လူတိုင်းကိုယ်စီမှာ အနည်းနဲ့အများ တော့ အတွေးကိုယ်စီ တွေးမိကြမယ် ထင်ပါတယ်။ အဲဒီ လိုတွေးကြတဲ့ အခါ မိမိတွေးတဲ့ အတွေးဟာ အကျိုးရှိမယ့် အတွေး ပဲဖြစ်ပြီး စိတ်ကူးယဉ်တဲ့ အတွေးမျိုး မဖြစ်ဖို့ အရေးကြီး ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ် ကူး ယဉ်တယ်ဆိုတာ အကျိုး မရှိတာကို စိတ်ကူးယဉ်တာဖြစ်သလို မ ဖြစ်နိုင်တဲ့ အရာ ကို စိတ်ကူးယဉ် မိရင်လည်း မိမိဖြစ်ချင် တာမဖြစ် လာတဲ့အခါ စိတ်ထိခိုက်မှု၊ စိတ် ဒဏ်ရာများရပြီး ဘဝဟာ ဗရုတ်သုတ်ခဖြစ်သွား တတ်လို့ပါပဲ။
အသက် နှစ်ဆယ်ကျော်လာတဲ့ လူဆိုရင် စိတ်ကူးယဉ်ရမယ့် အရွယ်ထက် တည်ငြိမ်
နေတဲ့ အရွယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် ဆယ်ကျော်သက်ကတည်း က အသိ ဥာဏ်မြင့်မားနေပြီမို့ အဲ ဒီအရွယ်က နေစပြီး မိမိဘဝရဲ့ ရှင်သန်မှု၊ ရှေ့ ဆက်လျှောက် ရ မယ့် အခြေအနေအရာအားလုံး ကို ဆင်ခြင်ဆုံးဖြတ် လုပ်ကိုင် ဆောင်ရွက်မယ် ဆိုရင် ပိုသင့် တော်ပါလိမ့်မယ်။ အခုခေတ် ဆယ်ကျော် သက်များဟာ အရာ ရာကို ဆင်ခြင်နိုင်တဲ့ စွမ်းအား တွေတော့ရှိနေကြပါပြီ။
မိမိတို့ စိတ်ကူးယဉ်မှားမှု၊ ဆုံးဖြတ်ချက် မှားမှုတွေပဲဖြစ် နေကြတာပါ။ လူ ဆိုတာ ရည်ရွယ်ချက်မရှိဘူး ပစ်မှတ်ပန်းတိုင် မရှိဘူးဆိုရင် လျှောက် ချင်ရာ လျှောက်နေပါက လမ်း ပေါင်းစုံရောက်မှာဖြစ်လို့ ဘဝ ဟာလည်း ဟိုရောက်ဒီ ရောက်ဖြစ် နေပြီး ဗရချာ ဘဝဖြစ်ကာ လှပ သာယာတဲ့ ဘဝဖြစ်လာမှာ မဟုတ် သလို အနာဂတ် ဘဝများစွာ လည်း လှပဖို့ မသေချာတော့ပါဘူး။ ဒါ ကြောင့် မိမိရှေ့ ဆက်လျှောက်ရ မယ့် ဘဝ ခရီးများစွာ အတွက် ပြု လုပ်သင့်ပြု လုပ်ပေးရမယ့်အရာ များကို တွေးတော ဆင်ခြင် ထား ပြီး ပြုလုပ်ဆောင်ရွက်ပေးဖို့ လို ပါတယ်။
ကျွန်တော်လည်း အသက် အရွယ်ရလာတဲ့အခါ ဘဝရဲ့အ နှစ်သာရဆိုတာ ဘာတွေများ ပါ လိမ့်။ ငါ့ရဲ့အသက်ရှင်ရပ်တည် နေမှုက ဘာများပါလိမ့် ဆိုပြီး တွေးတောကြည့် လိုက်တဲ့ အခါ အရာရာတိုင်းဟာ စိတ်ကုန်စရာ ပဲလို့ ခံစားလာရပါတယ်။ ဘာ ဖြစ်လို့ လဲ ဆိုတော့ အမှန်ကိုအမှန် အတိုင်းသိအောင် တဖြည်းဖြည်း ချင်းသိမြင်လာလို့ပါ။ အဲဒီလို သိ မြင်လာတဲ့အချိန်မှာ လော ကကြီးမှာ ဘာမှလိုချင်တာပြုလုပ် ချင်တာတွေ မရှိဘဲဖြစ်နေပါတယ်။ အင်း အဲဒီလိုအမှန်ကိုအမှန်အ တိုင်းသိမြင်တဲ့ စိတ်ကလေး
