******************
******************
မြတ်စွာဘုရားရှိတော်မူစဉ်က မြို့စားကြီးသောကာဒဏ္ဍနဲ့
မြတ်စွာဘုရားရှင်တို့တွေ့ဆုံတော်မူစဉ်မြတ်စွာ ဘုရားရှင် က မြို့စားကြီးကို
ဘယ်လိုဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံတဲ့သူ ကို သူတော်သူမြတ်လို့ ခေါ်ပါသလဲလို့
မေးပါတယ်။
သောကာဒဏ္ဍမြို့စားကြီးက ဂုဏ်အင်္ဂါငါးမျိုးနှင့် ပြည့်စုံရ မယ်လို့ဖြေကြားပါတယ်။မြို့စားကြီးဖြေကြားတဲ့ ဂုဏ်အင်္ဂါ (၅)မျိုးမှာ-
(၁) အမိဘက်၊ အဖဘက် နှစ်မျိုးလုံးသန့်စင်ရမယ်။
(၂)အဘိဓါန်(နိဂဏ္ဍု)ကျမ်း၊အလင်္ကာ(ကေဋ္ဋုဘ)ကျမ်း၊သဒ္ဒါ(အကရပ္ပဘေဒကျမ်း)၊ဣတိဟာသကျမ်း၊ပဒကျမ်း
ဗျာကရုဏ်းကျမ်း၊လောကယတကျမ်း၊မဟာပုရိသလက္ခဏာကျမ်းစတဲ့ဝေဒကျမ်းတွေကိုတတ်မြောက်ရမယ်၊
တနည်းအားဖြင့်ဆိုသော် စာတတ်ပေတတ်ဖြစ်ရမယ်။
(၃) ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်းရှိရမယ်။
(၄) အကျင့်သီလ မြဲမြံကောင်းမွန်သူဖြစ်ရမယ်။
(၅) အသိဥာဏ် “ပညာ” ရှိသူဖြစ်ရမယ်။
မြတ်စွာဘုရားရှင်က အဆိုပါဂုဏ်အင်္ဂါ(၅)ခုထဲမှ ပထမ အချက်ဖြစ်သော
မျိုးရိုးသန့်စင်ခြင်းဆိုတဲ့ ဂုဏ်အင်္ဂါ တစ်ခု ချွတ်ယွင်းနေရင် အဲဒီသူကို
မြင့်မြတ်တဲ့သူလို ခေါ်ဆိုနိုင် သလားလို့မေးပါတယ်။ မြို့စားကြီးကခေါ်ဆို
နိုင်ပါတယ် လို့ဖြေပါတယ်။
ပထမအချက်အပြင် ဒုတိယဂုဏ်အင်္ဂါဖြစ်တဲ့ စာတတ် ပေတတ်ဖြစ်ရမယ်ဆိုတဲ့
ဂုဏ်အင်္ဂါချို့ယွင်းရင်ရော မြင့် မြတ်သူလို့ ခေါ်ဆိုနိုင်သေးရဲ့လားလို့
ဆက်လက်မေးပြန် ပါတယ်။ မြို့စားကြီးက ဒုတိယဂုဏ်အင်္ဂါချို့ ယွင်းနေလည်း
ခေါ်ဆိုနိုင်သေးပါကြောင်းဖြေပါတယ်။
ဆက်ပြီး မြတ်စွာဘုရားရှင်က ရုပ်ရည်အဆင်းလှပ တင့် တယ်ခြင်းချို့ယွင်းပြီး၊
ရုပ်ဆိုးနေရင်ရောမြင့် မြတ်သူ လို့ခေါ်ဆိုနိုင်ပါသလားလို့မေးသောအခါ
မြို့စားကြီးက အရုပ်ဆိုးနေသော်လည်း အကျင့်သီလမြဲမြံ ကောင်းမွန်ခြင်း
ဆိုတဲ့ဂုဏ်အင်္ဂါနဲ့ အသိဥာဏ်ပညာရှိသူဖြစ်လျှင် ခေါ်နိုင်ပါ တယ်လို့ဖြေပါတယ်။
မြတ်စွာဘုရားက မြို့စားကြီးကို အကယ်၍လူတစ်ဦးဟာ အသိဥာဏ်ပညာပြည့်စုံပြီး
အကျင့်သီလမြဲမြံ ကောင်းမွန် ခြင်း ဆိုတဲ့ ဂုဏ်အင်္ဂါမပါလျှင်ကော
မြင့်မြတ်တဲ့သူလို့ ခေါ်ဆိုနိုင်ပါသလားလို့ မေးသောအခါ မြို့စားကြီးက-
