အလိုဆန္ဒ မရှိပေမယ့်လဲ
အများသူငှာဏိန်းဂဏန်းများကို
စိတ်ဝင်တစား စားသုံးနေချိန်မှာ
မခံချင် စိတ်ရိုင်းကြောင့်
ငါလဲပဲ မိုးခါးရေ တစ်ကျိုက်
မျိုသောက်မိခဲ့ဖူးပြီ ဒါတောင် ..
လူတောထဲ သူလိုကိုယ်လို အိပ်မောကျချိန်
ကောင်းကောင်း မရခဲ့သေး။
အများသူငှာဏိန်းဂဏန်းများကို
စိတ်ဝင်တစား စားသုံးနေချိန်မှာ
မခံချင် စိတ်ရိုင်းကြောင့်
ငါလဲပဲ မိုးခါးရေ တစ်ကျိုက်
မျိုသောက်မိခဲ့ဖူးပြီ ဒါတောင် ..
လူတောထဲ သူလိုကိုယ်လို အိပ်မောကျချိန်
ကောင်းကောင်း မရခဲ့သေး။
ဆန္ဒရင်းခံ တစ်ကိုယ်ကောင်း မဆန်ဖို့ 
အသင်ကြား ခံခဲ့ရဘူးတယ်
ဒါပေမယ့် အရာရာတိုင်း
င့ါစိတ်ရဲ့  ကိုယ်ကြီးက
သူဖြစ်ချင်တာကိုချည်း လိုက်ပြီး
အဆုံးစွန် ဖြည့်စွက် နေတုန်း
ကိုယ့်ကိုယ်ထက် အချစ်ဆုံးဆိုတာကို
တွေ့ ချင်နေတယ်။
အသင်ကြား ခံခဲ့ရဘူးတယ်
ဒါပေမယ့် အရာရာတိုင်း
င့ါစိတ်ရဲ့  ကိုယ်ကြီးက
သူဖြစ်ချင်တာကိုချည်း လိုက်ပြီး
အဆုံးစွန် ဖြည့်စွက် နေတုန်း
ကိုယ့်ကိုယ်ထက် အချစ်ဆုံးဆိုတာကို
တွေ့ ချင်နေတယ်။
လမင်းက ခွေးကိုမလှောင်သလို
ခွေးကလဲ လမင်းကို ဟောင်ခဲ့လို့ လား
ဗန္ဓုလ ဖောင်ဖျက်ဖို့  မကြိုးစားဖူး သလို
ဓနုဖြူ တိုက်ပွဲမှာ ရော ဘုရင့်နောင် ကျဆုံးဖို့ 
အခွင့်ရေး ရခဲ့လိုလား။
ခွေးကလဲ လမင်းကို ဟောင်ခဲ့လို့ လား
ဗန္ဓုလ ဖောင်ဖျက်ဖို့  မကြိုးစားဖူး သလို
ဓနုဖြူ တိုက်ပွဲမှာ ရော ဘုရင့်နောင် ကျဆုံးဖို့ 
အခွင့်ရေး ရခဲ့လိုလား။
ထပ်တူမကျ နိုင်တဲ့ အခြေအနေ အချိန်ခါမို့ 
သုခချမ်းသာခြင်းရဲ့ု့အနှစ်သာရကို
မသိမြင်သေးသလို ဒုက္ခ
ဆင်းရဲခြင်းရဲ့ အဖိုးခကို
ယနေ့ ထိ ငါ တန်ဖိုးမဖြတ်တတ်သေး။
မသိမြင်သေးသလို ဒုက္ခ
ဆင်းရဲခြင်းရဲ့ အဖိုးခကို
ယနေ့ ထိ ငါ တန်ဖိုးမဖြတ်တတ်သေး။
"ကိုယ်ထင်ရင် ကုတင်ရွှေနန်း" တဲ့
ဒီပါးစပ် စကားပုံထဲပဲ အဖန်လဲလဲ တ၀ဲဝဲ
ငါထင်ရာစိုင်းနစ်မွန်း သွားနေရဆဲရယ်လေ
ဒီပါးစပ် စကားပုံထဲပဲ အဖန်လဲလဲ တ၀ဲဝဲ
ငါထင်ရာစိုင်းနစ်မွန်း သွားနေရဆဲရယ်လေ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်