ဟို ရှေးရှေးသော တရံရောက
မြစ်ပေါ ချောင်းပေါ သစ်ဝါးတောနှင့်
တောင်ကျောရိုးမ ခိုင်ခန့်လှကာ
သဘာဝဘေး ကာကွယ်ပေးခဲ့
စိမ်းလန်းညီညီ ငါတို့ ပြည်။
.
ယခုအခါ သယံဇာတ
ဇီဝမြေနှစ် ကုန်လုဖြစ်ပြီး
မြစ်ကောချောင်းကော ဆည်တွေပေါလည်း
သစ်တောများပြုန်း တောင်တွေတုံးကာ
ဝင်လာမုန်တိုင်း ဘေးများဝိုင်း၍
ရေလှိုင်းအပုတ် စုံးစုံးမြုပ်ပြီ
သောကပွေလီ ငါတို့ ပြည်။
.
တို့ပြည်နောင်ရေး အရှည်တွေး၍
ကပ်ဘေးမသမ်း အေးချမ်းစေအောင်
ဆောင်ရ ရှောင်ရ ကိစ္စ အရေး
ပညာပေးယူ အတူတကွ
လက်တွဲကြလျှင် ရေတွင်နစ်လည်း
ဇွဲနဲ့ ပြန်ထ ရုန်းကာ မ'မည်
ကာလသစ်ဆီ လှမ်းချီမည်တဲ့
လေထန်ကုန်းထက် ကုန်းအော်ကြသည်
သွေးသစ်ချီတဲ့ တို့တိုင်းပြည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်