သာဝတ္ထိ နိဒါန်း
လုလင်တစ်ယောက်သည် မိမိ၏ အိမ်ထောင်ရေး ကိစ္စ အဆင်မပြေသဖြင့် စိတ်ဆင်းရဲ ကာ ဇေတ၀န် ကျောင်းသို့ ရောက်သွားလေသည်။
ထိုလုလင်ကို ကယ်တင်လိုသော ဗုဒ္ဓက…..
“တဏှာယ ဇာယတေသောကော၊တဏှာယ
ဇာယတေ ဘယံ။တဏှာယ ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကော ကုတောဘယံ။”
ဇာယတေ ဘယံ။တဏှာယ ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကော ကုတောဘယံ။”
“ဒကာ၊ ချစ်ခင်စွဲလမ်းမှု တဏှာကြောင့်သာ စိုးရိမ် ပူဆွေးငိုကြွေးရတဲ့
သောကဆိုတာဖြစ်တာ၊ ဘေးဆို တာဖြစ်တာ၊ စွဲလမ်းခြင်းတဏှာမှ ကင်းလွတ်သူ အား
သောကရော၊ ဘေးရော မရှိတော့” ဟု ဟောကြားလိုက် သည်။
ထိုလုလင်ကား ဘုရားရှေ့မှာမို့သာ အားနာ၍ နာ လိုက် ရ သည်။ ထိုတရားတော်ကိုကား
လုံးလုံးစိတ် မကျလှ။ ထို့ကြောင့် တရားနာပြီး မြို့ထဲထွက်လာ သည်နှင့်
ဗုဒ္ဓ၀ါဒကို ဝေဖန်ကာ သူ့ဝါဒကို တင် ပြလေသည်။
ချစ်ခင်စွဲလမ်းမှု့ရှိလျှင် သောကတို့၊ ဘေးတို့ဖြစ် သည်ဟု မြတ်စွာဘုရား
ဟောကြား သည်မှာ မဖြစ် နိုင်။ လူ့ဘ၀သည် ချစ်ခင်စွဲ လမ်းမှု လောဘရှိမှ သာလျှင်
ပျော်မွေ့ဖွယ်ကောင်း ၏။ နေချင်ဖွယ် ကောင်း၏။ချစ်ခင်စွဲလမ်းမှုကြောင့်
စိတ်ချမ်း သာစ ရာများသာရှိ၏ဟု ပြောကြားရာ တရားမရှိသူများ ကား ထိုသူ၏၀ါဒကို
သဘောကျနှစ်သက်လေ သည်။ တရားရှိသူ အတွေးအခေါ်ရှိသူများကား ဗုဒ္ဓ၀ါဒကို သဘော
ကျ၏။
ထိုဝါဒနှစ်ခုသည် သာဝတ္ထိမြို့ထဲတွင် အတော်ပျံ့နှံ့ သွားရာ နောက်ဆုံး
သာဝတ္ထိမြို့ရှိ နန်းတော်ထဲထိ ရောက်သွားကာ။ ဘုရင်ကောသလမင်းကပါ ထိုသူ ၏၀ါဒ
အယူအဆကို ကြိုက်နှစ်သက်သွားလေ သည်။
ကောသလမင်းလည်း သူကြိုက်သလို အတွေး အခေါ်ရှိ သော မိဖုရားမလ္လိကာလဲ
လိုက်ကြိုက် လိမ့်မည် ဟူသော အထင်ဖြင့် သူ့ဘက်က ရှိ, မရှိ မေးကြည့်လေသည်။
မလ္လိကာ မြို့ထဲမှာ ချစ်ခင်စွဲ လမ်းမှုရှိရင် သောက တို့ဘေးတို့
ဖြစ်တယ်ဆိုတဲ့ ဗုဒ္ဓ၀ါဒနဲ့၊ ချစ်ခင်စွဲလမ်း မှုရှိမှ စိတ်ချမ်းသာ တယ်၊
ဘ၀ဟာနေပျော်စရာ ကောင်းတယ် ဆိုတဲ့ အမျိုး သားတစ်ယောက်ရဲ့ ၀ါဒနှစ်ခုပေါ်နေတယ်။
ငါကိုယ်တော် မြတ်ကတော့ ချစ်ခင်စွဲလမ်းမှုလေးရှိမှ လောကဟာ နေပျော် တယ်။
စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတဲ့ ၀ါဒ ကိုပဲ ကြိုက်တယ်။ သင်မိဖုရားကရော
ဘယ်ဝါဒကို ကြိုက်နှစ် သက်ပါသလဲ?
