***************************
ခွင့်လွှတ်ခြင်းသည် အမျက်ဒေါသကို ထိန်းချုပ်ဟန့် တားရန် ကူညီသည်
အကျွန်ုပ်တို့ဟာ တစ်ဦးတစ်ယောက်က အကျွန်ုပ် တို့ကို အနာတရ
ဖြစ်စေပြီးတဲ့နောက် - အရှက်တကွဲ အကျိုးနည်း စေပြီးတဲ့နောက်၊ ဒါမှမဟုတ်
ရိုင်းပျစော်ကားပြီးတဲ့နောက် - ထိခိုက်မှုကို ကုစားဖို့အတွက် အမြဲတမ်း
ရှာဖွေကြပါတယ်။
ပညာရှိတဲ့သူဟာ ခွင့်လွှတ်ဖို့ အဆောတလျင် ပြုလုပ်ပါလိမ့် မယ်။
အကြောင်းကတော့ သူဟာ အချိန်ရဲ့ မှန်ကန်တဲ့ တန်ဖိုး ကို သိပါတယ်။ သူဟာ
မလိုလားအပ်တဲ့ စိတ်ဆင်းရဲ မှုဒုက္ခများနဲ့ သေဆုံးဖို့ အဲဒီအရာကို
ခံစားလိမ့်မယ် မဟုတ် ပါ - ဆိုတာ ဖြစ်ပါတယ်။အခြားတစ်ဖက်တွင် ဒေါသဟာ
သက်ဆိုးမရှည် ကြာရှည်မခံတဲ့ ရူးသွပ်မိုက်မဲမှု တစ်ခု ဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ဒေါသ ကြီးထွားလာ တဲ့ အခါ သူ့ရဲ့ ဆင်ခြင်တုံတရား အသိညဏ်များက
အပြင်ဘက် သို့ လွင့်ပါးစီးမျောပါ သွားပါတော့တယ်။
ဒေါသူပုန်ထခြင်းနဲ့ ဒေါသဟာ စိတ်ကို ထိန်းမနိုင် သိမ်းမရ ဖြစ်စေပါတယ်။
အမှန်တော့ ဒေါသဟာ အကြောင်းပြချက် မရှိဘဲ ဘယ်တော့မှ မဖြစ်ပါ။ ဒါပေမယ့်
ကောင်းတဲ့သူ တစ်ယောက်က အဲဒါကို ထောက်ခံ အားမပေးပါ။ ဒေါသ တစ်မိနစ်ကို ထိန်း
ချုပ်ခြင်းဖြင့် တစ်ဦးတစ်ယောက်ဟာ ဘ၀တစ်ခုလုံး အတွက် နောင်တကို
ရှောင်ရှားနိုင်ပါ လိမ့် မယ်။
ပထမဆုံးခွင့်လွှတ်တဲ့သူဟာ အောင်ဆုကို အနိုင် ရရှိပါ တယ်။ တကယ့်ကို
ခွင့်လွှတ်ခြင်းဟာ လက်စားချေခြင်း ထက် ပိုလို့ကောင်းပါတယ်။ လက်တင်စကားမှာ
အကြံပြု ထားတာကတော့ “အခြားသူများကို မကြာခဏ ခွင့်လွှတ်ပါ။ သင်
ကိုယ်တိုင်တော့ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့” ဆိုတာ ပါ။ ဒေါသထွက်ဖို့
လွယ်ကူလျင် ခွင့်လွှတ်ဖို့ ခက်ခဲတတ် ပါတယ်။အခြားသူများဟာ ဇက်ကြိုးကို
အနေတော်အံကိုက် ထိန်းကိုင်နေစဉ် အမြန်နှုန်း အရှိန်ကို ကောင်းစွာနားလည်
သကဲ့သို့ ဒေါသတည်း ဟူသော လှိမ့်နေတဲ့ရထားကို ချုပ်တည်းထိန်းထားတဲ့သူဟာ တကယ်
စစ်မှန်တဲ့မောင်းနှင် သူ ဖြစ်ပါ တယ်။
“သင် မဖွင့်ဟဘဲနှုတ်ဆိတ်နေတဲ့အခါ သင်ဟာ ဒေါသရဲ့ အသာစီးရနေမှုကို အလျင်အမြန်ပြီးစီး သွားစေပါတယ်”။
လူတစ်ဦးတစ်ယောက်ဟာ ဒေါသထွက်တဲ့အခါ သူကိုယ်တိုင် အပြင်ဘက်ရောက်နေပါတယ်။
အကယ်၍ လူတစ်ယောက်ဟာ သူရဲ့နှလုံးသားထဲ မှာ ဒေါသရှိနေခဲ့ပြီး ဖြစ်မယ်ဆိုယင်
သူဟာ နောက် ထပ် ရန်သူကို ကြောက်ဖို့ လိုအပ်ပါသေး သလား?