“အရှင်ဘုရား မခေါ်ဆိုနိုင်ပါဘုရား။ ပညာကိုသီလနဲ့ဆေး ကြောရပါတယ်။ သီလကို
ပညာနဲ့ဆေးကြောရပါ တယ်။ သီလရှိသူမှာပညာရှိပြီး၊ ပညာရှိသူမှာသီလရှိပါတယ်။
အရှင် ဘုရား လက်တစ်ဖက်ဖြင့် အခြားလက် တစ်ဖက်ကို ဆေး ကြောရသကဲ့သို့
ခြေတစ်ဖက်ဖြင့် အခြားခြေတစ်ဖက်ကို ဆေးကြောရသကဲ့သို့ပင်၊ ပညာကိုသီလဖြင့်
ဆေးကြောရ ပါတယ်၊ သီလကိုလည်း ပညာဖြင့် ဆေးကြောရ ပါတယ် လို့”
လျှောက်တင်တော်မူသောအခါ မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်း
ထောက်ခံအတည်ပြုတော်မူပါတယ်။
အသိဥာဏ်ပညာရှိမှသာ အမှားအမှန်ကိုခွဲခြားသိမြင်ပြီး
အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်၊ ကောင်းမြတ်တဲ့
အကျင့်သီလကိုလည်း စောင့်တည်နိုင်မှာ ဖြစ်ပါတယ်။ လောဘ၊ဒေါသ၊မောဟတွေဖုံးလွမ်း
နေတဲ့သူ မှာ အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ ဥာဏ်ပညာမရှိနိုင်
ပါဘူး။ ကိုယ်ကျင့်တရားကောင်းတဲ့သူမှာတော့ လောဘ၊ ဒေါသ၊မောဟ
အမှောင်တွေမဖုံးလွမ်းဘဲ စင်ကြယ်ဖြူစင် နေတဲ့အတွက် အကောင်းအဆိုးကို
ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥာဏ်ပညာရှိပါတယ်။ ပညာတွေမိုးထိအောင် တတ်နေ
သော်လည်း အကျင့်သီလမကောင်းရင် ဘယ်လိုမှကို မပြည့်စုံနိုင်သလို
အဲဒီတတ်ထားတဲ့ပညာ တွေဟာလည်း အကျိုးမဖြစ်ဘဲ သဲထဲရေသွန်သလိုမျိုး
ဖြစ်တတ်ပါတယ်။
ထို့ကြောင့် မြတ်စွာဘုရားရှင် အလိုတော်အရ လူတစ် ယောက်ရဲ့စစ်မှန်တဲ့ဂုဏ်သိက္ခာဟာ အကျင့် သီလ နဲ့ အသိဥာဏ်ပညာဘဲဖြစ်ပါတယ်။
ကျွန်တော်တို့မှာ အဲဒီဂုဏ်အင်္ဂါနှစ်ရပ် မရှိရင်တော့ မြင့်မြတ်တဲ့သူလို့
မခေါ်ဆိုနိုင်သေးပါဘူး။ ကြိုးစားကြရပါ အုံးမယ်။မြင့်မြတ်တဲ့သူဖြစ်မှ
ကိုယ့်အတွက်၊ မိသားစု အတွက်၊ တိုင်းပြည်အတွက်၊ အနာဂတ်မျိုးဆက်သစ်တွေ
ကိုဦးဆောင်နိုင်တဲ့သူဖြစ်ပြီး ကိုယ်ကနေလှပပြီး အဖိုး
မဖြတ်နိုင်သောကျောက်ကောင်းလေးများကိုမွေးထုတ် ပေးနိုင်မှာဖြစ်ပါတယ်လို့
ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်
ကိုးကား
သောဏဒဏ္ဍသုတ် သီလက္ခန် ပါဠိတော်၊ ဒီဃနိကာယ်။
သောဏဒဏ္ဍသုတ် သီလက္ခန် ပါဠိတော်၊ ဒီဃနိကာယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်