မိုးမရွာ

မချင့်မရဲ အားမလို
အားမရဆိုတာတွေနဲ့
နေ့စွဲတပ်မရတဲ့ဘဝတွေ
ဘယ်လောက်များခဲ့ပြီလဲ။
မနက်ဖြန်မျှော်လင့်အားကိုးနဲ့
ဒီနေ့ ရပ်တည်နေတာကိုက
တံဆိပ်ပြေသွားတဲ့ဆေးလိပ်
ပြန်လိပ်သောက်နေရသလို။
ငါတို့ရဲ့ ဝင်လေထွက်လေကို
ငါတို့ ဘယ်လောက်ထိ
ထိန်းထားနိုင်မှာလဲ
ရှေးရိုးအတိုင်းပဲ
ကံကြမ္မာကိုစောင့်စားနေတာလား
ဒါဆို အလင်းမပြတ်ဖို့တော့
ဖယောင်းတိုင်ကို မီးတို့ထားအုံးမှ။
ငါ့နေ့စွဲနဲ့ ငါ
လက်တစ်ဆုပ်စာ
တိမ်တိုက်နဲ့တော့
ငါ မိုးမရွာဘူး။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်