သူဟာ သင်ပါးစပ်ကို ထောင်ချောက်ကဲ့သို့ ခုတုံး လုပ်ဖို့
အကြီးအကျယ်ရှုံ့ချတဲ့အတွက်ကြောင့် သင် ဒေါသမထွက် ပါနဲ့။ ဒေါသဟာ
အမုန်းတရားကို မွေးမြူပါတယ်။ ခွင့်လွှတ် ခြင်းကတော့ ချစ်ခြင်းကို
မွေးမြူပါတယ်။“ငါ မင်းကို ခွင့်လွှတ်တယ်”လို့ ပြောဆိုခြင်းဟာ
အကျွန်ုပ်တို့အမြဲတမ်း ပြုလုပ်နိုင်တဲ့ များစွာအင်အားသြဇာပြည့်တဲ့အရာ
ဖြစ်နိုင်ပါ တယ်။ ခွင့်လွှတ်ခြင်းဟာ အညံ့ခံအရှုံးပေးခြင်းကို ဆိုလိုတာ
မဟုတ်ပါ။ ဒါဟာ အတူတကွ သွားကြပါစို့ - လို့ ဆိုလိုပါတယ်။
အကျွန်ုပ်တို့က ခွင့်လွှတ်လျင် ခွင့်လွှတ်ချင်း အကျွန်ုပ် တို့ဟာ
စိတ်ခံစားမှုအရ အကျွန်ုပ်တို့ကို ထိခိုက်အနာတရ ဖြစ်စေတဲ့သူကို လက်ထိပ်ခတ်
မထားနိုင်တော့ပါဘူး။ နောက်အကြောင်း တစ်ခု ကတော့ ဒါဟာ အကျွန်ုပ်တို့ကို
ထိခိုက်နာကျင်စေ တဲ့အခါ အကျွန်ုပ်တို့တွေ့ကြုံခံစားရတဲ့ လုံးဝ မတတ်နိုင်တဲ့
လက်ပိုက် ကြည့်နေရတဲ့ အခြေအနေ အတွက် အစားထိုးလျော်ကြေးပေးတာ ဖြစ်ပါတယ်။
အကျွန်ုပ်တို့ဟာ ဒေါသတွေပြည့်နေတဲ့အခါ စိတ် လှုပ်ရှားမှု များစွာခံစားရနိုင်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းကတော့ အင်အားပါဝါနဲ့ပတ်သက်လို့ များစွာကြီးမားတဲ့ ခံစားမှုကို သွတ်သွင်းမွေးမြူပေး ပါတယ်။ အကျွန်ုပ်တို့ ခွင့်လွှတ်တဲ့ အခါ အကျွန်ုပ် တို့ဟာ ရွေးချယ်ဖို့ အကျွန်ုပ်တို့ရဲ့ပါဝါကို ပြန်လည် ဆယ်တင် ပြန်သိမ်းယူပါတယ်။ တစ်ဦးတစ်ယောက် ဟာ ခွင့်လွှတ်မှုအတွက် ထိုက်တန်မှု ရှိ- မရှိ ဒါက အကြောင်းမဟုတ်ပါဘူး
အကျွန်ုပ်တို့ဟာ ဒေါသတွေပြည့်နေတဲ့အခါ စိတ် လှုပ်ရှားမှု များစွာခံစားရနိုင်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းကတော့ အင်အားပါဝါနဲ့ပတ်သက်လို့ များစွာကြီးမားတဲ့ ခံစားမှုကို သွတ်သွင်းမွေးမြူပေး ပါတယ်။ အကျွန်ုပ်တို့ ခွင့်လွှတ်တဲ့ အခါ အကျွန်ုပ် တို့ဟာ ရွေးချယ်ဖို့ အကျွန်ုပ်တို့ရဲ့ပါဝါကို ပြန်လည် ဆယ်တင် ပြန်သိမ်းယူပါတယ်။ တစ်ဦးတစ်ယောက် ဟာ ခွင့်လွှတ်မှုအတွက် ထိုက်တန်မှု ရှိ- မရှိ ဒါက အကြောင်းမဟုတ်ပါဘူး
“ဒေါသဟာ အကျွန်ုပ်တို့ရဲ့အသား ဖြစ်တယ်။ အကျွန်ုပ်ဟာ အကျွန်ုပ်ကိုယ်တိုင်
တို့ကာ ပင့်ကာ စားတယ်” ဒေါသဖြစ်ဖို့ အကျွန်ုပ်တို့အပေါ်မှာ
အခြားသူများရဲ့အမှားများကို ဖိတ်ခေါ် ကမ်းလှမ်းဖို့ ဖြစ်ပါတယ်။
ဒေါသူပုန်ထခြင်းက အားလုံးကို လက်နက်ဖြင့် ဖြည့်စွက်ထောက်ပံ့ပေးပါတယ်။
ခွင့်လွှတ်မှု ဟာ ကိုယ်ရောစိတ်ပါ အပြည့်အ၀ ကောင်းပါတယ်။ ဆေးပညာ အလိုအရ
ဒေါသကို သိမ်းဆည်းထားတဲ့သူများ ဟာ သွေးတိုးရောဂါဖြစ် လွယ်ပါတယ်။
အနာရောဂါများနှင့် နှီးနွှယ်ဆက် စပ်နေပါတယ်။
အတိတ်က မအောင်မြင်ခဲ့တဲ့အခြေအနေများ- အရှက်တကွဲ
အကျိုးနည်းဖွယ်ရာအခြေအနေများက ပို၍ပို၍ ထိခိုက်နာ ကျငစေပြီး
