***************************
ပထမဦးဆုံးတရားကို ကျမ်းဂန်တွေက ဓမ္မစကြာကို ယူလေတော့ အဲကနေစပြော တာပေါ့
ကုန်သည်ညီနောင်ကိုဟောတဲ့ ရတနာနှစ်ပါးက ပထမဆုံး တရားဖြစ်ပေမယ့် ကျမ်းဂန်ထိုထိုက ပြမထားပါဘူး ဒါကြောင့်ပါ
ဒုတိယမြောက် ဟောတာက ဟေမဝတသုတ်လို့ ခေါ်ပါတယ် တတိယကတော့ အနတ္တလက္ခဏသုတ်ပေါ့
ဟေမဝတသုတ်ကို ဘုရားဖြစ်ပြီး ခြောက်ရက်မြောက်မှာ ဟောတယ်လို့ယူနိုင်ပါ တယ်
ဘာကြောင့်လဲဆို ပဉ္စဝဂ္ဂီတို့ကို ဓမ္မစကြာ တရားဟောတာ ငါးရက်တိတိကြာ ခဲ့လို့ပါ
အများစုကတော့ အနတ္တလက္ခဏသုတ်လို့ အမှတ်မှားလေ့ ရှိကြပါတယ်
ဒါကြောင့် သေချာသိစေချင်လို့ တမင်တကာ မေးကြည့်ခဲ့ တာပါပဲ
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဖြေပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်