သီလဆောင်တည်လို.ပြီးကြပြီ။သီလဆောက်တည်ပြီးလျှင် ပြည်.စုံအောင် ဖြည်.ကြ။ ဖြည့်လို့ပြည်.စုံပြီ ဆိုမှဖြင်. မိမိစိတ်နှလုံး အလို တောင့်တတဲ့ အတိုင်း ပြီးမယ်။ ယခုလဲချမ်းသာမယ်။နောင်လဲ ချမ်းသာမယ်။ ပစ္စုပ္မန် ချမ်း သာ၊ သံသရာချမ်းသာ နှစ်ဖြာကို ပေးစွမ်းနိုင်တာဟာ ဘုရားရှင်အဆုံး အမတော်က လွဲလို တခြား မရှိဘူး။
ဘုရားရှင် အဆုံးအမ ဆိုတာ ပိဋကတ်သုံးပုံပဲ။ ပိဋကတ် သုံးပုံ ဆိုတာ အလွန်ကျယ်ဝန်းတယ်။
ပိဋကတ် သုံးပုံကို အဆီထုတ်ပါဆိုလျှင် ဗောဓိပက္ခိယ တရား သုံးဆယ့် ခုနှစ်ပါး ရတယ်။
ဗောဓိပက္ခယ တရားသုံးဆယ်.ခုနှစ်ပါးကို အဆီထုတ်လျှင် မဂ္ဂင်ရှစ်ပါး ရတယ်။
မဂ္ဂင်ရှစ်ပါး အဆီထုတ်လျှင် သိက္ခာ ၃ ပါး ရတယ်၊
သိက္ခာ ၃ ပါးဆိုတာ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာပါပဲ။သိက္ခာ ၃ ပါး ကို အဆီထုတ်လျှင် ဧကောဓမ္မော တရား တခုရတယ်။
ရုပ်ပေါ်နာမ်ပေါ်မှာ နေပြီး ယခုလို ရှုမှတ်နေတော့ ကာယကံသောင်းကြန်းမှု။ ၀စီကံသောင်းကြန်းမှု မရှိဘူး။ အဲဒါ အဓိသီလ လို့ ခေါ်တယ်။
အဓိသီလ အားကောင်းလျှင် စိတ်တွေသောင်းကျန်းမှုမရှိဘဲ၊ ငြိမ်ဝပ်ပိပြား ပြီး တည် နေတော.တယ်။ အဲဒါ အဓိစိတ်တ လို.ခေါ်တယ်။
အဓိစိတ်တအားကောင်းလို.အချိန်ကြာလျှင် ဘယ်လူ၊ဘယ်နတ်၊ဘယ်ဗြဟ္မာမှ ဖန်တီးလို.မဖြစ်ဘူး၊လျှပ်တပြက်အတွင်း ကုဋေတသိန်း ဖြစ်ပြီးပျက် နေတယ်။ ရုပ်နာမ်ကိုသိလျှင် ဖြစ်ပျက်ကို သိတော.တာပဲ။ ဖြစ်ပျက်ကိုသိတာ အဓိပညာ လို.ခေါ် တယ်။
အများနားလည်အောင်ပြောရမယ် ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ. အစိတ် အပိုင်း တခုဖြစ်တဲ. နှာဖျား နှာဝမှာ ထွက်လေ၊၀င်လေ နှစ်ရပ်ဟာ အမြဲတိုက် ၀င်၊ တိုက်ထွက်နေတယ်။နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊ ထွက်လေ၀င်လေဖြစ်သော ဖြစ်တဲ. လေနှစ်ရပ်ဟာ ၀ါယော ဖောဋ္ဌဗက ထိ တယ်။
ထိုအထိခံနဲ. ထိတာကရုပ်၊ သိတာကနာမ် ဆိုတော့ သူများ မေးမနေနဲ.၊ ကိုယ့် နှာဝကို ဥာဏ်နဲ.စောင်.ကြည်.။ ၀င်တော.ထိဝင်မယ်၊ ထွက်တော့ လည်းထိထွက်မယ်၊ထိတာကိုသိလျှင် သိနေလျှင် လောဘ၊ ဒေါသ၊မောဟ ဖြစ်ခွင်မရလို့  လောဘမီး၊ ဒေါသမီး၊မောဟမီး၊ ငြိမ်းတယ်၊ ငြိမ်းတော့ အေး တယ်။ မထိခင်ကလဲ သိလိုမဖြစ်ဘူး၊ ထိပြီးပြန်တော.လဲ သိလို့မဖြစ်ဘူး။ ထိတုန်းကိုသာ သိလို.ဖြစ်တယ်။ အဲံဒါကို ပစ္စုပန်တည့်တည့်လို့ ဆိုတယ်။