သင်ရဲ့ကျန်းမာရေး အတွက် ဆိုးရွားစွာ ဖြစ်ပေါ် စေပါတယ်။
တစ်ဦးတစ်ယောက်ကို ဒေါသထွက်အောင် ပြုလုပ်ခဲ့ တဲ့ ဖြစ်ရပ်တစ်ခုကို
လွယ်လွယ်ကူကူ စိတ်ထဲစွဲထင် သတိ တရရှိနေခြင်းက နှလုံးသားအတွက် ဖိအားများ
ဖြစ်စေတယ် ဆိုတာကို အခိုင်အမာ ဆိုထားပါကြတာ အများကြီး ရှိပါ တယ်။
မြင့်မားတဲ့ သွေးဖိအားများက သောကဗျာပါရ ကိုဖြစ်စေတဲ့ ဆန့်ကျင်ဘက်
ဝေဒနာများကို ဆက်သွယ် ထားပြီး အခြားဘေးဥပဒ်များကို ကူးဆက် တိုးပွါးစေပါ
တယ်။
မခံသာတဲ့ နာကျင်မှုများဟာ အနာတရဖြစ် စေဖို့ မိနစ်ပိုင်း မျှသာ
အချိန်ရယူဖို့ လိုအပ်နိုင်ပေမဲ့ ပြစ်မှု ကျူးလွန်ထားတဲ့ သူကို တစ်ခါ တစ်ခါ
ခွင့်လွှတ်ဖို့ ကတော့ အချိန်များစွာ လိုအပ်ပါတယ်။အစကနဦး အကျွန်ုပ်တို့ဟာ
ဒေါသ- ၀မ်းနည်းမှု- ရှက်ခြင်းကဲ့ သို့သော ဆန့်ကျင်ဘက် ဝေဒနာ များကို
တွေ့ကြုံရ နိုင်ပါတယ်။ အဲဒီနောက်မှာတော့ အကျွန်ုပ်တို့ ဖြစ်ပျက်တဲ့ အရာကို
နားလည်သဘောပေါက်ဖို့ ကြိုးစားပါတယ်။ နောက်ဆုံးမှာ စိတ်သစ်လူသစ်ဖြစ် တဲ့
မျက်လုံးများမှတဆင့် အကျွန်ုပ်တို့ကို ထိခိုက် အနာတရ ဖြစ်စေတဲ့လူကို
ကြည့်ရှု့ဖို့ အကျွန်ုပ်တို့ သင်ယူပါတယ်။
အချို့လူများဟာ ခွင့်လွှတ်ခြင်းရဲ့ နောက်ဆုံးအဆင့်ကို ဘယ်တုန်းကမှ
မရောက်ခဲ့ပါ ဘူး။ ကလေးဘ၀မှာ သူတို့ ချစ်တဲ့ သူတို့ယုံကြည်တဲ့ သူများက
အနာတရဖြစ်စေခဲ့တဲ့ ထိခိုက်ခံခဲ့ရတဲ့ သူများဟာ အထူးသဖြင့် ကျပ်တည်း ခက်ခဲ
တဲ့ဖြစ် စဉ်များကို တွေ့ရှိနိုင်ပါတယ်။
ဒါပေမယ့် တပိုင်းတစ်စဖြစ်တဲ့ ခွင့်လွှတ်ခြင်းများ ကတောင် မှ
အကျိုးပြုနိုင်ပါတယ်။ခွင့်လွှတ်ခြင်းဟာ အခြားသူများရဲ့ ပါဝင်ပတ်သက်ခြင်း
ဒါမှမဟုတ် သတိမူမိခြင်းမရှိဘဲ ဖြစ်ပွား နိုင်ပါတယ်။ ခွင့်လွှတ်ခံရ
တဲ့သူများဟာ သူတို့က အကျွန်ုတို့ ကို လွဲချော်မှား ယွင်းခဲ့တယ်ဆိုတာ
ဘယ်တော့မှ သဘော မပေါက် နိုင်ပါဘူး။ အဲသလို မဟုတ်ယင်လည်း အကျွန်ုပ်တို့ က
သူတို့ကို ခွင့်လွှတ်တယ်ဆိုတာကို ဘယ်တော့မှ မသိပါ ဘူး။အရေးကြီးတဲ့အရာက
အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ ဒေါသကို လွှတ်လိုက်ဖို့ ဖြစ်ပါတယ်။
ထိခိုက်အနာတရ ဖြစ်ခဲ့တဲ့အတွေ့အကြုံများက တစ်ဖန် မတရားဖိနှိပ်မခံရဖို့ -
အခြားသူများကို မတရားဖိနှိပ်ခြင်းမှ ရှောင်ကြဉ်ဖို့ အကျွန်ုပ်တို့ကို
သင်ကြားပေးပါတယ်။ ခွင့် လွှတ်မှုဟာ အတွင်း ငြိမ်းချမ်းရေးသို့ ဦးတည်ပါတယ်။
အကျွန်ုပ်တို့ဟာ ခွင့်လွှတ်ပြီးတဲ့အခါ အကျွန်ုပ်တို့ဟာ များ စွာ ရယ်
မောနိုင်ပါတယ်။ နက်နက်နဲနဲ ခံစားသိမြင်နိုင်ပါ တယ်။ ပို၍ပို၍
အခြားသူများနဲ့ ဆက်စပ်လာပါ တယ်။ အဲဒီနောက် အကျွန်ုပ်တို့က ထုတ်လုပ်လိုက်
တဲ့ ကောင်းမွန် တဲ့စိတ်သဘောထားများက ကြီး ကျယ်တဲ့ အနာရောဂါ
ပျောက်ကင်းခြင်းဆီသို့ တောင် ဦးတည်ပါတယ်။ အကျွန်ုပ် တို့ဟာ ခွင့်လွှတ်
