******************************
အမေး။ ။ မြတ်စွာဘုရားလက်ထက်၌ ဧဟိဘိက္ခုရဟန်း အဖြစ် ရယူသူများအတွက် သတ်မှတ်ချက်ရှိသလား ခုခေတ်မှာ ဘာလို့မဖြစ်တော့တာလဲ
အဖြေ။ ။ ဧဟိဘိက္ခုရဟန်းဆိုတာ တန်ခိုးတော်ဖြင့် ပြီးစီးတဲ့ (ဣဒ္ဓိ မယ) သပိတ်,
သင်္ကန်း ပရိက္ခရာမျိုးဖြစ် တယ်၊ ယင်း ရဟန်းအဖြစ်မျိုးကို ရရှိဖို့ အဆင့်
အတန်း အကြောင်းက သုံးပါးရှိတယ်လို့ မှတ်ရမယ်။
၁။ ရှေးဘ၀က ပရိက္ခရာ ရှစ်ပါး ပေးလှူခဲ့ဖူးသူဖြစ်ရခြင်း။
၂။ ယခုလက်ရှိဘ၀သည် (ပစ္ဆိမဘဝိက) နောက်ဆုံး ဘဝ သား ဖြစ်ရခြင်း။
၃။ ယောက်ျားမြတ်အစစ် ဖြစ်ရခြင်း။
၂။ ယခုလက်ရှိဘ၀သည် (ပစ္ဆိမဘဝိက) နောက်ဆုံး ဘဝ သား ဖြစ်ရခြင်း။
၃။ ယောက်ျားမြတ်အစစ် ဖြစ်ရခြင်း။
ယင်းအဆင့်အတန်းအကြောင်းသုံးပါးနှင့် ပြည့်စုံရင် မြတ်ဘုရားက ဧဟိဘိက္ခု
ခေါ်တော်မူတာနဲ့ ၀ါတော် ခြောက်ဆယ်ရသော မထေရ်ကြီးကဲ့သို့ သင်္ကန်းဝတ်ပြီးသား
ဖြစ်သွားတာပဲ၊
စာပေကျမ်းဂန်အဆိုကတော့…..
မြတ်စွာဘုရားသခင်၏ အဖ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ဟာ ဘုရားသခင်၏
ဖခင်အရင်းဖြစ်ကာ ပစ္ဆိမဘဝိကသား ဖြစ်ပေမဲ့ ပရိက္ခရာရှစ်ပါး မပေးလှူခဲ့ဖူးလို့
ဧဟိဘိက္ခု ရဟန်းဘ၀ကို မရပဲ လူသားအဖြစ်နဲ့ ပရိနိဗ္ဗာန် ၀င်စံရရှာ တယ်။
ပက္ကုသာတိ ဘုရင်မင်းတရားကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို နာယူကာ
အနာဂါမ်ဖြစ်သော်လည်း ပစ္ဆိမ ဘဝိကသားမဟုတ်သေး၍ မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်
တော်မမူဘဲ သင်္ကန်းရှာခိုင်းလိုက်ရာ နွားဝှေ့၍ အမှိုက်ပုံထဲ မှာ စုတိ
ကျသွားရရှာတယ်၊ ကဲ…အဲဒါတွေဟာ စာပေက လာတာတွေပဲ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်