ထိတာကိုသိနေလျှင် ရုပ်နဲံ နာမ်သာ ရှိပါသလား လို့ သိလိမ်.မယ်။ ရုပ်နာမ်မှ တပါး ငါ-သူတစ်ပါး ယောက်ျား၊မိန်းမ မရှိဘူး ဆိုတာ ဘုရားရှင်ရဲ့ တရား
တော် အမှန်ပါကလားလို. ကိုယ်ဟာကိုယ် သိလိမ်.မယ်။ သူများကိုမေးနေဖို. မလိုပါဘူး။ နှာဖျားနှာဝမှာ လေထိတာကို သိနေလျှင် ထိုအချိန်မှာအတ္တ ဆို တဲ. ကိုယ် မရှိဘူး။ ထိုသိနေတဲ.အချိန်မှာ ဥာဏ်အမြင် စင်ကြယ်တယ်။ သမ္မာ ဒိဋ္ဌိ ဖြစ်တယ်၊ ကမ္မဋ္ဌာန်းထိုင်ရတာ များ ဘာမှလဲ မတွေ.ပေါင်၊ ဘာမှလည်း မရပေါင် လို.များမမှတ်လိုက်ကြနဲ.၊ မြင်.မြတ်တဲ.ဘ၀ ဘုရားသာသနာနဲ. ကြုံကြိုက်တဲ.အခါမှာ ဒီလို အကျိုးထူးများ ရနိုင်တယ်၊ စာဖို.သောက်ဖို. အသာ ထားပြီး အထူးကြိုးစားကြ။
ဘုရားရှင်ရဲ. အဆုံးအမနဲ.နေရင် ခန္ဓာကိုယ်မှာ ဘယ်နတ် ဘယ်ဗြဟ္မာ မှ ပြုပြင် စီရင် ဖန်တီး မှု မပြုရဘဲ ဖြစ်ပျက်နေတဲ့ အဲဒီ ရုပ်နာမ် ပေါ်မှာ စိတ် ကလေးထားပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်တာ ပျက်တာ ကို သိနေတဲ. စိတ် ကလေး နဲ. သေရင် နောက်ဆုံး နိဗ္ဗာန် မရောက်သေးတောင် လူ၊နတ်၊ဗြဟ္မာ တော့ ဖြစ်မှာပဲ။အဲဒီတော.ဘယ်သွားကြမှာလဲ။
ကိုယ်သွားချင်တဲ.ဆီကို သွားဖို.သူများ မေးဖို.ကို လိုသေးသလား
ကိုယ့်ဟာကို ငါ့ဝိဇ္ဇာ နဲ.နေတာပါဗျာ လို.ကောပြောဖို.လိုသေးသလား။
သူများကိုကောငါဘာနဲ.နေ တာလဲ။ဝိဇ္ဇာနဲ. လား။ အ၀ိဇ္ဇာနဲ့လား လို့ မေးရ ဦး မှာလား။
ကိုယ့်ဟာကို သိပါတယ်ဗျာ ဒါကြောင့် သံသရာ တလျှောက်လုံး ဖြည့်ကျင့်
လာတဲ့ ပါရမီတွေက ပြည့်စုံ လုံလောက်ကြပါတယ်။ ၀ီရိယနဲ့ သာ ထူထောင် ကြပါ။
ဘုရားရှင် ရွှေလက်ထက်တော်က ရှေးအရှင်ကောင်း အရှင်မြတ်များ အလို ရှိရာ ဗောဓိ နဲ.အသီးသီး နိဗ္ဗာန် စံဝင်ကြွသွားကြဘိသကဲ.သို. အချိန်အခါ ဘ၀မြင့်မြတ်တာ သိလို့ ထပ်တူ ညီမျှ ဆောင်ကြပါလျှင် သမာပတ် ရှစ်ဖြာ အထိ မပြီးစီးနိုင်တာ မရှိ၊ ၀ီရိယ သန်သန်နဲ့ မှန်မှန်ကြီး အချိန်အနည်းငယ် မျှ အချည်းအနှီး မဖြစ်ရအောင် စိစစ်ကာ မိမိလဲဆောင်၊ တပါးသူများကိုလဲ တိုက်တွန်းနှိုးဆော်ပြီး ပျော်ပျော်ကြီးဆောင်ကြတာ အောင်ကြပြီ၊၀မ်းမြောက်
ကြ။
ဝေဘူဆရာတော်ကြီးမှာသွားတာပါ မေ့နေကြမှာစိုးလို့ သတိပေးတာ ဖွဘုတ် ဆော်လေးပေါ့
( ဝေဘူ ဆရာတော်ဘုရားကြီး ) ဘယ်သွားကြမလဲတရားတော်မှ

0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်