ခြင်းရဲ့အနာဂတ်ဆီသို့ ကြိုးပမ်းစွမ်း ဆောင် ချင် သည့်တိုင်အောင် ဒါပေမယ့်
ဘယ်လိုစတင်ရမယ် ဆိုတာ မသိပါ။ တစ်စိမ်းတစ်ရံများဖြင့် အနည်း ငယ်ကို
ခွင့်လွှတ်ခြင်းက အဓိကအရေးပါတဲ့ ထိခိုက်နာကျင်မှုများကို ခွင့်လွှတ်ခြင်းနဲ့
ပတ်သက် တဲ့ ခက်ခဲတဲ့အလုပ်များအတွက် အကျွန်ုပ်တို့ကို
အဆင်သင့်ဖြစ်စေပါတယ်။အကျွန်ုပ်တို့ဟာ ယုံကြည်စိတ်ချရတဲ့သူငယ်ချင်းများ
ဒါမှမဟုတ် အတိုင်ပင်ခံ အကြံပေးပုဂိုလ်များထံမှာ အကျွန်ုပ်တို့ ရဲ့ ဒေါသများ
စိတ်ထိခိုက်ရခြင်းများကို ဖော်ပြနိုင်ပါ တယ်။
ဒါက နားထောင်ရခြင်းနဲ့ ပတ်သက်တဲ့ အားကောင်းလာ တဲ့အတွေ့အကြုံများကို
အကျွန်ုပ် တို့ကို လမ်းဖွင့်ပေးပါ တယ်။ အကျွန်ုပ်တို့ဟာ နောက်ပိုင်း
စိတ်မကောင်းဖြစ် ရမယ့် အရာကို ပြော ဆိုရခြင်း ဒါမှမဟုတ် ပြုလုပ်ရခြင်းနဲ့
ပတ်သက်လို့ အန္တရာယ်မရှိတော့ဘဲ အကျွန်ုပ်တို့ရဲ့ ဝေဒနာကို
လက်လွှတ်လိုက်နိုင်ပါတယ်။ ခေါင်းအုံးကို လက်သီးနဲ့ထိုးသကဲ့သို့သော
ဒေါသကိုလွှဲပြောင်းပေးလိုက် တဲ့ နည်းစနစ်များက ထောက်ကူအကျိုးပြုနိုင်ပါ တယ်။
အကယ်၍ အကျွန်ုပ်တို့ဟာ စိတ်မကောင်း ၀မ်းနည်း စရာအနေဖြင့်
သိပ်များများစားစား ဒေါသမဖြစ်လျင် အကျွန်ုပ်တို့ဟာ နေ့စဉ်မှတ်တမ်းတစ်ခုကို
ထိန်းထားသိမ်း ထားနိုင်ပါတယ်။ရပါတယ်……အန္တရာယ်ရှိစွာကြောက်ဖွယ်လိလိ
မောင်းနှင်ခြင်းကဲ့သို့ - တံခါးများကို ဆောင့်နင်းခြင်း ကဲ့သို့ ဒါမှမဟုတ်
အရာဝတ္ထုများကို ရိုက်ချိုးခြင်းကဲ့သို့ ဤသို့သော ဆန့်ကျင်ဘက်အတွေးများနှင့်
ဒေါသရဲ့ ဖော်ပြချက် များကို အကျွန်ုပ်တို့ဟာ ရှောင်ရှားသင့်ပါတယ်။
အကျွန်ုပ်တို့ဟာ အပြစ်တင်ခြင်း ဒါမှမဟုတ် အရှုံး အနိုင်ကို
ဆုံးဖြတ်ခြင်းမရှိဘဲ အဲဒါကို အကျွန်ုပ်တို့ တွေ့ကြုံခဲ့တဲ့ အတိုင်း
ဖြစ်ပျက်တဲ့အရာနဲ့ ပတ်သက် တဲ့အမှန်တရားကို ရှင်းလင်းဖော်ပြနိုင်ပါတယ်။
“ငါတကယ် နားမလည်ဘူးဆိုတာ ငါခံစားမိတယ် ”- ဆိုတဲ့ “ ငါ ”-ဖော်ပြချက်-
ထွက်ဆိုချက် စ သည်ကို အသုံးပြုတာ ဟာ အကောင်းဆုံး ဖြစ်ပါ
တယ်။အကျွန်ုပ်တို့ဟာ အကျွန်ုပ် တို့အပေါ်မှာ လူ
တစ်ယောက်ရဲ့အပြုအမူနဲ့ပတ်သက်လို့ ထိရောက် တဲ့သက်ရောက် မှုကို
ထုတ်ဖော်ပြောဆိုနိုင်- ပြန်လည်ပြောပြနိုင်ပါတယ်။ ပြဿနာများကို ဖြေရှင်း
ဖို့ အကျွန်ုပ်တို့ဟာ အကျွန်ုပ်တို့ရဲ့ ခံစားချက် များကို ပြောဆို
ရေးသားဖော်ပြနိုင်ပါတယ်။ အမူအရာဖြင့် ပြသနိုင်ပါတယ်။
ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ့်ကို အများဆုံး
ဒုက္ခပေးနိုင်တာနော်။ ကိုယ့်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှ မကြားဖူးတဲ့သူက
ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်ပါတယ် ဆိုတာ ဘယ်နှစ်ခါ ကြုံဖူးသလဲ။ အင်မတန်
