**********************************
လောဘ၊ ဒေါသ၊ မောဟတွေဟာကောင်းသလားလို့မေးရင် လူတိုင်း မကောင်းဘူး လို့ ပြန်ဖြေတတ်ကြပါတယ်.ဒါဆို အဲဒီ လောဘ၊ဒေါသ ၊ မောဟတရားတွေကို ဘာကြောင့် ကိုယ့်ဆီမှာ ရှိနေတာလည်း ဆိုတာ ပြန်စဉ်းစားသင့်ပါတယ်. လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ တရားတွေဟာ မာန်မာနနဲ့ ငါဆိုတဲ့ အတ္တတွေကြောင့် ကိုယ့်ဆီကိုရောက်လာရတာပါ. ဒါဟာလည်း သဘာဝပါပဲ.
လူတွေဟာမွေးလာကတည်းက ငါဆိုတာ ကို အမှန်လို့ ထင်ခဲ့ကြတယ်လေ. သဘာဝဆိုတာကိုလည်း နားမလည်သေးလို့ပါ. တကယ်တမ်းကြ
တော့ သဘာဝ ဆိုတာ သူ့အလိုလိုဖြစ်ပြီး သူ့အလိုလို ပျက်နေတာကို သတိ မထားမိတာလည်း ပါပါတယ်.တကယ်တမ်းကြတော့ လူတိုင်းလူတိုင်း ဟာ အားလုံး အတူတူပါပဲ. သဘာဝတရားအောက်မှာရှိနေတဲ့ အာရုံတွေကို ခံစား မိရာကနေ စကြတာပါပဲ.ဒါဟာလည်းပြောပြမဲ့သူ မရှိရင် မသိနိုင်ပါဘူး .ပြောပြတဲ့သူ ရှိတာတောင်မှ သိရုံပဲရှိ ပါတယ်.လိုက်လုပ်ဖို့က လွယ် သယောင်ယောင်နဲ့ အရမ်းခက် တာကိုး.
သက်ရှိသတ္တ၀ါဆိုတာ အာရုံခံစားတက်တဲ့ သဘောရှိတယ်လေ. အဲဒီလို အာရုံ ခံစားမိတော့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ တရားတွေကို အလိုလို ဖိတ်ခေါ်ပြီးသားပဲလေ. အာရုံတွေကိုခံစားမိလိုက်ရင် သက်ရှိမှန်သမျှ ခံစား မိတဲ့ အကြောင်းအရာအ ပေါ်မှာ မူတည်ပြီး လောဘ၊ ဒေါသ၊ မောဟ တရားတွေက အလိုလိုဖြစ်ပြီးသားပဲလေ.လောဘ၊ ဒေါသ၊ မောဟဖြစ်မဲ့ အကြောင်းအရာကို ဘယ်သူပဲဖြစ်ဖြစ် ခံစားမိရင် လောဘ၊ ဒေါသ၊ မောဟ ဖြစ်မှာကျိန်းသေပဲလေ.
မောင်ဖြူမှ မောင်မဲမှ လောဘဖြစ်ရမယ်ဒေါသဖြစ်ရမယ် မောဟဖြစ်ရမယ် ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး. ဥပမာ လိုင်းကားစီးနေကြတဲ့ ခရီး သည်တွေဟာ မောင်ဖြူ မောင်မဲ စသည်ဖြင့် ရှိတယ်ဆိုပါစို့ ကားကလည်း တစ်မှတ်တိုင်နဲ့ တစ်မှတ်တိုင်ကို အကြာကြီး ရပ်ပြီးမောင်းနေတယ်ဆိုပါစို့.
အဲဒီ ကားကအချိန်ဆွဲပြီးမောင်းနေတဲ့ အကြောင်းအရာကို ကားပေါ်မှာပါ လာ တဲ့ ဘယ်သူမဆို ခံစားလိုက်ရင် ဒေါသဟာ အလိုလိုဖြစ်လာမှာပါ.
မောင်ဖြူခံစားလည်း ဒေါသဖြစ်မှာပါ. မောင်မဲခံစားလည်း ဒေါသဖြစ်မှာပါ. ဒါဖြစ်ရင် မခံစားပဲနေရင်ရော ဒါဟာ လည်းပြောတော့သာ လွယ်ပါတယ်. လိုက်လုပ်ကြည့်ရင် အင်မတန် ခက်ပါတယ်. ဒါဖြင့်ရင် ဘယ်လိုလုပ်မလည်း နည်းလမ်း ရှိပါတယ်. သတိနဲ့ အသိပါပဲ. အဲဒီ သတိနဲ့ အသိကို လက်ကိုင် ထားပြီး.