ပျောက် နေတဲ့ အချိန်မှာဆိုရင်တော့ ဟို ဟာလုပ်ချင်၊ ဟိုဟာဖြစ်ချင်နဲ့ အလုပ်တွေ တန်းစီနေပြီး စိတ်ကူး တွေတန်းစီနေပါတော့တယ်။
ဒါကြောင့်လည်း လူတိုင်း ဟာ အမှန်ကို အမှန်အတိုင်း မသိ မြင်ကြသေးလို့ လိုချင် မှုလောဘ တွေပေါများနေပြီး ထိုလောဘ တွေနဲ့ ဘဝကိုနိဂုံးချုပ်ကြတာများ ပါလား။ ကိုယ့်ဘဝရဲ့အသက်ရှင် မှု၊ ကိုယ်လျှောက် လှမ်းရဦးမယ့် သံသရာခရီးအတွက် ဘယ်လို ပြင်ဆင်မှုတွေလုပ်ရမလဲဆိုတာ တွေတော့ မတွေးတောမကြံစည် ကြပါဘား။ တကယ်လို့များ အား လုံးသာ အမှန်ကိုမြင်ကြမယ်ဆိုရင် အားလုံးငြိမ်းချမ်းနေမှာ အမှန် ပါ။ ခုတော့ အားလုံးဟာ လောကီ ကိစ္စအဝဝနဲ့၊ တွေးတောပူဆွေးမှု များနဲ့ လုံးလည် ခက်နေပြီး ဒီလုံး လည်ခတ်နေတဲ့ဒုက္ခတွေနဲ့ရင်ဆိုင် ကာ ဘဝကိုဖြတ်သန်းရတာ ကို ပဲ ပျော်ရွှင်စရာလို့ ထင်နေကြပါ လားလို့ မိမိကိုယ်ကိုဆင်ခြင်မိပါ တယ်။
ဒီဘဝမှာလုပ်ရတဲ့အရာများ ထဲက မိမိအတွက် တကယ်အသုံး ဝင်မယ့်အရာဟာ ဘာလဲ ဆိုတာ သိရှိရမှာ ဖစ်ပါတယ်။ အဲဒါမှ သာ မိမိဟာ အသုံးဝင်မယ့်အရာ များ ကိုပြုလုပ်မှာပါ။ မိမိဟာ ယခု မျက်မှောက်မှာ လူ့ဘဝကိုရနေပြီမို့ ဒီဘဝအတွက်ဆို တာ ထက် မသေချာသေးတဲ့ အနာဂတ်ဘဝ များစွာအတွက်ကို ဦးစားပေးလုပ် မယ်ဆိုတဲ့ စဉ်းစားတွေးခေါ်မှုလေး တွေလုပ်ဆောင် ပေးရပါမယ်။ ကံ မပါလို့ ဆင်းရဲနေပြန်ရင် လည်း နောက်ဘဝတွေမှာတော့ မဆင်း ရဲအောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်တွေ ရှိဖို့လိုပါတယ်။ ဒီဘဝ မှာ ငါဆိုတဲ့အတ္တစွဲများပြီး မလုပ် သင့်တဲ့မကောင်း မှုများနဲ့မှ အသက် ရှင်ရမယ်၊ မကောင်းမှုများလုပ်ပြီး မှ ငါ့ရဲ့လူ့ကျင့်ဝတ်တွေကျေပွန် မယ်ဆိုရင် သဘာဝမကျလှဘူး။ ဒါကြောင့် မကောင်းမှုနဲ့တော့ အသက်လည် မရှင်ချင်၊လူ့ကျင့်ဝတ် လည်းမစောင့်ထိန်းနိုင်ဆိုတဲ့ ဆုံး ဖြတ်ချက်များရှိဖို့လည်းလိုပါတယ်။
