ကျွန်တော်ပုဂ္ဂလိက
အမြင်အရပြောရင် ကျောင်းတွေမှာ စာသင်တာ အရမ်းနှေးကွေးပြီး ပျင်းစရာကောင်းပါတယ်
စိတ်ဝင်စားစရာလဲ
မရှိပါဘူး သင်လာရတဲ့ ဘာသာရပ် အများစု ငါးပုံမှာ လေးပုံခွဲလောက်ဟာ ကျွန်တော် စိတ်မ၀င်စားပါဘူး
ဘာတွေ သင်နေမှန်းကို မသိတာပါ ဒီလို စိတ်မ၀င်စားတဲ့ ကြားကပဲ ကိုယ်နည်း ကိုယ်ဟန်နဲ့ကိုယ်
ကြိုးစားသင်ပြီး စာမေးပွဲ အောင်မြင်အောင် ဖြေနိုင်ခဲ့တာပါ
ကျွန်တော်အတွက်တော
ငရဲအလားပါပဲ နဂိုကမှ စာကျက်ပျင်းတာ ဒီကြားထဲ ဥာဏ်က ထိုင်းလိုက်သေးတယ်
စာမေးလိုက်တိုင်း
တခါမှ ရနေတယ် ဆိုတာ မရှိဘူး တကယ်တမ်းက အဲဒီစာတွေကို ကျွန်တော်က ရနေတာပါ
ဘာဖြစ်လို့
ရနေတယ် မရှိဘူး ပြောရလဲဆိုရင် ကျောင်းသင်ခန်းစာမှာ မေးတဲ့ ပုံစံက ကျွန်တော် သိနားလည်တဲ့
ပုံစံ
မဟုတ်ဘဲ တစ်လုံးမှ မမှားအောင် ဆိုရတာမျိုးတွေ ဖြေရတာမျိုးတွေ ဖြစ်နေလို့ပါ ကျွန်တော်ဆိုတဲ့
လူ့ဂွှစာ
လေးကလဲ
ကျောင်းစာသာ ကျက်ရပျင်းတာ စာဖတ်ဝါသနာပါတာက ဘယ်သူ ထင်မိမလဲ ဒုတိယတန်းမှာ မဂ္ဂဇင်း ၀တ်ထုတွေ
ကောက်ကိုင်နေပြီ ဖတ်တတ်နေပြီ အဲလို အပြင်စာတွေ ကို သဲသဲမဲမဲ ဖတ်တယ် ဟဲ
အဲဒါက
ကိုယ့်ကိုယ် ဘယ်သူမှ လာပြန်မမေးဘူးလေ အပျင်းထူတာ ပြောပါတယ် ကိုယ်နားလည်နေသလို
နေလိုက်
ပြီးသွားတယ် မဟုတ်လား ကိုယ်နားလည်တာကို မှန်တယ် မှားတယ် သူများက လာဆုံးဖြတ်နေ တာ
မျိုး
သိပ်သဘောမကျဘူး ဒါကြောင့် အကြောင်းအရာ တော်တော်များများကို ထဲထဲဝင်ဝင် နှံ့စပ်အောင်
လေ့လာ
ပါတယ်
တတ်တာ မတတ်တာကို ကျွန်တော် အဲချိန်က ဦးစားမပေးခဲ့သလို အရေးလဲ မလုပ်ပါဘူး ခြောက်တန်း
လောက် ရောက်ချိန်မှာ ကျွန်တော့် အိမ်က စာအုပ်ပုံကြားထဲနေရင်း လောကီပညာရပ်တွေ လေ့လာဖြစ်ပါတယ်
အဲထဲကပဲ
ပညာရပ် တော်တော်များများဆီကို ဆက်စပ်ကူးပြောင်း နားလည်နိုင်တဲ့ အသိတွေ နားလည်ခဲ့ရတယ်
ရှစ်တန်းရောက်ချိန်ဆို
ကျွန်တော် ဇာတာဖွဲ့တာ ကောဇာ စသဖြင့်ပေါ့ အရှေ့တိုင်း
အနောက်တိုင်း မြန်မာ့ရိုးရာ လောကီ ပညာတွေ တတ်ခဲ့ပါတယ် လုပ်စားဖို့ လေ့လာတာ မဟုတ်ပါဘူး
စာဖတ်ဝါသနာပါလို့ ဖတ်မှတ်ရင်း တတ်သွားတာပါ ကံကောင်းတာက မသိတာတွေကို မေးဖို့အတွက် အိမ်ရဲ့
ဘုရင်မင်းကြားဖေဖေကလဲ ပရိုကျကျ ကျွမ်းကျင်ပါတယ် သူဆီက တဆင့် သင်တာပေါ့ ကျွန်တော် အဖေဟာ
အမှန်ပြောရင် မြန်မာစာကို လုံးကွဲ
အောင်
အတတ်ပါဘူး အင်္ဂလိပ်စာဆို ABCD တောင် ခုထိ မှားပြောတုန်းပါပဲ ဒါ ကျွန်တော် ကျွန်တော့်
