သင့်အတွေးခံယူချက်ဟာ……


***********************

အသင်္ခယာစောယွန်းရဲ့ ကျေးဇူးသိတတ်ပုံ ကို အတုယူ တတ်မယ်

စောလူးမင်းရဲ့ ဆင်ခြင်ဥာဏ်မဲ့မှုကို ဂရုပြု တတ်မယ်

ဘုရင်နောင်မင်းတရားကြီးရဲ့ သဘောထား ကြီးမားပုံကို မြင်တတ်ခဲ့မယ်

ဆိုရင် ဆိုရင် ဆိုရင် …စသဖြင့်ပေါ့လေ

ငါအလှည့်ကျ ဘယ်ပုံ ဘယ် လို ဆိုတာ ဆင့်ပွား သိလာနိုင်မှာပဲပေါ့

ကိုယ်မြင်တဲ့ ရှုဒေါင့်က မှန် တယ် မှားတယ် ဆိုတာကို တိတိကျကျ ဆုံးဖြတ်ဖို့ ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုပါ

မတူညီတဲ့ ရှု့ဒေါင့်က ကြည့် ရင် ကိုယ်မှန်တယ် ထင်နေ တာ မှားသွားနိုင်တာပဲလေ

သာမာန်လူတစ်ဦးဟာ အမှန် အမှား ဆိုတာကို ကွဲကွဲပြား ပြား မခွဲခြားနိုင်လို့သာ ဒုက္ခ တွေ ဖြစ် ပြီးရင်း ဖြစ်နေတာပါ

သမိုင်းတစ်ခုရဲ့ တန်ဖိုးက မှန်ချင်မှန် မှားချင်မှား ဇာတ်အိမ်ကောင်းတာ မကောင်းတာမဟုတ်ဘူး တစ်ခုခုလုပ် ဆောင်မှုရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ ဖြစ်ရပ်ကို ဖော်ထုတ်နိုင်ခြင်းနဲ့ အကျိုးရလာဒ် အပေါ် ထုတ်ယူသုံးစွဲ နိုင်ခြင်းပါပဲ
ရွာထိပ်က အကြော်သည် ဒေါ်မြရဲ့ အတိတ်မှာ လည်းယူစရာ အပြည့်ပဲ မဟုတ်လား

ဒေးဗစ်ဘေကွန် စကား ငှား ပြောရရင် စာအုပ် အများကြီး ဖတ်ထားသူက သင့်ကို ပြဿနာ မပေးပါဘူး စာအုပ် တစ်အုပ်တည်း ဖတ်ထားသူ က သင့်ကို သတ်သွားနိုင်ပါတယ် တဲ့

ဆိုလိုတဲ့ သဘောက ရှုဒေါင့် များများက ကြည့် သူက နား လည်တတ်ပြီး တစ်ခုတည်း ကြည့် တတ်သူက တယူသန် ဖြစ်သွား တတ်တယ်လို့ ယေဘုယျအားဖြင့် ခြုံပြော လိုက်တာပါပဲ

သမိုင်းဆိုတာ သင်ကိုယ်တိုင် ကိုယ်တွေ့ ဖြစ် နေသည့် တိုင်အောင်လည်း အမှန် ယူမရတာ တွေက ပိုများပါတယ်

လူတစ်ယောက် ပြုမူလိုက်တဲ့ ကိစ္စတိုင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက် ဆိုတာ ရှိနေခဲ့
တာပါပဲ သင်မသိတာ သင်က သူမဟုတ်လို့
ပါပဲ သူ့ ခံယူချက် သူ့အတွေးကို သင့်ခံယူချက်
သင့်အတွေးတွေနဲ့ အမှန်အမှား ဆုံးဖြတ်တယ်
ဆိုတာ သင်ကချော်တာလား သူကလွဲတာလား
ပြန်သုံးသပ်စရာပဲပေါ့

လူအများစုဟာ သူ့အမြင် ဘယ်လို ရှိတယ် ဆို တာကို လေ့လာဖို့ မေ့နေတတ်ပါတယ် ကိစ္စ တစ်ခုကို ကိုယ့်အမြင်နဲ့ ကောက်ချက်ဆွဲတာက
ပိုများကြပါတယ် ဒီလို ကောက်ချက်ဆွဲ မှတ် ချက်ထိုးတာဟာ အမှန်ပါလို့ သင်ကိုယ်တိုင် အာမခံနိုင်ပါ့မလား မှန်တယ် ဆိုရင်ရော ဘယ် လောက်ထိ မှန်သလဲ ဆိုတဲ့ ပေတံနဲ့ ပြန်တိုင်း ကြည့်သင့်ပါသေးတယ်

တဏှာ အုပ်စိုးတဲ့ ဒီကမ္ဘာမှာ လူဖြစ်နေတဲ့ သင်ဟာ သင့်ကိုယ်ထက် ကျော်လွန်ပြီး အခြား သူတွေ အတွက် တွေးစဉ်းစားနေတာ သက် သက် ဖြစ်တဲ့ လူတစ်ဦး ဖြစ်မနေမှာ သေချာ တယ် မဟုတ်လား


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်