တချို့က မကောင်းမှုနဲ့ မိမိ အတ္တစွဲတွေနဲ့ ငါ့မိသားစု၊ ငါ့ချစ် သူ၊ ငါ့သားသမီး စတဲ့လူတွေ အတွက် ကောင်းစားဖို့ရန်ဆိုပြီး မိမိ စွမ်းအားရှိသလောက် သမ္မာအာ ဇီဝဖြင့် လုပ်ကိုင် ရှာဖွေမပေးဘဲ မကောင်းမှုများနဲ့ လုပ်ကိုင်ရှာဖွေ ပေးနေရတာကို ကျေနပ်နေကြ ပါ တယ်။ တကယ်တော့ မိမိအတ္တ စွဲ လူတွေက မိမိကိုဒီဘဝမှာ စိတ် ပျော်ရွှင်မှု ခဏ တာပေးဦးတောင် မှ မိမိမကောင်းမှုများနဲ့ ရှာဖွေပေး မိရင် အဲဒီ အကျိုး ဆက်တွေဟာ တခြားလူများ မခံစားရဘဲ မိမိ တစ်ယောက်တည်းခံစားရမယ်ဆို တာ သတိထားပါ။ တချို့က ချစ် သူအတွက်ဆိုပြီး သူလိုချင်တာကို မရ,ရအောင် တရားမျှတမှုရှိတဲ့ အလုပ် ဟုတ်လား၊ မဟုတ်လား ဆိုတာမစဉ်းစားမဆင်ခြင်ဘဲ ပြု လုပ်ပေးလေ့ရှိကြပါတယ်။ မိမိ ဘဝခဏတာပျော်ရွှင်မှုလေးရဖို့ အတွက်နဲ့တော့ ဘဝပေါင်းများ စွာ ဆင်းရဲဒုက္ခခံ ရမယ့် မကောင်း မှုများကို မလုပ်သင့်ဘူးဆိုတာ တွေးတောဆင်ခြင်သင့်ပါတယ်။
မိမိကိုယ်မိမိ ဆင်ခြင်တွေး တောမှုမရှိဘူးဆိုရင် ဘဝဟာ ဘာဖြစ်လို့ဘာဖြစ်နေမှန်း မသိဘူး ဖြစ်နေပါတယ်။ မိမိလုပ်ခဲ့တဲ့ တစ် နေ့တာအလုပ်များ ထဲတောင်မှ ကောင်းမှု နဲ့မကောင်းမှု ဘယ်ဟာ ပိုများလဲဆိုတာ ဆင်ခြင်ပေးရပါ မယ်။ ဒါမှသာ နောက်ရက် များ မှာ ကောင်းမှုနည်းနေရင် အ စားထိုးလုပ်ပေးနိုင်မှာပါ။ ကိုယ့် အနာဂတ်ကောင်းဖို့ အတွက် ယခု မျက်မှောက်မှာ ကောင်းမှုများ များလုပ်ပြီး ဘဝကိုရှင်သန်မယ်လို့ ဆုံးဖြတ်ထားမှ တော်ရာကျ ပါလိမ့်မယ်။တော်ကြာအနာဂတ် ရောက်မှ မဟုတ် တာတွေနဲ့ တွေ့ ကြုံနေကြရရင် ဒါဟာငါလုပ်ခဲ့တဲ့ မကောင်းကျိုး တွေပါလား ဆိုပြီး အခုရောက်နေတဲ့ နေရာကဘာလဲ၊ ခုဘာတွေလုပ်နေလဲ။ ဘာအတွက် လဲ။ အခု လုပ်နေတာက မျက် မှောက်အတွက်လား။ သံသရာ အတွက်လားဆိုတာတွေမသေချာ ဘဲနဲ့ အချိန်တွေကုန်ခဲ့မယ်ဆိုရင် ထိုအချိန်တွေကို အသက် ကြီးလာတဲ့ အခါ နှမြော တသဖြစ် နေမိမှာအမှန်ပါ။
ဒီလို အတွေးတွေ တွေး ကြည့်လိုက်တော့လည်း ဘာမှ မ ဟုတ်ပါလား။ လောကကြီး ထဲ မှာ တကယ်ရှိတဲ့ အရာနဲ့ မရှိတဲ့အရာ၊ ဘယ်ဟာကို ငါကမက်မောနေ တာလဲ။ ဘာကို ရယူဖို့ လုပ်နေတာ လဲ။ တကယ်တော့လည်း ဒါတွေ ဟာ အဆန်း မဟုတ်တော့ ပါဘူး။ သဘာဝတရားကြီးက သူ့အလို လိုဖြစ်နေတာကို ကိုယ်ကမသိဘဲ နဲ့ အဲဒီ သဘာဝလောကကြီးက ပေးတဲ့ဒဏ်တွေကိုပဲ အကောင်း မှတ်ပြိး လိုက်လုပ်နေကြ တာ။ အဲဒီလို အမှန်တရားကို မသိလို့ အမှားတွေကို အမှန်ထင်မက်မော ပြီး ဒုက္ခ ပင်လယ်ထဲမှာ နစ်မြော ပျော်ရွှင်ခဲ့တဲ့ဘဝတွေကလည်း