ရှားပါတယ်။ အဲဒီလူ အားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ် မိတာ တွေထဲမှာ
ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရ သလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ
၉-မျိုးတွေ့တယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ် ဖြည့်ပြီးတော့ စဉ်းစားပါ နော်…
Disappointment– ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊
ကိုယ့်ကို မျှော်လင့် ချက်တစ်ခု၊ ကတိ တစ်ခု ပေးပြီးတော့ ကတိအတိုင်း
မတည်လို့ စိတ်ဆင်းရဲ ရတာ…
Rejection– ကိုယ့်ကို နေရာမပေးတာ၊ အသိ အမှတ် မပြုတာ၊ ကိုယ့်ကိုပယ်တာ၊
မဆက်ဆံပဲနေ တာ၊ လူရာမ သွင်းတာ၊ ကိုယ့်စကားကို လေးလေး စားစား နားမထောင် တာ၊
မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…
Abandonment– စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…
Ridicule– လှောင်တာ၊ ပြောင်တာ၊ သရော်တာ…
Humiliation– ဂုဏ်သိက္ခာ ကျသွားအောင် ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက် သွားအောင်ပြောတာ…
Betrayal– သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထား တဲ့ လျှို့ဝှက်ချက်တွေကို
သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို
မစောင့်စည်းဘူး။ ဖောက်ပြားတာ…
Deception– လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုး
သုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံ တော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊
ပျက်စီး တာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေ အနေမရှိတော့လို့ပဲ…
Physical Abuse– ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…
Emotional Abuse– ဆိုတာ စိတ်ဆင်းရဲ အောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်
တာ၊ တုံးတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊
အသုံးမကျ ဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြော တာ။
စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်း ခြောက်တာကို ခေါ်တယ်။
ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ
ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း
မဖြောင့်ဖြူးတော့ ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှု ဖြစ်ဖို့
ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာ က တရားဖက်မှာလည်း တိုးတက်မှု
ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း
မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက် ကျို့တာလည်း မဟုတ်ဘူး။
ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို
ငြိမ်းချမ်းခွင့် ပေး လိုက်တာပဲ။ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင် ကောင်း
ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု
ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီး နေရတာ မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို
ပြုစုနေရတာနဲ့ ကုန်နေရ တဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ
အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ
ခွင့်လွှတ်တာပဲ။ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမား တဲ့ စွမ်းအားတစ်မျိုး
ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရော
အသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ
စိတ်ဓာတ်အင်အား အသိ ဥာဏ်အင်အား နည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုက်တာဘဲ။ ငါ
ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။
ကိုယ့်ကိုယ်ကို ကိုယ် ထောင်ချထားတာပဲ ဆိုတာ ကို မြင်ဖို့လိုတယ်။ အဲဒီလို
မြင်ပြီးတော့ ကိုယ့် ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေး ကလေးပဲ ဒေါသစိတ်ကလေးဟာ ငါ မဟုတ်ဘူး
သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့ စိတ်ကလေးအနေနဲ့ ဒေါသစိတ်
ကလေး အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့် ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့် ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ် ဘူးတဲ့သူဟာ မရှိပါဘူး။
ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ ပါတယ်။ အပြစ်မတင်တော့ ဘူး ဆိုရင်
ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင်
ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက် အေးချမ်းသွား မလဲ နော်။
ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကို တော့မှားပါတယ်လို့
ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ
ခွင့်လွှတ် လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ် တော့မယ်။
နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။ ငါ ဘယ်သူ့အပေါ်မှာမှ
မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။
ငါအပေါ်မှာ လည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေ တာ နာကျည်းနေတာ
မရှိဘူးဆိုတာလေး သိသွားရ ရင် တော်တော်ကောင်းမှာဘဲနော်…
ဒါကြောင့်ပဲလေ ကျွန်တော်တွေးမိပါတယ် ခွင့်လွှတ်ခြင်းဆိုတာ အချစ်လို့ ခေါ်ဆိုထိုက်ပါ သလားလို့ ……
စာဖတ်သူများကော ဘယ်လိုထင်ပါသလဲ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်