*****************************
ဒီအကြောင်း အကုသိုလ် ဘာမှ မပြောဘဲ နှုတ်ပိတ်နေနေတာ နားအေးတာမို့
အေးအေးသာသာပဲကြည့်နေလိုက်တာ အခု ပြော တယ်ဆိုတာကလဲ နိုင်ငံရေးသမားတွေ
ကျောင်းသားတွေ ထီးမှန်း မှိုမှုန်း မသိဘဲ ထီးလိုလို မှိုလိုလို လုပ်နေကြတာ
ဘုမသိ ဘမသိ ကလေးတွေ ရောယောင်ပြီး ပါကုန်မှာစိုးလို့ နဲနဲထပြောတာ
သပိတ်မှောက်တာနဲ့ ဆန္ဒပြတာ မတူပါဘူး မတူတာ ဘယ်လို မတူလဲ မေးရင်
နဂိုကတည်းကိုက စာလုံးအခေါ် မတူလို့ကိုကွဲ နေတာပဲ ဒါကို မကွဲပဲ သပိတ်မှောက်
ဆန္ဒပြပွဲကြီး ဆိုပြီး မီဒီယာတွေက သုံးတယ် အဲကောင်တွေ စာမှတတ်ရဲ့လား မသိဘူး
ရောချလိုက်တော့ မလိုအပ်တဲ့ ပြသနာတွေ တက်ကုန်ရော အီးမှန်း ပဲမှန်း မသိတဲ့ ကလေးတွေ ကလဲ အဆွယ်ကောင်းတာနဲ့ ပါရော
ရောချလိုက်တော့ မလိုအပ်တဲ့ ပြသနာတွေ တက်ကုန်ရော အီးမှန်း ပဲမှန်း မသိတဲ့ ကလေးတွေ ကလဲ အဆွယ်ကောင်းတာနဲ့ ပါရော
သပိတ်မှောက်တာနဲ့ ဆန္ဒပြတာ နဲနဲလောက် ပြောပေးမယ် ကွာပုံ ကွာနည်းလေး
ရူးကြောင်မူးကြောင် စာရေးဆရာတွေ စာပေဟော ပြောပွဲတော့ ဟိုနေရာ ဒီနေရာ
လုပ်နေကြတာပဲ ဒီလို သိသင့်တာတွေ ပြောမပြဘဲ ဆွယ်တရားဟောဖို့ပဲ အားထည့်နေကြ
တယ် အသိမှန်ကို ပေးလိုစိတ်မရှိဘူး စေတနာမမှန်ဘူး လို့ ပြောရင် စွပ်စွဲတယ်
မပြောနဲ့ အဲဒါအမှန်ပဲ
သပိတ်မှောက်တာကို ပတ္တနိက္ကုစ္စန လို့ခေါ်တယ်
ဆန္ဒပြတာကို ပကာသနိယ လို့ခေါ်တယ်
ဆန္ဒပြတာကို ပကာသနိယ လို့ခေါ်တယ်
ခေါ်တာလဲကွဲ ဝေါဟာရလဲ ကွဲနေမှတော့ ဘယ်တူမလဲ
မီဒီယာတွေ သောက်တလွဲ သုံးတာ တစ်ခုပြမယ် ရွှေဝါရောင် တော်လှန်ရေးတဲ့ ဒါတလွဲကြီး သုံးလိုက်တာ အဲဘုန်းကြီးတွေက တော်လှန်တာ မဟုတ်ဘူး ဆန္ဒပြတာ သီးသန့် သူတို့က စစ်အစိုးရကို ပြန်ချမယ့် အစီအစဉ် နဂိုကတည်းက မပါဘူး ငြိမ်းချမ်းစွာ ဆန္ဒပြတာ အဲသလို ပြတာကို ဆန္ဒပြတာ လို့ ခေါ်တာ

သပိတ်မှောက်တာက ဗိုလ်အောင်ကျော် သပိတ် တောင်သူ လယ်သမား သပိတ် ဒါက
သပိတ်မှောက်တာ အဲဒါတွေ က ဘယ်လိုလဲ ဆိုရင် ရည်ရွယ်ရင်းကိုက မမေးရင် ချမယ်
ဆိုပြီး လာတာ ချဖို့လဲ အသင့်ပဲ အဆင့်သင့်စီမံထားပြီးသား သေဖို့ ပြင်ထား
ပြီးသား ဒါမျိုးကို သပိတ်မှောက်တယ် ခေါ်တယ်
ဒီနှစ်ခုတောင် မကွဲပဲ နိုင်ငံရေးယောင်နေတာတော့ မနိပ်ဘူးပေါ့ဟာ
သပိတ်မှောက်တာက တွန်းလှန်တာ တိုက်ခိုက်တော့မယ်လို့ ပြောတာ
ဆန္ဒပြတာက တောင်းဆိုတာလိုက်လျောဖို့ သဘောထား ပြတာ သီးသန့်
သပိတ်မှောက်တာက တွန်းလှန်တာ တိုက်ခိုက်တော့မယ်လို့ ပြောတာ
ဆန္ဒပြတာက တောင်းဆိုတာလိုက်လျောဖို့ သဘောထား ပြတာ သီးသန့်
တော်လောက်ပြီ အကုသိုလ် သိပ်မပြောချင်ဘူး ဒီအကြောင်း နှုးညံ့သိမ်မွေ့တဲ့
ဆန္ဒပြခြင်းနဲ့ ကြမ်တမ်းခက်ထန်တဲ့ သပိတ်မှောက်ခြင်း ဆိုတာ စာဖတ်မိသူ
ကွဲပြားရင် တော်ပါပြီ အဲသလောက်လေးပဲ သိစေချင်ပါတယ် ကျန်တာ ဆက်တွေးလို့
ရပြီပေါ့
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်