အမှားပေါင်းချုပ်ကြီး


***************

သမိုင်း ဆိုတာ ဘာမှန်း သေသေချာချာ
မသိတာကို ပြောတာလို့ ပြောလို့ ရမလားပဲ

တကယ်တော့ သမိုင်း အမှန် အမှားက အရေး
ကြီးတယ် ဆိုပေမယ့် ပိုအရေးကြီးတာ အတုယူ တတ်ဖို့ သင်ခန်းစာ ယူတတ်ဖို့ ဆိုတာပါ

သမိုင်းကြောင်းကြီး သိနေတာဟာ အရေးပါတဲ့ အနေအထား ရောက်မလာသေးပါဘူး

တကယ့် သော့ချက်က စံနမူနာယူပြီး ဆောင်ရန်
ရှောင်ရန်တွေကို ထုတ်ယူသုံးစွဲမိနိုင်ဖို့ပါ

သင်ဟာ သမိုင်းပညာရှင် တစ်ယောက် အဖြစ်
ကမ္ဘာက အသိအမှတ်ပြုခံရကောင်း ခံရနိုင်ပါ
တယ်

ဒါပေမယ့်လို့ ဥပမာ ပြောရရင် သင်ဟာ
အနော်ရထာ အကြောင်း သင်ပြည့်စုံအောင်
မသိနိုင်ပါဘူး

လူတွေ တော်တော်များများ သမိုင်းသင်တာ မအ အောင် ဆိုတဲ့ စကားကို ကိုးကား ပြောဆိုနေ ကြ
ပေမယ့်လို့ အမှားတွေကို ထပ်တလဲလဲ ကျူး လွန်နေဆဲပါ ကျူးလွန်မိနေဦးမှာပါပဲ

အကြောင်းကတော့ သူတပါးအမှားကနေ သင်ခန်းစာ ယူပြီး အသုံးချရတယ် ဆိုတာ မေ့နေကြလို့နဲ့ မသိကြလို့ပါပဲ

ပါးစပ်က ဘာညာပြောကောင်းပြောရဲ့နဲ့ အခက် အခဲတွေ ကိုယ်တိုင်ကြုံရတဲ့အခါ မျက်ကလူး ဆန်ပြာဖြစ်ပြီး အဲဒီ သင်ခန်းစာတွေကို အသုံးချဖို့ မေ့သွားတာမျိုး ရှိပါသေးတယ်

သင်ဟာ အမှားတစ်ခုကို ကျူးလွန်မိတယ် ဆိုရင် သင်မှားခဲ့တဲ့ အမှားဟာ သင်ပဲ ပထမဆုံး
မှားခဲ့တာ မဟုတ်ပါဘူး သင့်ရှေ့မှာ သင်အမှား မျိုး ထပ်တူနဲ့ အလားတူ အမှားကျူးလွန် မိသူ တွေ သန်းချီ ရှိတယ် ဆိုတာ သတိရရင် နောက်
ထပ်မမှားမိအောင် သင့်အနေနဲ့ အခြားသင့်ရှေ့ က လူတွေအမှားကို လေ့လာပြီး ပြုပြင်ကျင့်သုံး
နေရုံနဲ့ သင်အမှား သံသရာက လွတ်ဖို့ ၉၅% သေချာနေပါပြီ

သမိုင်းသင်တာ မအအောင် ဆိုတဲ့ စကားရဲ့ အနှစ်သာရဟာ အဲဒါကို ဆိုလိုတာပါ သမိုင်း
ကြောင်း အလွတ်ပြောတတ်ဖို့ မဟုတ်ပါဘူး

ကြက်တူရွေးကို သင်ထားပေးရင်လည်း သူပြန် ပြောတတ်ပါတယ် သင်ဟာ လူတစ်ယောက်ပါ
ကြက်တူရွေးမဟုတ်ပါဘူး

ဆင့်ကဲ တွေးခေါ်ခြင်း သုံးသပ်ရှုမြင်ခြင်းဖြင့် သင့်ဘဝကို သင်လိုရာ ဖန်တီးနိုင်တဲ့ စွမ်းအား သင့်မှာ ရှိပါတယ် သင်အသုံးချဖို့ မေ့နေတာပါ

သတိလေးတစ်ချက်ဟာ တစ်ခဏတိုင်းမှာ ရှိနေ
မယ်ဆိုရင် သင်လိုရာ သင်ရောက်နိုင်ပါတယ်
မကြာမကြာမေ့တတ်တဲ့ ကျွန်တော်တို့ဟာ အမှား ပေါင်းချုပ်ကြီးတွေပါပဲ


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်