အဖေကို
စော်ကားလှောင်ပြောင်နေတာ
မဟုတ်ပါဘူး လက်လန်အောင်ကို လေးစားလို့ ပြောနေရတာပါ ဒီပိုစ့်နဲ့လဲ ဆက်စပ်မှူ ရှိလို့ပါ
အရမ်းတော်တယ် ပြောရမှာပါ မြန်မာစာကို စာလုံးပေါင်းမှန်အောင် မရေးနိုင်တဲ့ အဖေ ဖတ်လို့တော့ရပါတယ်
အဲဒီ ခက်ခဲတဲ့ ပညာရပ်တွေကို သူ ဘယ်လို လေ့လာခဲ့တာလဲ သိနားလည် သွားတာလဲ ဆိုတာကို ကျွန်တော်
တော်တော် အံသြရပါတယ် လွယ်တယ်တော့ မအောက်မေ့လိုက်ပါနဲ့ ခုခတ် မြန်မာစာ ကျောင်းသားတွေ
နားမလည်တဲ့ မြန်မာစာတွေပါ လာသင်ပေးတဲ့ ဆရာ ပြပေးပြောပေးတဲ့ ဆရာရယ်လို့ သူ့မှာ မရှိခဲ့ပါဘူး
စာအုပ်က ဆရာပါပဲ တကုတ်ကုတ်နဲ့ ဟိုကျမ်းဒီကျမ်း လှန်လိုက် စာအုပ် ပေါ် ခြစ်လိုက်နဲ့ အဲဒီ
အဆင့် မြင့် ပညာတွေ သူနားလည်ခဲ့တာပါပဲ အဲဘက်ပဲလားဆို ခုခေတ်ပေါ် စလောင်းတီဗွီ လိုင်းချယ်နယ်
တပ်ဆင်တာ
ဂြိုလ်တုကနေ
လိုင်းသွင်းတာတွေ လျပ်စစ်ပညာတွေ ကျွမ်းကျွမ်းကျင်ကျင် တတ်ပါတယ် ဖုန်းတွေလား ကျွန်တော့်
လောက် နီးပါးတတ်တယ် ကလိတာ ပြောတာ
ဒါဟာ ဘာကို ပြဆိုချင်တာလဲ ဆိုရင် လုပ်ရင်းသင်တဲ့
သင်ယူမှု စနစ်ကို ဖော်ကျူးပါတယ် လုပ်ရင်းသင်သွားတယ် ဆိုရာမှာ ဆန္ဒပြင်းပြင်းလေးနဲ့ တတ်သိချင်စိတ်လေး
ရှိဖို့ပဲ လိုတယ် ဆိုတာရဲ့ ထင်ရှားတဲ့ ပြယုဂ်ပါပဲ ဒီလို အလားတူ တွေ သင့်ပတ်ဝန်းကျင်မှာ
သင်မြင်တွေ့နေရမှာပါဘ
ကျောင်းစာမှာ
မလိုက်နိုင်တဲ့ သူတွေဟာ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား နှုတ်ရေးအသံထွက် ကျွမ်းကျင်တဲ့
ဥာဏ်ရည်ကို မရနိုင်ပါဘူး ဒီလူတွေဟာ ထိုင်နားထောင်ပြီး သင်ယူရတာ စာဖတ်ရတာတွေနဲ့ ပက်သက်ပြီး
သင် လို့ မပေါက်ရောက်ပေမယ့် အခြားနည်းနဲ့ အခြားနယ်ပယ်တွေမှာကျတော့ အလွယ်တကူ သင်လို့ရကြတဲ့
ပါရမီ ရှင်တွေ ဖြစ်နေတတ်ပါတယ်
ကျွန်တော်ပြောလိုတာကတော့
ကျောင်းဆိုတာ အရေးကြီးမှန်း သိသည့်တိုင်အောင် သင့်ကလေးရဲ့ ဥာဏ်စွမ်း ဥာဏ်ရည် အစစ်အမှန်ကို
ဖော်ုထုတ်ပေးနိုင်တဲ့ နေရာ ဟုတ်-မဟုတ် ဆိုတာကို မိဘများ အနေနဲ့ အလေးပေး လေ့လာ ဆန်းစစ်ဖို့
လိုတယ် ဆိုတာကို ပြောလိုတာပါ
ပညာရေး
အစစ်မှန်ရဲ့တန်ဖိုး ဆိုတာ စာသိတွေ အတင်းအကျပ် ထိုးသိပ်ထည့်သွင်းပေးရတာ မဟုတ်ဘဲ ဥာဏ်ရည်
ဥာဏ်သွေးကို ဖော်ထုတ်ပြီး ငါသိ သိအောင် လုပ်ပေးရတာလို့ ပြောလိုပါတယ်
အပိုင်း(၅)
ဆက်ရန်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်