တရား တရားနဲ့ ဖျား ဖျား
လိုက်စားကြတဲ့ လူအများ..
သာသနာ ပြုနေတာလား
သာသနာ ဖျက်ဆီးမိနေသလား..
မသိကြတဲ့ လူအများ...
လိုက်စားကြတဲ့ လူအများ..
သာသနာ ပြုနေတာလား
သာသနာ ဖျက်ဆီးမိနေသလား..
မသိကြတဲ့ လူအများ...
မသိလို့ လုပ်နေကြတာလား..
သိရက်နဲ့ တမင် လုပ်နေသလား..
ပြောရခက် လူအများ..
အရိုးစွဲနေတဲ့ အယူမှား..
ပြန်ပြင်ဆိုတော့ ပိုဖောက်ပြား
ငရဲမကြောက်တဲ့ လူအများ...
သိရက်နဲ့ တမင် လုပ်နေသလား..
ပြောရခက် လူအများ..
အရိုးစွဲနေတဲ့ အယူမှား..
ပြန်ပြင်ဆိုတော့ ပိုဖောက်ပြား
ငရဲမကြောက်တဲ့ လူအများ...
ပြောလိုက်ရင် ဘုရား တရား..
လုပ်လိုက်ရင် သံဃာစော်ကား..
ဆုံးမခက် လူအများ...
လုပ်လိုက်ရင် သံဃာစော်ကား..
ဆုံးမခက် လူအများ...
အရူးအိမ်မက် တကယ်မှတ်လို့..
အကြောက်တရား စိတ်ဖောက်ပြားကာ..
ဘုန်းကြီးသပိတ်ဆွမ်းသွတ်တယ်တဲ့..
ကောင်းကြသေးလား တရားရှင်တို့ရယ်..
မလုပ်ကောင်းတာ အလုပ်ထူး
မကြောက်သင့်တာ တကယ်ကြောက်ရင်ဖြင့် ကျေးဇူးဆိုတာပျောက်လို့ သံသရာတလျှောက် ကံမှောက်မှားပါလိမ့်မယ်..
အကြောက်တရား စိတ်ဖောက်ပြားကာ..
ဘုန်းကြီးသပိတ်ဆွမ်းသွတ်တယ်တဲ့..
ကောင်းကြသေးလား တရားရှင်တို့ရယ်..
မလုပ်ကောင်းတာ အလုပ်ထူး
မကြောက်သင့်တာ တကယ်ကြောက်ရင်ဖြင့် ကျေးဇူးဆိုတာပျောက်လို့ သံသရာတလျှောက် ကံမှောက်မှားပါလိမ့်မယ်..
ပြုသမျှကံ ပဲ့တင်သံတဲ့..
နာလိုက်တဲ့ တရား..
ဘယ်ဆီရောက်လို့ ပျောက်သွားသလဲ
ဖြေကြပါဦး တရားရှင်တို့ရယ်...
နာလိုက်တဲ့ တရား..
ဘယ်ဆီရောက်လို့ ပျောက်သွားသလဲ
ဖြေကြပါဦး တရားရှင်တို့ရယ်...
သာသနာတည်တံ့ရေးထက်
အခုအချိန်မှာ အရေးကြီးတာ
သာသနာ သန့်ရှင်းရေးပါ......
အခုအချိန်မှာ အရေးကြီးတာ
သာသနာ သန့်ရှင်းရေးပါ......
အရေအတွက် မလိုဘူး
အရည်အချင်း အဓိက..
နိဗ္ဗာန်မြင်ဖို့ထက်
အပယ်ငရဲ မရောက်ရေးက
ပို အရေးကြီးတယ်မဟုတ်လား.......။
အရည်အချင်း အဓိက..
နိဗ္ဗာန်မြင်ဖို့ထက်
အပယ်ငရဲ မရောက်ရေးက
ပို အရေးကြီးတယ်မဟုတ်လား.......။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်