမှာလေ

ဝေးသွားဖို့ ငါဆုမတောင်းပေမဲ့
တစ်ချိန်ချိန်ဆိုတဲ့ အသိက
ရင်တစ်ခုလုံးကို ဆုပ်ကိုင်ခြေမွ ဖဲခြွေချလိုက်သလိုဘဲ
အတိတ်ဆိုတဲ့ ဖြစ်ရပ်ကို
မင်းမေ့လို့ အနာဂတ်မှာ ငါဆိုတာ ပျောက်ကွယ်သွားမှာ တွေးပူလို့
မနက်ဖြန်ဆိုတာကို
ငါကြောက်နေမိတယ်

အစိုးမရတဲ့ ငါ့ရဲ့စိတ်က
အချိန်တိုင်းတိုင်းမှာ အမှတ်ရနေလို့ 
စိတ်မခိုင် တိမ်စိုင်နဲ့အတူ
မင်းဆီကိုရွက်လွင့်
အမှာစာဆင့်ဆင့် ထပ်ဆင့်
ဆက်သချင်တယ်။
ငါ့ ကို မ မေ့ လိုက် ပါ နဲ့  လို့  လေ...


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်