**********************
ပြသနာကို အလုပ်လို့
ခေါင်းစဉ်တပ်ထားတဲ့အောက်မှာ
ခေါင်းမထောင်နိုင်အောင်ပြောဆိုမှုတွေကြား
ငါတို့ဒွိဟဖြစ်ရင်းနောက်ကျောကဓားတွေနဲ့
ပြသနာတွေကိုဖြေရှင်းနေရတယ်...
ခေါင်းစဉ်တပ်ထားတဲ့အောက်မှာ
ခေါင်းမထောင်နိုင်အောင်ပြောဆိုမှုတွေကြား
ငါတို့ဒွိဟဖြစ်ရင်းနောက်ကျောကဓားတွေနဲ့
ပြသနာတွေကိုဖြေရှင်းနေရတယ်...
လက်တွေ့ဆန်ဆန်
အရာမထင်တဲ့ထင်ကြေးတွေနဲ့
ဓနရှင်တွေကြားကိုယ်စားလှယ်လုပ်မိနေရင်း
အချင်းချင်းငြင်းခုံခဲ့ရုံမှတစ်ပါး
ငါတို့နောက်မှာ လှောင်ပြောင်မှုလက်ခုပ်သံတွေ
အရာမထင်တဲ့ထင်ကြေးတွေနဲ့
ဓနရှင်တွေကြားကိုယ်စားလှယ်လုပ်မိနေရင်း
အချင်းချင်းငြင်းခုံခဲ့ရုံမှတစ်ပါး
ငါတို့နောက်မှာ လှောင်ပြောင်မှုလက်ခုပ်သံတွေ
ဖြောင်းဖြောင်းမြည်နေရဲ့...
အံသြမှုမရှိတော့ဘူး..
တုန်လှုပ်မှုမရှိတော့ဘူး..
အံသြမှုမရှိတော့ဘူး..
တုန်လှုပ်မှုမရှိတော့ဘူး..
ဘာလို့လဲဆိုတော့ငါတို့က
ပဲကြီးလှော်ကြားကဆားတွေပဲလေ...
ဟုတ်ကဲ.. ဆိုတဲ့စကားလုံးကို
ဟုတ်ကဲ.. ဆိုတဲ့စကားလုံးကို
အလွတ်ကျက်ရင်း အမှန်တရားကို ရင်ထဲမှာမျိုချ
သောက်နေကျရေတွေတောင်
ဟုတ်.. ဟုတ်.. လို့မြည်နေပြီ..
တရုတ်ဆိုလဲ အဖေခေါ်
ကုလားဆို အမျိုးတော်ရမလိုပဲ
သောက်နေကျရေတွေတောင်
ဟုတ်.. ဟုတ်.. လို့မြည်နေပြီ..
တရုတ်ဆိုလဲ အဖေခေါ်
ကုလားဆို အမျိုးတော်ရမလိုပဲ
မြန်မာချင်းချင်းရိုင်းပင်းချက်ကတော့
ပင့်သက်တွေတောင်ကြွေမတက်ပဲ
တစ်ကွက်မှားရင်အစားခံရမဲ့ဘ၀တွေပါလား...
ပင့်သက်တွေတောင်ကြွေမတက်ပဲ
တစ်ကွက်မှားရင်အစားခံရမဲ့ဘ၀တွေပါလား...
ဆိတ်ဆိတ်နားထောင်ယောင်လို့
ပြန်ပြောရင်ထိုးနှက်တဲ့ စကားလုံး
ပြန်ပြောရင်ထိုးနှက်တဲ့ စကားလုံး
အဖြေရှိပေမဲ့အဖြေမသိသလို
နေခဲ့ရတာလဲရှိတယ်...
နေခဲ့ရတာလဲရှိတယ်...
လွန်ဆွဲပွဲတွေကြား
ဟိုဘက်လိုက်ပြောဒီဘက်လိုက်ပြောနဲ့
ဟိုဘက်လိုက်ပြောဒီဘက်လိုက်ပြောနဲ့
ဒီလိုဘ၀တွေကိုကျေနပ်အောင်နေနေရပြန်ပြီ...
ခက်လိုက်တာ
လွယ်တာလေးတွေကိုရှုပ်အောင်လုပ်
ခေါင်းရှောင်ခေါင်းဆောင်ကောင်းတွေကို
တွေးနေရင်းက သင်ခန်းစာ တစ်ပုဒ်ကို
ငါ အဖြေ မထုတ်တော့ဘူး
လွယ်တာလေးတွေကိုရှုပ်အောင်လုပ်
ခေါင်းရှောင်ခေါင်းဆောင်ကောင်းတွေကို
တွေးနေရင်းက သင်ခန်းစာ တစ်ပုဒ်ကို
ငါ အဖြေ မထုတ်တော့ဘူး
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်