ထိုအခါ အတွေးအခေါ်ရှိသော မလ္လိကာက
မင်းကြီး…..လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ပြီးမှ သိမြင်လာတဲ့
သဗ္ဗညုတ ဉာဏ်တော်နဲ့ ဟောထားတဲ့ တရားဆိုတာ ဘယ်တော့မှ မှားယွင်း သွားတယ်ဆိုတာ
မရှိပါဘူး။ ဘုရားကျွန်တော်မျိုးမ ကတော့ ဗုဒ္ဓ၀ါဒကိုပဲ နှစ်သက်ပါတယ်ဟု
လျှောက် လေ၏။
မယားက သူ့ဘက် မပါသောအခါ ကောသလမင်းကြီး သည် မျက်နှာညိုကာ စက်ခန်း ဆောင်ထဲ
ဝင် သွားလေတော့ သည်။ ဘုရင်အလိုမကျသည်ကို သိသောမလ္လိကာက မင်းချင်းယောက်ျား
ကိုခေါ်ကာ
“တဏှာယဇာယတေသောကော” စသော ဒေသနာ၏ အကျယ်ကို လျှောက်ထား မေးမြန်းနာ ယူရန် လွှတ်လိုက်၏။
မလ္လိကာသည် ဒေသနာကို အကျယ်ပြန့်နာပြီးသောအခါ ကျမှ တစ်ည မင်းကြီးစိတ်ကြည်သာနေသောအချိန်တွင်…..
မလ္လိကာသည် ဒေသနာကို အကျယ်ပြန့်နာပြီးသောအခါ ကျမှ တစ်ည မင်းကြီးစိတ်ကြည်သာနေသောအချိန်တွင်…..
“မင်းကြီး ချစ်ခင်စွဲလမ်းမှုကြောင့် စိတ်ဆင်းရဲမှုဖြစ်သလား၊
စိတ်ချမ်းသာမှုဖြစ်သလားဆိုတာ သိရအောင် သင်မင်းကြီး ကို မေးကြည့်ချင်ပါတယ်။
သင်မင်းကြီးစိတ်ထဲရှိတဲ့အတိုင်း ဖြေပါ။ သင်မင်ကြီးဟာ ကျွန်တော်မျိုးမကို
ချစ်ခင်ပါ သလား”
“ ချစ်ခင်လွန်းလို့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ထား တာပေါ့”
“ ချစ်ခင်လွန်းလို့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ထား တာပေါ့”
အကယ်၍ အသင်မင်းကြီးချစ်ခင်တဲ့ ကျွန်တော်မျိုးမဟာ ရုတ်တရက် သေသွားမယ်ဆိုရင် မင်းကြီး စိတ်ချမ်းသာ မလား စိတ်ဆင်းရဲမလား။
အို…… ဘယ်မှာလာပြီး စိတ်ချမ်းသာပါ့မလဲ၊ မအိပ်နိုင် မစားနိုင်လောက်အောင် စိတ်ဆင်းရဲ ရမှာ အမှန်ပါ။
အို…………မင်းကြီး စဉ်းစား၍ဖြေပါလော့၊ အရင်မင်းကြီး ယူထားသည်က ချစ်ခင်
စွဲလမ်းမှုကြောင့် စိတ်ချမ်းသာ သည်၊ နေပျော်သည်ဟု ထင်သည်မဟုတ်ပါလား၊ ယခု
သင်မင်းကြီးထင်သလို မဟုတ်တော့ပဲ စိတ်ဆင်းရဲမှု၊ ကိုယ် ဆင်းရဲမှုကိုသာ
တွေ့ရသည် မဟုတ်ပါလော။ ကောသလ မင်းကြီးသည် ချစ်ခင်စွဲလမ်းသော သားများ၊
သမီးများ၊ နန်းတော်ကြီးများကို ရှေးနည်းအတိုင်းပင် မေးရာ မင်းကြီး သည်
နောက်ဆုံးတွင် နားလည်သဘောပေါက် လက်ခံ သွားလေသည်။
စဉ်းစားကြည့်ပါ…
အကယ်၍ မိမိအိမ်ရှေ့မှ အသုဘတစ်ခု ဖြစ်ချသွားမည်။ သေသူသည်
မိမိနှင့်မသိသူဆိုလျှင် စိတ်ထဲတွင် ဘာ သောကမှမဖြစ်။ အဘယ့်ကြောင့်
သောကမဖြစ်သနည်း။ သေသူအပေါ်တွင် ချစ်ခင်စွဲလမ်းမှုမရှိ သောကြောင့်
ပါတည်း။တစ်ဖန် သေသူသည် မိမိဆွေမျိုးသားချင်း မိတ်ဆွေ တစ်ယောက်ယောက်
ဖြစ်မည်ဆိုလျှင် သောကပရိဒေ၀ ဖြစ်ရပြီ။
အဘယ့်ကြောင့်ဖြစ်ရသနည်း၊ သေသူအပေါ် ချစ်ခင်စွဲလမ်း မှု့ ရှိနေသောကြောင့်ပါတည်း။
ထို့ကြောင့် ချစ်ခင်စွဲလမ်းမှုရှိသူအား စိတ်ဆင်းရဲမှုသာ ဖြစ်ရ သည်။ စိတ်ချမ်းသာမှုကား မဖြစ်နိုင်ပေ။….
သောကမှကင်းဝေးနိုင်ကြပါစေ…….
သောကမှကင်းဝေးနိုင်ကြပါစေ…….
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်