မ နည်းဘူးလေ။ ဒါကြောင့် ယခု ဘဝမှာတော့ အမှားနဲ့အမှန်ကို သိမြင်အောင်လုပ်မယ်ဆိုတဲ့ ဆုံး ဖြတ်ချက်လေး ထားဖို့လိုနေပါပြီ။ အမှန်တရားကို သိမြင်တဲ့အတွေး များနဲ့ တွေးမိမယ်ဆိုရင် လောက ကြီးထဲမှာ ဖြစ်ပျက်တတ်တဲ့သ ဘောတရားနဲ့ အာရုံသိတတ်တဲ့ သဘောတရားလေး ပဲ ရှိပါလားလို့ သိလာပါလိမ့်မယ်။
အဲဒါကို မသိတဲ့အခါကျ တော့ အားလုံးကိုငါပိုင်တယ်။ ငါ ဆိုင်တယ်။ ငါမှဖြစ်မယ်စတဲ့ ငါ စွဲကြီးတွေနဲ့ အမှန်တကယ်တည် ရှိတဲ့အရာတွေထင်ပြီး အဲဒီဟာ တွေကို ရဖို့ အတွက်နဲ့ပဲ တန်ဖိုးရှိ တဲ့ဘဝကြီးကို ဖြုန်းတီးပစ်လိုက် ကြတာပါလား။ ခုလို တန်ဖိုးရှိတဲ့ ဘဝကိုရလာတဲ့အခါလေးမှာ သိ သင့်သိထိုက်တဲ့အမှန်တရားများ သိရှိအောင် ကျင့်ကြံပေးဖို့လို တယ်ဆိုတာ ငါဘာဖြစ်လို့ အရင် ကမသိခဲ့ပါလားဆိုပြီး နောင်တစ် ချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်တင် မနေမိအောင် ယခုကတည်းက ပြုလုပ်ထားရပါမယ်။ တကယ် တော့ ဒီလို အမှန်ကို မသိခဲ့တဲ့ ဘဝတွေက များစွာဖြစ်ခဲ့ တာဆို တော့ ခုမှ သိတာဟာ မထူးဆန်း ဘူးလို့ထင်ရပါတယ်။ တကယ်လို့ များဒီဘဝမှာလည်းလောက မှာရှိ တဲ့ အမှန်တရားကိုမသိဘူးဆိုရင် နောင်လည်းသိဖို့လွယ်မှာမဟုတ် ပါဘူး။ ဒီဘဝ မှာအမှန်ကိုအမှန် အတိုင်း တတ်နိုင်သမျှသိအောင် မလုပ်ဘဲနဲ့များဘဝကိုနိဂုံးချုပ်မယ် ဆိုရင်တော့ တော်တော်နှမြော စရာကောင်းတဲ့ဘဝ ရှင်သန်မှုကြီး ဖြစ်နေမှာပါ။
ခုခေတ်မှာ လူကောင်းနဲ့လူ မိုက်ဆို လူကောင်းတွေနည်းလာ တယ်။ ဒါက ဘာဖြစ်လို့ လဲဆို တော့ တန်ဖိုးရှိတဲ့လူ့ဘဝလေးရ လာချိန်မှာ မိမိတို့ပန်းတိုင်ကို လျင် မြန်စွာ
ရောက် အောင်ဖြစ်လေရာ မှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာ အောင်ဆိုတဲ့ အနာဂတ် အတွက် မတွေးတောဘဲ လက်ရှိဘဝမှာ ကောင်းစားရေးကိုပဲကြည့်ကာ ဖြစ် ချင်ရာဖြစ် ဆိုပြီး လုပ်နေကြလို့ပါ။ တချို့ဆို သူတို့ကိုယ်သူတို့ ဒီဘဝ မှာပဲအမြဲ နေရမယ်ထင်ပြီး တစ် နေ့သေရဦးမယ်ဆိုတာကို သတိ မရဘဲ လောကကြီးမှာမကောင်း မှုတွေနဲ့ ပျော်