(၁) ကိုယ့်ရဲ့ အသက်ပေါ်မူတည်ပြီး ဖြစ်နေတဲ့ ကာယကံ၏ မကောင်းသော အလေ့အကျင့်တို့ကို ကောင်းသော အလေ့ အကျင့်ဖြစ် စေ ရန် လေ့ကျင့် ယူခြင်း( ကိုယ်အမူအရာ ယဉ်ကျေးအောင် လေ့ကျင့်နေထိုင်ခြင်း)
(၂) ကိုယ့်ရဲ့ အသက်ပေါ်မူတည်ပြီး ဖြစ်နေတဲ့ ၀စီကံ၏ မကောင်းသော အလေ့အကျင့်တို့ကို ကောင်းသော အလေ့အကျင့်ဖြစ်စေ ရန် လေ့ကျင့် ယူခြင်း( နှုတ်၏အမူအရာ ယဉ်ကျေးအောင် လေ့ကျင့်နေထိုင်ခြင်း)
(၃) ကိုယ့်ရဲ့ အသက်ပေါ်မူတည်ပြီး ဖြစ်နေတဲ့ မနောကံ၏ မကောင်းသော အလေ့အကျင့်တို့ကို ကောင်းသော အလေ့အကျင့်ဖြစ် စေရန် လေ့ကျင့် ယူခြင်း( စိတ်၊ အတွေးတို့ကို ယဉ်ကျေးအောင် လေ့ကျင့်နေထိုင်ခြင်း)
(၄) လောဘ၊ ဒေါသ၊ မောဟ တရားတို့ဖြစ်စေမည့် အာရုံတို့အား သတိနှင့် အသိထားကာ မဖြစ်ပေါ်စေရန် ခံစားတက်သည့်သဘော ကို နားလည် ထားကာ အာရုံမခံစားမိစေရန် လေ့ကျင့်နေထိုင်ခြင်း( အာရုံတို့အား တက်နိုင် သရွေ့ မခံစားမိစေရန် လေ့ကျင့်နေထိုင်ခြင်း)
ဒီ အကြောင်းတရားလေးမျိုးကို အထူးလေ့ကျင့်နေထိုင်ကြည့်တဲ့အခါ ကိုယ်၊ စိတ်၊ နှလုံး ရွှင်လန်းပီတိဖြစ်ပေါ်လာပြီး ကောင်းသော အမှုတွေကို ပြုလုပ် လာတတ်ခြင်း ပြုလုပ်ပြီးသောကောင်းမှုတို့ကို အကြောင်းပြုပြီး ရရှိဖြစ်
ပေါ်လာသော အကျိုးတရားတို့ဟာလဲ ကောင်းကျိုးများဖြစ်ပြီး ရွှင်လန်း ပီတိဖြစ်ပေါ်နေတဲ့အခါ လောဘ၊ ဒေါသ၊ မောဟတရားတို့ ကင်းစင်နေ သဖြင့် ကုသိုလ်စိတ်တို့ ဖြစ်ပေါ်နေခြင်း၊ ထိုကုသိုလ်စိတ် တို့ကို လစ်လျှူရှု၊ ဥပက္ခာပြုပြီး အစွဲအလန်းမဖြစ်စေရန် သတိထားကာ ၀ိပတ်သနာ သဘော ဖြင့် ဆင်ခြင် လိုက်တဲ့ အခါ စိတ်၏ ငြိမ်းချမ်းခြင်း လိုချင်တက်မက်မှု ကင်းသော အကျိုးတရား တွေကို ရရှိမှာပါ
ဘယ်သူမဆို အထက်ဖော် ပြပါ အကြောင်းတရားလေးပါးကို ပြုလုပ် ကြည့် မယ် ဆိုပါက ရရှိလာသော အကျိုးတရားတွေဟာ.....
ကိုယ်ဟာကိုယ် ကိုယ်တိုင်သာ လေ့ကျင့်နေထိုင်ကြည့်ကြပါလို့ တိုက်တွန်းပါ ရစေ. များများ အာချောင်တာလည်း ကောင်းတာမဟုတ်ဘူး လိုရင်းမရောက်ပဲ
ဖြစ်နေတတ်တယ်
စမ်းကြည့်ကြပါလို့
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်