နေကြတဲ့သူတွေက လည်း အများကြီးပဲ။ ဘဝတစ် လျှောက်လုံးမှာ ကောင်းမှုလုပ်ဖို့ မပြောနဲ့ ဘုရားတရားစာပါရင် တောင် နားကြားပြင်းကပ်တယ် ဆိုတဲ့ လူတွေက လည်း လောက မှာအများကြီးရှိနေကြတယ်။ တော် သေးတာပေါ့။ အဲဒီလိုလူတွေထဲ မှာ ငါမပါလို့ဟု တွေးတွေးကြည့် ကာ ကိုယ့်ကိုယ်ကို ကျေးဇူတင်နေမိပါတယ်။
သူများတွေ အဲဒီလိုမျက် မှောက်အတွက်ပဲကြည့်ပြီး ပျော် ရွှင်မြူးတူးပျော်နေကြတာ
တွေ့ရ တော့လည်း ကိုယ်ကအားကျစိတ် မဖြစ်မိလို့တော်သေးတယ်။ တ ကယ်လို့များ ကိုယ်က ဒီလိုဘဝ ကိုပျော်ဖို့ပဲတွေးပြီး ဖြစ်ချင်ရာဖြစ် လုပ်နေမယ်ဆိုရင် ငါလည်းဒီသံ သရာဝဲဂယက်ထဲမှာ တဝဲလည် လည်ဖြစ်နေဦးမှာပါလားလို့ စဉ်း စားမိတယ်။ အသက် ငါးဆယ် ခြောက်ဆယ်ဆိုတဲ့ အရွယ်ကြမှ ငါ ကောင်းမှုတွေ၊ အများအကျိုး တွေကို သံသရာအတွက် လုပ်ချင် လိုက်တာလို့ တွေးတောမိရင် အဲဒီအတွေးဟာ နောက်ကျ သွားပါပြီ။ ငယ်ရွယ်တဲ့အသိဥာဏ် ဖွံ့ ဖြိုးချိန်က တည်းက တွေးပြီးပြု လုပ်ခဲ့ရမယ့် အလုပ်တွေပါ။
အသက်(၅၀)ကျော်လာရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ စိတ်တိုရပြီလေ။ ကျန်းမာရေးက အရင်လိုလည်းမကောင်းနိုင်တော့ ဘူး။ ဒူးတွေလည်းနာ၊ ခါးက လည်း ညောင်း မျက်လုံးက လည်းမှုန်၊ အို တကယ်ကို ဒုက္ခတွေဆိုတာ မ တွေး ဘဲတောင် သိပါတယ်။ ဒါကို ပဲ တချို့ကမျက်နှာလွှဲ၊ မသိချင် ယောင်ဆောင်နေလိုက်ကြ တာ များ၊ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ဒါ မျိုးတွေဖြစ်မယ် ဆိုတာ သိရဲ့သား ကိုသူတို့ရှေ့ မှာပြောရင် မကြိုက် တဲ့ လူတွေကလည်း ရှိကြသေး တယ်။ တကယ်တော့ ဒါတွေဟာ မိမိတို့ဧကန်မုချကြုံတွေ့ရမှာမို့ ကြိုတင်ပြင်ဆင်မှုတွေကတော့ လုပ်ထား ဖို့လိုပါတယ်။ ဒီလိုအို၊နာ၊ သေဘေးကနေအမြဲလွတ်အောင် ကြိုးစားပြင်ဆင်မယ်ဆိုရင်တော့ အကောင်းဆုံးပြင်ဆင်မှုပါပဲ။
အသက်ကြီးလာတဲ့အခါ မိ မိသားသမီး၊ ဆွေမျိုးတွေကလည်း ကိုယ့်ကိုဂရုမစိုက်တော့ လို့ ကိုယ် သွားချင်ရာ လုပ်ချင်ရာတွေကို လုပ်မပေးနိုင်ကြတော့ဘူးဆိုရင် နောင်တ
တွေရနေကြတာများပါ တယ်။ ငါကတော့ သားသမီးကို ပြုစုပေးလိုက်ရတာ။ ဘာမဆို အကုန်ဖြည့်ပေးခဲ့ရတာ။ ငါ့မှာ ဖြင့် သူတို့အတွက်နဲ့ မကောင်းမှု တွေလည်းလုပ်ပြီး ရှာဖွေပေးခဲ့ရ တယ်။ ကောင်းမှုလည်းမလုပ်ခဲ့ရ ဘူး။ ခုနေများ ငါသေသွားရင် ဘာဖြစ်တော့မယ်။ ညာဖြစ်တော့ မယ်ဆိုပြီး နောက်ဘဝကိုသိလို့ လုပ်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တဲ့ အချိန်ဟာ အိပ်ယာထဲလဲနေရင် တော့ ဘဝနာတဲ့လူလို့ သတ်မှတ် ရတော့မှာပဲ။ အရွယ်ရောက်က တည်းက အကုသိုလ်နဲ့သာ အ သက်မွေး ခဲ့ရသူဆိုရင်တော့ ပိုပြီး တော့ ကိုယ့်ကိုယ်ကို နောင်တ တွေရနေမှာပါ။ အသက်ကြီးမှ ကြုံတွေ့ရမယ့် ဒုက္ခတွေက အ သက်ကြီးမှ နားလည်ပြီး သိရှိကြ တာမဟုတ်ပါဘူး။ ငယ်ရွယ်စဉ် အသိဥာဏ်ဖွံ့ဖြိုးတဲ့အရွယ်ရောက် ကတည်းက ဆင်ခြင်နိုင်ကြပါ တယ်။ ကြိုတင်ပြီးလည်း သိရှိနိုင် ကြပါတယ်။ မိမိကိုယ်ကို ဆင်ခြင် ပြုလုပ်ထားဖို့သာ လိုအပ် တာ ပါ။
မိမိကိုယ်ကိုဆင်ခြင်တယ် ဆိုတာ တကယ်တော့ ခက်ခဲပါ တယ်။ အတွေးဆိုတာမျိုး က လျှောက်သွားနေပြီး ခဏချင်းလဲ ပျောက်ပြယ်သွား တတ်ပါတယ်။ ဒါ့ပြင် မိမိစိတ် ချမ်းသာဖို့အတွက် ပဲ တွေးတောတတ်ပြီး မိမိဘာ တွေလုပ်ရ မယ်၊ နောက် ဆက် လျှောက် ရမယ့် ဘဝခရီးကို ဘယ် လိုရင်ဆိုင်ဖို့ ပြင်ဆင်မှုတွေလုပ် ထားရ မယ် ဆိုတာမျိုး တွေးတဲ့လူ ကရှားပါးလှပါတယ်။ နောက်ပြီး အတွေးဆိုတာမျိုးက အချိန်ရှိ တိုင်းတွေးနေဖို့လည်းမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တွေးနေ ရင်းနဲ့ အချိန်တွေ ကုန်သွားလို့ ဘာမှမလုပ်လိုက်ရဖြစ်နေဦးမှာ စိုးလို့လေ။
တစ်နေ့မလွဲမသွေကြုံရမယ့် ဒုက္ခဆိုးကြိုးတွေ၊ စိတ်ခံစားမှုတွေ ကိုယ်ခန္ဓာ နာကျင်မှုတွေ၊ အထီး ကျန်မှုတွေစတဲ့ ဒုက္ခတွေကို ငယ် ရွယ်စဉ်ကတည်းက တွေးတော ဆင်ခြင်ပြီး ခံနိုင်ရည်ရှိအောင်၊ သေခြင်းတရား ကိုလည်း ရင်ဆိုင် ရဲအောင် ကြိုတင္ပပြင်ဆင်ထား မယ်ဆိုရင် မိမိရလာတဲ့ လူ့ဘဝ လေးဟာ ပိုပြီးလှပကာ သာယာ တဲ့
နေ့ရက်များကိုသာ ပိုင်ဆိုင် ကြရပါလိမ့်မယ်။ အဲဒီလို သာယာ တဲ့ဘဝများ စွာကို ပိုင်ဆိုင်နိုင်ကြဖို့ ရန်အတွက်မိမိလို မတွေးတောတဲ့ လူတွေကိုမိမိလိုပဲ စဉ်းစားမှုလေး၊ ဆင်ခြင်မှုလေးတွေ ဖြစ်စေချင်ပြီး ပြင်ဆင်စရာတွေ ကိုပြင်ဆင် ထား နိုင်ဖို့ရာ ကျွန်တော်တွေးတော ဆင်ခြင်မှုများကို တင်ပြပေးလိုက်တာပါ။ ကျွနတော် တွေးတာ မှန်တယ် မဆိုလိုပါဘူး ဥာဏ်ကြီးလှသူ ထိုထိုလူများ ဆင့်ပွား ချဲ့ထွင်နိုင်စေသော်ဝ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်